Responsive Ad Slot

Latest

Sports

10 လအတြင္း ၾကည့္ရႈသည့္အေရအတြက္ေပါင္း 4467 သန္းေက်ာ္သြားတဲ့ သီခ်င္း

Posted on Friday, December 8, 2017 No comments

Friday, December 8, 2017


တင္ထားတာ 10 အတြင္း ၾကည့္ရႈသည့္အေရအတြက္ေပါင္း 4467319559 ထိ ရွိသြားတဲ့ သီခ်င္းပါ.. ဘာေတြ ဘယ္လိုေကာင္းတယ္၊ ဘာအဓိပၸာယ္ရွိတယ္ဆိုတာေတာ့ မသိပါဘူး.. Performance ကလည္း ရိုင္းတာမပါသလို နားေထာင္ရတဲ့သူေတြကိုလည္း ျမဴးၾကြေစပါတယ္..

Download.com
Youtube.com

blabla.com 



Read in : All Update Reader

ထိုင္းႏိုင္ငံေတာင္ပိုင္း၌ လူေပါင္း ၈သိန္းေက်ာ္ခန္႔ ေရေဘးဒုကၡႀကံဳေတြ႔ေနရၿပီး ၅ဦးခန္႔ေသဆံုး

Posted on Sunday, December 3, 2017 No comments

Sunday, December 3, 2017


ဘန္ေကာက္၊ ဒီဇင္ဘာ ၃ ။          ။ ထိုင္းႏိုင္ငံေတာင္ပိုင္းတြင္ လူေပါင္း ၈သိန္းေက်ာ္ခန္႔ ေရေဘးဒုကၡၾကံဳေတြ႔ေနရျပီး ခရိုင္အမ်ားအျပားကို ေရလႊမ္းမိုးလ်က္ရွိေၾကာင္း သဘာ၀ေဘးအႏၱရာယ္ကာကြယ္ေရးဌာနမွ တနဂၤေႏြေန႔တြင္ ထုတ္ျပန္ေၾကညာခဲ့ သည္။

ႏို၀င္ဘာလ ၂၅ရက္ေန႔ကတည္းက စတင္ျဖစ္ပြားခဲ့သည့္ ေရၾကီးမႈေၾကာင့္ ယခုအခ်ိန္ထိ ေသဆံုးသူ ၅ဦးခန္႔ အထိရွိျပီျဖစ္ေၾကာင္း သိရသည္။

ပတ္ထနီ၊ ယာလာ၊ ေဆာင္ခလာ၊ ပတ္ထလန္၊ တရန္၊ ဆာတန္၊ နရာသီ၀တ္၊ နတ္ခ္ခြန္စီထမ္မာရတ္ႏွင့္ ဆူရတ္ထနီခရိုင္တို႔သည္ လက္ရွိအခ်ိန္တြင္ ေရလႊမ္းမိုးမႈႏွင့္ၾကံဳေတြ႔ေနရျပီး အဓိကလမ္းမၾကီးမ်ား ျပတ္ေတာက္ေနျပီျဖစ္ေၾကာင္း သဘာ၀ေဘးအႏၱရာယ္ကာကြယ္ေရးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ယင္းခရိုင္မ်ားထဲမွ ပတ္ထနီခရိုင္သည္ ေရလႊမ္းမိုးမႈအျပင္းထန္ဆံုးေဒသျဖစ္ျပီး ယင္းေဒသမွလူေပါင္း ၂၈၀၀၀၀ ခန္႔ ေရေဘးၾကံဳေတြ႔ေနရသလို ယာလာခရိုင္မွလူေပါင္း ၁၁၀၀၀၀ ခန္႔ ေရေဘးၾကံဳေတြ႔ေနရသည္။

ထိုင္းႏိုင္ငံ၏ လူဦးေရအထူထပ္ဆံုးခရိုင္မ်ားထဲမွတစ္ခုျဖစ္ေသာ ေဆာင္ခလာခရိုင္၌ ေရၾကီးမႈျပင္းထန္လ်က္ရွိ ျပီး ေဆာင္ခလာကန္ၾကီးအနီး၌ရွိေသာ ခရာေဆးဆင္၊ ရာေနာ့၊ ဆသင္ပရာႏွင့္ ဆင္ဟာနတ္ခ္ခြန္းေဒသတို႔၌ စိုးရိမ္ဖြယ္အေနအထားရွိေၾကာင္း သိရသည္။ 

အာဏာပိုင္မ်ားသည္ ယင္းကန္ၾကီး၏ေရအျမင့္ကို ေလွ်ာ့ခ်ႏုိင္ရန္ၾကိဳးပမ္းလ်က္ရွိျပီး ထုိင္းပင္လယ္ေကြ႔အတြင္း သို႔ ေရမ်ားကိုလႊဲထုတ္ႏိုင္ရန္ စီစဥ္လ်က္ရွိကာ ေရၾကီးမႈသည္ တစ္လခန္႔ၾကာျမင့္ႏုိင္ေၾကာင္း သိရသည္။

ဆန္ဂိုင္ဂိုေလာ့ခ္ျမစ္ၾကီး၏ ျမစ္ေရသည္ ၄င္း၏ကမ္းနေဘးရွိ နရာသီ၀တ္ခရိုင္ထဲသို႔ လွ်ံတက္လာျပီး ေရၾကီးမႈ ျဖစ္ေပၚလာကာ အခ်ိဳ႕ေနရာမ်ား၌ အျမင့္ ၂ ေပခန္႔အထိ ေရမ်က္ႏွာျပင္ျမင့္တက္ခဲ့သည္။

ထုိင္းစစ္တပ္သည္ ရွာေဖြေရးႏွင့္ ကယ္ဆယ္ေရးလုပ္ငန္းမ်ား၊ အကူညီျဖန္႔ေ၀ေရးလုပ္ငန္းမ်ား၊ ယာယီတည္းခို ရန္ ေနရာျပင္ဆင္ျခင္းမ်ား၊ ေသာက္ေရႏွင့္ လွ်ပ္စစ္မီးျဖန္႔ေ၀ေရးလုပ္ငန္းမ်ားကို ေဆာင္ရြက္လ်က္ရွိသည္။

မုတ္သံုရာသီ၌ စံခ်ိန္တင္မိုးေရခ်ိန္မ်ား ရြာသြန္းေလ့ရွိေသာ ထုိင္းႏိုင္ငံ၌ ေရၾကီးမႈသည္ ပံုမွန္ျဖစ္ပြားေလ့ရွိေသာ သဘာ၀ေဘးအႏၱရာယ္တစ္ခုျဖစ္ျပီး ႏုိင္ငံေတာင္ပုိင္းေဒသ၌ စက္တင္ဘာႏွင့္ ဒီဇင္ဘာလၾကား၌ ေရၾကီးေလ့ရွိ ျပီး ႏိုင္ငံအလယ္ပိုင္းႏွင့္ ေျမာက္ပိုင္းေဒသတို႔တြင္ ဇြန္လမွ ေအာက္တဘာလအတြင္း ေရလႊမ္းမိုးမႈ ျဖစ္ပြားေလ့ ရွိေၾကာင္း သိရသည္။

<Unicode>
ဘန်ကောက်၊ ဒီဇင်ဘာ ၃ ။          ။ ထိုင်းနိုင်ငံတောင်ပိုင်းတွင် လူပေါင်း ၈သိန်းကျော်ခန့် ရေဘေးဒုက္ခကြုံတွေ့နေရပြီး ခရိုင်အများအပြားကို ရေလွှမ်းမိုးလျက်ရှိကြောင်း သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဌာနမှ တနင်္ဂနွေနေ့တွင် ထုတ်ပြန်ကြေညာခဲ့ သည်။

နိုဝင်ဘာလ ၂၅ရက်နေ့ကတည်းက စတင်ဖြစ်ပွားခဲ့သည့် ရေကြီးမှုကြောင့် ယခုအချိန်ထိ သေဆုံးသူ ၅ဦးခန့် အထိရှိပြီဖြစ်ကြောင်း သိရသည်။

ပတ်ထနီ၊ ယာလာ၊ ဆောင်ခလာ၊ ပတ်ထလန်၊ တရန်၊ ဆာတန်၊ နရာသီဝတ်၊ နတ်ခ်ခွန်စီထမ်မာရတ်နှင့် ဆူရတ်ထနီခရိုင်တို့သည် လက်ရှိအချိန်တွင် ရေလွှမ်းမိုးမှုနှင့်ကြံုတွေ့နေရပြီး အဓိကလမ်းမကြီးများ ပြတ်တောက်နေပြီဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းခရိုင်များထဲမှ ပတ်ထနီခရိုင်သည် ရေလွှမ်းမိုးမှုအပြင်းထန်ဆုံးဒေသဖြစ်ပြီး ယင်းဒေသမှလူပေါင်း ၂၈၀၀၀၀ ခန့် ရေဘေးကြံုတွေ့နေရသလို ယာလာခရိုင်မှလူပေါင်း ၁၁၀၀၀၀ ခန့် ရေဘေးကြံုတွေ့နေရသည်။

ထိုင်းနိုင်ငံ၏ လူဦးရေအထူထပ်ဆုံးခရိုင်များထဲမှတစ်ခုဖြစ်သော ဆောင်ခလာခရိုင်၌ ရေကြီးမှုပြင်းထန်လျက်ရှိ ပြီး ဆောင်ခလာကန်ကြီးအနီး၌ရှိသော ခရာဆေးဆင်၊ ရာနော့၊ ဆသင်ပရာနှင့် ဆင်ဟာနတ်ခ်ခွန်းဒေသတို့၌ စိုးရိမ်ဖွယ်အနေအထားရှိကြောင်း သိရသည်။ 

အာဏာပိုင်များသည် ယင်းကန်ကြီး၏ရေအမြင့်ကို လျှော့ချနိုင်ရန်ကြိုးပမ်းလျက်ရှိပြီး ထိုင်းပင်လယ်ကွေ့အတွင်း သို့ ရေများကိုလွှဲထုတ်နိုင်ရန် စီစဉ်လျက်ရှိကာ ရေကြီးမှုသည် တစ်လခန့်ကြာမြင့်နိုင်ကြောင်း သိရသည်။

ဆန်ဂိုင်ဂိုလော့ခ်မြစ်ကြီး၏ မြစ်ရေသည် ၄င်း၏ကမ်းနဘေးရှိ နရာသီဝတ်ခရိုင်ထဲသို့ လျှံတက်လာပြီး ရေကြီးမှု ဖြစ်ပေါ်လာကာ အချို့နေရာများ၌ အမြင့် ၂ ပေခန့်အထိ ရေမျက်နှာပြင်မြင့်တက်ခဲ့သည်။

ထိုင်းစစ်တပ်သည် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ၊ အကူညီဖြန့်ဝေရေးလုပ်ငန်းများ၊ ယာယီတည်းခို ရန် နေရာပြင်ဆင်ခြင်းများ၊ သောက်ရေနှင့် လျှပ်စစ်မီးဖြန့်ဝေရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

မုတ်သုံရာသီ၌ စံချိန်တင်မိုးရေချိန်များ ရွာသွန်းလေ့ရှိသော ထိုင်းနိုင်ငံ၌ ရေကြီးမှုသည် ပုံမှန်ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပြီး နိုင်ငံတောင်ပိုင်းဒေသ၌ စက်တင်ဘာနှင့် ဒီဇင်ဘာလကြား၌ ရေကြီးလေ့ရှိ ပြီး နိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသတို့တွင် ဇွန်လမှ အောက်တဘာလအတွင်း ရေလွှမ်းမိုးမှု ဖြစ်ပွားလေ့ ရှိကြောင်း သိရသည်။


Credit : Mizzima Burmese

Read in : All Update Reader

တကယ့္ စစ္ေျမျပင္တိုက္ပြဲ

Posted on Saturday, December 2, 2017 No comments

Saturday, December 2, 2017

တကယ့္ စစ္ေျမျပင္တိုက္ပြဲဆိုတာ သီဟတင္စိုး ေတာ္လွန္ေရးဇာတ္ကားထဲကလိုမဟုတ္ပါဘူး.. ဟိုဘက္ဒီဘက္ အသက္လုေနၾကတာပါ.. က်ည္ကြယ္ မ်က္ကြယ္ေတြဟာ သစ္ပင္ေသးေသးေလး တစ္ပင္ႏွစ္ပင္နဲ႔ မရပါဘူး.. တကယ့္လက္ေတြ႔ စစ္ေျမျပင္တိုက္ပြဲမွာ ပါဝင္ခဲ့တဲ့ တပ္မေတာ္သားေတြရဲ႕ ကင္မရာကေန ဖမ္းယူထားတဲ့ စစ္ေျမျပင္တိုက္ပြဲကို ေအာက္မွာ ၾကည့္ရႈႏိုင္ပါၿပီ...



Read in : All Update Reader

ငံုးဥ နဲ႕ တြဲစားသင့္ေသာအရာမ်ား ႏွင့္ တြဲမစားသင့္ေသာ အရာမ်ား

Posted on No comments

 ငံုးဥကိုေတာ့ မသိတဲ့ လူဆိုတာ ရွားပါတယ္။ဒါေပမယ့္ ငံုးဥထဲမွာ ဆိုရင္ ဘယ္လို အာဟာရမ်ားစြာ ပါ၀င္တာကိုေတာ့ သိတဲ့သူ ရွားပါးပါလိမ့္မယ္။

ငံုးဥထဲမွာ ပါတဲ့ အာဟာရ တန္းဖိုးဟာ ဆိုရင္ ၾကက္ဥ ႏွစ္လံုးစာနဲ႕ ညီမွ်တယ္ ဆိုတာေကာ သိၾက ပါသလား။ ငံုးဥဟာ လူ႕ရဲ႕ အဆုတ္နဲ႕ သရက္ရြက္ကို အားေကာင္း ေစပါတယ္။

ငံုးဥကို စားသံုးသင့္တဲ့ သူေတြကေတာ့ ကေလးေတြ၊ သက္ၾကီးရြယ္အိုေတြ၊ ေသြးအားနည္းတဲ့ သူေတြ၊ ခ်ဴခ်ာတဲ့သူနဲ႕ မီးဖြားျပီး ခါစ မိခင္ေလာင္းတို႕ပဲ ျဖစ္ပါတယ္။ ဦးေႏွာက္ ေသြးေၾကာ ရွိတဲ့ သူေတြကေတာ့ ငံုးဥကို ပမာဏမ်ားစြာ မစားသင့္ပါဘူး။

ငံုးဥမွာ ပရိုတင္း၊အဆီ၊သံဓာတ္ လက္စီသင္ (Lecithin)၊ vitamin-A ၊ vitamin-B1 ၊ B2 calcium ၊ မီးစုန္းဓာတ္၊ ဆိုဒီယမ္၊ မဂၢနီဆီယမ္၊ ခယ္လီယမ္၊ ကန္႕ညိဳ (ဆီလီနီယမ္)၊ သတၱဳဓာတ္နဲ႔ ကိုလက္စထေရာေတြ လံုေလာက္စြာ ပါ၀င္ပါတယ္။

ငံုးဥ၀ယ္ရာမွ လတ္ဆတ္ဖို႔က အေရးၾကီး ပါတယ္။ အက္ေနတဲ့၊ အခ်ိန္ၾကာေနတဲ့ ငံုးဥကို မ၀ယ္ဖို႔ သတိထား ရပါမယ္။ ငံုးဥကို ၀ယ္ျပီးေနာက္ ေရခဲေသတၱာထဲ သိမ္းထားပါ။ ၀ယ္တဲ့ေန႔က စျပီး လ၀က္စာ အခ်ိန္ထက္ ေက်ာ္ရင္ အဲဒီငံုးဥကို လြင့္ပစ္ လိုက္ပါ။ငံုးဥကုိ စားမယ္ဆိုရင္ တစ္ေန႔မွာ ၃လံုးကေန ၅လံုးထိ စားသံုးဖို႔ သင့္ေလ်ာ္ ပါတယ္။

ငံုးဥမွာပါတဲ့ vitamin-B ဟာ ဆီးခ်ိဳေရာဂါကို ကူညီ ကုသေပးပါတယ္။ အဲဒါအျပင္ ေဖာေရာင္ျခင္းနဲ႔ အူလမ္းေၾကာင္း နာျခင္းကိုပါ ကုသ ေပးႏိုင္တယ္။ ငံုးဥမွာ အဆီနဲ႔ ကိုလက္စထေရာေတြ ပါ၀င္ တာေၾကာင့္ ၀ေနတဲ့ ကိုယ္အေလးခ်ိန္ကို ထိန္းေပး ႏိုင္ပါတယ္။ပါ၀င္တဲ့ ဓာတ္ေတြေၾကာင့္ ေသြးက်ေစျပီး ေသြးေၾကာ ေကာင္းမြန္ေအာင္ ကာကြယ္ ထိန္းေပးတယ္။ ေသြးေၾကာမွာ ေသြးခဲျခင္း၊ ေသြးခဲတာေၾကာင့္ ေသြးဖတ္ပိတ္ျခင္း ေတြကို ကာကြယ္ေပး ပါတယ္။

ႏွလံုးေသြးေၾကာ ေရာဂါ သည္ ေတြရဲ႕ အားျဖည့္ အစာလည္း ျဖစ္ပါတယ္။ ပါ၀င္တဲ့ လက္စီသင္ဟာ ၾကက္ဥထဲမွာ ပါ၀င္တာထက္ ၃၊၄ ဆ ပိုပါတယ္။ ငံုးဥဟာ သေႏၶသားနဲ႔ ကေလးငယ္ေတြ အတြက္ အားေကာင္းေစတာ မုိ႔လို႔ ကိုယ္၀န္ေဆာင္ မိခင္ေတြ ငံုးဥကို မ်ားမ်ား စားေပး သင့္ပါတယ္။

၁။ ငံုးဥနဲ႔ ႏြားႏို႕ကို တြဲစားမယ္ဆိုရင္ ေသြးအားနည္းသူ၊ ကိုယ္ခႏၶာ အင္အား ခ်ည့္နဲ႔ေနသူ၊ အစာအိမ္ အားနည္းေနသူ အတြက္ အက်ိဳး ရွိပါတယ္။

၂။ ငံုးဥဆန္ျပဳတ္ စားမယ္ဆိုရင္ ေသြးတိုး သမားကို ေသြးက် ေစပါမယ္။ ျပီးရင္ အသည္းနဲ႕ ေက်ာက္ကပ္ကို အားျဖည့္ ေပးပါတယ္။

၃။ ငံုးဥနဲ႔ တရုတ္ ၾကက္သြန္ျမိတ္ေၾကာ္ တြဲစားရင္ ေက်ာက္ကပ္ အားနည္းျခင္း၊ ခါးနာျခင္း၊ ပန္းေသ ပန္းညိဳးျခင္းကို ျပန္လွည္ ေကာင္း မြန္ေစဖို႔ ျပဳျပင္ေပးပါတယ္။

တီဘီေရာဂါ၊ အဆုတ္ အားနည္းျပီး ေခ်ာင္းအၾကာၾကီး ဆိုးေန သူေတြကုိ ေကာင္းမြန္ေအာင္ တျဖည္းျဖည္း ရွင္းေပ ႏိုင္ပါတယ္။

ဒါေပမယ့္ ငံုးဥကို လိေမၼာ္သၤီးနဲ႔ တဲြမစား သင့္ပါဘူး။ တဲြစားမိရင္ေတာ့ ၀မ္းပ်က္ျခင္း၊ ၀မ္းေဖာ ေရာင္ျခင္းနဲ႔ အစာမေၾကျခင္းကို ျဖစ္ေပၚ ေစပါတယ္။

ျပီးဒါနဲ႔ ငံုးဥကို ၀က္အသည္းနဲ႔ တြဲမစားမိဖို႕ လိုအပ္ပါတယ္။ စားမိရင္ေတာ့ လိပ္ေခါင္းေရာဂါ ျဖစ္ပြားတတ္ျပီး အမည္း စက္ေတြ ထြက္ေပၚ လာႏိုင္ပါတယ္။


<Unicode>
 ငုံးဥကိုတော့ မသိတဲ့ လူဆိုတာ ရှားပါတယ်။ဒါပေမယ့် ငုံးဥထဲမှာ ဆိုရင် ဘယ်လို အာဟာရများစွာ ပါ၀င်တာကိုတော့ သိတဲ့သူ ရှားပါးပါလိမ့်မယ်။

ငုံးဥထဲမှာ ပါတဲ့ အာဟာရ တန်းဖိုးဟာ ဆိုရင် ကြက်ဥ နှစ်လုံးစာနဲ့ ညီမျှတယ် ဆိုတာကော သိကြ ပါသလား။ ငုံးဥဟာ လူ့ရဲ့ အဆုတ်နဲ့ သရက်ရွက်ကို အားကောင်း စေပါတယ်။

ငုံးဥကို စားသုံးသင့်တဲ့ သူတွေကတော့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ သွေးအားနည်းတဲ့ သူတွေ၊ ချူချာတဲ့သူနဲ့ မီးဖွားပြီး ခါစ မိခင်လောင်းတို့ပဲ ဖြစ်ပါတယ်။ ဦးနှောက် သွေးကြော ရှိတဲ့ သူတွေကတော့ ငုံးဥကို ပမာဏများစွာ မစားသင့်ပါဘူး။

ငုံးဥမှာ ပရိုတင်း၊အဆီ၊သံဓာတ် လက်စီသင် (Lecithin)၊ vitamin-A ၊ vitamin-B1 ၊ B2 calcium ၊ မီးစုန်းဓာတ်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်၊ ခယ်လီယမ်၊ ကန့်ညို (ဆီလီနီယမ်)၊ သတ္တုဓာတ်နဲ့ ကိုလက်စထရောတွေ လုံလောက်စွာ ပါ၀င်ပါတယ်။

ငုံးဥဝယ်ရာမှ လတ်ဆတ်ဖို့က အရေးကြီး ပါတယ်။ အက်နေတဲ့၊ အချိန်ကြာနေတဲ့ ငုံးဥကို မဝယ်ဖို့ သတိထား ရပါမယ်။ ငုံးဥကို ၀ယ်ပြီးနောက် ရေခဲသေတ္တာထဲ သိမ်းထားပါ။ ၀ယ်တဲ့နေ့က စပြီး လဝက်စာ အချိန်ထက် ကျော်ရင် အဲဒီငုံးဥကို လွင့်ပစ် လိုက်ပါ။ငုံးဥကို စားမယ်ဆိုရင် တစ်နေ့မှာ ၃လုံးကနေ ၅လုံးထိ စားသုံးဖို့ သင့်လျော် ပါတယ်။

ငုံးဥမှာပါတဲ့ vitamin-B ဟာ ဆီးချိုရောဂါကို ကူညီ ကုသပေးပါတယ်။ အဲဒါအပြင် ဖောရောင်ခြင်းနဲ့ အူလမ်းကြောင်း နာခြင်းကိုပါ ကုသ ပေးနိုင်တယ်။ ငုံးဥမှာ အဆီနဲ့ ကိုလက်စထရောတွေ ပါ၀င် တာကြောင့် ၀နေတဲ့ ကိုယ်အလေးချိန်ကို ထိန်းပေး နိုင်ပါတယ်။ပါ၀င်တဲ့ ဓာတ်တွေကြောင့် သွေးကျစေပြီး သွေးကြော ကောင်းမွန်အောင် ကာကွယ် ထိန်းပေးတယ်။ သွေးကြောမှာ သွေးခဲခြင်း၊ သွေးခဲတာကြောင့် သွေးဖတ်ပိတ်ခြင်း တွေကို ကာကွယ်ပေး ပါတယ်။

နှလုံးသွေးကြော ရောဂါ သည် တွေရဲ့ အားဖြည့် အစာလည်း ဖြစ်ပါတယ်။ ပါ၀င်တဲ့ လက်စီသင်ဟာ ကြက်ဥထဲမှာ ပါ၀င်တာထက် ၃၊၄ ဆ ပိုပါတယ်။ ငုံးဥဟာ သန္ဓေသားနဲ့ ကလေးငယ်တွေ အတွက် အားကောင်းစေတာ မို့လို့ ကိုယ်ဝန်ဆောင် မိခင်တွေ ငုံးဥကို များများ စားပေး သင့်ပါတယ်။

၁။ ငုံးဥနဲ့ နွားနို့ကို တွဲစားမယ်ဆိုရင် သွေးအားနည်းသူ၊ ကိုယ်ခန္ဓာ အင်အား ချည့်နဲ့နေသူ၊ အစာအိမ် အားနည်းနေသူ အတွက် အကျိုး ရှိပါတယ်။

၂။ ငုံးဥဆန်ပြုတ် စားမယ်ဆိုရင် သွေးတိုး သမားကို သွေးကျ စေပါမယ်။ ပြီးရင် အသည်းနဲ့ ကျောက်ကပ်ကို အားဖြည့် ပေးပါတယ်။

၃။ ငုံးဥနဲ့ တရုတ် ကြက်သွန်မြိတ်ကြော် တွဲစားရင် ကျောက်ကပ် အားနည်းခြင်း၊ ခါးနာခြင်း၊ ပန်းသေ ပန်းညိုးခြင်းကို ပြန်လှည် ကောင်း မွန်စေဖို့ ပြုပြင်ပေးပါတယ်။

တီဘီရောဂါ၊ အဆုတ် အားနည်းပြီး ချောင်းအကြာကြီး ဆိုးနေ သူတွေကို ကောင်းမွန်အောင် တဖြည်းဖြည်း ရှင်းပေ နိုင်ပါတယ်။

ဒါပေမယ့် ငုံးဥကို လိမ္မော်င်္သီးနဲ့ တွဲမစား သင့်ပါဘူး။ တွဲစားမိရင်တော့ ၀မ်းပျက်ခြင်း၊ ၀မ်းဖော ရောင်ခြင်းနဲ့ အစာမကြေခြင်းကို ဖြစ်ပေါ် စေပါတယ်။

ပြီးဒါနဲ့ ငုံးဥကို ၀က်အသည်းနဲ့ တွဲမစားမိဖို့ လိုအပ်ပါတယ်။ စားမိရင်တော့ လိပ်ခေါင်းရောဂါ ဖြစ်ပွားတတ်ပြီး အမည်း စက်တွေ ထွက်ပေါ် လာနိုင်ပါတယ်။

Credit By Myawady Health

Read in : All Update Reader

ဖိလစ္ပုိင္က အလွဆုံး ဝပ္ေရွာ့ဆရာမေလးလုိ႔ တင္စားေခၚဆုိ ခံထားရသူ ...

Posted on No comments

 ကားျပဳျပင္ေရးလုပ္ငန္းေတြမွာ အမ်ိဳးသားေတြပဲ လႊမ္းမုိးေနခဲ႔တာဟာ ႏွစ္ကာလ အေတာ္ၾကာပါၿပီ။ ဒီအလုပ္ဟာ ညစ္ပတ္ေပေရမႈမ်ားတဲ႔ အလုပ္တစ္ခုျဖစ္သလုိ ကုိယ္ယာကကုိလည္း အသုံးျပဳရတဲ႔ အလုပ္တစ္ခုျဖစ္လုိ႔ အမ်ိဳးသမီးေတြ ဝင္ေရာက္လုပ္ကုိင္ဖုိ႔ အေျခအေနနည္းပါးခဲ႔ပါတယ္။

ဒါေပမယ့္ ဒီေနာက္ပုိင္းမွာ အမ်ိဳးသမီးေတြလည္း ကားဝပ္ေရွာ့ကိစၥေတြမွာဝင္ေရာက္လုပ္ကုိင္လာခဲ႔သလုိ ဒီထဲကမွ Tantin Legaspi Meneses ဆုိသူ အမ်ိဳးသမီးကေတာ့ အလွပဆုံး ဝပ္ေရွာ့ဆရာမတစ္ဦးအျဖစ္ သတ္မွတ္ခံထားရသူတစ္ဦး ျဖစ္ေနပါတယ္။







အသက္ ၂၁ ႏွစ္အရႊယ္ Tantin Legaspi Meneses ဆုိသူဟာ ကားျပဳျပင္ထိန္းသိမ္းေရးလုပ္ငန္းေတြကုိ လုပ္ကုိင္လာတဲ႔ မိသားစုက ဆင္းသက္လာခဲ႔သူျဖစ္လုိ႔ ေမာ္ေတာ္ယာဥ္မ်ားကုိ ျပဳျပင္ရာမွာ အမ်ိဳးသားေတြထက္ကုိ ပုိမုိ ကြ်မ္းက်င္ေနသူတစ္ဦး ျဖစ္ပါတယ္။


ဒါေတြတင္မကေသးပဲ Tantin Legaspi Meneses ဟာ ခႏၶာကုိယ္ေရာ ႐ုပ္ရည္ပါ ေခ်ာေမာသူျဖစ္လုိ႔ Pampanga ေဒသရဲ႕ အလွဆုံး ကားဝပ္ေရွာ့ ဆရာမေလးလုိ႔ပါ တင္စားခံလာရတာ ျဖစ္ပါတယ္။

မကၠဆီကုိႏုိင္ငံကေန ပညာေတာ္သင္ ျပန္လာခဲ႔တဲ႔ Tantin Legaspi Meneses ဟာ မိသားစုရဲ႕ လက္လုပ္လက္ကုိင္ လုပ္ငန္းျဖစ္တဲ႔ ကားျပဳျပင္ေရးလုပ္ငန္းကုိ ငယ္စဥ္ကတည္းက တတ္ကြ်မ္းလာခဲ႔တာျဖစ္လုိ႔ ကားေပါင္းစုံကုိ တစ္ဖက္ကမ္းခတ္ေအာင္ ကြ်မ္းက်င္ေနသူျဖစ္ပါတယ္။


ဒီလုိ ကားျပဳျပင္ေရးမွာ ပါရမီပါတဲ႔ Tantin Legaspi Meneses ဟာ တစ္ခါတစ္ေလမွာ Cosplayer မယ္အျဖစ္ေရာ အလြတ္တန္းေမာ္ဒယ္ အျဖစ္နဲ႔ပါ တြဲဖက္လုပ္္ေဆာင္ေနလ်က္လည္း ရွိေနပါတယ္ခင္ဗ်ာ။

By STH
source:HtooDaily
link - https://www.showbiztrends.net/2017/11/24/cosplayer-beauty-also-mechanic/

<Unicode>
 ကားပြုပြင်ရေးလုပ်ငန်းတွေမှာ အမျိုးသားတွေပဲ လွှမ်းမိုးနေခဲ့တာဟာ နှစ်ကာလ အတော်ကြာပါပြီ။ ဒီအလုပ်ဟာ ညစ်ပတ်ပေရေမှုများတဲ့ အလုပ်တစ်ခုဖြစ်သလို ကိုယ်ယာကကိုလည်း အသုံးပြုရတဲ့ အလုပ်တစ်ခုဖြစ်လို့ အမျိုးသမီးတွေ ဝင်ရောက်လုပ်ကိုင်ဖို့ အခြေအနေနည်းပါးခဲ့ပါတယ်။

ဒါပေမယ့် ဒီနောက်ပိုင်းမှာ အမျိုးသမီးတွေလည်း ကားဝပ်ရှော့ကိစ္စတွေမှာဝင်ရောက်လုပ်ကိုင်လာခဲ့သလို ဒီထဲကမှ Tantin Legaspi Meneses ဆိုသူ အမျိုးသမီးကတော့ အလှပဆုံး ဝပ်ရှော့ဆရာမတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူတစ်ဦး ဖြစ်နေပါတယ်။

အသက် ၂၁ နှစ်အရွှယ် Tantin Legaspi Meneses ဆိုသူဟာ ကားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို လုပ်ကိုင်လာတဲ့ မိသားစုက ဆင်းသက်လာခဲ့သူဖြစ်လို့ မော်တော်ယာဉ်များကို ပြုပြင်ရာမှာ အမျိုးသားတွေထက်ကို
ပိုမို ကျွမ်းကျင်နေသူတစ်ဦး ဖြစ်ပါတယ်။

ဒါတွေတင်မကသေးပဲ Tantin Legaspi Meneses ဟာ ခန္ဓာကိုယ်ရော ရုပ်ရည်ပါ ချောမောသူဖြစ်လို့ Pampanga ဒေသရဲ့ အလှဆုံး ကားဝပ်ရှော့ ဆရာမလေးလို့ပါ တင်စားခံလာရတာ ဖြစ်ပါတယ်။

မက္ကဆီကိုနိုင်ငံကနေ ပညာတော်သင် ပြန်လာခဲ့တဲ့ Tantin Legaspi Meneses ဟာ မိသားစုရဲ့ လက်လုပ်လက်ကိုင် လုပ်ငန်းဖြစ်တဲ့ ကားပြုပြင်ရေးလုပ်ငန်းကို ငယ်စဉ်ကတည်းက တတ်ကျွမ်းလာခဲ့တာဖြစ်လို့ ကားပေါင်းစုံကို တစ်ဖက်ကမ်းခတ်အောင် ကျွမ်းကျင်နေသူဖြစ်ပါတယ်။

ဒီလို ကားပြုပြင်ရေးမှာ ပါရမီပါတဲ့ Tantin Legaspi Meneses ဟာ တစ်ခါတစ်လေမှာ Cosplayer မယ်အဖြစ်ရော အလွတ်တန်းမော်ဒယ် အဖြစ်နဲ့ပါ တွဲဖက်လုပ််ဆောင်နေလျက်လည်း ရှိနေပါတယ်ခင်ဗျာ။

By STH
source:HtooDaily


Read in : All Update Reader

တ႐ုတ္-ျမန္မာ ဆက္ဆံမႈခိုင္မာေရး Xi Jinping နဲ႔ ေဒၚစုေဆြးေႏြး

Posted on No comments
တ႐ုတ္-ျမန္မာ ဆက္ဆံမႈခိုင္မာေရး Xi Jinping နဲ႔ ေဒၚစုေဆြးေႏြး (Myanmar State Counsellor Office)

ႏိုင္ငံေရးပါတီ အခ်င္းခ်င္းဆက္ဆံေရး ပိုမိုအားေကာင္းေစဖို႔ တရုတ္သမၼတ ရွီက်င္းပင္ဟာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ဆံုရာမွာ တိုက္တြန္းလိုက္ပါတယ္။ တရုတ္အေနနဲ႔ ျမန္မာစစ္တပ္နဲ႔ ပိုၿပီး နီးနီးကပ္ကပ္ဆက္ဆံမႈေတြရွိေနတယ္လို႔ ေ၀ဖန္မႈေတြထြက္ေနခ်ိန္ အာဏာရ အရပ္သားအစိုးရပါတီနဲ႔ ႏွစ္ဘက္အျပန္အလွန္အနီးကပ္ပိုၿပီး ဆက္ဆံေရး တည္ေဆာက္လိုေၾကာင္း တရုတ္သမၼတက ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ တရုတ္သမၼတ ရွီက်င္းပင္ တို႔နွစ္ဦး ေသာၾကာေန႔က ေဘဂ်င္းၿမိဳ႕ေတာ္မွာ သီးသန္႔ ေတြ႕ဆံုေဆြးေႏြးခဲ့တဲ့ အဓိက အေၾကာင္းအရာေတြကို မအင္ၾကင္းႏို္င္က ဆက္လက္တင္ျပမွာပါ။

ႏို၀င္ဘာလ ၃၀ ရက္ေန႔ကေန ဒီဇင္ဘာလ ၃ ရက္ေန႔ထိ တရုတ္ႏိုင္ငံ ေဘဂ်င္းမွာ က်င္းပေနတဲ့ CPC တရုတ္ကြန္ျမဴနစ္ပါတီနဲ႔ ကမၻာ့ ႏိုင္ငံေရးပါတီေတြရဲ႕ အဆင့္ျမင့္ထိပ္သီးေခါင္းေဆာင္မ်ား ေဆြးေႏြးပဲြကို တက္ေရာက္လာတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ တရုတ္သမၼတ ရွီက်င္းပင္တို႔ မေန႔က သီးသန္႔ေတြ႕ဆံုရာမွာ အာဏာရပါတီ အခ်င္းခ်င္း မဟာဗ်ဴဟာေျမာက္ ဆက္ဆံေရးခိုင္မာအားေကာင္းေစဖို႔ သူ႔အေနနဲ႔ ေမွ်ာ္လင့္ေၾကာင္း ရွီက်င္းပင္က ေျပာဆိုခဲ့တာပါ။

ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ NLD အမ်ဳိးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ အာဏာရၿပီးကတည္းက သူတို႔ႏွစ္ဦး အႀကိမ္မ်ားေတြ႕ဆံုခဲ့ၿပီးျဖစ္ေၾကာင္းလည္း သမၼတ ရွီက ေဒၚေအာင္ဆန္းစုၾကည္ကို ေျပာဆိုခဲ့ပါတယ္။ ႏွစ္ႏိုင္ငံ အာဏာရပါတီေတြျဖစ္တဲ့ CPC နဲ႔ NLD ဆက္ဆံေရး ဆက္လက္တိုးတက္မႈေတြေၾကာင့္ တရုတ္နဲ႔ ျမန္မာ ႏိုင္ငံေရးအရဆက္ဆံမႈကိုသာမက ျပည္သူအခ်င္းခ်င္း ဆက္ဆံေရးကိုပါ ပိုမိုခိုင္မာေစတယ္လို႔လည္း သမၼတ ရွီက ဆိုပါတယ္။

CPC ပါတီ ဗဟိုေကာ္မတီ အေထြေထြအတြင္းေရးမွဴးလည္းျဖစ္တဲ့ တရုတ္သမၼတ ရွီက်င္းပင္ဟာ မေန႕က CPC နဲ႔ ကမၻာ့ ႏုိင္ငံေရးပါတီေတြက အဆင့္ျမင့္ ေခါင္းေဆာင္ေတြရဲ႕ ေဆြးေႏြးပြဲ အဖြင့္မိန္႔ခြန္းေျပာၾကားရာမွာ အျခားႏိုင္ငံေတြနဲ႔ သံတမန္ေရးဆက္ဆံေရးမွာ တရုတ္ရဲ႕ နည္းဗ်ဴဟာ ပံုစံသစ္ကို ေျပာဆိုခဲ့ေပမယ့္ တရုတ္ႏိုင္ငံ စနစ္အတိုင္း အျခားႏိုင္ငံေတြက လိုက္လုပ္ရမယ္္ဆိုတာမ်ဳိးေတာ့ ဘယ္ေတာ့မွ တိုက္တြန္းမွာ မဟုတ္ဘူးလို႔ အခုလိုေျပာသြားပါတယ္။

"အျခားႏိုင္ငံေတြက အုပ္ခ်ဳပ္ပံုမ်ဳိး တရုတ္ႏိုင္ငံက လိုက္လုပ္မွာ မဟုတ္သလို က်ေနာ္တို႔ ရဲ႕ အုပ္ခ်ဳပ္ပံုမ်ဳိးအတိုင္း အျခားႏိုင္ငံေတြလိုက္လုပ္ရမယ္လို႔လည္း ေျပာမွာမဟုတ္ပါဘူး။ တရုတ္ႏိုင္ငံက အေကာင္အထည္ေဖၚေနတဲ့ လမ္းစဥ္အတိုင္း ပံုတူကူးၿပီး လိုက္လုပ္ပါလို႔လည္း အျခားႏိုင္ငံေတြကို ဘယ္ေတာ့မွ ေတာင္းဆိုမွာမဟုတ္ပါဘူး။"

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတရွီက်င္းပင္ သီးသန္႔ေတြ႕ဆံုရာမွာလည္း ေခတ္သစ္မွာ တရုတ္ရဲ႕ သံတမန္ေရးရည္ရြယ္ခ်က္ဟာ လူသားထုအတြက္ တူညီတဲ့အနာဂတ္အသိုင္းအ၀ိုင္း တည္ေဆာက္ေရးျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။ ဒီရည္မွန္းခ်က္ဟာလည္း မၾကာေသးခင္က က်င္းပခဲ့တဲ့ ၁၉ ႀကိမ္ေျမာက္ တရုတ္ကြန္ျမဴနစ္ပါတီ အမ်ဳိးသားညီလာခံကထြက္လာတဲ့ အဓိကရလာဒ္ေတြထဲက တခုျဖစ္ေၾကာင္း သမၼတရွီက ေဒၚေအာင္ဆန္းစုၾကည္ကိုေျပာပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ၾသဂုတ္လက ျမန္မာစစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းမႈေၾကာင့္ ရိုဟင္ဂ်ာမြတ္စလင္ ေျခာက္သိန္းေက်ာ္ ဘဂၤလားေဒ့ရွ္ဘက္ ထြက္ေျပးခဲ့ရတဲ့ျဖစ္ရပ္ကို လူမ်ဳိးစု ရွင္းလင္းဖယ္ရွားမႈအျဖစ္ ႏိုင္ငံတကာအသိုင္းအ၀ိုင္းက ျမန္မာကို အျပင္းအထန္ေ၀ဖန္ေနခ်ိန္မွာ တရုတ္အစိုးရကျမန္မာအစိုးရဘက္က ရပ္တည္ေၾကာင္း အခိုင္အမာျပသခဲ့ပါတယ္။

ဒါေၾကာင့္ တရုတ္သမၼတရွီက်င္းပင္နဲ႔ သီးသန္႔ေတြ႕ဆံုခ်ိန္မွာေရာ၊ ကမၻာ့ ႏုိင္ငံေရးပါတီေတြက အဆင့္ျမင့္ ေခါင္းေဆာင္ေတြရဲ႕ ေဆြးေႏြးပြဲအဖြင့္မိန္႔ခြန္းေျပာၾကားရာမွာပါ တရုတ္အပါအ၀င္ ျမန္မာႏိုင္ငံအေပၚ နားလည္ေထာက္ခံေပးတဲ့မိတ္ေဆြေတြကို ေက်းဇူးအထူးတင္မိေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က အခုလိုေျပာၾကားခဲ့ပါတယ္။

"က်မတို႔ရဲ႕ ႀကိဳးစားအားထုတ္မႈေတြကို ေထာက္ခံကူညီေပးေနတဲ့ က်မတို႔ျပည္သူေတြ အပါအ၀င္ မိတ္ေဆြေတြအားလံုးကို ေလးစားတန္ဖိုးထားပါတယ္။ က်မတို႔လိုအပ္ေနတဲ့အခ်ိန္မွာ က်မတို႔အေပၚ နားလည္မႈေပးၿပီး ပံပိုးကူညီသူေတြကိုလည္း က်မတို႔ ဘယ္ေတာ့မွ ေမ့ေပ်ာက္မွာမဟုတ္ပါဘူး။"

တရုတ္သမၼတ ရွီက်င္းပင္နဲ႕ ေတြ႕ဆံုရာမွာလည္း တရုတ္နဲ႔ ဆက္ဆံေရးတိုးတက္ေကာင္းမြန္မႈဟာ ျမန္မာႏိုင္ငံအတြက္ အလြန္အင္မတန္မွ အေရးပါေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ကေျပာဆိုခဲ့ပါတယ္။ ဒါအျပင္ အာဏာရပါတီအခ်င္းခ်င္း အနီးကပ္ဆက္ဆံေရး ပိုမိုတိုးျမွင့္ဖို႔ တရုတ္သမၼရွီက်င္းပင္ေျပာဆိုခဲ့တဲ့အခ်က္ကိုလည္း သူ႔အေနနဲ႔ သေဘာတူေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ဆိုပါတယ္။

တရုတ္-ျမန္မာ ကုန္သြယ္စီးပြားေရးလမ္းေၾကာင္း လိုမ်ဳိး ႏွစ္ႏိုင္ငံဆက္ဆံေရး တိုးတက္ဖြံၿဖိဳးမႈအသစ္ျဖစ္ထြန္းလာတဲ့ကိစၥရပ္ေတြကို ျပဳစုပ်ဳိးေထာင္ဖို႔၊ႏွစ္ဘက္အျပန္အလွန္သေဘာတူညီခ်က္အားလံုးကို လက္ေတြ႕အေကာင္အထည္ေဖၚဖို႔နဲ႔ ႏွစ္ႏိုင္ငံဆက္ဆံေရး မွန္ကန္တဲ့ လမ္းေၾကာင္းေပၚမွာ ဆက္လက္ရွိေနေရး ထိန္းသိမ္းဖို႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတရွီက်င္းပင္တို႔ ေဆြးေႏြးသေဘာတူညီခဲ့ၾကပါတယ္။

အင္ၾကင္းႏိုင္  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com

နိုင်ငံရေးပါတီ အချင်းချင်းဆက်ဆံရေး ပိုမိုအားကောင်းစေဖို့ တရုတ်သမ္မတ ရှီကျင်းပင်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ တိုက်တွန်းလိုက်ပါတယ်။ တရုတ်အနေနဲ့ မြန်မာစစ်တပ်နဲ့ ပိုပြီး နီးနီးကပ်ကပ်ဆက်ဆံမှုတွေရှိနေတယ်လို့ ဝေဖန်မှုတွေထွက်နေချိန် အာဏာရ အရပ်သားအစိုးရပါတီနဲ့ နှစ်ဘက်အပြန်အလှန်အနီးကပ်ပိုပြီး ဆက်ဆံရေး တည်ဆောက်လိုကြောင်း တရုတ်သမ္မတက ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ ရှီကျင်းပင် တို့နှစ်ဦး သောကြာနေ့က ဘေဂျင်းမြို့တော်မှာ သီးသန့် တွေ့ဆုံဆွေးနွေးခဲ့တဲ့ အဓိက အကြောင်းအရာတွေကို မအင်ကြင်းနို်င်က ဆက်လက်တင်ပြမှာပါ။

နိုဝင်ဘာလ ၃၀ ရက်နေ့ကနေ ဒီဇင်ဘာလ ၃ ရက်နေ့ထိ တရုတ်နိုင်ငံ ဘေဂျင်းမှာ ကျင်းပနေတဲ့ CPC တရုတ်ကွန်မြူနစ်ပါတီနဲ့ ကမ္ဘာ့ နိုင်ငံရေးပါတီတွေရဲ့ အဆင့်မြင့်ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ မနေ့က သီးသန့်တွေ့ဆုံရာမှာ အာဏာရပါတီ အချင်းချင်း မဟာဗျူဟာမြောက် ဆက်ဆံရေးခိုင်မာအားကောင်းစေဖို့ သူ့အနေနဲ့ မျှော်လင့်ကြောင်း ရှီကျင်းပင်က ပြောဆိုခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရပြီးကတည်းက သူတို့နှစ်ဦး အကြိမ်များတွေ့ဆုံခဲ့ပြီးဖြစ်ကြောင်းလည်း သမ္မတ ရှီက ဒေါ်အောင်ဆန်းစုကြည်ကို ပြောဆိုခဲ့ပါတယ်။ နှစ်နိုင်ငံ အာဏာရပါတီတွေဖြစ်တဲ့ CPC နဲ့ NLD ဆက်ဆံရေး ဆက်လက်တိုးတက်မှုတွေကြောင့် တရုတ်နဲ့ မြန်မာ နိုင်ငံရေးအရဆက်ဆံမှုကိုသာမက ပြည်သူအချင်းချင်း ဆက်ဆံရေးကိုပါ ပိုမိုခိုင်မာစေတယ်လို့လည်း သမ္မတ ရှီက ဆိုပါတယ်။

CPC ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးလည်းဖြစ်တဲ့ တရုတ်သမ္မတ ရှီကျင်းပင်ဟာ မနေ့က CPC နဲ့ ကမ္ဘာ့ နိုင်ငံရေးပါတီတွေက အဆင့်မြင့် ခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းပြောကြားရာမှာ အခြားနိုင်ငံတွေနဲ့ သံတမန်ရေးဆက်ဆံရေးမှာ တရုတ်ရဲ့ နည်းဗျူဟာ ပုံစံသစ်ကို ပြောဆိုခဲ့ပေမယ့် တရုတ်နိုင်ငံ စနစ်အတိုင်း အခြားနိုင်ငံတွေက လိုက်လုပ်ရမယ််ဆိုတာမျိုးတော့ ဘယ်တော့မှ တိုက်တွန်းမှာ မဟုတ်ဘူးလို့ အခုလိုပြောသွားပါတယ်။

"အခြားနိုင်ငံတွေက အုပ်ချုပ်ပုံမျိုး တရုတ်နိုင်ငံက လိုက်လုပ်မှာ မဟုတ်သလို ကျနော်တို့ ရဲ့ အုပ်ချုပ်ပုံမျိုးအတိုင်း အခြားနိုင်ငံတွေလိုက်လုပ်ရမယ်လို့လည်း ပြောမှာမဟုတ်ပါဘူး။ တရုတ်နိုင်ငံက အကောင်အထည်ဖေါ်နေတဲ့ လမ်းစဉ်အတိုင်း ပုံတူကူးပြီး လိုက်လုပ်ပါလို့လည်း အခြားနိုင်ငံတွေကို ဘယ်တော့မှ တောင်းဆိုမှာမဟုတ်ပါဘူး။"

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတရှီကျင်းပင် သီးသန့်တွေ့ဆုံရာမှာလည်း ခေတ်သစ်မှာ တရုတ်ရဲ့ သံတမန်ရေးရည်ရွယ်ချက်ဟာ လူသားထုအတွက် တူညီတဲ့အနာဂတ်အသိုင်းအဝိုင်း တည်ဆောက်ရေးဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီရည်မှန်းချက်ဟာလည်း မကြာသေးခင်က ကျင်းပခဲ့တဲ့ ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားညီလာခံကထွက်လာတဲ့ အဓိကရလာဒ်တွေထဲက တခုဖြစ်ကြောင်း သမ္မတရှီက ဒေါ်အောင်ဆန်းစုကြည်ကိုပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သြဂုတ်လက မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ရိုဟင်ဂျာမွတ်စလင် ခြောက်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ရတဲ့ဖြစ်ရပ်ကို လူမျိုးစု ရှင်းလင်းဖယ်ရှားမှုအဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာကို အပြင်းအထန်ဝေဖန်နေချိန်မှာ တရုတ်အစိုးရကမြန်မာအစိုးရဘက်က ရပ်တည်ကြောင်း အခိုင်အမာပြသခဲ့ပါတယ်။

ဒါကြောင့် တရုတ်သမ္မတရှီကျင်းပင်နဲ့ သီးသန့်တွေ့ဆုံချိန်မှာရော၊ ကမ္ဘာ့ နိုင်ငံရေးပါတီတွေက အဆင့်မြင့် ခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲအဖွင့်မိန့်ခွန်းပြောကြားရာမှာပါ တရုတ်အပါအဝင် မြန်မာနိုင်ငံအပေါ် နားလည်ထောက်ခံပေးတဲ့မိတ်ဆွေတွေကို ကျေးဇူးအထူးတင်မိကြောင်း ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောကြားခဲ့ပါတယ်။

"ကျမတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို ထောက်ခံကူညီပေးနေတဲ့ ကျမတို့ပြည်သူတွေ အပါအဝင် မိတ်ဆွေတွေအားလုံးကို လေးစားတန်ဖိုးထားပါတယ်။ ကျမတို့လိုအပ်နေတဲ့အချိန်မှာ ကျမတို့အပေါ် နားလည်မှုပေးပြီး ပံပိုးကူညီသူတွေကိုလည်း ကျမတို့ ဘယ်တော့မှ မေ့ပျောက်မှာမဟုတ်ပါဘူး။"

တရုတ်သမ္မတ ရှီကျင်းပင်နဲ့ တွေ့ဆုံရာမှာလည်း တရုတ်နဲ့ ဆက်ဆံရေးတိုးတက်ကောင်းမွန်မှုဟာ မြန်မာနိုင်ငံအတွက် အလွန်အင်မတန်မှ အရေးပါကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုခဲ့ပါတယ်။ ဒါအပြင် အာဏာရပါတီအချင်းချင်း အနီးကပ်ဆက်ဆံရေး ပိုမိုတိုးမြှင့်ဖို့ တရုတ်သမ္မရှီကျင်းပင်ပြောဆိုခဲ့တဲ့အချက်ကိုလည်း သူ့အနေနဲ့ သဘောတူကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

တရုတ်-မြန်မာ ကုန်သွယ်စီးပွားရေးလမ်းကြောင်း လိုမျိုး နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ဖွံဖြိုးမှုအသစ်ဖြစ်ထွန်းလာတဲ့ကိစ္စရပ်တွေကို ပြုစုပျိုးထောင်ဖို့၊နှစ်ဘက်အပြန်အလှန်သဘောတူညီချက်အားလုံးကို လက်တွေ့အကောင်အထည်ဖေါ်ဖို့နဲ့ နှစ်နိုင်ငံဆက်ဆံရေး မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ဆက်လက်ရှိနေရေး ထိန်းသိမ်းဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတရှီကျင်းပင်တို့ ဆွေးနွေးသဘောတူညီခဲ့ကြပါတယ်။

အင်ကြင်းနိုင်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/

Read in : All Update Reader

ထိုင္း ရဲအရာရွိေတြကို သီးသန္႔ မီးခိုးေရာင္ ျဖစ္တဲ့ ဝတ္စုံ ၀တ္ဖို႔ ညႊန္ၾကား

Posted on No comments
ထိုင္း ရဲအရာရွိေတြကို မီးခိုးေရာင္ ဝတ္စုံ နဲ႔ ေတြ႕ရ

ထိုင္းနိုင္ငံမွာ လက္ရွိ ဘုရင္ Vajiralongkorn လက္ထက္မွာ ေနာက္ဆုံးထုတ္ျပန္လိုက္တဲ့ စည္းမ်ဥ္းသစ္အရ ရဲအရာရွိေတြကို သီးသန္႔ မီးခိုးေရာင္ ျဖစ္တဲ့ ဝတ္စုံ ၀တ္ဖို႔ ညႊန္ၾကားထားပါတယ္။

အခုလို ရဲဝန္ထမ္းေတြ အားလုံး တေရာင္တည္း သတ္သတ္မွတ္မွတ္ ဝတ္ရတဲ့ အတြက္ ညီညြတ္မွု အင္အားကို ျပရာေရာက္တယ္လို႔ ရဲ၀န္ထမ္း အမ်ိဳးသမီးတေယာက္က ေျပာပါတယ္။

ဒါ့အျပင္ ရဲနဲ႔ စစ္တပ္က ၀န္ထမ္းေတြ ဆံပင္ တိုတို ညႇပ္ဖို႔ နဲ႔ အေလးျပဳတဲ့ အခါ ရင္အုံကို ျမႇင့္ထားၿပီး ေခါင္းညႊတ္တဲ့ နည္းလမ္းသစ္ေတြကိုလည္း လြန္ခဲ့တဲ့ သီတင္းပတ္ေတြ အတြင္း ညႊန္ၾကားခ်က္ ထုတ္ခဲ့ပါတယ္။

မႏွစ္တုန္းက စလို႔ ထီးနန္းလႊဲယူခဲ့ၿပီးေနာက္ ဘုရင္ ၀ဇီယာေလာင္ကြန္း လက္ထက္မွာ အေရးပါတဲ့ က႑ေတြေရာ ၊ အေသးအဖြဲ ေတြမွာပါ လုပ္ရိုးလုပ္စဥ္ အစဥ္အလာေတြကို ေျပာင္းလဲမွု လုပ္တာ ေတြ႕ရပါတယ္။

BBC Burmese

http://www.bbc.com/burmese/
Read in : All Update Reader

မႏၲေလး မဟာမုနိ မွ ဟိႏၵဴ နတ္ေဒဝါ ေၾကး႐ုပ္ႀကီးမ်ား

Posted on Friday, December 1, 2017 No comments

Friday, December 1, 2017


 ေၾကး႐ုပ္မ်ားကို ကိုင္တြယ္ခြင့္မျပဳပါ တဲ့... သိပ္လွတဲ့ စာတမ္းေလးဗ်ာ... ဒီစာတမ္းေလးေပၚလာဖို႔ ၂၀၀၃ ေလာက္ က စ ေတြ႕ရာလူ လိုက္ေျပာ ေနခဲ့တာ ၂၀၁၇ မွာ ေတာ့ တကယ္ျဖစ္လာတယ္.. ဝမ္းသာလိုက္တာ...၁၄ ႏွစ္ၾကာတယ္...

မဟာမုနိ႐ုပ္ရွင္ေတာ္ ဆိုတဲ့ မႏၲေလးဘုရားႀကီး ထဲက ေၾကး႐ုပ္ႀကီးေတြ ကို လက္နဲ႕ပြတ္ ရင္ ပြတ္တဲ့ေနရာက ေရာဂါဘယ ေပ်ာက္ကင္းတယ္ ထင္လို႔ ပြတ္ ပြတ္ၿပီးဆုေတာင္းၾကတယ္... ဟိုး ဧည့္လမ္းၫႊန္သက္ ႏုစဥ္အခါက ဧည့္သည္ေတြ ေၾကး႐ုပ္ႀကီးေတြ လိုက္ျပတဲ့အခါ ေၾကး႐ုပ္ႀကီးေတြဟာ အန္ကာဝပ္ကေန ယိုးဒယား၊ ယိုးဒယားကေန ဟံသာဝတီ၊ ဟံသာဝတီကေန ရခိုင္ ... ရခိုင္ကေန မႏၲေလး ယူလာတာျဖစ္ေၾကာင္း နဲ႕ သမိုင္းအက်ဥ္းရွင္း.... ၿပီးရင္ ပြၸတ္သပ္ဆုေတာင္းသူေတြကိုျပၿပီး ဒါဟာ အဓိပၸါယ္ မဲ့ တဲ့ မိ႐ိုးဖလာ လို႔ ျပစ္တင္ေျပာဆိုရွင္းလင္းခဲ့ဖူးတယ္...

ဒီလိုနဲ႕ ၂၀၀၃ ခုႏွစ္ မွာ အေမရိကန္ႏိုင္ငံ က နံမည္ႀကီး ျပတိုက္တခုျဖစ္တဲ့ metropolitan Museum ကလာတဲ့ အဖြဲ႕ တဖြဲ႕ ကိုဧည့္လမ္းၫႊန္လုပ္ရတယ္ .. မႏၲေလးေရာက္ေတာ့ Museum curator က မဟာမုနိကိုယ္ေတာ္ႀကီးထက္ ဒီေၾကး႐ုပ္ေတြၾကည့္ခ်င္ေနတဲ့လူ....ေရာက္ေရာက္ခ်င္း ေၾကး႐ုပ္ႀကီးေတြဆီေခၚသြားရတယ္... ဟိုေရာက္ေတာ့ ... ဟာ မင္းတို႔ဘယ္လိုလုပ္ေနၾကတာလဲ လို႔အလန္႔တၾကား ထ ေအာ္တယ္... ကြ်န္ေတာ္က ဘာျဖစ္လို႔လဲ ေမးေတာ့ ဒီလူေတြဘာလို႔ ဒီအ႐ုပ္ေတြ ပြတ္ေနၾကတာလဲ တဲ့ ... ကြ်န္ေတာ္ က ရွင္းျပေနက်အတိုင္း က်မ္းမာေရးအတြက္ လုပ္ၾကတာ လို႔ရွင္းျပေတာ့ နဖူး႐ိုက္ၿပီး ဟာကြာ ... ဒီအ႐ုပ္တ႐ုပ္ျခင္းရဲ႕တန္ဖိုးသိလား တဲ့... ဒီအ႐ုပ္ေတြဟာ ကမာၻဒီးယား ေၾကး႐ုပ္ထုျခင္းအတတ္ပညာ ကို ေလ့လာဖို႔၊ ကိုးကြယ္ယံုၾကည္မႈကို ေလ့လာဖို႔၊ ကမာၻမွာ ရွားရွားပါးပါးက်န္ေနဆဲ သမိုင္းအေထာက္အထား ေတြျဖစ္လို႔ ေဒၚလာ သန္းေပါင္းမ်ားစြာအဖိုးတန္ပါတယ္ တဲ့... ကြ်န္ေတာ္ ဒီအ႐ုပ္ေတြရဲ႕ တန္ဖိုး အဲ့ေလာက္ႀကီးမွန္းမသိခဲ့ပါဘူး...

၁၉၇၅-၁၉၇၆ ကေမာၻဒီးယား ႏိုင္ငံ ကို ပိုေပါ့ ဦးေဆာင္တဲ့ ကြန္ျမဴနစ္ ခမာနီ ေတြ အုပ္ခ်ဳပ္တုန္းက ႏိုင္ငံကို အသစ္ျပန္ေမြးဖြားမယ္ ဆိုၿပီး ပညာတတ္ေတြကိုသတ္တယ္... ရွိသမွ် ဘာသာေရးပစၥည္းေတြ အရည္ႀကိဳပစ္တယ္... သစ္သားအ႐ုပ္ေတြမီးဆိုက္ခဲ့တယ္.. အန္ကာဝပ္အပါအဝင္ အန္ေကာ ယဥ္ေက်းမႈ တခုလံုး က ေၾကး႐ုပ္ေတြ ေက်ာက္႐ုပ္ေတြ ေက်ာက္စာ ေတြ အဲ့ဒီကာလအတြင္းမွာ အကုန္နီးပါးပ်က္စီးသြားတယ္... သမိုင္း မွာ ဘာမွ မက်န္ခဲ့ဘူး.. ေက်ာက္႐ုပ္နည္းနည္း ေၾကး႐ုပ္အေသးနည္းနည္း ပဲ က်န္ခဲ့တယ္..မင္းတို႔ပုဂံေခတ္ လိုပဲ အေရွ႕ေတာင္အာရွသမိုင္းမွာ အေရးႀကီးတဲ့ အန္ေကာသမိုင္းတခုလံုးက အဖိုးတန္သမိုင္းဝင္ ႐ုပ္ထုေတြ ဆံုးရႈံးသြားခဲ့ရတယ္... အဲ့ဒီ ဆံုးရႈံးမႈေတြထဲမွာ ကံ ေကာင္းတာက ေဟာဒီ ေၾကး႐ုပ္ေတြ ဟာ ကမာၻဒီးယားမွာ မရွိပဲ ျမန္မာျပည္ေရာက္ေနျခင္းေၾကာင့္ ကမာၻဒီးယားပ်က္စီးခ်ိန္က လြတ္ခဲ့တယ္။ ဒီေၾကး႐ုပ္ႀကီးေတြကေမာၻဒီးယားမွာရွိေနခဲ့ရင္လည္း အေျမႇာက္က်ည္ဆံျဖစ္မလား ပဲ....တဲ့

ကြ်န္ေတာ္ သမိုင္းကြင္းဆက္ေတြကို ျပန္ဆက္စပ္ၾကည့္ၾကတယ္... 1431 မွာ ထိုင္းက ကမာၻဒီးယား ကို ဝင္တိုက္ၿပီး အႏိုင္ရတဲ့ အထိမ္းအမွတ္နဲ႕ ဘာယူရမလဲ လို႔ၾကည့္ေတာ့ ခမာလူမ်ိဳးေတြ အျမတ္တႏိုး ကိုးကြယ္တဲ့ ဒီဟိႏၵဴနတ္ဘုရား ႐ုပ္ထု ေပါင္း ၃၀ ကို အယုဒၶယ ကို ယူသြားခဲ့တယ္... ၁၃၈ ႏွစ္တိတိ ထိုင္းမွာ ဒီ အ႐ုပ္ႀကီးေတြ ေနခဲ့ၿပီး ၁၅၆၄ ခုႏွစ္မွာ ဘုရင့္ေနာင္ က အယုဒၶယ ကိုဝင္တိုက္ၿပီး ဒီေၾကး႐ုပ္ေတြကို ထိုင္းအေပၚ စစ္ေအာင္ျမင္ျခင္း အထိမ္းအမွတ္နဲ႕ ဟံသာဝတီကို ယူသြားခဲ့တယ္..

၁၅၉၉ ဘုရင့္ေနာင္ နတ္ရြာစံၿပီး နႏၵဘုရင္လက္ထက္ ဟံသာဝတီအင္ပါယာ ၿပိဳကြဲစ ျပဳခ်ိန္.....ယိုးဒယားဘုရင္ နရစူဝမ္ က ဟံသာဝတီ ကို ဝင္တိုက္ဖို႔လုပ္ေတာ့ ေတာင္ငူဘုရင္ မင္းရဲသီဟသူ နဲ႕ ရခိုင္ဘုရင္ မင္းရာဇႀကီး တို႔က ယိုးဒယားဘက္က ဝင္ကူပါ့မယ္ လို႔ကတိေပးခဲ့တယ္... ဒါေပမဲ့ နရစူဝမ္ ရဲ႕ ယိုးဒယားတပ္ေတြပူးေပါင္းဖို႔ မလာခင္ ဟံသာဝတီ ကို ရခိုင္ နဲ႕ ေတာင္ငူ ႔ႏွစ္ဦးေပါင္းလုပ္ၾကံ ၿပီး ဘုရင့္ေနာင္ရွာထားသမွ် ခြဲယူရင္ ယိုးဒယားကို ခြဲေပးစရာ မလိုဘူး .. ပိုရမယ္ ထင္ပံုရပါရဲ႕... အယုဒၶယ ဘုရင္ ကို မေစာင့္ပဲ ရခိုင္နဲ႕ ေတာင္ငူ ႏွစ္ျပည္ေထာင္ေပါင္းတိုက္ၾကတယ္.. ဟံသာဝတီ က်ၿပီး ေရႊ ေငြ ရတနာေတြကို အညီအမွ် ခြဲယူတဲ့ အထဲ ခမာေတြရဲ႕ နတ္ဘုရားအ႐ုပ္ ၃၀ ကို ရခိုင္ ယူသြားလို႔ ဒီေၾကး႐ုပ္ေတြ ရခိုင္ေရာက္ကုန္ေရာ...အညီအမွ်ခြဲတယ္ ဆိုေတာ့ တျပည္ေထာင္ ၁၅ ႐ုပ္စီ ခြဲသလား? ေတာင္ငူမွာလည္း ေၾကး႐ုပ္က်န္မလားမေျပာတတ္ဘူး...ေၾကး႐ုပ္ႀကီးေတြဟာ ဟံသာဝတီ နန္းတြင္းထဲ ၃၅ ႏွစ္တိုင္ ေနခဲ့တယ္..

ေၾကး႐ုပ္ႀကီးေတြဟာ ရခိုင္နန္းတြင္းထဲမွာ ၁၈၅ ႏွစ္ေနခဲ့ၿပီး ၁၇၈၄ ဘိုးေတာ္ဘုရား လက္ထက္ မွာ သတိုးမင္းေစာ ေခ ၚအိမ္ေရွ႕စံကိုယ္ေတာ္ႀကီး ရခိုင္ ကို လုပ္ၾကံၿပီး ဒီ ေၾကး႐ုပ္ေတြကို စစ္ေအာင္ႏိုင္ျခင္းအထိမ္းအမွတ္နဲ႕ မႏၲေလး ကို ယူလာခဲ့တယ္ ဆိုပါတယ္... ရခိုင္နန္းေတာ္ ကိုမီးတိုက္ေတာ့ နတ္႐ုပ္ေတာ္ေတာ္မ်ားမ်ားပါသြားၿပီးလက္က်န္ ၆ ႐ုပ္ပဲ မႏၲေလးပါလာတယ္ ဆိုပါတယ္... ၁၈၈၄ သီေပါမင္းလက္ထက္ မဟာမုနိဘုရားႀကီး မီးေဘးသင့္ေတာ့ ဘယ္ႏွ႐ုပ္ပါသြားေသးလဲမသိဘူး...

ေၾကး႐ုပ္ႀကီးေတြဟာ ကေမာၻဒီးယားကေန စ ၿပီး အေရွ႕ေတာင္အာရွတခုလံုး ပတ္ သယ္ယူေနတဲ့ အခ်ိန္မွာ ေတာထဲေတာင္ထဲ သယ္ယူရခက္လို႔ ျဖတ္ေတာက္ယူခဲ့ရတယ္ လို႔ထင္ျမင္ယူဆေၾကာင္း ေၾကး႐ုပ္ႀကီးေတြေပၚက ဒါဏ္ရာဒဏ္ခ်က္ေတြ ၾကည့္ၿပီး ပညာရွင္ေတြက သံုးသပ္ၾကပါတယ္.. ဧရာဝဏ္ လို႕ေခၚတဲ့ အင္ဒရာ Indra (ဗုဒၶဘာသာ မွာ သိၾကားမင္း) နတ္မင္းႀကီးရဲ႕ စီးေတာ္ယာဥ္ ေခါင္းသံုးလံုးဆင္ႀကီးသာ ေကာင္းေကာင္းမြန္မြန္ရွိၿပီး က်န္တဲ့ နတ္႐ုပ္ေတြက ပစ္ထားတဲ့ အေျခအေနဆိုးဆိုး ျဖစ္ေနတယ္.. နတ္ေၾကး႐ုပ္ ႐ုပ္အႀကီးဟာ ၿဗိႆႏိုး ( Vishnu) လား? Indra အင္းရာ နတ္မင္းလား မခြဲတတ္ပါဘူး..ေၾကးနတ္႐ုပ္ႀကီးေတြရဲ႕ မ်က္လံုးေတာ္ေနရာဟာ ေဟာင္းေလာင္းအေပါက္ ျဖစ္ေနၿပီး ညေတြမွာ အ႐ုပ္ေနာက္ က ဆီမီးပူေဇာ္ထားရင္ မ်က္လံုးေတြထဲက အလင္းေရာင္ထြက္ဖို႔လုပ္ထားတာလား? ေက်ာက္မ်က္ရတနာ တပ္ထားခဲ့တာလား မသိဘူး... ဒီ ေၾကး႐ုပ္ေတြထဲမွာ နရသီဟ (Narasinga) ေခၚတဲ့ ဗစ္သ်ႏူး (ၿဗိႆႏိုး) နတ္မင္းႀကီးရဲ႕ ကိုယ္ပြား ျခေသၤ့ကိုလည္းေတြ႕ရတယ္... ျခေသ့ၤေတြဟာ ဦးေခါင္းမရွိေတာ့လို႔ ျမန္မာ ေၾကးသြန္းပညာရွင္ေတြက ဗမာျခေသ့ၤေခါင္း တပ္ေပးထားတယ္လို ႔ဆိုပါတယ္..

သမိုင္းကိုေလ့လာတဲ့အခါ ႐ုပ္ပြားဆင္းတုေတြ အ႐ုပ္ေတြဟာ ဘယ္ေဒသ ဘယ္ေခတ္ ဘယ္ႏိုင္ငံကျဖစ္တယ္လို႔ ေျပာႏိုင္တဲ့ ထူးျခားခ်က္ေတြရွိပါတယ္... ဥပမာ ပုဂံ ေခတ္ ဘုရား ဟုတ္မဟုတ္ နႈတ္ခမ္းေတာ္ ကိုၾကည့္ရင္ နႈတ္ခမ္းေတာ္ဟာ ေဘးအစြန္းႏွစ္ဖက္ျမင့္တက္ေနၿပီး ေအာက္ႏွႈတ္ခမ္း ႀကီး ၿပီး အဂၤလိပ္ လကၡဏာ V ပံုေပၚပါတယ္.. ဒါဆို ပုဂံေခတ္လက္ရာလို႔ ေျပာလို႔ရတယ္... အခု နတ္႐ုပ္ႀကီးေတြ ျပံဳးရီတဲ့ ပံုသ႑န္ထုရာမွာ နႈတ္ခမ္းဟာ straight lips တည့္တည့္ ေဘးကို ကားသြားပါတယ္ .. Khmer smile လို႔ နံမည္ေက်ာ္တယ္.. ဒါကိုၾကည့္ရင္ ဒီ နတ္႐ုပ္ႀကီးေတြ ကေမ႓ာဒီးယား ဘုရားေက်ာင္း တေက်ာင္းေက်ာင္းကလာတာ ေသခ်ာၿပီ... ႏွစ္ ၉၀၀ ေက်ာ္ၿပီ... တခ်ိဳ႕ အန္ေကာဘုရားေက်ာင္းေတြရဲ႕ အလယ္က ဂႏၶကုဋီ တိုက္ထဲမွာ အခု ေနရာေတြလြတ္ေနတယ္...ဒီနတ္႐ုပ္ႀကီးေတြ အယင္က သီတင္းသံုးခဲ့ပံုရတယ္... ကမာၻဒီးယားမွာ ဒီေလာက္ႀကီးတဲ့ေၾကး႐ုပ္ဘာမွ မရွိေတာ့...သမိုင္းကြင္းဆက္ က ဒီ ေျခာက္႐ုပ္မွာပဲ က်န္ေတာ့တယ္...

အေရွ႕ေတာင္အာရွ သမိုင္း ရဲ႕ အခမ္းနားဆံုး ဘုရားေက်ာင္းေတာ္ႀကီး ေတြထဲ မွာ ကိုးကြယ္ဖို႔ထုထားတဲ့ အေကာင္းဆံုးလက္ရာဟိႏၵဴ ေၾကးနတ္႐ုပ္ႀကီးေတြဟာ ၁၇၈၄ ေႏွာင္းကစၿပီး ဒီေန႔အထိ ႏွစ္ ၂၃၃ ႏွစ္ တိုင္တိုင္ ရာထူးေလ်ာက်လို႔ အိမ္နိမ့္စံဘဝ နဲ႕ မဟာမုနိေဒါင့္တေနရာမွာ အုတ္တိုက္ေသးေသးတခုထဲ ေရာဂါသည္ ဟိုလူပြတ္ ဒီလူပြတ္ နဲ႕ မတင့္မတယ္ စံေနရပါလား... တခ်ိန္က စစ္ေအာင္ျခင္းရဲ႕ နမိတ္ပံု... ႏိုင္ငံတႏိုင္ငံရဲ႕ တန္ဖိုးအရွိဆံုး သမိုင္းရဲ႕ အထည္ဝါဆံုး ႐ုပ္ထုေတြ ရဲ႕ ဘဝ ဆိုးလွပါလား... တန္ေၾကးတြက္ၾကည့္ရင္ ဒီတ႐ုပ္ တ႐ုပ္တန္ဖိုး ေဒၚလာ သန္း ၅၀-၁၀၀ မ်ားရွိမလား? ဒီေၾကး႐ုပ္ႀကီးေတြဟာ သြန္းေလာင္းတာ တခ်ိဳ႕က bronze casting မဟုတ္ပဲ bronze carving ထုလုပ္တာ လို႔ ေတာင္ေျပာၾကတယ္ .. ေၾကး႐ုပ္ႀကီးေတြရဲ႕ ခႏၲာကိုယ္ တေနရာနဲ႕ တေနရာ အေရာင္မတူပါဘူး... ေၾကးနီကဲတဲ့ေနရာ.. အဝါေဖါက္တဲ့ေနရာ... အျဖဴမ်ားတဲ့ေနရာ စံုေနလို႔ သတၳဳေတြ အရည္ႀကိဳေလာင္းထားရင္ တေရာင္ထဲညီေနမွာ.. ဒါ အရည္ႀကိဳေလာင္းထား တာမဟုတ္ႏိုင္ဘူး သတၳဳ ကို ဖဲ့ၿပီး စပ္ထုထားတာလို႔ေတာင္ေျပာၾကတယ္...

ဒီအ႐ုပ္ႀကီးေတြကို အဓိပၸါယ္မဲ့ ပြတ္သပ္ဆုေတာင္းၾကလို႔ အ႐ုပ္ေပၚက လက္ဝတ္လက္စားေတြ... ႏွႈတ္ခမ္း မ်က္လံုးေတြဟာ လူ႕လက္ဖဝါးေပၚက အက္စစ္နဲ႕ ထိၿပီး လက္ရာေတြပ်က္ကုန္ပါတယ္...ပြတ္ေလ ေျပာင္ေလ... ေၾကးသတၳဳ ဟာ အင္မတန္ႏုညံ့ပါတယ္... ပြတ္ရင္ ပါးၿပီးေပါက္ကုန္ေရာ..... အခုေတာ့ လံုးပါး ပါးရင္းနဲ႕ ကမာၻ႕ေနာက္ဆံုးလက္က်န္ နတ္႐ုပ္ႀကီးေတြ ေပၚက တန္ဆာအမွတ္အသားေတြ ေပ်ာက္လာလိုက္တာ.. ပြတ္ရင္း ပြတ္ရင္း ျခေသ့ၤ႐ုပ္ၾကီးဆို သြားေတာင္ မရွိေတာ့ဘူး...

ကြ်န္ေတာ္ဟာ အဲ့ဒီအခ်ိန္က စၿပီး ေဂါပက ေတြ ပညာရွင္ေတြ စာေရး ဆရာေတြ ကို ဒီလို ပြတ္တာ ကိုင္တာ ပိတ္ပင္ေပးဖို႕ ႀကိဳးစားခဲ့ပါတယ္... ဒီေလာက္မွ တန္ဖိုးမဲ့ ပစ္ထားရင္ ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရး တိုးေအာင္ ကေမာၻဒီးယား ျပန္ေပးရင္ေပး မေပးရင္လည္း အေမရိကန္က ျပတိုက္တခုေရာင္းပစ္လိုက္ဗ်ာ... ပိုက္ဆံအမ်ားႀကီးရမယ္... ရြဲကုန္သည္ထဲကလို ေရႊခြက္မွန္းမသိပဲ တန္ဖိုးမဲ့ျဖစ္ေနပံုမ်ား ရင္နာစရာေကာင္းလွပါတယ္... ဟိုေခတ္က ေတာ့ ေျပာသာေျပာတယ္... ဘယ္သူမွ ဂ႐ုမစိုက္ဘူး...

၂၀၁၂ တမနက္ မွာ စာေရးဆရာတခ်ိဳ႕ နဲ႕ လႊတ္ေတာ္အမတ္ တခ်ိဳ႕ကို Curator က Strand Hotel မွာ မနက္စာေကြ်းၿပီး ဒီေၾကး႐ုပ္ေတြ လူေတြမကိုင္တြယ္သင့္ေၾကာင္း နဲ႕ ေၾကး႐ုပ္တန္ဖိုးကို အက်ယ္တဝင့္ရွင္းျပတယ္... ေနာင္ ယဥ္ေက်းမႈ ဒု ဝန္ႀကီး ျဖစ္လာတဲ့ စာေရးဆရာ USDP လႊတ္ေတာ္အမတ္ကို အဓိက ရွင္းျပတာပါ.. လႊတ္ေတာ္မွာ အဆိုတင္သြင္းၿပီး ကန္႔ကြက္ေပးေစခ်င္လို႔ ဖိတ္ၿပီးရွင္းျပခဲ့တယ္...စာေရးဆရာ တခ်ိဳ႕လည္း ေဆာင္းပါးေရးၾကတယ္... ေနာင္ သူဒုဝန္ႀကီး ျဖစ္လာေတာ့ ဝမ္းသာအားရ ငါ့ ေၾကး႐ုပ္ေတြ ေတာ့ သက္သာၿပီ လို႔ မွတ္တယ္... ၂၀၁၅ သူ ဒုဝန္ႀကီးရာထူးက ဆင္းသြားသည္အထိ ပြတ္တဲ့လူ က ပြတ္ဆဲ... ဘာမွ မထူး...

ကြ်န္ေတာ္နဲ႕ Curator က ေတာ့ မႏၲေလး မဟာမုနိသြားတိုင္း လာၿပီး ပြတ္မဲ့လူေတြကို ေၾကး႐ုပ္ႀကီးေတြေရွ႕ မတ္တပ္ရပ္ လက္ကာၿပီး တားတယ္.. လူေတြက ကြ်န္ေတာ္တို႔ကို အ႐ူးလိုၾကည့္ၾကတယ္... ၾကည့္ ၾကည့္ဗ်ာ...ကိုယ္ ဒီအထဲ နာရီဝက္ရွိေနတုန္း အပ်က္အစီးနဲနဲမွ သက္သာ သက္သာေပါ့.... ေတြ႕ရာလူ ကို ဒီအ႐ုပ္ေတြရဲ႕ တန္ဖိုး မေမာႏိုင္ ေျပာမိတယ္...

ကဲ အခုေတာ့ ဘယ္သူ႕ကိုမွ ေပး မပြတ္ေတာ့ဘူးတဲ့... ဝမ္းသာတာဗ်ာ... သမိုင္းတန္ဖိုးအင္မတန္ႀကီးတဲ့ပစၥည္းေတြ... ေခတ္အဆက္ဆက္က ဘုရင့္ေနာင္ ကိုယ္ေတာ္ႀကီး အပါအဝင္ ဘုရင္ေတြ အေလးခံၿပီးသယ္လာတာ ေပါ့ေသးေသးမမွတ္ၾကနဲ႕ဗ်ာ...ဒီအ႐ုပ္ႀကီးေတြ ရဖို႔ အတြက္ စစ္ျဖစ္လားေတာင္မသိဘူး.... ေစာင့္ေရွာက္ၾကပါ... ထိမ္းသိမ္းၾကပါ... ဒီထက္ တင့္တင့္တယ္တယ္ထားေပးၾကပါ... ကြ်န္ေတာ္ေရးတာထက္ ပို အေသးစိတ္တဲ့ သမိုင္းကို ပညာရွင္မ်ားတူးေဖၚေပးၾကပါ...

အခုလို ေစာင့္ေရွာက္တဲ့ အစိုးရ နဲ႕ ေဂါပကကို ေက်းဇူးတင္ပါတယ္...

ေက်ာ္စြာမင္း (ပုဂံ)

<Unicode>
 ကြေးရုပ်များကို ကိုင်တွယ်ခွင့်မပြုပါ တဲ့... သိပ်လှတဲ့ စာတမ်းလေးဗျာ... ဒီစာတမ်းလေးပေါ်လာဖို့ ၂၀၀၃ လောက် က စ တွေ့ရာလူ လိုက်ပြော နေခဲ့တာ ၂၀၁၇ မှာ တော့ တကယ်ဖြစ်လာတယ်.. ဝမ်းသာလိုက်တာ...၁၄ နှစ်ကြာတယ်...

မဟာမုနိရုပ်ရှင်တော် ဆိုတဲ့ မန္တလေးဘုရားကြီး ထဲက ကြေးရုပ်ကြီးတွေ ကို လက်နဲ့ပွတ် ရင် ပွတ်တဲ့နေရာက ရောဂါဘယ ပျောက်ကင်းတယ် ထင်လို့ ပွတ် ပွတ်ပြီးဆုတောင်းကြတယ်... ဟိုး ဧည့်လမ်းညွှန်သက် နုစဉ်အခါက ဧည့်သည်တွေ ကြေးရုပ်ကြီးတွေ လိုက်ပြတဲ့အခါ ကြေးရုပ်ကြီးတွေဟာ အန်ကာဝပ်ကနေ ယိုးဒယား၊ ယိုးဒယားကနေ ဟံသာဝတီ၊ ဟံသာဝတီကနေ ရခိုင် ... ရခိုင်ကနေ မန္တလေး ယူလာတာဖြစ်ကြောင်း နဲ့ သမိုင်းအကျဉ်းရှင်း.... ပြီးရင် ပွ္ပတ်သပ်ဆုတောင်းသူတွေကိုပြပြီး ဒါဟာ အဓိပ္ပါယ် မဲ့ တဲ့ မိရိုးဖလာ လို့ ပြစ်တင်ပြောဆိုရှင်းလင်းခဲ့ဖူးတယ်...

ဒီလိုနဲ့ ၂၀၀၃ ခုနှစ် မှာ အမေရိကန်နိုင်ငံ က နံမည်ကြီး ပြတိုက်တခုဖြစ်တဲ့ metropolitan Museum ကလာတဲ့ အဖွဲ့ တဖွဲ့ ကိုဧည့်လမ်းညွှန်လုပ်ရတယ် .. မန္တလေးရောက်တော့ Museum curator က မဟာမုနိကိုယ်တော်ကြီးထက် ဒီကြေးရုပ်တွေကြည့်ချင်နေတဲ့လူ....ရောက်ရောက်ချင်း ကြေးရုပ်ကြီးတွေဆီခေါ်သွားရတယ်... ဟိုရောက်တော့ ... ဟာ မင်းတို့ဘယ်လိုလုပ်နေကြတာလဲ လို့အလန့်တကြား ထ အော်တယ်... ကျွန်တော်က ဘာဖြစ်လို့လဲ မေးတော့ ဒီလူတွေဘာလို့ ဒီအရုပ်တွေ ပွတ်နေကြတာလဲ တဲ့ ... ကျွန်တော် က ရှင်းပြနေကျအတိုင်း ကျမ်းမာရေးအတွက် လုပ်ကြတာ လို့ရှင်းပြတော့ နဖူးရိုက်ပြီး ဟာကွာ ... ဒီအရုပ်တရုပ်ခြင်းရဲ့တန်ဖိုးသိလား တဲ့... ဒီအရုပ်တွေဟာ ကမ္ဘာဒီးယား ကြေးရုပ်ထုခြင်းအတတ်ပညာ ကို လေ့လာဖို့၊ ကိုးကွယ်ယုံကြည်မှုကို လေ့လာဖို့၊ ကမ္ဘာမှာ ရှားရှားပါးပါးကျန်နေဆဲ သမိုင်းအထောက်အထား တွေဖြစ်လို့ ဒေါ်လာ သန်းပေါင်းများစွာအဖိုးတန်ပါတယ် တဲ့... ကျွန်တော် ဒီအရုပ်တွေရဲ့ တန်ဖိုး အဲ့လောက်ကြီးမှန်းမသိခဲ့ပါဘူး...

၁၉၇၅-၁၉၇၆ ကမ္ဘောဒီးယား နိုင်ငံ ကို ပိုပေါ့ ဦးဆောင်တဲ့ ကွန်မြူနစ် ခမာနီ တွေ အုပ်ချုပ်တုန်းက နိုင်ငံကို အသစ်ပြန်မွေးဖွားမယ် ဆိုပြီး ပညာတတ်တွေကိုသတ်တယ်... ရှိသမျှ ဘာသာရေးပစ္စည်းတွေ အရည်ကြိုပစ်တယ်... သစ်သားအရုပ်တွေမီးဆိုက်ခဲ့တယ်.. အန်ကာဝပ်အပါအဝင် အန်ကော ယဉ်ကျေးမှု တခုလုံး က ကြေးရုပ်တွေ ကျောက်ရုပ်တွေ ကျောက်စာ တွေ အဲ့ဒီကာလအတွင်းမှာ အကုန်နီးပါးပျက်စီးသွားတယ်... သမိုင်း မှာ ဘာမှ မကျန်ခဲ့ဘူး.. ကျောက်ရုပ်နည်းနည်း ကြေးရုပ်အသေးနည်းနည်း ပဲ ကျန်ခဲ့တယ်..မင်းတို့ပုဂံခေတ် လိုပဲ အရှေ့တောင်အာရှသမိုင်းမှာ အရေးကြီးတဲ့ အန်ကောသမိုင်းတခုလုံးက အဖိုးတန်သမိုင်းဝင် ရုပ်ထုတွေ ဆုံးရှုံးသွားခဲ့ရတယ်... အဲ့ဒီ ဆုံးရှုံးမှုတွေထဲမှာ ကံ ကောင်းတာက ဟောဒီ ကြေးရုပ်တွေ ဟာ ကမ္ဘာဒီးယားမှာ မရှိပဲ မြန်မာပြည်ရောက်နေခြင်းကြောင့် ကမ္ဘာဒီးယားပျက်စီးချိန်က လွတ်ခဲ့တယ်။ ဒီကြေးရုပ်ကြီးတွေကမ္ဘောဒီးယားမှာရှိနေခဲ့ရင်လည်း အမြှောက်ကျည်ဆံဖြစ်မလား ပဲ....တဲ့

ကျွန်တော် သမိုင်းကွင်းဆက်တွေကို ပြန်ဆက်စပ်ကြည့်ကြတယ်... 1431 မှာ ထိုင်းက ကမ္ဘာဒီးယား ကို ဝင်တိုက်ပြီး အနိုင်ရတဲ့ အထိမ်းအမှတ်နဲ့ ဘာယူရမလဲ လို့ကြည့်တော့ ခမာလူမျိုးတွေ အမြတ်တနိုး ကိုးကွယ်တဲ့ ဒီဟိန္ဒူနတ်ဘုရား ရုပ်ထု ပေါင်း ၃၀ ကို အယုဒ္ဓယ ကို ယူသွားခဲ့တယ်... ၁၃၈ နှစ်တိတိ ထိုင်းမှာ ဒီ အရုပ်ကြီးတွေ နေခဲ့ပြီး ၁၅၆၄ ခုနှစ်မှာ ဘုရင့်နောင် က အယုဒ္ဓယ ကိုဝင်တိုက်ပြီး ဒီကြေးရုပ်တွေကို ထိုင်းအပေါ် စစ်အောင်မြင်ခြင်း အထိမ်းအမှတ်နဲ့ ဟံသာဝတီကို ယူသွားခဲ့တယ်..

၁၅၉၉ ဘုရင့်နောင် နတ်ရွာစံပြီး နန္ဒဘုရင်လက်ထက် ဟံသာဝတီအင်ပါယာ ပြိုကွဲစ ပြုချိန်.....ယိုးဒယားဘုရင် နရစူဝမ် က ဟံသာဝတီ ကို ဝင်တိုက်ဖို့လုပ်တော့ တောင်ငူဘုရင် မင်းရဲသီဟသူ နဲ့ ရခိုင်ဘုရင် မင်းရာဇကြီး တို့က ယိုးဒယားဘက်က ဝင်ကူပါ့မယ် လို့ကတိပေးခဲ့တယ်... ဒါပေမဲ့ နရစူဝမ် ရဲ့ ယိုးဒယားတပ်တွေပူးပေါင်းဖို့ မလာခင် ဟံသာဝတီ ကို ရခိုင် နဲ့ တောင်ငူ ့နှစ်ဦးပေါင်းလုပ်ကြံ ပြီး ဘုရင့်နောင်ရှာထားသမျှ ခွဲယူရင် ယိုးဒယားကို ခွဲပေးစရာ မလိုဘူး .. ပိုရမယ် ထင်ပုံရပါရဲ့... အယုဒ္ဓယ ဘုရင် ကို မစောင့်ပဲ ရခိုင်နဲ့ တောင်ငူ နှစ်ပြည်ထောင်ပေါင်းတိုက်ကြတယ်.. ဟံသာဝတီ ကျပြီး ရွှေ ငွေ ရတနာတွေကို အညီအမျှ ခွဲယူတဲ့ အထဲ ခမာတွေရဲ့ နတ်ဘုရားအရုပ် ၃၀ ကို ရခိုင် ယူသွားလို့ ဒီကြေးရုပ်တွေ ရခိုင်ရောက်ကုန်ရော...အညီအမျှခွဲတယ် ဆိုတော့ တပြည်ထောင် ၁၅ ရုပ်စီ ခွဲသလား? တောင်ငူမှာလည်း ကြေးရုပ်ကျန်မလားမပြောတတ်ဘူး...ကြေးရုပ်ကြီးတွေဟာ ဟံသာဝတီ နန်းတွင်းထဲ ၃၅ နှစ်တိုင် နေခဲ့တယ်..

ကြေးရုပ်ကြီးတွေဟာ ရခိုင်နန်းတွင်းထဲမှာ ၁၈၅ နှစ်နေခဲ့ပြီး ၁၇၈၄ ဘိုးတော်ဘုရား လက်ထက် မှာ သတိုးမင်းစော ခေ ါ်အိမ်ရှေ့စံကိုယ်တော်ကြီး ရခိုင် ကို လုပ်ကြံပြီး ဒီ ကြေးရုပ်တွေကို စစ်အောင်နိုင်ခြင်းအထိမ်းအမှတ်နဲ့ မန္တလေး ကို ယူလာခဲ့တယ် ဆိုပါတယ်... ရခိုင်နန်းတော် ကိုမီးတိုက်တော့ နတ်ရုပ်တော်တော်များများပါသွားပြီးလက်ကျန် ၆ ရုပ်ပဲ မန္တလေးပါလာတယ် ဆိုပါတယ်... ၁၈၈၄ သီပေါမင်းလက်ထက် မဟာမုနိဘုရားကြီး မီးဘေးသင့်တော့ ဘယ်နှရုပ်ပါသွားသေးလဲမသိဘူး...

ကြေးရုပ်ကြီးတွေဟာ ကမ္ဘောဒီးယားကနေ စ ပြီး အရှေ့တောင်အာရှတခုလုံး ပတ် သယ်ယူနေတဲ့ အချိန်မှာ တောထဲတောင်ထဲ သယ်ယူရခက်လို့ ဖြတ်တောက်ယူခဲ့ရတယ် လို့ထင်မြင်ယူဆကြောင်း ကြေးရုပ်ကြီးတွေပေါ်က ဒါဏ်ရာဒဏ်ချက်တွေ ကြည့်ပြီး ပညာရှင်တွေက သုံးသပ်ကြပါတယ်.. ဧရာဝဏ် လို့ခေါ်တဲ့ အင်ဒရာ Indra (ဗုဒ္ဓဘာသာ မှာ သိကြားမင်း) နတ်မင်းကြီးရဲ့ စီးတော်ယာဉ် ခေါင်းသုံးလုံးဆင်ကြီးသာ ကောင်းကောင်းမွန်မွန်ရှိပြီး ကျန်တဲ့ နတ်ရုပ်တွေက ပစ်ထားတဲ့ အခြေအနေဆိုးဆိုး ဖြစ်နေတယ်.. နတ်ကြေးရုပ် ရုပ်အကြီးဟာ ဗြိဿနိုး ( Vishnu) လား? Indra အင်းရာ နတ်မင်းလား မခွဲတတ်ပါဘူး..ကြေးနတ်ရုပ်ကြီးတွေရဲ့ မျက်လုံးတော်နေရာဟာ ဟောင်းလောင်းအပေါက် ဖြစ်နေပြီး ညတွေမှာ အရုပ်နောက် က ဆီမီးပူဇော်ထားရင် မျက်လုံးတွေထဲက အလင်းရောင်ထွက်ဖို့လုပ်ထားတာလား? ကျောက်မျက်ရတနာ တပ်ထားခဲ့တာလား မသိဘူး... ဒီ ကြေးရုပ်တွေထဲမှာ နရသီဟ (Narasinga) ခေါ်တဲ့ ဗစ်သျနူး (ဗြိဿနိုး) နတ်မင်းကြီးရဲ့ ကိုယ်ပွား ခြင်္သေ့ကိုလည်းတွေ့ရတယ်... ခြသေ့င်္တွေဟာ ဦးခေါင်းမရှိတော့လို့ မြန်မာ ကြေးသွန်းပညာရှင်တွေက ဗမာခြသေ့င်္ခေါင်း တပ်ပေးထားတယ်လို ့ဆိုပါတယ်..

သမိုင်းကိုလေ့လာတဲ့အခါ ရုပ်ပွားဆင်းတုတွေ အရုပ်တွေဟာ ဘယ်ဒေသ ဘယ်ခေတ် ဘယ်နိုင်ငံကဖြစ်တယ်လို့ ပြောနိုင်တဲ့ ထူးခြားချက်တွေရှိပါတယ်... ဥပမာ ပုဂံ ခေတ် ဘုရား ဟုတ်မဟုတ် နှုတ်ခမ်းတော် ကိုကြည့်ရင် နှုတ်ခမ်းတော်ဟာ ဘေးအစွန်းနှစ်ဖက်မြင့်တက်နေပြီး အောက်နှှုတ်ခမ်း ကြီး ပြီး အင်္ဂလိပ် လက္ခဏာ V ပုံပေါ်ပါတယ်.. ဒါဆို ပုဂံခေတ်လက်ရာလို့ ပြောလို့ရတယ်... အခု နတ်ရုပ်ကြီးတွေ ပြုံးရီတဲ့ ပုံသဏ္ဍန်ထုရာမှာ နှုတ်ခမ်းဟာ straight lips တည့်တည့် ဘေးကို ကားသွားပါတယ် .. Khmer smile လို့ နံမည်ကျော်တယ်.. ဒါကိုကြည့်ရင် ဒီ နတ်ရုပ်ကြီးတွေ ကမေ႓ာဒီးယား ဘုရားကျောင်း တကျောင်းကျောင်းကလာတာ သေချာပြီ... နှစ် ၉၀၀ ကျော်ပြီ... တချို့ အန်ကောဘုရားကျောင်းတွေရဲ့ အလယ်က ဂန္ဓကုဋီ တိုက်ထဲမှာ အခု နေရာတွေလွတ်နေတယ်...ဒီနတ်ရုပ်ကြီးတွေ အယင်က သီတင်းသုံးခဲ့ပုံရတယ်... ကမ္ဘာဒီးယားမှာ ဒီလောက်ကြီးတဲ့ကြေးရုပ်ဘာမှ မရှိတော့...သမိုင်းကွင်းဆက် က ဒီ ခြောက်ရုပ်မှာပဲ ကျန်တော့တယ်...

အရှေ့တောင်အာရှ သမိုင်း ရဲ့ အခမ်းနားဆုံး ဘုရားကျောင်းတော်ကြီး တွေထဲ မှာ ကိုးကွယ်ဖို့ထုထားတဲ့ အကောင်းဆုံးလက်ရာဟိန္ဒူ ကြေးနတ်ရုပ်ကြီးတွေဟာ ၁၇၈၄ နှောင်းကစပြီး ဒီနေ့အထိ နှစ် ၂၃၃ နှစ် တိုင်တိုင် ရာထူးလျောကျလို့ အိမ်နိမ့်စံဘဝ နဲ့ မဟာမုနိဒေါင့်တနေရာမှာ အုတ်တိုက်သေးသေးတခုထဲ ရောဂါသည် ဟိုလူပွတ် ဒီလူပွတ် နဲ့ မတင့်မတယ် စံနေရပါလား... တချိန်က စစ်အောင်ခြင်းရဲ့ နမိတ်ပုံ... နိုင်ငံတနိုင်ငံရဲ့ တန်ဖိုးအရှိဆုံး သမိုင်းရဲ့ အထည်ဝါဆုံး ရုပ်ထုတွေ ရဲ့ ဘဝ ဆိုးလှပါလား... တန်ကြေးတွက်ကြည့်ရင် ဒီတရုပ် တရုပ်တန်ဖိုး ဒေါ်လာ သန်း ၅၀-၁၀၀ များရှိမလား? ဒီကြေးရုပ်ကြီးတွေဟာ သွန်းလောင်းတာ တချို့က bronze casting မဟုတ်ပဲ bronze carving ထုလုပ်တာ လို့ တောင်ပြောကြတယ် .. ကြေးရုပ်ကြီးတွေရဲ့ ခန္တာကိုယ် တနေရာနဲ့ တနေရာ အရောင်မတူပါဘူး... ကြေးနီကဲတဲ့နေရာ.. အဝါဖေါက်တဲ့နေရာ... အဖြူများတဲ့နေရာ စုံနေလို့ သတ္ထုတွေ အရည်ကြိုလောင်းထားရင် တရောင်ထဲညီနေမှာ.. ဒါ အရည်ကြိုလောင်းထား တာမဟုတ်နိုင်ဘူး သတ္ထု ကို ဖဲ့ပြီး စပ်ထုထားတာလို့တောင်ပြောကြတယ်...

ဒီအရုပ်ကြီးတွေကို အဓိပ္ပါယ်မဲ့ ပွတ်သပ်ဆုတောင်းကြလို့ အရုပ်ပေါ်က လက်ဝတ်လက်စားတွေ... နှှုတ်ခမ်း မျက်လုံးတွေဟာ လူ့လက်ဖဝါးပေါ်က အက်စစ်နဲ့ ထိပြီး လက်ရာတွေပျက်ကုန်ပါတယ်...ပွတ်လေ ပြောင်လေ... ကြေးသတ္ထု ဟာ အင်မတန်နုညံ့ပါတယ်... ပွတ်ရင် ပါးပြီးပေါက်ကုန်ရော..... အခုတော့ လုံးပါး ပါးရင်းနဲ့ ကမ္ဘာ့နောက်ဆုံးလက်ကျန် နတ်ရုပ်ကြီးတွေ ပေါ်က တန်ဆာအမှတ်အသားတွေ ပျောက်လာလိုက်တာ.. ပွတ်ရင်း ပွတ်ရင်း ခြသေ့င်္ရုပ်ကြီးဆို သွားတောင် မရှိတော့ဘူး...

ကျွန်တော်ဟာ အဲ့ဒီအချိန်က စပြီး ဂေါပက တွေ ပညာရှင်တွေ စာရေး ဆရာတွေ ကို ဒီလို ပွတ်တာ ကိုင်တာ ပိတ်ပင်ပေးဖို့ ကြိုးစားခဲ့ပါတယ်... ဒီလောက်မှ တန်ဖိုးမဲ့ ပစ်ထားရင် နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးအောင် ကမ္ဘောဒီးယား ပြန်ပေးရင်ပေး မပေးရင်လည်း အမေရိကန်က ပြတိုက်တခုရောင်းပစ်လိုက်ဗျာ... ပိုက်ဆံအများကြီးရမယ်... ရွဲကုန်သည်ထဲကလို ရွှေခွက်မှန်းမသိပဲ တန်ဖိုးမဲ့ဖြစ်နေပုံများ ရင်နာစရာကောင်းလှပါတယ်... ဟိုခေတ်က တော့ ပြောသာပြောတယ်... ဘယ်သူမှ ဂရုမစိုက်ဘူး...

၂၀၁၂ တမနက် မှာ စာရေးဆရာတချို့ နဲ့ လွှတ်တော်အမတ် တချို့ကို Curator က Strand Hotel မှာ မနက်စာကျွေးပြီး ဒီကြေးရုပ်တွေ လူတွေမကိုင်တွယ်သင့်ကြောင်း နဲ့ ကြေးရုပ်တန်ဖိုးကို အကျယ်တဝင့်ရှင်းပြတယ်... နောင် ယဉ်ကျေးမှု ဒု ဝန်ကြီး ဖြစ်လာတဲ့ စာရေးဆရာ USDP လွှတ်တော်အမတ်ကို အဓိက ရှင်းပြတာပါ.. လွှတ်တော်မှာ အဆိုတင်သွင်းပြီး ကန့်ကွက်ပေးစေချင်လို့ ဖိတ်ပြီးရှင်းပြခဲ့တယ်...စာရေးဆရာ တချို့လည်း ဆောင်းပါးရေးကြတယ်... နောင် သူဒုဝန်ကြီး ဖြစ်လာတော့ ဝမ်းသာအားရ ငါ့ ကြေးရုပ်တွေ တော့ သက်သာပြီ လို့ မှတ်တယ်... ၂၀၁၅ သူ ဒုဝန်ကြီးရာထူးက ဆင်းသွားသည်အထိ ပွတ်တဲ့လူ က ပွတ်ဆဲ... ဘာမှ မထူး...

ကျွန်တော်နဲ့ Curator က တော့ မန္တလေး မဟာမုနိသွားတိုင်း လာပြီး ပွတ်မဲ့လူတွေကို ကြေးရုပ်ကြီးတွေရှေ့ မတ်တပ်ရပ် လက်ကာပြီး တားတယ်.. လူတွေက ကျွန်တော်တို့ကို အရူးလိုကြည့်ကြတယ်... ကြည့် ကြည့်ဗျာ...ကိုယ် ဒီအထဲ နာရီဝက်ရှိနေတုန်း အပျက်အစီးနဲနဲမှ သက်သာ သက်သာပေါ့.... တွေ့ရာလူ ကို ဒီအရုပ်တွေရဲ့ တန်ဖိုး မမောနိုင် ပြောမိတယ်...

ကဲ အခုတော့ ဘယ်သူ့ကိုမှ ပေး မပွတ်တော့ဘူးတဲ့... ဝမ်းသာတာဗျာ... သမိုင်းတန်ဖိုးအင်မတန်ကြီးတဲ့ပစ္စည်းတွေ... ခေတ်အဆက်ဆက်က ဘုရင့်နောင် ကိုယ်တော်ကြီး အပါအဝင် ဘုရင်တွေ အလေးခံပြီးသယ်လာတာ ပေါ့သေးသေးမမှတ်ကြနဲ့ဗျာ...ဒီအရုပ်ကြီးတွေ ရဖို့ အတွက် စစ်ဖြစ်လားတောင်မသိဘူး.... စောင့်ရှောက်ကြပါ... ထိမ်းသိမ်းကြပါ... ဒီထက် တင့်တင့်တယ်တယ်ထားပေးကြပါ... ကျွန်တော်ရေးတာထက် ပို အသေးစိတ်တဲ့ သမိုင်းကို ပညာရှင်များတူးဖေါ်ပေးကြပါ...

အခုလို စောင့်ရှောက်တဲ့ အစိုးရ နဲ့ ဂေါပကကို ကျေးဇူးတင်ပါတယ်...

ကျော်စွာမင်း (ပုဂံ)

Read in : All Update Reader

၂၀၁၇ခုႏွစ္ ကမာၻ႔ဂုဏ္သေရအရွိဆံုး လူ၁၀၀ စာရင္းထုတ္ျပန္ရာ ျမန္မာႏိုင္ငံမွ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ နံပါတ္စဥ္ ၉ ၌ပါဝင္

Posted on No comments

 (2017 100 Most Reputable People on Earth) ၂၀၁၇ ခုႏွစ္ရဲ့ကမာၻ႔ဂုဏ္သေရအရွိဆံုး၊ အမည္ေကာင္းနဲ ့ေက်ာ္ၾကားျပီး ခ်ီးမြမ္းေထာပနာ ျပဳထိုက္သူ အေယာက္ ၁၀၀ စာရင္းကို ႏိုင္ငံတကာက ႏိုင္ငံေရး၊စီးပြားေရး၊လူမူေရး၊ပညာေရး နဲ ့ေဖ်ာ္ေျဖေရး စတဲ့ က႑ေတြမွာ အသီးသီးထူးခြ်န္စြာ စြမ္းေဆာင္ႏိုင္သူမ်ားအနက္မွ စီစစ္ေရြးခ်ယ္သတ္မွတ္ခဲ့တာျဖစ္ပါတယ္။

ျဗိတိန္အေျခစိုက္ Institute Of Leadership and Management, အဖရိကတိုက္အေျချပဳ မီဒီယာျဖစ္တဲ့ Avance Media တို ့နဲ ့အတူ ပူးေပါင္းစစ္တမ္းေကာက္ယူျပီး Reputation Poll စီစစ္ေရးအဖြဲ ့မွ ေရြးခ်ယ္ အတည္ျပဳျပီး ထုတ္ျပန္ေၾကညာခဲ့တာျဖစ္ပါတယ္။

ကမာၻ႔ဂုဏ္သေရအရွိဆံုး လူ ၁၀၀ စာရင္းမွာ ကမာၻေပၚရွိ ႏိုင္ငံေပါင္း ၃၇ ႏိုင္ငံက ထင္ေပၚေက်ာ္ၾကားသူမ်ား ပါ၀င္ျပီး ျမန္မာႏိုင္ငံက ေဒၚေအာင္ဆန္းစုၾကည္လည္း ပါဝင္ပါတယ္။
အဆိုပါ စာရင္းထုတ္ျပန္ခ်က္တြင္ ေရြးခ်ယ္ခံရသူေတြအနက္မွ အေမရိကန္ႏိုင္ငံက အေရအတြက္ အမ်ားဆံုး ၃၉ ဦး ေရြးခ်ယ္ ခံရျပီး လူ ၁၀၀ စာရင္းမွာ အမ်ိဳးသား ၇၂ ဦး၊အမ်ိဳးသမီး ၂၅ ဦးနဲ ့လင္မယား စံုတြဲ (၃) တြဲ တို ့ေရြးခ်ယ္ခံရပါတယ္။



ဂုဏ္သေရအရွိဆံုးသူ ၁၀၀ စာရင္းမွာ ေရြးခ်ယ္ခံရသူမ်ားအနက္ အသက္အၾကီးဆံုးကေတာ့ အသက္ ၉၉ ႏွစ္ အရြယ္ရွိျပီျဖစ္တဲ့ အေမရိကန္ႏိုင္ငံမွ ပရိုတက္စတင့္ခရစ္ယာန္ ဂိုဏ္း၀င္ တရားေဟာဆရာၾကီး Billy Graham ျဖစ္ျပီး အသက္အငယ္ဆံုးကေတာ့ ၁၉ ႏွစ္အရြယ္ ပါကစၥတန္သူ ႏိုဗဲလ္ဆုရွင္ မာလာလာ နဲ ့ ကေနဒါႏိုင္ငံက ဆန္းသစ္တီထြင္သူ Wang တို ့ ျဖစ္ပါတယ္။

Most Reputable People on Earth 2017 စာရင္းမွာ တိဘက္လြတ္ေျမာက္ေရးေခါင္းေဆာင္ ဒလိုင္းလားမား၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံက ဆင္းရဲႏြမ္းပါးမူေလ်ာ့ခ်ေရး ေဆာင္ရြက္သူ ေဒါက္တာ မိုဟာမက္ ယူႏြတ္စ္၊ကုလအတြင္းေရးမွဴးခ်ဳပ္ေဟာင္းကိုဖီအာနန္ တို႔လို ႏိုဗဲလ္ဆုရွင္မ်ားလည္း ပါ၀င္ၾကပါတယ္။
ဒါ့အျပင္ ေက်ာ္ၾကားတဲ့ ႏိုင္ငံေခါင္းေဆာင္မ်ားျဖစ္ၾကတဲ႔ ပုပ္ရဟန္းမင္းၾကီးဖရန္ ့စစ္၊ျဗိတိန္ ဘုရင္မၾကီး အဲလိဇဘက္ အိႏၵိယ ၀န္ၾကီးခ်ဳပ္ နာရင္ဒရာမိုဒီ၊ကေနဒါ၀န္ၾကီးခ်ဳပ္ ဂ်က္စတင္ထရူးဒို၊ ျဗိတိန္၀န္ၾကီးခ်ဳပ္ ထရီဇာေမ၊UAE ၀န္ၾကီးခ်ဳပ္ Sheikh Mohammed bin Rashid၊ ကုလသမဂၢ အတြင္းေရးမွဳးခ်ဳပ္ António Guterres တို ့လည္း ပါ၀င္ပါတယ္။

အဆိုပါ စာရင္းမွာ တြမ္ခရူးစ္၊၀ိလ္စမစ္၊ဂ်က္ကီခ်န္း၊ ဂ်နီဖာလိုပက္ဇ္၊အင္ဂ်လီနာဂ်ိဳလီ၊ရီယိုနာဒို အစရွိတဲ့ ကမာၻေက်ာ္ ေဟာလီး၀ုဒ္သရုပ္ေဆာင္မ်ားလည္း ပါ၀င္ျပီး အိႏၵိယႏိုင္ငံ ေဘာလီး၀ုဒ္ရုပ္ရွင္ထုတ္လုပ္ေရးက အသိပညာေပးကားမ်ား ရိုက္ကူးရာမွာ နံမည္ၾကီးတဲ့ မင္းသား အမိရ္ခါးန္လည္း ပါ၀င္ေၾကာင္း ေတြ့ရပါတယ္။
အားကစားသမားမ်ားထဲမွ မန္ယူရဲ့ အဓိပတိနည္းျပေဟာင္း
အဲလက္စ္ဖာဂူဆန္၊အဂၤလန္မွ ေဘာလံုးအေက်ာ္အေမာ္ ေဒးဗစ္ဘက္ခမ္း၊ေပၚတူဂီမွ ခရစၥတီႏို ရိုနယ္လ္ဒို စတဲ့ အားကစားသမားေတြလည္း ေရြးခ်ယ္ခံရသလိုအေမရိကန္ သမၼတေဟာင္း အိုဘားမားတို့ ဇနီးေမာင္ႏွံ၊ ကမာၻ ့သန္းၾကြယ္သူေဌးၾကီး ဘီလ္ဂိတ္တို ့ဇနီးေမာင္ႏွံ နဲ႔ ေဖ့ဘုတ္တည္ေထာင္သူ မာခ္ဇူကာဘတ္ တို႔လို ထင္ေပၚေက်ာ္ၾကားသူမ်ားလည္း ကမာၻ ့ဂုဏ္သေရအရွိဆံုး လူပုဂိၢဳလ္ ၁၀၀ စာရင္းတြင္ ပါ၀င္ပါတယ္။




<Unicode>
 (2017 100 Most Reputable People on Earth) ၂၀၁၇ ခုနှစ်ရဲ့ကမ္ဘာ့ဂုဏ်သရေအရှိဆုံး၊အမည်ကောင်းနဲ ့ကျော်ကြားပြီး ချီးမွမ်းထောပနာ ပြုထိုက်သူ အယောက် ၁၀၀ စာရင်းကို နိုင်ငံတကာက နိုင်ငံရေး၊စီးပွားရေး၊လူမူရေး၊ပညာရေး နဲ ့ဖျော်ဖြေရေး စတဲ့ ကဏ္ဍတွေမှာ အသီးသီးထူးချွန်စွာ စွမ်းဆောင်နိုင်သူများအနက်မှ စီစစ်ရွေးချယ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ဗြိတိန်အခြေစိုက် Institute Of Leadership and Management, အဖရိကတိုက်အခြေပြု မီဒီယာဖြစ်တဲ့ Avance Media တို ့နဲ ့အတူ ပူးပေါင်းစစ်တမ်းကောက်ယူပြီး Reputation Poll စီစစ်ရေးအဖွဲ ့မှ ရွေးချယ် အတည်ပြုပြီး ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ဂုဏ်သရေအရှိဆုံး လူ ၁၀၀ စာရင်းမှာ ကမ္ဘာပေါ်ရှိ
နိုင်ငံပေါင်း ၃၇ နိုင်ငံက ထင်ပေါ်ကျော်ကြားသူများ ပါ၀င်ပြီး မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ပါတယ်။
အဆိုပါ စာရင်းထုတ်ပြန်ချက်တွင် ရွေးချယ်ခံရသူတွေအနက်မှ အမေရိကန်နိုင်ငံက အရေအတွက် အများဆုံး ၃၉ ဦး ရွေးချယ် ခံရပြီး လူ ၁၀၀ စာရင်းမှာ အမျိုးသား ရ၂ ဦး၊အမျိုးသမီး ၂၅ ဦးနဲ ့လင်မယား စုံတွဲ (၃) တွဲ တို ့ရွေးချယ်ခံရပါတယ်။

ဂုဏ်သရေအရှိဆုံးသူ ၁၀၀ စာရင်းမှာ ရွေးချယ်ခံရသူများအနက် အသက်အကြီးဆုံးကတော့ အသက် ၉၉ နှစ် အရွယ်ရှိပြီဖြစ်တဲ့ အမေရိကန်နိုင်ငံမှ ပရိုတက်စတင့်ခရစ်ယာန် ဂိုဏ်းဝင် တရားဟောဆရာကြီး Billy Graham ဖြစ်ပြီး အသက်အငယ်ဆုံးကတော့ ၁၉ နှစ်အရွယ် ပါကစ္စတန်သူ နိုဗဲလ်ဆုရှင် မာလာလာ နဲ ့ ကနေဒါနိုင်ငံက ဆန်းသစ်တီထွင်သူ Wang တို ့ ဖြစ်ပါတယ်။

Most Reputable People on Earth 2017 စာရင်းမှာ တိဘက်လွတ်မြောက်ရေးခေါင်းဆောင် ဒလိုင်းလားမား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆင်းရဲနွမ်းပါးမူလျော့ချရေး ဆောင်ရွက်သူ
ဒေါက်တာ မိုဟာမက် ယူနွတ်စ်၊ကုလအတွင်းရေးမှူးချုပ်ဟောင်းကိုဖီအာနန် တို့လို နိုဗဲလ်ဆုရှင်များလည်း ပါ၀င်ကြပါတယ်။
ဒါ့အပြင် ကျော်ကြားတဲ့ နိုင်ငံခေါင်းဆောင်များဖြစ်ကြတဲ့ ပုပ်ရဟန်းမင်းကြီးဖရန် ့စစ်၊ဗြိတိန် ဘုရင်မကြီး အဲလိဇဘက် အိန္ဒိယ ၀န်ကြီးချုပ် နာရင်ဒရာမိုဒီ၊ကနေဒါ၀န်ကြီးချုပ် ဂျက်စတင်ထရူးဒို၊ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ၊UAE ၀န်ကြီးချုပ် Sheikh Mohammed bin Rashid၊ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် António Guterres တို ့လည်း ပါ၀င်ပါတယ်။

အဆိုပါ စာရင်းမှာ တွမ်ခရူးစ်၊၀ိလ်စမစ်၊ဂျက်ကီချန်း၊ ဂျနီဖာလိုပက်ဇ်၊အင်ဂျလီနာဂျိုလီ၊ရီယိုနာဒို အစရှိတဲ့ ကမ္ဘာကျော် ဟောလီးဝုဒ်သရုပ်ဆောင်များလည်း ပါ၀င်ပြီး အိန္ဒိယနိုင်ငံ ဘောလီးဝုဒ်ရုပ်ရှင်ထုတ်လုပ်ရေးက အသိပညာပေးကားများ ရိုက်ကူးရာမှာ နံမည်ကြီးတဲ့ မင်းသား အမိရ်ခါးန်လည်း ပါ၀င်ကြောင်း တွေ ့ရပါတယ်။
အားကစားသမားများထဲမှ မန်ယူရဲ့ အဓိပတိနည်းပြဟောင်း
အဲလက်စ်ဖာဂူဆန်၊အင်္ဂလန်မှ ဘောလုံးအကျော်အမော် ဒေးဗစ်ဘက်ခမ်း၊ပေါ်တူဂီမှ ခရစ္စတီနို ရိုနယ်လ်ဒို စတဲ့ အားကစားသမားတွေလည်း ရွေးချယ်ခံရသလို
အမေရိကန် သမ္မတဟောင်း အိုဘားမားတို ့ဇနီးမောင်နှံ၊ ကမ္ဘာ ့သန်းကြွယ်သူဌေးကြီး ဘီလ်ဂိတ်တို ့ဇနီးမောင်နှံ နဲ့
ဖေ့ဘုတ်တည်ထောင်သူ မာခ်ဇူကာဘတ် တို့လို ထင်ပေါ်ကျော်ကြားသူများလည်း ကမ္ဘာ ့ဂုဏ်သရေအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ပါ၀င်ပါတယ်။


Translate by – MTN
#MUNA

Ref : http://www.reputationpoll.com/?page_id=8907

Read in : All Update Reader
Don't Miss