ေၾကး႐ုပ္မ်ားကို ကိုင္တြယ္ခြင့္မျပဳပါ တဲ့... သိပ္လွတဲ့ စာတမ္းေလးဗ်ာ... ဒီစာတမ္းေလးေပၚလာဖို႔ ၂၀၀၃ ေလာက္ က စ ေတြ႕ရာလူ လိုက္ေျပာ ေနခဲ့တာ ၂၀၁၇ မွာ ေတာ့ တကယ္ျဖစ္လာတယ္.. ဝမ္းသာလိုက္တာ...၁၄ ႏွစ္ၾကာတယ္...
မဟာမုနိ႐ုပ္ရွင္ေတာ္ ဆိုတဲ့ မႏၲေလးဘုရားႀကီး ထဲက ေၾကး႐ုပ္ႀကီးေတြ ကို လက္နဲ႕ပြတ္ ရင္ ပြတ္တဲ့ေနရာက ေရာဂါဘယ ေပ်ာက္ကင္းတယ္ ထင္လို႔ ပြတ္ ပြတ္ၿပီးဆုေတာင္းၾကတယ္... ဟိုး ဧည့္လမ္းၫႊန္သက္ ႏုစဥ္အခါက ဧည့္သည္ေတြ ေၾကး႐ုပ္ႀကီးေတြ လိုက္ျပတဲ့အခါ ေၾကး႐ုပ္ႀကီးေတြဟာ အန္ကာဝပ္ကေန ယိုးဒယား၊ ယိုးဒယားကေန ဟံသာဝတီ၊ ဟံသာဝတီကေန ရခိုင္ ... ရခိုင္ကေန မႏၲေလး ယူလာတာျဖစ္ေၾကာင္း နဲ႕ သမိုင္းအက်ဥ္းရွင္း.... ၿပီးရင္ ပြၸတ္သပ္ဆုေတာင္းသူေတြကိုျပၿပီး ဒါဟာ အဓိပၸါယ္ မဲ့ တဲ့ မိ႐ိုးဖလာ လို႔ ျပစ္တင္ေျပာဆိုရွင္းလင္းခဲ့ဖူးတယ္...
ဒီလိုနဲ႕ ၂၀၀၃ ခုႏွစ္ မွာ အေမရိကန္ႏိုင္ငံ က နံမည္ႀကီး ျပတိုက္တခုျဖစ္တဲ့ metropolitan Museum ကလာတဲ့ အဖြဲ႕ တဖြဲ႕ ကိုဧည့္လမ္းၫႊန္လုပ္ရတယ္ .. မႏၲေလးေရာက္ေတာ့ Museum curator က မဟာမုနိကိုယ္ေတာ္ႀကီးထက္ ဒီေၾကး႐ုပ္ေတြၾကည့္ခ်င္ေနတဲ့လူ....ေရာက္ေရာက္ခ်င္း ေၾကး႐ုပ္ႀကီးေတြဆီေခၚသြားရတယ္... ဟိုေရာက္ေတာ့ ... ဟာ မင္းတို႔ဘယ္လိုလုပ္ေနၾကတာလဲ လို႔အလန္႔တၾကား ထ ေအာ္တယ္... ကြ်န္ေတာ္က ဘာျဖစ္လို႔လဲ ေမးေတာ့ ဒီလူေတြဘာလို႔ ဒီအ႐ုပ္ေတြ ပြတ္ေနၾကတာလဲ တဲ့ ... ကြ်န္ေတာ္ က ရွင္းျပေနက်အတိုင္း က်မ္းမာေရးအတြက္ လုပ္ၾကတာ လို႔ရွင္းျပေတာ့ နဖူး႐ိုက္ၿပီး ဟာကြာ ... ဒီအ႐ုပ္တ႐ုပ္ျခင္းရဲ႕တန္ဖိုးသိလား တဲ့... ဒီအ႐ုပ္ေတြဟာ ကမာၻဒီးယား ေၾကး႐ုပ္ထုျခင္းအတတ္ပညာ ကို ေလ့လာဖို႔၊ ကိုးကြယ္ယံုၾကည္မႈကို ေလ့လာဖို႔၊ ကမာၻမွာ ရွားရွားပါးပါးက်န္ေနဆဲ သမိုင္းအေထာက္အထား ေတြျဖစ္လို႔ ေဒၚလာ သန္းေပါင္းမ်ားစြာအဖိုးတန္ပါတယ္ တဲ့... ကြ်န္ေတာ္ ဒီအ႐ုပ္ေတြရဲ႕ တန္ဖိုး အဲ့ေလာက္ႀကီးမွန္းမသိခဲ့ပါဘူး...
၁၉၇၅-၁၉၇၆ ကေမာၻဒီးယား ႏိုင္ငံ ကို ပိုေပါ့ ဦးေဆာင္တဲ့ ကြန္ျမဴနစ္ ခမာနီ ေတြ အုပ္ခ်ဳပ္တုန္းက ႏိုင္ငံကို အသစ္ျပန္ေမြးဖြားမယ္ ဆိုၿပီး ပညာတတ္ေတြကိုသတ္တယ္... ရွိသမွ် ဘာသာေရးပစၥည္းေတြ အရည္ႀကိဳပစ္တယ္... သစ္သားအ႐ုပ္ေတြမီးဆိုက္ခဲ့တယ္.. အန္ကာဝပ္အပါအဝင္ အန္ေကာ ယဥ္ေက်းမႈ တခုလံုး က ေၾကး႐ုပ္ေတြ ေက်ာက္႐ုပ္ေတြ ေက်ာက္စာ ေတြ အဲ့ဒီကာလအတြင္းမွာ အကုန္နီးပါးပ်က္စီးသြားတယ္... သမိုင္း မွာ ဘာမွ မက်န္ခဲ့ဘူး.. ေက်ာက္႐ုပ္နည္းနည္း ေၾကး႐ုပ္အေသးနည္းနည္း ပဲ က်န္ခဲ့တယ္..မင္းတို႔ပုဂံေခတ္ လိုပဲ အေရွ႕ေတာင္အာရွသမိုင္းမွာ အေရးႀကီးတဲ့ အန္ေကာသမိုင္းတခုလံုးက အဖိုးတန္သမိုင္းဝင္ ႐ုပ္ထုေတြ ဆံုးရႈံးသြားခဲ့ရတယ္... အဲ့ဒီ ဆံုးရႈံးမႈေတြထဲမွာ ကံ ေကာင္းတာက ေဟာဒီ ေၾကး႐ုပ္ေတြ ဟာ ကမာၻဒီးယားမွာ မရွိပဲ ျမန္မာျပည္ေရာက္ေနျခင္းေၾကာင့္ ကမာၻဒီးယားပ်က္စီးခ်ိန္က လြတ္ခဲ့တယ္။ ဒီေၾကး႐ုပ္ႀကီးေတြကေမာၻဒီးယားမွာရွိေနခဲ့ရင္လည္း အေျမႇာက္က်ည္ဆံျဖစ္မလား ပဲ....တဲ့
ကြ်န္ေတာ္ သမိုင္းကြင္းဆက္ေတြကို ျပန္ဆက္စပ္ၾကည့္ၾကတယ္... 1431 မွာ ထိုင္းက ကမာၻဒီးယား ကို ဝင္တိုက္ၿပီး အႏိုင္ရတဲ့ အထိမ္းအမွတ္နဲ႕ ဘာယူရမလဲ လို႔ၾကည့္ေတာ့ ခမာလူမ်ိဳးေတြ အျမတ္တႏိုး ကိုးကြယ္တဲ့ ဒီဟိႏၵဴနတ္ဘုရား ႐ုပ္ထု ေပါင္း ၃၀ ကို အယုဒၶယ ကို ယူသြားခဲ့တယ္... ၁၃၈ ႏွစ္တိတိ ထိုင္းမွာ ဒီ အ႐ုပ္ႀကီးေတြ ေနခဲ့ၿပီး ၁၅၆၄ ခုႏွစ္မွာ ဘုရင့္ေနာင္ က အယုဒၶယ ကိုဝင္တိုက္ၿပီး ဒီေၾကး႐ုပ္ေတြကို ထိုင္းအေပၚ စစ္ေအာင္ျမင္ျခင္း အထိမ္းအမွတ္နဲ႕ ဟံသာဝတီကို ယူသြားခဲ့တယ္..
၁၅၉၉ ဘုရင့္ေနာင္ နတ္ရြာစံၿပီး နႏၵဘုရင္လက္ထက္ ဟံသာဝတီအင္ပါယာ ၿပိဳကြဲစ ျပဳခ်ိန္.....ယိုးဒယားဘုရင္ နရစူဝမ္ က ဟံသာဝတီ ကို ဝင္တိုက္ဖို႔လုပ္ေတာ့ ေတာင္ငူဘုရင္ မင္းရဲသီဟသူ နဲ႕ ရခိုင္ဘုရင္ မင္းရာဇႀကီး တို႔က ယိုးဒယားဘက္က ဝင္ကူပါ့မယ္ လို႔ကတိေပးခဲ့တယ္... ဒါေပမဲ့ နရစူဝမ္ ရဲ႕ ယိုးဒယားတပ္ေတြပူးေပါင္းဖို႔ မလာခင္ ဟံသာဝတီ ကို ရခိုင္ နဲ႕ ေတာင္ငူ ႔ႏွစ္ဦးေပါင္းလုပ္ၾကံ ၿပီး ဘုရင့္ေနာင္ရွာထားသမွ် ခြဲယူရင္ ယိုးဒယားကို ခြဲေပးစရာ မလိုဘူး .. ပိုရမယ္ ထင္ပံုရပါရဲ႕... အယုဒၶယ ဘုရင္ ကို မေစာင့္ပဲ ရခိုင္နဲ႕ ေတာင္ငူ ႏွစ္ျပည္ေထာင္ေပါင္းတိုက္ၾကတယ္.. ဟံသာဝတီ က်ၿပီး ေရႊ ေငြ ရတနာေတြကို အညီအမွ် ခြဲယူတဲ့ အထဲ ခမာေတြရဲ႕ နတ္ဘုရားအ႐ုပ္ ၃၀ ကို ရခိုင္ ယူသြားလို႔ ဒီေၾကး႐ုပ္ေတြ ရခိုင္ေရာက္ကုန္ေရာ...အညီအမွ်ခြဲတယ္ ဆိုေတာ့ တျပည္ေထာင္ ၁၅ ႐ုပ္စီ ခြဲသလား? ေတာင္ငူမွာလည္း ေၾကး႐ုပ္က်န္မလားမေျပာတတ္ဘူး...ေၾကး႐ုပ္ႀကီးေတြဟာ ဟံသာဝတီ နန္းတြင္းထဲ ၃၅ ႏွစ္တိုင္ ေနခဲ့တယ္..
ေၾကး႐ုပ္ႀကီးေတြဟာ ရခိုင္နန္းတြင္းထဲမွာ ၁၈၅ ႏွစ္ေနခဲ့ၿပီး ၁၇၈၄ ဘိုးေတာ္ဘုရား လက္ထက္ မွာ သတိုးမင္းေစာ ေခ ၚအိမ္ေရွ႕စံကိုယ္ေတာ္ႀကီး ရခိုင္ ကို လုပ္ၾကံၿပီး ဒီ ေၾကး႐ုပ္ေတြကို စစ္ေအာင္ႏိုင္ျခင္းအထိမ္းအမွတ္နဲ႕ မႏၲေလး ကို ယူလာခဲ့တယ္ ဆိုပါတယ္... ရခိုင္နန္းေတာ္ ကိုမီးတိုက္ေတာ့ နတ္႐ုပ္ေတာ္ေတာ္မ်ားမ်ားပါသြားၿပီးလက္က်န္ ၆ ႐ုပ္ပဲ မႏၲေလးပါလာတယ္ ဆိုပါတယ္... ၁၈၈၄ သီေပါမင္းလက္ထက္ မဟာမုနိဘုရားႀကီး မီးေဘးသင့္ေတာ့ ဘယ္ႏွ႐ုပ္ပါသြားေသးလဲမသိဘူး...
ေၾကး႐ုပ္ႀကီးေတြဟာ ကေမာၻဒီးယားကေန စ ၿပီး အေရွ႕ေတာင္အာရွတခုလံုး ပတ္ သယ္ယူေနတဲ့ အခ်ိန္မွာ ေတာထဲေတာင္ထဲ သယ္ယူရခက္လို႔ ျဖတ္ေတာက္ယူခဲ့ရတယ္ လို႔ထင္ျမင္ယူဆေၾကာင္း ေၾကး႐ုပ္ႀကီးေတြေပၚက ဒါဏ္ရာဒဏ္ခ်က္ေတြ ၾကည့္ၿပီး ပညာရွင္ေတြက သံုးသပ္ၾကပါတယ္.. ဧရာဝဏ္ လို႕ေခၚတဲ့ အင္ဒရာ Indra (ဗုဒၶဘာသာ မွာ သိၾကားမင္း) နတ္မင္းႀကီးရဲ႕ စီးေတာ္ယာဥ္ ေခါင္းသံုးလံုးဆင္ႀကီးသာ ေကာင္းေကာင္းမြန္မြန္ရွိၿပီး က်န္တဲ့ နတ္႐ုပ္ေတြက ပစ္ထားတဲ့ အေျခအေနဆိုးဆိုး ျဖစ္ေနတယ္.. နတ္ေၾကး႐ုပ္ ႐ုပ္အႀကီးဟာ ၿဗိႆႏိုး ( Vishnu) လား? Indra အင္းရာ နတ္မင္းလား မခြဲတတ္ပါဘူး..ေၾကးနတ္႐ုပ္ႀကီးေတြရဲ႕ မ်က္လံုးေတာ္ေနရာဟာ ေဟာင္းေလာင္းအေပါက္ ျဖစ္ေနၿပီး ညေတြမွာ အ႐ုပ္ေနာက္ က ဆီမီးပူေဇာ္ထားရင္ မ်က္လံုးေတြထဲက အလင္းေရာင္ထြက္ဖို႔လုပ္ထားတာလား? ေက်ာက္မ်က္ရတနာ တပ္ထားခဲ့တာလား မသိဘူး... ဒီ ေၾကး႐ုပ္ေတြထဲမွာ နရသီဟ (Narasinga) ေခၚတဲ့ ဗစ္သ်ႏူး (ၿဗိႆႏိုး) နတ္မင္းႀကီးရဲ႕ ကိုယ္ပြား ျခေသၤ့ကိုလည္းေတြ႕ရတယ္... ျခေသ့ၤေတြဟာ ဦးေခါင္းမရွိေတာ့လို႔ ျမန္မာ ေၾကးသြန္းပညာရွင္ေတြက ဗမာျခေသ့ၤေခါင္း တပ္ေပးထားတယ္လို ႔ဆိုပါတယ္..
သမိုင္းကိုေလ့လာတဲ့အခါ ႐ုပ္ပြားဆင္းတုေတြ အ႐ုပ္ေတြဟာ ဘယ္ေဒသ ဘယ္ေခတ္ ဘယ္ႏိုင္ငံကျဖစ္တယ္လို႔ ေျပာႏိုင္တဲ့ ထူးျခားခ်က္ေတြရွိပါတယ္... ဥပမာ ပုဂံ ေခတ္ ဘုရား ဟုတ္မဟုတ္ နႈတ္ခမ္းေတာ္ ကိုၾကည့္ရင္ နႈတ္ခမ္းေတာ္ဟာ ေဘးအစြန္းႏွစ္ဖက္ျမင့္တက္ေနၿပီး ေအာက္ႏွႈတ္ခမ္း ႀကီး ၿပီး အဂၤလိပ္ လကၡဏာ V ပံုေပၚပါတယ္.. ဒါဆို ပုဂံေခတ္လက္ရာလို႔ ေျပာလို႔ရတယ္... အခု နတ္႐ုပ္ႀကီးေတြ ျပံဳးရီတဲ့ ပံုသ႑န္ထုရာမွာ နႈတ္ခမ္းဟာ straight lips တည့္တည့္ ေဘးကို ကားသြားပါတယ္ .. Khmer smile လို႔ နံမည္ေက်ာ္တယ္.. ဒါကိုၾကည့္ရင္ ဒီ နတ္႐ုပ္ႀကီးေတြ ကေမ႓ာဒီးယား ဘုရားေက်ာင္း တေက်ာင္းေက်ာင္းကလာတာ ေသခ်ာၿပီ... ႏွစ္ ၉၀၀ ေက်ာ္ၿပီ... တခ်ိဳ႕ အန္ေကာဘုရားေက်ာင္းေတြရဲ႕ အလယ္က ဂႏၶကုဋီ တိုက္ထဲမွာ အခု ေနရာေတြလြတ္ေနတယ္...ဒီနတ္႐ုပ္ႀကီးေတြ အယင္က သီတင္းသံုးခဲ့ပံုရတယ္... ကမာၻဒီးယားမွာ ဒီေလာက္ႀကီးတဲ့ေၾကး႐ုပ္ဘာမွ မရွိေတာ့...သမိုင္းကြင္းဆက္ က ဒီ ေျခာက္႐ုပ္မွာပဲ က်န္ေတာ့တယ္...
အေရွ႕ေတာင္အာရွ သမိုင္း ရဲ႕ အခမ္းနားဆံုး ဘုရားေက်ာင္းေတာ္ႀကီး ေတြထဲ မွာ ကိုးကြယ္ဖို႔ထုထားတဲ့ အေကာင္းဆံုးလက္ရာဟိႏၵဴ ေၾကးနတ္႐ုပ္ႀကီးေတြဟာ ၁၇၈၄ ေႏွာင္းကစၿပီး ဒီေန႔အထိ ႏွစ္ ၂၃၃ ႏွစ္ တိုင္တိုင္ ရာထူးေလ်ာက်လို႔ အိမ္နိမ့္စံဘဝ နဲ႕ မဟာမုနိေဒါင့္တေနရာမွာ အုတ္တိုက္ေသးေသးတခုထဲ ေရာဂါသည္ ဟိုလူပြတ္ ဒီလူပြတ္ နဲ႕ မတင့္မတယ္ စံေနရပါလား... တခ်ိန္က စစ္ေအာင္ျခင္းရဲ႕ နမိတ္ပံု... ႏိုင္ငံတႏိုင္ငံရဲ႕ တန္ဖိုးအရွိဆံုး သမိုင္းရဲ႕ အထည္ဝါဆံုး ႐ုပ္ထုေတြ ရဲ႕ ဘဝ ဆိုးလွပါလား... တန္ေၾကးတြက္ၾကည့္ရင္ ဒီတ႐ုပ္ တ႐ုပ္တန္ဖိုး ေဒၚလာ သန္း ၅၀-၁၀၀ မ်ားရွိမလား? ဒီေၾကး႐ုပ္ႀကီးေတြဟာ သြန္းေလာင္းတာ တခ်ိဳ႕က bronze casting မဟုတ္ပဲ bronze carving ထုလုပ္တာ လို႔ ေတာင္ေျပာၾကတယ္ .. ေၾကး႐ုပ္ႀကီးေတြရဲ႕ ခႏၲာကိုယ္ တေနရာနဲ႕ တေနရာ အေရာင္မတူပါဘူး... ေၾကးနီကဲတဲ့ေနရာ.. အဝါေဖါက္တဲ့ေနရာ... အျဖဴမ်ားတဲ့ေနရာ စံုေနလို႔ သတၳဳေတြ အရည္ႀကိဳေလာင္းထားရင္ တေရာင္ထဲညီေနမွာ.. ဒါ အရည္ႀကိဳေလာင္းထား တာမဟုတ္ႏိုင္ဘူး သတၳဳ ကို ဖဲ့ၿပီး စပ္ထုထားတာလို႔ေတာင္ေျပာၾကတယ္...
ဒီအ႐ုပ္ႀကီးေတြကို အဓိပၸါယ္မဲ့ ပြတ္သပ္ဆုေတာင္းၾကလို႔ အ႐ုပ္ေပၚက လက္ဝတ္လက္စားေတြ... ႏွႈတ္ခမ္း မ်က္လံုးေတြဟာ လူ႕လက္ဖဝါးေပၚက အက္စစ္နဲ႕ ထိၿပီး လက္ရာေတြပ်က္ကုန္ပါတယ္...ပြတ္ေလ ေျပာင္ေလ... ေၾကးသတၳဳ ဟာ အင္မတန္ႏုညံ့ပါတယ္... ပြတ္ရင္ ပါးၿပီးေပါက္ကုန္ေရာ..... အခုေတာ့ လံုးပါး ပါးရင္းနဲ႕ ကမာၻ႕ေနာက္ဆံုးလက္က်န္ နတ္႐ုပ္ႀကီးေတြ ေပၚက တန္ဆာအမွတ္အသားေတြ ေပ်ာက္လာလိုက္တာ.. ပြတ္ရင္း ပြတ္ရင္း ျခေသ့ၤ႐ုပ္ၾကီးဆို သြားေတာင္ မရွိေတာ့ဘူး...
ကြ်န္ေတာ္ဟာ အဲ့ဒီအခ်ိန္က စၿပီး ေဂါပက ေတြ ပညာရွင္ေတြ စာေရး ဆရာေတြ ကို ဒီလို ပြတ္တာ ကိုင္တာ ပိတ္ပင္ေပးဖို႕ ႀကိဳးစားခဲ့ပါတယ္... ဒီေလာက္မွ တန္ဖိုးမဲ့ ပစ္ထားရင္ ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရး တိုးေအာင္ ကေမာၻဒီးယား ျပန္ေပးရင္ေပး မေပးရင္လည္း အေမရိကန္က ျပတိုက္တခုေရာင္းပစ္လိုက္ဗ်ာ... ပိုက္ဆံအမ်ားႀကီးရမယ္... ရြဲကုန္သည္ထဲကလို ေရႊခြက္မွန္းမသိပဲ တန္ဖိုးမဲ့ျဖစ္ေနပံုမ်ား ရင္နာစရာေကာင္းလွပါတယ္... ဟိုေခတ္က ေတာ့ ေျပာသာေျပာတယ္... ဘယ္သူမွ ဂ႐ုမစိုက္ဘူး...
၂၀၁၂ တမနက္ မွာ စာေရးဆရာတခ်ိဳ႕ နဲ႕ လႊတ္ေတာ္အမတ္ တခ်ိဳ႕ကို Curator က Strand Hotel မွာ မနက္စာေကြ်းၿပီး ဒီေၾကး႐ုပ္ေတြ လူေတြမကိုင္တြယ္သင့္ေၾကာင္း နဲ႕ ေၾကး႐ုပ္တန္ဖိုးကို အက်ယ္တဝင့္ရွင္းျပတယ္... ေနာင္ ယဥ္ေက်းမႈ ဒု ဝန္ႀကီး ျဖစ္လာတဲ့ စာေရးဆရာ USDP လႊတ္ေတာ္အမတ္ကို အဓိက ရွင္းျပတာပါ.. လႊတ္ေတာ္မွာ အဆိုတင္သြင္းၿပီး ကန္႔ကြက္ေပးေစခ်င္လို႔ ဖိတ္ၿပီးရွင္းျပခဲ့တယ္...စာေရးဆရာ တခ်ိဳ႕လည္း ေဆာင္းပါးေရးၾကတယ္... ေနာင္ သူဒုဝန္ႀကီး ျဖစ္လာေတာ့ ဝမ္းသာအားရ ငါ့ ေၾကး႐ုပ္ေတြ ေတာ့ သက္သာၿပီ လို႔ မွတ္တယ္... ၂၀၁၅ သူ ဒုဝန္ႀကီးရာထူးက ဆင္းသြားသည္အထိ ပြတ္တဲ့လူ က ပြတ္ဆဲ... ဘာမွ မထူး...
ကြ်န္ေတာ္နဲ႕ Curator က ေတာ့ မႏၲေလး မဟာမုနိသြားတိုင္း လာၿပီး ပြတ္မဲ့လူေတြကို ေၾကး႐ုပ္ႀကီးေတြေရွ႕ မတ္တပ္ရပ္ လက္ကာၿပီး တားတယ္.. လူေတြက ကြ်န္ေတာ္တို႔ကို အ႐ူးလိုၾကည့္ၾကတယ္... ၾကည့္ ၾကည့္ဗ်ာ...ကိုယ္ ဒီအထဲ နာရီဝက္ရွိေနတုန္း အပ်က္အစီးနဲနဲမွ သက္သာ သက္သာေပါ့.... ေတြ႕ရာလူ ကို ဒီအ႐ုပ္ေတြရဲ႕ တန္ဖိုး မေမာႏိုင္ ေျပာမိတယ္...
ကဲ အခုေတာ့ ဘယ္သူ႕ကိုမွ ေပး မပြတ္ေတာ့ဘူးတဲ့... ဝမ္းသာတာဗ်ာ... သမိုင္းတန္ဖိုးအင္မတန္ႀကီးတဲ့ပစၥည္းေတြ... ေခတ္အဆက္ဆက္က ဘုရင့္ေနာင္ ကိုယ္ေတာ္ႀကီး အပါအဝင္ ဘုရင္ေတြ အေလးခံၿပီးသယ္လာတာ ေပါ့ေသးေသးမမွတ္ၾကနဲ႕ဗ်ာ...ဒီအ႐ုပ္ႀကီးေတြ ရဖို႔ အတြက္ စစ္ျဖစ္လားေတာင္မသိဘူး.... ေစာင့္ေရွာက္ၾကပါ... ထိမ္းသိမ္းၾကပါ... ဒီထက္ တင့္တင့္တယ္တယ္ထားေပးၾကပါ... ကြ်န္ေတာ္ေရးတာထက္ ပို အေသးစိတ္တဲ့ သမိုင္းကို ပညာရွင္မ်ားတူးေဖၚေပးၾကပါ...
အခုလို ေစာင့္ေရွာက္တဲ့ အစိုးရ နဲ႕ ေဂါပကကို ေက်းဇူးတင္ပါတယ္...
ေက်ာ္စြာမင္း (ပုဂံ)
<Unicode>
ကြေးရုပ်များကို ကိုင်တွယ်ခွင့်မပြုပါ တဲ့... သိပ်လှတဲ့ စာတမ်းလေးဗျာ... ဒီစာတမ်းလေးပေါ်လာဖို့ ၂၀၀၃ လောက် က စ တွေ့ရာလူ လိုက်ပြော နေခဲ့တာ ၂၀၁၇ မှာ တော့ တကယ်ဖြစ်လာတယ်.. ဝမ်းသာလိုက်တာ...၁၄ နှစ်ကြာတယ်...
မဟာမုနိရုပ်ရှင်တော် ဆိုတဲ့ မန္တလေးဘုရားကြီး ထဲက ကြေးရုပ်ကြီးတွေ ကို လက်နဲ့ပွတ် ရင် ပွတ်တဲ့နေရာက ရောဂါဘယ ပျောက်ကင်းတယ် ထင်လို့ ပွတ် ပွတ်ပြီးဆုတောင်းကြတယ်... ဟိုး ဧည့်လမ်းညွှန်သက် နုစဉ်အခါက ဧည့်သည်တွေ ကြေးရုပ်ကြီးတွေ လိုက်ပြတဲ့အခါ ကြေးရုပ်ကြီးတွေဟာ အန်ကာဝပ်ကနေ ယိုးဒယား၊ ယိုးဒယားကနေ ဟံသာဝတီ၊ ဟံသာဝတီကနေ ရခိုင် ... ရခိုင်ကနေ မန္တလေး ယူလာတာဖြစ်ကြောင်း နဲ့ သမိုင်းအကျဉ်းရှင်း.... ပြီးရင် ပွ္ပတ်သပ်ဆုတောင်းသူတွေကိုပြပြီး ဒါဟာ အဓိပ္ပါယ် မဲ့ တဲ့ မိရိုးဖလာ လို့ ပြစ်တင်ပြောဆိုရှင်းလင်းခဲ့ဖူးတယ်...
ဒီလိုနဲ့ ၂၀၀၃ ခုနှစ် မှာ အမေရိကန်နိုင်ငံ က နံမည်ကြီး ပြတိုက်တခုဖြစ်တဲ့ metropolitan Museum ကလာတဲ့ အဖွဲ့ တဖွဲ့ ကိုဧည့်လမ်းညွှန်လုပ်ရတယ် .. မန္တလေးရောက်တော့ Museum curator က မဟာမုနိကိုယ်တော်ကြီးထက် ဒီကြေးရုပ်တွေကြည့်ချင်နေတဲ့လူ....ရောက်ရောက်ချင်း ကြေးရုပ်ကြီးတွေဆီခေါ်သွားရတယ်... ဟိုရောက်တော့ ... ဟာ မင်းတို့ဘယ်လိုလုပ်နေကြတာလဲ လို့အလန့်တကြား ထ အော်တယ်... ကျွန်တော်က ဘာဖြစ်လို့လဲ မေးတော့ ဒီလူတွေဘာလို့ ဒီအရုပ်တွေ ပွတ်နေကြတာလဲ တဲ့ ... ကျွန်တော် က ရှင်းပြနေကျအတိုင်း ကျမ်းမာရေးအတွက် လုပ်ကြတာ လို့ရှင်းပြတော့ နဖူးရိုက်ပြီး ဟာကွာ ... ဒီအရုပ်တရုပ်ခြင်းရဲ့တန်ဖိုးသိလား တဲ့... ဒီအရုပ်တွေဟာ ကမ္ဘာဒီးယား ကြေးရုပ်ထုခြင်းအတတ်ပညာ ကို လေ့လာဖို့၊ ကိုးကွယ်ယုံကြည်မှုကို လေ့လာဖို့၊ ကမ္ဘာမှာ ရှားရှားပါးပါးကျန်နေဆဲ သမိုင်းအထောက်အထား တွေဖြစ်လို့ ဒေါ်လာ သန်းပေါင်းများစွာအဖိုးတန်ပါတယ် တဲ့... ကျွန်တော် ဒီအရုပ်တွေရဲ့ တန်ဖိုး အဲ့လောက်ကြီးမှန်းမသိခဲ့ပါဘူး...
၁၉၇၅-၁၉၇၆ ကမ္ဘောဒီးယား နိုင်ငံ ကို ပိုပေါ့ ဦးဆောင်တဲ့ ကွန်မြူနစ် ခမာနီ တွေ အုပ်ချုပ်တုန်းက နိုင်ငံကို အသစ်ပြန်မွေးဖွားမယ် ဆိုပြီး ပညာတတ်တွေကိုသတ်တယ်... ရှိသမျှ ဘာသာရေးပစ္စည်းတွေ အရည်ကြိုပစ်တယ်... သစ်သားအရုပ်တွေမီးဆိုက်ခဲ့တယ်.. အန်ကာဝပ်အပါအဝင် အန်ကော ယဉ်ကျေးမှု တခုလုံး က ကြေးရုပ်တွေ ကျောက်ရုပ်တွေ ကျောက်စာ တွေ အဲ့ဒီကာလအတွင်းမှာ အကုန်နီးပါးပျက်စီးသွားတယ်... သမိုင်း မှာ ဘာမှ မကျန်ခဲ့ဘူး.. ကျောက်ရုပ်နည်းနည်း ကြေးရုပ်အသေးနည်းနည်း ပဲ ကျန်ခဲ့တယ်..မင်းတို့ပုဂံခေတ် လိုပဲ အရှေ့တောင်အာရှသမိုင်းမှာ အရေးကြီးတဲ့ အန်ကောသမိုင်းတခုလုံးက အဖိုးတန်သမိုင်းဝင် ရုပ်ထုတွေ ဆုံးရှုံးသွားခဲ့ရတယ်... အဲ့ဒီ ဆုံးရှုံးမှုတွေထဲမှာ ကံ ကောင်းတာက ဟောဒီ ကြေးရုပ်တွေ ဟာ ကမ္ဘာဒီးယားမှာ မရှိပဲ မြန်မာပြည်ရောက်နေခြင်းကြောင့် ကမ္ဘာဒီးယားပျက်စီးချိန်က လွတ်ခဲ့တယ်။ ဒီကြေးရုပ်ကြီးတွေကမ္ဘောဒီးယားမှာရှိနေခဲ့ရင်လည်း အမြှောက်ကျည်ဆံဖြစ်မလား ပဲ....တဲ့
ကျွန်တော် သမိုင်းကွင်းဆက်တွေကို ပြန်ဆက်စပ်ကြည့်ကြတယ်... 1431 မှာ ထိုင်းက ကမ္ဘာဒီးယား ကို ဝင်တိုက်ပြီး အနိုင်ရတဲ့ အထိမ်းအမှတ်နဲ့ ဘာယူရမလဲ လို့ကြည့်တော့ ခမာလူမျိုးတွေ အမြတ်တနိုး ကိုးကွယ်တဲ့ ဒီဟိန္ဒူနတ်ဘုရား ရုပ်ထု ပေါင်း ၃၀ ကို အယုဒ္ဓယ ကို ယူသွားခဲ့တယ်... ၁၃၈ နှစ်တိတိ ထိုင်းမှာ ဒီ အရုပ်ကြီးတွေ နေခဲ့ပြီး ၁၅၆၄ ခုနှစ်မှာ ဘုရင့်နောင် က အယုဒ္ဓယ ကိုဝင်တိုက်ပြီး ဒီကြေးရုပ်တွေကို ထိုင်းအပေါ် စစ်အောင်မြင်ခြင်း အထိမ်းအမှတ်နဲ့ ဟံသာဝတီကို ယူသွားခဲ့တယ်..
၁၅၉၉ ဘုရင့်နောင် နတ်ရွာစံပြီး နန္ဒဘုရင်လက်ထက် ဟံသာဝတီအင်ပါယာ ပြိုကွဲစ ပြုချိန်.....ယိုးဒယားဘုရင် နရစူဝမ် က ဟံသာဝတီ ကို ဝင်တိုက်ဖို့လုပ်တော့ တောင်ငူဘုရင် မင်းရဲသီဟသူ နဲ့ ရခိုင်ဘုရင် မင်းရာဇကြီး တို့က ယိုးဒယားဘက်က ဝင်ကူပါ့မယ် လို့ကတိပေးခဲ့တယ်... ဒါပေမဲ့ နရစူဝမ် ရဲ့ ယိုးဒယားတပ်တွေပူးပေါင်းဖို့ မလာခင် ဟံသာဝတီ ကို ရခိုင် နဲ့ တောင်ငူ ့နှစ်ဦးပေါင်းလုပ်ကြံ ပြီး ဘုရင့်နောင်ရှာထားသမျှ ခွဲယူရင် ယိုးဒယားကို ခွဲပေးစရာ မလိုဘူး .. ပိုရမယ် ထင်ပုံရပါရဲ့... အယုဒ္ဓယ ဘုရင် ကို မစောင့်ပဲ ရခိုင်နဲ့ တောင်ငူ နှစ်ပြည်ထောင်ပေါင်းတိုက်ကြတယ်.. ဟံသာဝတီ ကျပြီး ရွှေ ငွေ ရတနာတွေကို အညီအမျှ ခွဲယူတဲ့ အထဲ ခမာတွေရဲ့ နတ်ဘုရားအရုပ် ၃၀ ကို ရခိုင် ယူသွားလို့ ဒီကြေးရုပ်တွေ ရခိုင်ရောက်ကုန်ရော...အညီအမျှခွဲတယ် ဆိုတော့ တပြည်ထောင် ၁၅ ရုပ်စီ ခွဲသလား? တောင်ငူမှာလည်း ကြေးရုပ်ကျန်မလားမပြောတတ်ဘူး...ကြေးရုပ်ကြီးတွေဟာ ဟံသာဝတီ နန်းတွင်းထဲ ၃၅ နှစ်တိုင် နေခဲ့တယ်..
ကြေးရုပ်ကြီးတွေဟာ ရခိုင်နန်းတွင်းထဲမှာ ၁၈၅ နှစ်နေခဲ့ပြီး ၁၇၈၄ ဘိုးတော်ဘုရား လက်ထက် မှာ သတိုးမင်းစော ခေ ါ်အိမ်ရှေ့စံကိုယ်တော်ကြီး ရခိုင် ကို လုပ်ကြံပြီး ဒီ ကြေးရုပ်တွေကို စစ်အောင်နိုင်ခြင်းအထိမ်းအမှတ်နဲ့ မန္တလေး ကို ယူလာခဲ့တယ် ဆိုပါတယ်... ရခိုင်နန်းတော် ကိုမီးတိုက်တော့ နတ်ရုပ်တော်တော်များများပါသွားပြီးလက်ကျန် ၆ ရုပ်ပဲ မန္တလေးပါလာတယ် ဆိုပါတယ်... ၁၈၈၄ သီပေါမင်းလက်ထက် မဟာမုနိဘုရားကြီး မီးဘေးသင့်တော့ ဘယ်နှရုပ်ပါသွားသေးလဲမသိဘူး...
ကြေးရုပ်ကြီးတွေဟာ ကမ္ဘောဒီးယားကနေ စ ပြီး အရှေ့တောင်အာရှတခုလုံး ပတ် သယ်ယူနေတဲ့ အချိန်မှာ တောထဲတောင်ထဲ သယ်ယူရခက်လို့ ဖြတ်တောက်ယူခဲ့ရတယ် လို့ထင်မြင်ယူဆကြောင်း ကြေးရုပ်ကြီးတွေပေါ်က ဒါဏ်ရာဒဏ်ချက်တွေ ကြည့်ပြီး ပညာရှင်တွေက သုံးသပ်ကြပါတယ်.. ဧရာဝဏ် လို့ခေါ်တဲ့ အင်ဒရာ Indra (ဗုဒ္ဓဘာသာ မှာ သိကြားမင်း) နတ်မင်းကြီးရဲ့ စီးတော်ယာဉ် ခေါင်းသုံးလုံးဆင်ကြီးသာ ကောင်းကောင်းမွန်မွန်ရှိပြီး ကျန်တဲ့ နတ်ရုပ်တွေက ပစ်ထားတဲ့ အခြေအနေဆိုးဆိုး ဖြစ်နေတယ်.. နတ်ကြေးရုပ် ရုပ်အကြီးဟာ ဗြိဿနိုး ( Vishnu) လား? Indra အင်းရာ နတ်မင်းလား မခွဲတတ်ပါဘူး..ကြေးနတ်ရုပ်ကြီးတွေရဲ့ မျက်လုံးတော်နေရာဟာ ဟောင်းလောင်းအပေါက် ဖြစ်နေပြီး ညတွေမှာ အရုပ်နောက် က ဆီမီးပူဇော်ထားရင် မျက်လုံးတွေထဲက အလင်းရောင်ထွက်ဖို့လုပ်ထားတာလား? ကျောက်မျက်ရတနာ တပ်ထားခဲ့တာလား မသိဘူး... ဒီ ကြေးရုပ်တွေထဲမှာ နရသီဟ (Narasinga) ခေါ်တဲ့ ဗစ်သျနူး (ဗြိဿနိုး) နတ်မင်းကြီးရဲ့ ကိုယ်ပွား ခြင်္သေ့ကိုလည်းတွေ့ရတယ်... ခြသေ့င်္တွေဟာ ဦးခေါင်းမရှိတော့လို့ မြန်မာ ကြေးသွန်းပညာရှင်တွေက ဗမာခြသေ့င်္ခေါင်း တပ်ပေးထားတယ်လို ့ဆိုပါတယ်..
သမိုင်းကိုလေ့လာတဲ့အခါ ရုပ်ပွားဆင်းတုတွေ အရုပ်တွေဟာ ဘယ်ဒေသ ဘယ်ခေတ် ဘယ်နိုင်ငံကဖြစ်တယ်လို့ ပြောနိုင်တဲ့ ထူးခြားချက်တွေရှိပါတယ်... ဥပမာ ပုဂံ ခေတ် ဘုရား ဟုတ်မဟုတ် နှုတ်ခမ်းတော် ကိုကြည့်ရင် နှုတ်ခမ်းတော်ဟာ ဘေးအစွန်းနှစ်ဖက်မြင့်တက်နေပြီး အောက်နှှုတ်ခမ်း ကြီး ပြီး အင်္ဂလိပ် လက္ခဏာ V ပုံပေါ်ပါတယ်.. ဒါဆို ပုဂံခေတ်လက်ရာလို့ ပြောလို့ရတယ်... အခု နတ်ရုပ်ကြီးတွေ ပြုံးရီတဲ့ ပုံသဏ္ဍန်ထုရာမှာ နှုတ်ခမ်းဟာ straight lips တည့်တည့် ဘေးကို ကားသွားပါတယ် .. Khmer smile လို့ နံမည်ကျော်တယ်.. ဒါကိုကြည့်ရင် ဒီ နတ်ရုပ်ကြီးတွေ ကမေ႓ာဒီးယား ဘုရားကျောင်း တကျောင်းကျောင်းကလာတာ သေချာပြီ... နှစ် ၉၀၀ ကျော်ပြီ... တချို့ အန်ကောဘုရားကျောင်းတွေရဲ့ အလယ်က ဂန္ဓကုဋီ တိုက်ထဲမှာ အခု နေရာတွေလွတ်နေတယ်...ဒီနတ်ရုပ်ကြီးတွေ အယင်က သီတင်းသုံးခဲ့ပုံရတယ်... ကမ္ဘာဒီးယားမှာ ဒီလောက်ကြီးတဲ့ကြေးရုပ်ဘာမှ မရှိတော့...သမိုင်းကွင်းဆက် က ဒီ ခြောက်ရုပ်မှာပဲ ကျန်တော့တယ်...
အရှေ့တောင်အာရှ သမိုင်း ရဲ့ အခမ်းနားဆုံး ဘုရားကျောင်းတော်ကြီး တွေထဲ မှာ ကိုးကွယ်ဖို့ထုထားတဲ့ အကောင်းဆုံးလက်ရာဟိန္ဒူ ကြေးနတ်ရုပ်ကြီးတွေဟာ ၁၇၈၄ နှောင်းကစပြီး ဒီနေ့အထိ နှစ် ၂၃၃ နှစ် တိုင်တိုင် ရာထူးလျောကျလို့ အိမ်နိမ့်စံဘဝ နဲ့ မဟာမုနိဒေါင့်တနေရာမှာ အုတ်တိုက်သေးသေးတခုထဲ ရောဂါသည် ဟိုလူပွတ် ဒီလူပွတ် နဲ့ မတင့်မတယ် စံနေရပါလား... တချိန်က စစ်အောင်ခြင်းရဲ့ နမိတ်ပုံ... နိုင်ငံတနိုင်ငံရဲ့ တန်ဖိုးအရှိဆုံး သမိုင်းရဲ့ အထည်ဝါဆုံး ရုပ်ထုတွေ ရဲ့ ဘဝ ဆိုးလှပါလား... တန်ကြေးတွက်ကြည့်ရင် ဒီတရုပ် တရုပ်တန်ဖိုး ဒေါ်လာ သန်း ၅၀-၁၀၀ များရှိမလား? ဒီကြေးရုပ်ကြီးတွေဟာ သွန်းလောင်းတာ တချို့က bronze casting မဟုတ်ပဲ bronze carving ထုလုပ်တာ လို့ တောင်ပြောကြတယ် .. ကြေးရုပ်ကြီးတွေရဲ့ ခန္တာကိုယ် တနေရာနဲ့ တနေရာ အရောင်မတူပါဘူး... ကြေးနီကဲတဲ့နေရာ.. အဝါဖေါက်တဲ့နေရာ... အဖြူများတဲ့နေရာ စုံနေလို့ သတ္ထုတွေ အရည်ကြိုလောင်းထားရင် တရောင်ထဲညီနေမှာ.. ဒါ အရည်ကြိုလောင်းထား တာမဟုတ်နိုင်ဘူး သတ္ထု ကို ဖဲ့ပြီး စပ်ထုထားတာလို့တောင်ပြောကြတယ်...
ဒီအရုပ်ကြီးတွေကို အဓိပ္ပါယ်မဲ့ ပွတ်သပ်ဆုတောင်းကြလို့ အရုပ်ပေါ်က လက်ဝတ်လက်စားတွေ... နှှုတ်ခမ်း မျက်လုံးတွေဟာ လူ့လက်ဖဝါးပေါ်က အက်စစ်နဲ့ ထိပြီး လက်ရာတွေပျက်ကုန်ပါတယ်...ပွတ်လေ ပြောင်လေ... ကြေးသတ္ထု ဟာ အင်မတန်နုညံ့ပါတယ်... ပွတ်ရင် ပါးပြီးပေါက်ကုန်ရော..... အခုတော့ လုံးပါး ပါးရင်းနဲ့ ကမ္ဘာ့နောက်ဆုံးလက်ကျန် နတ်ရုပ်ကြီးတွေ ပေါ်က တန်ဆာအမှတ်အသားတွေ ပျောက်လာလိုက်တာ.. ပွတ်ရင်း ပွတ်ရင်း ခြသေ့င်္ရုပ်ကြီးဆို သွားတောင် မရှိတော့ဘူး...
ကျွန်တော်ဟာ အဲ့ဒီအချိန်က စပြီး ဂေါပက တွေ ပညာရှင်တွေ စာရေး ဆရာတွေ ကို ဒီလို ပွတ်တာ ကိုင်တာ ပိတ်ပင်ပေးဖို့ ကြိုးစားခဲ့ပါတယ်... ဒီလောက်မှ တန်ဖိုးမဲ့ ပစ်ထားရင် နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးအောင် ကမ္ဘောဒီးယား ပြန်ပေးရင်ပေး မပေးရင်လည်း အမေရိကန်က ပြတိုက်တခုရောင်းပစ်လိုက်ဗျာ... ပိုက်ဆံအများကြီးရမယ်... ရွဲကုန်သည်ထဲကလို ရွှေခွက်မှန်းမသိပဲ တန်ဖိုးမဲ့ဖြစ်နေပုံများ ရင်နာစရာကောင်းလှပါတယ်... ဟိုခေတ်က တော့ ပြောသာပြောတယ်... ဘယ်သူမှ ဂရုမစိုက်ဘူး...
၂၀၁၂ တမနက် မှာ စာရေးဆရာတချို့ နဲ့ လွှတ်တော်အမတ် တချို့ကို Curator က Strand Hotel မှာ မနက်စာကျွေးပြီး ဒီကြေးရုပ်တွေ လူတွေမကိုင်တွယ်သင့်ကြောင်း နဲ့ ကြေးရုပ်တန်ဖိုးကို အကျယ်တဝင့်ရှင်းပြတယ်... နောင် ယဉ်ကျေးမှု ဒု ဝန်ကြီး ဖြစ်လာတဲ့ စာရေးဆရာ USDP လွှတ်တော်အမတ်ကို အဓိက ရှင်းပြတာပါ.. လွှတ်တော်မှာ အဆိုတင်သွင်းပြီး ကန့်ကွက်ပေးစေချင်လို့ ဖိတ်ပြီးရှင်းပြခဲ့တယ်...စာရေးဆရာ တချို့လည်း ဆောင်းပါးရေးကြတယ်... နောင် သူဒုဝန်ကြီး ဖြစ်လာတော့ ဝမ်းသာအားရ ငါ့ ကြေးရုပ်တွေ တော့ သက်သာပြီ လို့ မှတ်တယ်... ၂၀၁၅ သူ ဒုဝန်ကြီးရာထူးက ဆင်းသွားသည်အထိ ပွတ်တဲ့လူ က ပွတ်ဆဲ... ဘာမှ မထူး...
ကျွန်တော်နဲ့ Curator က တော့ မန္တလေး မဟာမုနိသွားတိုင်း လာပြီး ပွတ်မဲ့လူတွေကို ကြေးရုပ်ကြီးတွေရှေ့ မတ်တပ်ရပ် လက်ကာပြီး တားတယ်.. လူတွေက ကျွန်တော်တို့ကို အရူးလိုကြည့်ကြတယ်... ကြည့် ကြည့်ဗျာ...ကိုယ် ဒီအထဲ နာရီဝက်ရှိနေတုန်း အပျက်အစီးနဲနဲမှ သက်သာ သက်သာပေါ့.... တွေ့ရာလူ ကို ဒီအရုပ်တွေရဲ့ တန်ဖိုး မမောနိုင် ပြောမိတယ်...
ကဲ အခုတော့ ဘယ်သူ့ကိုမှ ပေး မပွတ်တော့ဘူးတဲ့... ဝမ်းသာတာဗျာ... သမိုင်းတန်ဖိုးအင်မတန်ကြီးတဲ့ပစ္စည်းတွေ... ခေတ်အဆက်ဆက်က ဘုရင့်နောင် ကိုယ်တော်ကြီး အပါအဝင် ဘုရင်တွေ အလေးခံပြီးသယ်လာတာ ပေါ့သေးသေးမမှတ်ကြနဲ့ဗျာ...ဒီအရုပ်ကြီးတွေ ရဖို့ အတွက် စစ်ဖြစ်လားတောင်မသိဘူး.... စောင့်ရှောက်ကြပါ... ထိမ်းသိမ်းကြပါ... ဒီထက် တင့်တင့်တယ်တယ်ထားပေးကြပါ... ကျွန်တော်ရေးတာထက် ပို အသေးစိတ်တဲ့ သမိုင်းကို ပညာရှင်များတူးဖေါ်ပေးကြပါ...
အခုလို စောင့်ရှောက်တဲ့ အစိုးရ နဲ့ ဂေါပကကို ကျေးဇူးတင်ပါတယ်...
ကျော်စွာမင်း (ပုဂံ)
Read in : All Update Reader