(2017 100 Most Reputable People on Earth) ၂၀၁၇ ခုႏွစ္ရဲ့ကမာၻ႔ဂုဏ္သေရအရွိဆံုး၊ အမည္ေကာင္းနဲ ့ေက်ာ္ၾကားျပီး ခ်ီးမြမ္းေထာပနာ ျပဳထိုက္သူ အေယာက္ ၁၀၀ စာရင္းကို ႏိုင္ငံတကာက ႏိုင္ငံေရး၊စီးပြားေရး၊လူမူေရး၊ပညာေရး နဲ ့ေဖ်ာ္ေျဖေရး စတဲ့ က႑ေတြမွာ အသီးသီးထူးခြ်န္စြာ စြမ္းေဆာင္ႏိုင္သူမ်ားအနက္မွ စီစစ္ေရြးခ်ယ္သတ္မွတ္ခဲ့တာျဖစ္ပါတယ္။
ျဗိတိန္အေျခစိုက္ Institute Of Leadership and Management, အဖရိကတိုက္အေျချပဳ မီဒီယာျဖစ္တဲ့ Avance Media တို ့နဲ ့အတူ ပူးေပါင္းစစ္တမ္းေကာက္ယူျပီး Reputation Poll စီစစ္ေရးအဖြဲ ့မွ ေရြးခ်ယ္ အတည္ျပဳျပီး ထုတ္ျပန္ေၾကညာခဲ့တာျဖစ္ပါတယ္။
ကမာၻ႔ဂုဏ္သေရအရွိဆံုး လူ ၁၀၀ စာရင္းမွာ ကမာၻေပၚရွိ ႏိုင္ငံေပါင္း ၃၇ ႏိုင္ငံက ထင္ေပၚေက်ာ္ၾကားသူမ်ား ပါ၀င္ျပီး ျမန္မာႏိုင္ငံက ေဒၚေအာင္ဆန္းစုၾကည္လည္း ပါဝင္ပါတယ္။
အဆိုပါ စာရင္းထုတ္ျပန္ခ်က္တြင္ ေရြးခ်ယ္ခံရသူေတြအနက္မွ အေမရိကန္ႏိုင္ငံက အေရအတြက္ အမ်ားဆံုး ၃၉ ဦး ေရြးခ်ယ္ ခံရျပီး လူ ၁၀၀ စာရင္းမွာ အမ်ိဳးသား ၇၂ ဦး၊အမ်ိဳးသမီး ၂၅ ဦးနဲ ့လင္မယား စံုတြဲ (၃) တြဲ တို ့ေရြးခ်ယ္ခံရပါတယ္။
ဂုဏ္သေရအရွိဆံုးသူ ၁၀၀ စာရင္းမွာ ေရြးခ်ယ္ခံရသူမ်ားအနက္ အသက္အၾကီးဆံုးကေတာ့ အသက္ ၉၉ ႏွစ္ အရြယ္ရွိျပီျဖစ္တဲ့ အေမရိကန္ႏိုင္ငံမွ ပရိုတက္စတင့္ခရစ္ယာန္ ဂိုဏ္း၀င္ တရားေဟာဆရာၾကီး Billy Graham ျဖစ္ျပီး အသက္အငယ္ဆံုးကေတာ့ ၁၉ ႏွစ္အရြယ္ ပါကစၥတန္သူ ႏိုဗဲလ္ဆုရွင္ မာလာလာ နဲ ့ ကေနဒါႏိုင္ငံက ဆန္းသစ္တီထြင္သူ Wang တို ့ ျဖစ္ပါတယ္။
Most Reputable People on Earth 2017 စာရင္းမွာ တိဘက္လြတ္ေျမာက္ေရးေခါင္းေဆာင္ ဒလိုင္းလားမား၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံက ဆင္းရဲႏြမ္းပါးမူေလ်ာ့ခ်ေရး ေဆာင္ရြက္သူ ေဒါက္တာ မိုဟာမက္ ယူႏြတ္စ္၊ကုလအတြင္းေရးမွဴးခ်ဳပ္ေဟာင္းကိုဖီအာနန္ တို႔လို ႏိုဗဲလ္ဆုရွင္မ်ားလည္း ပါ၀င္ၾကပါတယ္။
ဒါ့အျပင္ ေက်ာ္ၾကားတဲ့ ႏိုင္ငံေခါင္းေဆာင္မ်ားျဖစ္ၾကတဲ႔ ပုပ္ရဟန္းမင္းၾကီးဖရန္ ့စစ္၊ျဗိတိန္ ဘုရင္မၾကီး အဲလိဇဘက္ အိႏၵိယ ၀န္ၾကီးခ်ဳပ္ နာရင္ဒရာမိုဒီ၊ကေနဒါ၀န္ၾကီးခ်ဳပ္ ဂ်က္စတင္ထရူးဒို၊ ျဗိတိန္၀န္ၾကီးခ်ဳပ္ ထရီဇာေမ၊UAE ၀န္ၾကီးခ်ဳပ္ Sheikh Mohammed bin Rashid၊ ကုလသမဂၢ အတြင္းေရးမွဳးခ်ဳပ္ António Guterres တို ့လည္း ပါ၀င္ပါတယ္။
အဆိုပါ စာရင္းမွာ တြမ္ခရူးစ္၊၀ိလ္စမစ္၊ဂ်က္ကီခ်န္း၊ ဂ်နီဖာလိုပက္ဇ္၊အင္ဂ်လီနာဂ်ိဳလီ၊ရီယိုနာဒို အစရွိတဲ့ ကမာၻေက်ာ္ ေဟာလီး၀ုဒ္သရုပ္ေဆာင္မ်ားလည္း ပါ၀င္ျပီး အိႏၵိယႏိုင္ငံ ေဘာလီး၀ုဒ္ရုပ္ရွင္ထုတ္လုပ္ေရးက အသိပညာေပးကားမ်ား ရိုက္ကူးရာမွာ နံမည္ၾကီးတဲ့ မင္းသား အမိရ္ခါးန္လည္း ပါ၀င္ေၾကာင္း ေတြ့ရပါတယ္။
အားကစားသမားမ်ားထဲမွ မန္ယူရဲ့ အဓိပတိနည္းျပေဟာင္း
အဲလက္စ္ဖာဂူဆန္၊အဂၤလန္မွ ေဘာလံုးအေက်ာ္အေမာ္ ေဒးဗစ္ဘက္ခမ္း၊ေပၚတူဂီမွ ခရစၥတီႏို ရိုနယ္လ္ဒို စတဲ့ အားကစားသမားေတြလည္း ေရြးခ်ယ္ခံရသလိုအေမရိကန္ သမၼတေဟာင္း အိုဘားမားတို့ ဇနီးေမာင္ႏွံ၊ ကမာၻ ့သန္းၾကြယ္သူေဌးၾကီး ဘီလ္ဂိတ္တို ့ဇနီးေမာင္ႏွံ နဲ႔ ေဖ့ဘုတ္တည္ေထာင္သူ မာခ္ဇူကာဘတ္ တို႔လို ထင္ေပၚေက်ာ္ၾကားသူမ်ားလည္း ကမာၻ ့ဂုဏ္သေရအရွိဆံုး လူပုဂိၢဳလ္ ၁၀၀ စာရင္းတြင္ ပါ၀င္ပါတယ္။
<Unicode>
(2017 100 Most Reputable People on Earth) ၂၀၁၇ ခုနှစ်ရဲ့ကမ္ဘာ့ဂုဏ်သရေအရှိဆုံး၊အမည်ကောင်းနဲ ့ကျော်ကြားပြီး ချီးမွမ်းထောပနာ ပြုထိုက်သူ အယောက် ၁၀၀ စာရင်းကို နိုင်ငံတကာက နိုင်ငံရေး၊စီးပွားရေး၊လူမူရေး၊ပညာရေး နဲ ့ဖျော်ဖြေရေး စတဲ့ ကဏ္ဍတွေမှာ အသီးသီးထူးချွန်စွာ စွမ်းဆောင်နိုင်သူများအနက်မှ စီစစ်ရွေးချယ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
ဗြိတိန်အခြေစိုက် Institute Of Leadership and Management, အဖရိကတိုက်အခြေပြု မီဒီယာဖြစ်တဲ့ Avance Media တို ့နဲ ့အတူ ပူးပေါင်းစစ်တမ်းကောက်ယူပြီး Reputation Poll စီစစ်ရေးအဖွဲ ့မှ ရွေးချယ် အတည်ပြုပြီး ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
ကမ္ဘာ့ဂုဏ်သရေအရှိဆုံး လူ ၁၀၀ စာရင်းမှာ ကမ္ဘာပေါ်ရှိ
နိုင်ငံပေါင်း ၃၇ နိုင်ငံက ထင်ပေါ်ကျော်ကြားသူများ ပါ၀င်ပြီး မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ပါတယ်။
အဆိုပါ စာရင်းထုတ်ပြန်ချက်တွင် ရွေးချယ်ခံရသူတွေအနက်မှ အမေရိကန်နိုင်ငံက အရေအတွက် အများဆုံး ၃၉ ဦး ရွေးချယ် ခံရပြီး လူ ၁၀၀ စာရင်းမှာ အမျိုးသား ရ၂ ဦး၊အမျိုးသမီး ၂၅ ဦးနဲ ့လင်မယား စုံတွဲ (၃) တွဲ တို ့ရွေးချယ်ခံရပါတယ်။
ဂုဏ်သရေအရှိဆုံးသူ ၁၀၀ စာရင်းမှာ ရွေးချယ်ခံရသူများအနက် အသက်အကြီးဆုံးကတော့ အသက် ၉၉ နှစ် အရွယ်ရှိပြီဖြစ်တဲ့ အမေရိကန်နိုင်ငံမှ ပရိုတက်စတင့်ခရစ်ယာန် ဂိုဏ်းဝင် တရားဟောဆရာကြီး Billy Graham ဖြစ်ပြီး အသက်အငယ်ဆုံးကတော့ ၁၉ နှစ်အရွယ် ပါကစ္စတန်သူ နိုဗဲလ်ဆုရှင် မာလာလာ နဲ ့ ကနေဒါနိုင်ငံက ဆန်းသစ်တီထွင်သူ Wang တို ့ ဖြစ်ပါတယ်။
Most Reputable People on Earth 2017 စာရင်းမှာ တိဘက်လွတ်မြောက်ရေးခေါင်းဆောင် ဒလိုင်းလားမား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆင်းရဲနွမ်းပါးမူလျော့ချရေး ဆောင်ရွက်သူ
ဒေါက်တာ မိုဟာမက် ယူနွတ်စ်၊ကုလအတွင်းရေးမှူးချုပ်ဟောင်းကိုဖီအာနန် တို့လို နိုဗဲလ်ဆုရှင်များလည်း ပါ၀င်ကြပါတယ်။
ဒါ့အပြင် ကျော်ကြားတဲ့ နိုင်ငံခေါင်းဆောင်များဖြစ်ကြတဲ့ ပုပ်ရဟန်းမင်းကြီးဖရန် ့စစ်၊ဗြိတိန် ဘုရင်မကြီး အဲလိဇဘက် အိန္ဒိယ ၀န်ကြီးချုပ် နာရင်ဒရာမိုဒီ၊ကနေဒါ၀န်ကြီးချုပ် ဂျက်စတင်ထရူးဒို၊ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ၊UAE ၀န်ကြီးချုပ် Sheikh Mohammed bin Rashid၊ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် António Guterres တို ့လည်း ပါ၀င်ပါတယ်။
အဆိုပါ စာရင်းမှာ တွမ်ခရူးစ်၊၀ိလ်စမစ်၊ဂျက်ကီချန်း၊ ဂျနီဖာလိုပက်ဇ်၊အင်ဂျလီနာဂျိုလီ၊ရီယိုနာဒို အစရှိတဲ့ ကမ္ဘာကျော် ဟောလီးဝုဒ်သရုပ်ဆောင်များလည်း ပါ၀င်ပြီး အိန္ဒိယနိုင်ငံ ဘောလီးဝုဒ်ရုပ်ရှင်ထုတ်လုပ်ရေးက အသိပညာပေးကားများ ရိုက်ကူးရာမှာ နံမည်ကြီးတဲ့ မင်းသား အမိရ်ခါးန်လည်း ပါ၀င်ကြောင်း တွေ ့ရပါတယ်။
အားကစားသမားများထဲမှ မန်ယူရဲ့ အဓိပတိနည်းပြဟောင်း
အဲလက်စ်ဖာဂူဆန်၊အင်္ဂလန်မှ ဘောလုံးအကျော်အမော် ဒေးဗစ်ဘက်ခမ်း၊ပေါ်တူဂီမှ ခရစ္စတီနို ရိုနယ်လ်ဒို စတဲ့ အားကစားသမားတွေလည်း ရွေးချယ်ခံရသလို
အမေရိကန် သမ္မတဟောင်း အိုဘားမားတို ့ဇနီးမောင်နှံ၊ ကမ္ဘာ ့သန်းကြွယ်သူဌေးကြီး ဘီလ်ဂိတ်တို ့ဇနီးမောင်နှံ နဲ့
ဖေ့ဘုတ်တည်ထောင်သူ မာခ်ဇူကာဘတ် တို့လို ထင်ပေါ်ကျော်ကြားသူများလည်း ကမ္ဘာ ့ဂုဏ်သရေအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ပါ၀င်ပါတယ်။
Translate by – MTN
#MUNA
Ref : http://www.reputationpoll.com/?page_id=8907
Read in : All Update Reader