Responsive Ad Slot

Latest

ထိုင်း ရဲအရာရှိတွေကို သီးသန့် မီးခိုးရောင် ဖြစ်တဲ့ ဝတ်စုံ ၀တ်ဖို့ ညွှန်ကြား

Saturday, December 2, 2017

ထိုင်း ရဲအရာရှိတွေကို မီးခိုးရောင် ဝတ်စုံ နဲ့ တွေ့ရ

ထိုင်းနိုင်ငံမှာ လက်ရှိ ဘုရင် Vajiralongkorn လက်ထက်မှာ နောက်ဆုံးထုတ်ပြန်လိုက်တဲ့ စည်းမျဉ်းသစ်အရ ရဲအရာရှိတွေကို သီးသန့် မီးခိုးရောင် ဖြစ်တဲ့ ဝတ်စုံ ၀တ်ဖို့ ညွှန်ကြားထားပါတယ်။

အခုလို ရဲဝန်ထမ်းတွေ အားလုံး တရောင်တည်း သတ်သတ်မှတ်မှတ် ဝတ်ရတဲ့ အတွက် ညီညွတ်မှု အင်အားကို ပြရာရောက်တယ်လို့ ရဲဝန်ထမ်း အမျိုးသမီးတယောက်က ပြောပါတယ်။

ဒါ့အပြင် ရဲနဲ့ စစ်တပ်က ၀န်ထမ်းတွေ ဆံပင် တိုတို ညှပ်ဖို့ နဲ့ အလေးပြုတဲ့ အခါ ရင်အုံကို မြှင့်ထားပြီး ခေါင်းညွှတ်တဲ့ နည်းလမ်းသစ်တွေကိုလည်း လွန်ခဲ့တဲ့ သီတင်းပတ်တွေ အတွင်း ညွှန်ကြားချက် ထုတ်ခဲ့ပါတယ်။

မနှစ်တုန်းက စလို့ ထီးနန်းလွှဲယူခဲ့ပြီးနောက် ဘုရင် ၀ဇီယာလောင်ကွန်း လက်ထက်မှာ အရေးပါတဲ့ ကဏ္ဍတွေရော ၊ အသေးအဖွဲ တွေမှာပါ လုပ်ရိုးလုပ်စဉ် အစဉ်အလာတွေကို ပြောင်းလဲမှု လုပ်တာ တွေ့ရပါတယ်။

BBC Burmese

http://www.bbc.com/burmese/
Read in : All Update Reader
Don't Miss