ဘန္ေကာက္၊ ဒီဇင္ဘာ ၃ ။ ။ ထိုင္းႏိုင္ငံေတာင္ပိုင္းတြင္ လူေပါင္း ၈သိန္းေက်ာ္ခန္႔ ေရေဘးဒုကၡၾကံဳေတြ႔ေနရျပီး ခရိုင္အမ်ားအျပားကို ေရလႊမ္းမိုးလ်က္ရွိေၾကာင္း သဘာ၀ေဘးအႏၱရာယ္ကာကြယ္ေရးဌာနမွ တနဂၤေႏြေန႔တြင္ ထုတ္ျပန္ေၾကညာခဲ့ သည္။
ႏို၀င္ဘာလ ၂၅ရက္ေန႔ကတည္းက စတင္ျဖစ္ပြားခဲ့သည့္ ေရၾကီးမႈေၾကာင့္ ယခုအခ်ိန္ထိ ေသဆံုးသူ ၅ဦးခန္႔ အထိရွိျပီျဖစ္ေၾကာင္း သိရသည္။
ပတ္ထနီ၊ ယာလာ၊ ေဆာင္ခလာ၊ ပတ္ထလန္၊ တရန္၊ ဆာတန္၊ နရာသီ၀တ္၊ နတ္ခ္ခြန္စီထမ္မာရတ္ႏွင့္ ဆူရတ္ထနီခရိုင္တို႔သည္ လက္ရွိအခ်ိန္တြင္ ေရလႊမ္းမိုးမႈႏွင့္ၾကံဳေတြ႔ေနရျပီး အဓိကလမ္းမၾကီးမ်ား ျပတ္ေတာက္ေနျပီျဖစ္ေၾကာင္း သဘာ၀ေဘးအႏၱရာယ္ကာကြယ္ေရးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ယင္းခရိုင္မ်ားထဲမွ ပတ္ထနီခရိုင္သည္ ေရလႊမ္းမိုးမႈအျပင္းထန္ဆံုးေဒသျဖစ္ျပီး ယင္းေဒသမွလူေပါင္း ၂၈၀၀၀၀ ခန္႔ ေရေဘးၾကံဳေတြ႔ေနရသလို ယာလာခရိုင္မွလူေပါင္း ၁၁၀၀၀၀ ခန္႔ ေရေဘးၾကံဳေတြ႔ေနရသည္။
ထိုင္းႏိုင္ငံ၏ လူဦးေရအထူထပ္ဆံုးခရိုင္မ်ားထဲမွတစ္ခုျဖစ္ေသာ ေဆာင္ခလာခရိုင္၌ ေရၾကီးမႈျပင္းထန္လ်က္ရွိ ျပီး ေဆာင္ခလာကန္ၾကီးအနီး၌ရွိေသာ ခရာေဆးဆင္၊ ရာေနာ့၊ ဆသင္ပရာႏွင့္ ဆင္ဟာနတ္ခ္ခြန္းေဒသတို႔၌ စိုးရိမ္ဖြယ္အေနအထားရွိေၾကာင္း သိရသည္။
အာဏာပိုင္မ်ားသည္ ယင္းကန္ၾကီး၏ေရအျမင့္ကို ေလွ်ာ့ခ်ႏုိင္ရန္ၾကိဳးပမ္းလ်က္ရွိျပီး ထုိင္းပင္လယ္ေကြ႔အတြင္း သို႔ ေရမ်ားကိုလႊဲထုတ္ႏိုင္ရန္ စီစဥ္လ်က္ရွိကာ ေရၾကီးမႈသည္ တစ္လခန္႔ၾကာျမင့္ႏုိင္ေၾကာင္း သိရသည္။
ဆန္ဂိုင္ဂိုေလာ့ခ္ျမစ္ၾကီး၏ ျမစ္ေရသည္ ၄င္း၏ကမ္းနေဘးရွိ နရာသီ၀တ္ခရိုင္ထဲသို႔ လွ်ံတက္လာျပီး ေရၾကီးမႈ ျဖစ္ေပၚလာကာ အခ်ိဳ႕ေနရာမ်ား၌ အျမင့္ ၂ ေပခန္႔အထိ ေရမ်က္ႏွာျပင္ျမင့္တက္ခဲ့သည္။
ထုိင္းစစ္တပ္သည္ ရွာေဖြေရးႏွင့္ ကယ္ဆယ္ေရးလုပ္ငန္းမ်ား၊ အကူညီျဖန္႔ေ၀ေရးလုပ္ငန္းမ်ား၊ ယာယီတည္းခို ရန္ ေနရာျပင္ဆင္ျခင္းမ်ား၊ ေသာက္ေရႏွင့္ လွ်ပ္စစ္မီးျဖန္႔ေ၀ေရးလုပ္ငန္းမ်ားကို ေဆာင္ရြက္လ်က္ရွိသည္။
မုတ္သံုရာသီ၌ စံခ်ိန္တင္မိုးေရခ်ိန္မ်ား ရြာသြန္းေလ့ရွိေသာ ထုိင္းႏိုင္ငံ၌ ေရၾကီးမႈသည္ ပံုမွန္ျဖစ္ပြားေလ့ရွိေသာ သဘာ၀ေဘးအႏၱရာယ္တစ္ခုျဖစ္ျပီး ႏုိင္ငံေတာင္ပုိင္းေဒသ၌ စက္တင္ဘာႏွင့္ ဒီဇင္ဘာလၾကား၌ ေရၾကီးေလ့ရွိ ျပီး ႏိုင္ငံအလယ္ပိုင္းႏွင့္ ေျမာက္ပိုင္းေဒသတို႔တြင္ ဇြန္လမွ ေအာက္တဘာလအတြင္း ေရလႊမ္းမိုးမႈ ျဖစ္ပြားေလ့ ရွိေၾကာင္း သိရသည္။
<Unicode>
ဘန်ကောက်၊ ဒီဇင်ဘာ ၃ ။ ။ ထိုင်းနိုင်ငံတောင်ပိုင်းတွင် လူပေါင်း ၈သိန်းကျော်ခန့် ရေဘေးဒုက္ခကြုံတွေ့နေရပြီး ခရိုင်အများအပြားကို ရေလွှမ်းမိုးလျက်ရှိကြောင်း သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဌာနမှ တနင်္ဂနွေနေ့တွင် ထုတ်ပြန်ကြေညာခဲ့ သည်။
နိုဝင်ဘာလ ၂၅ရက်နေ့ကတည်းက စတင်ဖြစ်ပွားခဲ့သည့် ရေကြီးမှုကြောင့် ယခုအချိန်ထိ သေဆုံးသူ ၅ဦးခန့် အထိရှိပြီဖြစ်ကြောင်း သိရသည်။
ပတ်ထနီ၊ ယာလာ၊ ဆောင်ခလာ၊ ပတ်ထလန်၊ တရန်၊ ဆာတန်၊ နရာသီဝတ်၊ နတ်ခ်ခွန်စီထမ်မာရတ်နှင့် ဆူရတ်ထနီခရိုင်တို့သည် လက်ရှိအချိန်တွင် ရေလွှမ်းမိုးမှုနှင့်ကြံုတွေ့နေရပြီး အဓိကလမ်းမကြီးများ ပြတ်တောက်နေပြီဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းခရိုင်များထဲမှ ပတ်ထနီခရိုင်သည် ရေလွှမ်းမိုးမှုအပြင်းထန်ဆုံးဒေသဖြစ်ပြီး ယင်းဒေသမှလူပေါင်း ၂၈၀၀၀၀ ခန့် ရေဘေးကြံုတွေ့နေရသလို ယာလာခရိုင်မှလူပေါင်း ၁၁၀၀၀၀ ခန့် ရေဘေးကြံုတွေ့နေရသည်။
ထိုင်းနိုင်ငံ၏ လူဦးရေအထူထပ်ဆုံးခရိုင်များထဲမှတစ်ခုဖြစ်သော ဆောင်ခလာခရိုင်၌ ရေကြီးမှုပြင်းထန်လျက်ရှိ ပြီး ဆောင်ခလာကန်ကြီးအနီး၌ရှိသော ခရာဆေးဆင်၊ ရာနော့၊ ဆသင်ပရာနှင့် ဆင်ဟာနတ်ခ်ခွန်းဒေသတို့၌ စိုးရိမ်ဖွယ်အနေအထားရှိကြောင်း သိရသည်။
အာဏာပိုင်များသည် ယင်းကန်ကြီး၏ရေအမြင့်ကို လျှော့ချနိုင်ရန်ကြိုးပမ်းလျက်ရှိပြီး ထိုင်းပင်လယ်ကွေ့အတွင်း သို့ ရေများကိုလွှဲထုတ်နိုင်ရန် စီစဉ်လျက်ရှိကာ ရေကြီးမှုသည် တစ်လခန့်ကြာမြင့်နိုင်ကြောင်း သိရသည်။
ဆန်ဂိုင်ဂိုလော့ခ်မြစ်ကြီး၏ မြစ်ရေသည် ၄င်း၏ကမ်းနဘေးရှိ နရာသီဝတ်ခရိုင်ထဲသို့ လျှံတက်လာပြီး ရေကြီးမှု ဖြစ်ပေါ်လာကာ အချို့နေရာများ၌ အမြင့် ၂ ပေခန့်အထိ ရေမျက်နှာပြင်မြင့်တက်ခဲ့သည်။
ထိုင်းစစ်တပ်သည် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ၊ အကူညီဖြန့်ဝေရေးလုပ်ငန်းများ၊ ယာယီတည်းခို ရန် နေရာပြင်ဆင်ခြင်းများ၊ သောက်ရေနှင့် လျှပ်စစ်မီးဖြန့်ဝေရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
မုတ်သုံရာသီ၌ စံချိန်တင်မိုးရေချိန်များ ရွာသွန်းလေ့ရှိသော ထိုင်းနိုင်ငံ၌ ရေကြီးမှုသည် ပုံမှန်ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပြီး နိုင်ငံတောင်ပိုင်းဒေသ၌ စက်တင်ဘာနှင့် ဒီဇင်ဘာလကြား၌ ရေကြီးလေ့ရှိ ပြီး နိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသတို့တွင် ဇွန်လမှ အောက်တဘာလအတွင်း ရေလွှမ်းမိုးမှု ဖြစ်ပွားလေ့ ရှိကြောင်း သိရသည်။
Credit : Mizzima Burmese
Read in : All Update Reader