နယူးေဒလီ ၊ ႏုိဝင္ဘာ ၂၇ ရက္(ဆင္ဟြာ)
အိႏိၵယႏုိင္ငံအလယ္ပုိင္း Madhya Pradesh ျပည္နယ္ ေဒသဆုိင္ရာအစုိးရက သက္ငယ္မုဒိန္းမႈကုိ ေသဒဏ္အျပစ္ေပးရန္ ႏုိဝင္ဘာလ ၂၆ ရက္က အတည္ျပဳလုိက္ေၾကာင္း သိရသည္။
“ Madhya Pradesh အစုိးရအဖြဲ ့ဟာ အသက္ ၁၂ ႏွစ္ေအာက္ ကေလးငယ္ေတြအေပၚ မုဒိန္းမႈက်ဴးလြန္သူေတြကုိ ေသဒဏ္ျပစ္ဒဏ္ ခ်မွတ္ဖုိ ့ယေန ့( ႏုိဝင္ဘာ ၂၆ ရက္) မွာ အတည္ျပဳခဲ့ၾကပါတယ္” ဟု ေဒသဆုိင္ရာ အစုိးရအဖြဲ ့ဝင္ အရာရွိတစ္ဦးက ဆုိသည္။
“ အစုိးရအဖြဲ ့အစည္းအေဝးကုိ ျပည္နယ္ဝန္ႀကီးခ်ဳပ္ Shivraj Singh Chouhan က ဥကၠ႒အျဖစ္ေဆာင္ရြက္ခဲ့ပါတယ္” ဟု ၄င္းက ဆက္လက္ေျပာၾကားခဲ့သည္။
ထုိသုိ ့ျပစ္ဒဏ္သတ္မွတ္လုိက္ျခင္းျဖစ္ ျပည္နယ္အတြင္း အမ်ိဳးသမီးမ်ား ႏွင့္ ကေလးငယ္မ်ားအေပၚ အဓမၼက်ဴးလြန္မႈမ်ား ေလ်ာ့နည္းသြားမည္ဟု ျပည္နယ္အစုိးရ ယုံၾကည္ထားသည္။
ထုိ ့ျပင္ ျပည္နယ္ ဘ႑ာေရးဝန္ႀကီးဌာန ဝန္ႀကီး Jayant Maliya က ၄င္းဥပေဒျပဌာန္းခ်က္တြင္ လူငယ္မ်ား အုပ္စုဖြဲ ့အဓမၼက်ဴးလြန္မႈမ်ားလည္း ေသဒဏ္ျပစ္ဒဏ္ခ်မွတ္ရန္ အက်ံဳးဝင္မည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
အိႏိၵယႏုိင္ငံ၌ အမ်ိဳးသမီးမ်ား ႏွင့္ ကေလးငယ္မ်ားမွာ အဓမၼက်ဴးလြန္ခံေနရျခင္းေၾကာင့္ ၄င္းတုိ ့၏ လံုျခံဳေရး အတြက္ ႏုိင္ငံအတြင္းရွိ ရဲတပ္ဖြဲ ့၏ ျပဳမူေဆာင္ရြက္ခ်က္အေပၚ ေမးခြန္းထုတ္စရာ ျဖစ္ေနသည္။
၂ဝ၁၂ ခုႏွစ္ ဒီဇင္ဘာလတြင္ နယူးေဒလီၿမိဳ ့ရွိ ေဆးတကၠသုိလ္ေက်ာင္းသူတစ္ဦးအား အုပ္စုဖြဲ ့မုဒိန္းက်င့္မႈတစ္ခု ျဖစ္ပြားခဲ့ရာ ယင္းမွာ အိႏိၵယႏုိင္ငံ၌ အမ်ိဳးသမီးမ်ားေပၚ ရာဇဝတ္မႈက်ဴးလြန္ေနေၾကာင္း မီးေမာင္းထုိးျပစရာ တစ္ခုျဖစ္ခဲ့သည္။
၄င္းျဖစ္စဥ္ေၾကာင့္ ႏုိင္ငံအတြင္း ဆႏၵျပပြဲအႀကီးအက်ယ္ျဖစ္ပြားခဲ့ၿပီး ရလဒ္အေနျဖင့္ နုိင္ငံအတြင္း မုဒိန္းမႈဆန္ ့က်င္ေရး ဥပေဒမ်ား ေပၚထြက္ခဲ့သည္။သုိ ့ေသာ္လည္း အိႏိၵယႏုိင္ငံတြင္ အမ်ိဳးသမီးမ်ားအေပၚ လူမဆန္ ့သည့္ အဓမၼက်ဴးလြန္မႈမ်ား ဆက္လက္ျဖစ္ပြားလ်က္ရွိေနေၾကာင္း သိရသည္။
<Unicode>
နယူးဒေလီ ၊ နိုဝင်ဘာ ၂၇ ရက်(ဆင်ဟွာ)
အိန္ဒိယနိုင်ငံအလယ်ပိုင်း Madhya Pradesh ပြည်နယ် ဒေသဆိုင်ရာအစိုးရက သက်ငယ်မုဒိန်းမှုကို သေဒဏ်အပြစ်ပေးရန် နိုဝင်ဘာလ ၂၆ ရက်က အတည်ပြုလိုက်ကြောင်း သိရသည်။
“ Madhya Pradesh အစိုးရအဖွဲ ့ဟာ အသက် ၁၂ နှစ်အောက် ကလေးငယ်တွေအပေါ် မုဒိန်းမှုကျူးလွန်သူတွေကို သေဒဏ်ပြစ်ဒဏ် ချမှတ်ဖို ့ယနေ ့( နိုဝင်ဘာ ၂၆ ရက်) မှာ အတည်ပြုခဲ့ကြပါတယ်” ဟု ဒေသဆိုင်ရာ အစိုးရအဖွဲ ့ဝင် အရာရှိတစ်ဦးက ဆိုသည်။
“ အစိုးရအဖွဲ ့အစည်းအဝေးကို ပြည်နယ်ဝန်ကြီးချုပ် Shivraj Singh Chouhan က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့ပါတယ်” ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
ထိုသို ့ပြစ်ဒဏ်သတ်မှတ်လိုက်ခြင်းဖြစ် ပြည်နယ်အတွင်း အမျိုးသမီးများ နှင့် ကလေးငယ်များအပေါ် အဓမ္မကျူးလွန်မှုများ လျော့နည်းသွားမည်ဟု ပြည်နယ်အစိုးရ ယုံကြည်ထားသည်။
ထို ့ပြင် ပြည်နယ် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး Jayant Maliya က ၄င်းဥပဒေပြဌာန်းချက်တွင် လူငယ်များ အုပ်စုဖွဲ ့အဓမ္မကျူးလွန်မှုများလည်း သေဒဏ်ပြစ်ဒဏ်ချမှတ်ရန် အကျုံးဝင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ၌ အမျိုးသမီးများ နှင့် ကလေးငယ်များမှာ အဓမ္မကျူးလွန်ခံနေရခြင်းကြောင့် ၄င်းတို ့၏ လုံခြံုရေး အတွက် နိုင်ငံအတွင်းရှိ ရဲတပ်ဖွဲ ့၏ ပြုမူဆောင်ရွက်ချက်အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေသည်။
၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလတွင် နယူးဒေလီမြို ့ရှိ ဆေးတက္ကသိုလ်ကျောင်းသူတစ်ဦးအား အုပ်စုဖွဲ ့မုဒိန်းကျင့်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ယင်းမှာ အိန္ဒိယနိုင်ငံ၌ အမျိုးသမီးများပေါ် ရာဇဝတ်မှုကျူးလွန်နေကြောင်း မီးမောင်းထိုးပြစရာ တစ်ခုဖြစ်ခဲ့သည်။
၄င်းဖြစ်စဉ်ကြောင့် နိုင်ငံအတွင်း ဆန္ဒပြပွဲအကြီးအကျယ်ဖြစ်ပွားခဲ့ပြီး ရလဒ်အနေဖြင့် နိုင်ငံအတွင်း မုဒိန်းမှုဆန် ့ကျင်ရေး ဥပဒေများ ပေါ်ထွက်ခဲ့သည်။သို ့သော်လည်း အိန္ဒိယနိုင်ငံတွင် အမျိုးသမီးများအပေါ် လူမဆန် ့သည့် အဓမ္မကျူးလွန်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိနေကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com/
Read in : All Update Reader