ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံၾကား ဒုကၡသည္ ျပန္လည္ပို႔ေဆာင္လက္ခံေရးကိစၥမွာ တတိယႏိုင္ငံ မပါဝင္ဘဲ၊ သေဘာတူညီခ်က္ရရွိခဲ့တာဟာ ႀကီးမားတဲ့ေအာင္ျမင္မႈျဖစ္ေၾကာင္း ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာဆီနာ က ေျပာလိုက္ပါတယ္။
ဒါကာၿမိဳ႕ေတာ္မွာ တနဂၤေႏြေန႔ကက်င္းပခဲ့တဲ့ သံတမန္မ်ားဆိုင္ရာ ညီလာခံတခုမွာ ေျပာၾကားခဲ့တာပါ။
ရခိုင္ျပည္နယ္ ပဋိပကၡေၾကာင့္ ဘဂၤလားေဒ့ရွ္ကို ထြက္ေျပးခဲ့ၾကတဲ့ မြတ္စလင္ဒုကၡသည္ေတြအေရးနဲ႔ ပတ္သက္ၿပီး ၾကားဝင္ေဆာင္ရြက္ေပးလိုေၾကာင္း တရုတ္ျပည္က ေျပာဆိုခဲ့ပါတယ္။ ဒါေပမဲ့ ဘဂၤလားေဒ့ရွ္ဘက္က သေဘာမတူခဲ့ပါဘူး။
ႏိုင္ငံတကာအသိုင္းအ၀ိုင္းက ဖိအားေပးေနေပမဲ့၊ အိမ္နီးခ်င္း ျမန္မာႏိုင္ငံနဲ႔ ခ်စ္ၾကည္ရင္းႏွီးမႈ မပ်က္ေစဘဲ၊ အျပန္အလွန္ေဆြးေႏြးညွိႏိႈင္းတာေတြကေန အခုဆိုရင္ သေဘာတူညီခ်က္တရပ္ကိုေတာ့ အနည္းဆံုးရရွိခဲ့ၿပီျဖစ္ပါတယ္လို႔ ရွိတ္ဟာဆီနာ က ေျပာပါတယ္။
ဒီအတြင္း ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံၾကား ဒုကၡသည္ ျပန္လည္ပိုေဆာင္လက္ခံေရး သေဘာတူခဲ့ၾကတဲ့ကိစၥမွာ ဘဂၤလားဒ့ရွ္အစိုးရဟာ အမ်ိဳးသားအက်ိးစီးပြားကို လစ္လ်ဴရႈခဲ့တယ္လို႔ အတိုက္အခံ BNP ပါတီ အေထြေထြအတြင္းေရးမွဴးခ်ဳပ္ မီရ္ဇာ ဖက္ရူး က ေျပာလိုက္ပါတယ္။
ဒီသေဘာတူညီခ်က္ကို ရွိတ္ဟာဆီနာ အစိုးရရဲ႕ သံေရးတမန္ေရး စြမ္းေဆာင္ခ်က္အျဖစ္ ေျပာေနေပမဲ့၊ တကယ္ေတာ့ ႏိုင္ငံ့အက်ိဳးစီးပြား ထိခိုက္သြားရတာျဖစ္ေၾကာင္း၊ သေဘာတူညီခ်က္မွာ တစ္စံုတရာ ဖိအားမပါ၊ တကယ့္ပါဝင္ရမယ့္ အခ်က္အလက္မပါဘဲျဖစ္ေနေၾကာင္းလည္း ေျပာပါတယ္။
ဒီကိစၥနဲ႔ပတ္သက္ၿပီး သင့္ေတာ္တဲ့အခ်ိန္မွာ ျပည္သူလူထုကိုခ်ျပမယ္လို႔လည္းေျပာပါတယ္။
<Unicode>
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ဒုက္ခသည် ပြန်လည်ပို့ဆောင်လက်ခံရေးကိစ္စမှာ တတိယနိုင်ငံ မပါဝင်ဘဲ၊ သဘောတူညီချက်ရရှိခဲ့တာဟာ ကြီးမားတဲ့အောင်မြင်မှုဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ က ပြောလိုက်ပါတယ်။
ဒါကာမြို့တော်မှာ တနင်္ဂနွေနေ့ကကျင်းပခဲ့တဲ့ သံတမန်များဆိုင်ရာ ညီလာခံတခုမှာ ပြောကြားခဲ့တာပါ။
ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြတဲ့ မွတ်စလင်ဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး ကြားဝင်ဆောင်ရွက်ပေးလိုကြောင်း တရုတ်ပြည်က ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က သဘောမတူခဲ့ပါဘူး။
နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားပေးနေပေမဲ့၊ အိမ်နီးချင်း မြန်မာနိုင်ငံနဲ့ ချစ်ကြည်ရင်းနှီးမှု မပျက်စေဘဲ၊ အပြန်အလှန်ဆွေးနွေးညှိနှိုင်းတာတွေကနေ အခုဆိုရင် သဘောတူညီချက်တရပ်ကိုတော့ အနည်းဆုံးရရှိခဲ့ပြီဖြစ်ပါတယ်လို့ ရှိတ်ဟာဆီနာ က ပြောပါတယ်။
ဒီအတွင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ဒုက္ခသည် ပြန်လည်ပိုဆောင်လက်ခံရေး သဘောတူခဲ့ကြတဲ့ကိစ္စမှာ ဘင်္ဂလားဒ့ရှ်အစိုးရဟာ အမျိုးသားအကျိးစီးပွားကို လစ်လျူရှုခဲ့တယ်လို့ အတိုက်အခံ BNP ပါတီ အထွေထွေအတွင်းရေးမှူးချုပ် မီရ်ဇာ ဖက်ရူး က ပြောလိုက်ပါတယ်။
ဒီသဘောတူညီချက်ကို ရှိတ်ဟာဆီနာ အစိုးရရဲ့ သံရေးတမန်ရေး စွမ်းဆောင်ချက်အဖြစ် ပြောနေပေမဲ့၊ တကယ်တော့ နိုင်ငံ့အကျိုးစီးပွား ထိခိုက်သွားရတာဖြစ်ကြောင်း၊ သဘောတူညီချက်မှာ တစ်စုံတရာ ဖိအားမပါ၊ တကယ့်ပါဝင်ရမယ့် အချက်အလက်မပါဘဲဖြစ်နေကြောင်းလည်း ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သင့်တော်တဲ့အချိန်မှာ ပြည်သူလူထုကိုချပြမယ်လို့လည်းပြောပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
Read in : All Update Reader