Responsive Ad Slot

Latest

Sports

ဘဂၤလားျမန္မာ ထြက္ေျပးဒုကၡသည္ ျပန္ေခၚေရးစာခ်ဳပ္

Monday, November 27, 2017

ထြက္ေျပးရိုဟင္ဂ်ာေတြ ျပန္ေခၚေရး ဘဂၤလား ျမန္မာ သေဘာတူစာခ်ဳပ္

ျမန္မာနိုင္ငံကေန ဘဂၤလားေဒ့ရွ္ဘက္ကို ထြက္ေျပးသြားၾကတဲ့ ရိုဟင္ဂ်ာမြတ္ဆလင္ေတြကို ျပန္လည္လက္ခံေရးအတြက္ ဘဂၤလား၊ ျမန္မာႏွစ္နိုင္ငံ သေဘာတူစာခ်ဳပ္ကို နိုဝင္ဘာ လ ၂၃ ရက္ေန႔ကလက္မွတ္ေရးထိုးခဲ့ပါတယ္။

ဒီစာခ်ဳပ္မွာ ထူးျခားတာတခ်က္ကေတာ့ ရိုဟင္ဂ်ာ သို႔မဟုတ္ ဘဂၤါလီဆိုတဲ့ အသုံးအႏွုန္းႏွစ္မ်ိဳးစလုံးကို ေရွာင္ရွားၿပီး ရခိုင္ျပည္နယ္က မြတ္ဆလင္ေတြလို႔ သုံးႏွုန္းထားတာကိုေတြ႕ရပါတယ္။

ျပန္လည္ေခၚယူေရး အစီအစဥ္ကို ၂ လအတြင္း စတင္ရမယ္လို႔လည္း သတ္မွတ္ေဖာ္ျပထားပါတယ္။

ေခၚယူမယ့္ အေရအတြက္ကိုလည္း ဘယ္ေရြ႕ဘယ္မၽွဆိုၿပီး ႀကိဳတင္ကန္႔သတ္ထားတာမ်ိဳး မဟုတ္ဘဲ ျမန္မာနိုင္ငံမွာ ေနထိုင္ခဲ့ဖူးတဲ့ အေထာက္အထားျပနိုင္သူမွန္သမၽွကို ျပန္လည္ေခၚယူလက္ခံမယ္လို႔ ေဖာ္ျပထားပါတယ္။

ဒါေပမယ့္ အခုေခၚယူမယ့္ အစီအစဥ္ဟာ ၂၀၁၆ ခု ေအာက္တိုဘာနဲ႔ ၂၀၁၇ ၾသဂုတ္လ ၂၅ ရက္ေနာက္ပိုင္းထြက္ေျပးသြားတဲ့သူေတြကို သာျပန္လည္ စီစစ္ ေခၚယူမွာျဖစ္တယ္လို႔ ဆိုပါတယ္။ ဒီ့အရင္က ထြက္ေျပးသူေတြနဲ႔ ပတ္သက္လို႔ေတာ့ သီးျခားစဥ္းစားမယ္လို႔ ဆိုထားပါတယ္။

ေခၚယူတဲ့လုပ္ငန္းစဥ္ၿပီးဆုံးမယ့္အခ်ိန္ဟာလည္း သဘာဝက်တဲ့ ၿပီးဆုံးခ်ိန္ reasonable time ျဖစ္ရမယ္လို႔ ဆိုပါတယ္။ ေစာေစာပိုင္းက ျမန္မာအရာရွိတခ်ိဳ႕ေျပာၾကသလို တေန႔ ၁၀၀ ၁၅၀ ဆိုတဲ့ သတ္မွတ္ခ်က္မ်ိဳးလည္း ပါဝင္တာ မေတြ႕ရပါဘူး။

အခုျပန္လည္ေခၚယူတဲ့အခါမွာေတာ့ ျမန္မာနိုင္ငံမွာ ေနထိုင္ခဲ့ဖူးေၾကာင္း အေထာက္အထားေတြကို စီစစ္ လက္ခံမယ္လို႔ သေဘာတူညီခ်က္မွာ ေဖာ္ျပထားပါတယ္။ ျမန္မာနိုင္ငံမွာ ေနခဲ့ဖူးတဲ့ အေထာက္အထားဆိုရာမွာ အရင္တုန္းက သက္တမ္းကုန္ဆုံးသြားတဲ့ သုံးေခါက္ခ်ိဳး အစိမ္းမွတ္ပုံတင္၊ ဝွိုက္ကတ္၊ NVC ကတ္စတဲ့ ကတ္အမ်ိဳးမ်ိဳးေတြ ျမန္မာနိုင္ငံမွာ စီးပြားေရးလုပ္ကိုင္ဖူးေၾကာင္း ေက်ာင္းေနဖူးေၾကာင္း စတဲ့ အေထာက္အထားေတြ ပါဝင္ပါတယ္။ ဒါေပမယ့္ အဲသလို ေနထိုင္ခဲ့ဖူးေၾကာင္း စီစစ္တဲ့ လုပ္ငန္းစဥ္ဟာ နိုင္ငံသားစီစစ္ေရးလုပ္ငန္းစဥ္နဲ႔ မတူညီေၾကာင္း သီျခားစီျဖစ္ေၾကာင္းကိုလည္း စာခ်ဳပ္မွာထည့္သြင္းေရးသားထားပါတယ္။

လိုအပ္ရင္ ကုလသမဂၢ ဒုကၡသည္မ်ားမဟာမင္းႀကီး႐ုံးနဲ႔ ဆက္သြယ္ေဆာင္ရြက္သြားမယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္ လိုအပ္ရင္ ဆိုတာ ဘယ္လိုလိုအပ္တာမ်ိဳးျဖစ္ၿပီး ဘယ္လိုအကူအညီမ်ိဳးကိုေတာင္းခံမလဲဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရပါဘူး။

ထြက္သြားသူေတြကို နိုင္ငံတြင္းကေန တရားမဝင္ ထြက္သြားျခင္းဝင္လာျခင္းဆိုတဲ့ ပုဒ္မေတြနဲ႔ တရားမစြဲပါဘူးလို႔လည္း စာခ်ဳပ္မွာ အာမခံထားပါတယ္။ ဒါေပမယ့္ အၾကမ္းဖက္ေျခာက္လွန္႔မွု တဲရစ္စ္ အမွု ရာဇဝတ္မွုနဲ႔ ၿငိစြန္းသူေတြမဟုတ္ခဲ့ရင္ဆိုတဲ့ ႁခြင္းခ်က္ကိုလည္း ထည့္သြင္းေဖာ္ျပထားပါတယ္။

ဒီစာခ်ဳပ္မွာ မိမိဆႏၵအေလ်ာက္ ျပန္လာလိုသူေတြကိုသာ လက္ခံေခၚယူမယ္လို႔ ဆိုထားတဲ့အတြက္ တကယ္လို႔ ျပန္မလာရဲၾကလို႔ ဆႏၵအေလ်ာက္ျပန္မလာတဲ့သူေတြ မ်ားေနခဲ့ရင္ အဲဒီလူေတြအတြက္ ဘာဆက္လုပ္မလဲဆိုတာကိုလည္း ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

<Unicode>
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေကို ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလား၊ မြန်မာနှစ်နိုင်ငံ သဘောတူစာချုပ်ကို နိုဝင်ဘာ လ ၂၃ ရက်နေ့ကလက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီစာချုပ်မှာ ထူးခြားတာတချက်ကတော့ ရိုဟင်ဂျာ သို့မဟုတ် ဘင်္ဂါလီဆိုတဲ့ အသုံးအနှုန်းနှစ်မျိုးစလုံးကို ရှောင်ရှားပြီး ရခိုင်ပြည်နယ်က မွတ်ဆလင်တွေလို့ သုံးနှုန်းထားတာကိုတွေ့ရပါတယ်။

ပြန်လည်ခေါ်ယူရေး အစီအစဉ်ကို ၂ လအတွင်း စတင်ရမယ်လို့လည်း သတ်မှတ်ဖော်ပြထားပါတယ်။

ခေါ်ယူမယ့် အရေအတွက်ကိုလည်း ဘယ်ရွေ့ဘယ်မျှဆိုပြီး ကြိုတင်ကန့်သတ်ထားတာမျိုး မဟုတ်ဘဲ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ဖူးတဲ့ အထောက်အထားပြနိုင်သူမှန်သမျှကို ပြန်လည်ခေါ်ယူလက်ခံမယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် အခုခေါ်ယူမယ့် အစီအစဉ်ဟာ ၂၀၁၆ ခု အောက်တိုဘာနဲ့ ၂၀၁၇ သြဂုတ်လ ၂၅ ရက်နောက်ပိုင်းထွက်ပြေးသွားတဲ့သူတွေကို သာပြန်လည် စီစစ် ခေါ်ယူမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီ့အရင်က ထွက်ပြေးသူတွေနဲ့ ပတ်သက်လို့တော့ သီးခြားစဉ်းစားမယ်လို့ ဆိုထားပါတယ်။

ခေါ်ယူတဲ့လုပ်ငန်းစဉ်ပြီးဆုံးမယ့်အချိန်ဟာလည်း သဘာဝကျတဲ့ ပြီးဆုံးချိန် reasonable time ဖြစ်ရမယ်လို့ ဆိုပါတယ်။ စောစောပိုင်းက မြန်မာအရာရှိတချို့ပြောကြသလို တနေ့ ၁၀၀ ၁၅၀ ဆိုတဲ့ သတ်မှတ်ချက်မျိုးလည်း ပါဝင်တာ မတွေ့ရပါဘူး။

အခုပြန်လည်ခေါ်ယူတဲ့အခါမှာတော့ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ဖူးကြောင်း အထောက်အထားတွေကို စီစစ် လက်ခံမယ်လို့ သဘောတူညီချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ နေခဲ့ဖူးတဲ့ အထောက်အထားဆိုရာမှာ အရင်တုန်းက သက်တမ်းကုန်ဆုံးသွားတဲ့ သုံးခေါက်ချိုး အစိမ်းမှတ်ပုံတင်၊ ဝှိုက်ကတ်၊ NVC ကတ်စတဲ့ ကတ်အမျိုးမျိုးတွေ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ကိုင်ဖူးကြောင်း ကျောင်းနေဖူးကြောင်း စတဲ့ အထောက်အထားတွေ ပါဝင်ပါတယ်။ ဒါပေမယ့် အဲသလို နေထိုင်ခဲ့ဖူးကြောင်း စီစစ်တဲ့ လုပ်ငန်းစဉ်ဟာ နိုင်ငံသားစီစစ်ရေးလုပ်ငန်းစဉ်နဲ့ မတူညီကြောင်း သီခြားစီဖြစ်ကြောင်းကိုလည်း စာချုပ်မှာထည့်သွင်းရေးသားထားပါတယ်။

လိုအပ်ရင် ကုလသမဂ္ဂ ဒုက္ခသည်များမဟာမင်းကြီးရုံးနဲ့ ဆက်သွယ်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လိုအပ်ရင် ဆိုတာ ဘယ်လိုလိုအပ်တာမျိုးဖြစ်ပြီး ဘယ်လိုအကူအညီမျိုးကိုတောင်းခံမလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ထွက်သွားသူတွေကို နိုင်ငံတွင်းကနေ တရားမဝင် ထွက်သွားခြင်းဝင်လာခြင်းဆိုတဲ့ ပုဒ်မတွေနဲ့ တရားမစွဲပါဘူးလို့လည်း စာချုပ်မှာ အာမခံထားပါတယ်။ ဒါပေမယ့် အကြမ်းဖက်ခြောက်လှန့်မှု တဲရစ်စ် အမှု ရာဇဝတ်မှုနဲ့ ငြိစွန်းသူတွေမဟုတ်ခဲ့ရင်ဆိုတဲ့ ခြွင်းချက်ကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။

ဒီစာချုပ်မှာ မိမိဆန္ဒအလျောက် ပြန်လာလိုသူတွေကိုသာ လက်ခံခေါ်ယူမယ်လို့ ဆိုထားတဲ့အတွက် တကယ်လို့ ပြန်မလာရဲကြလို့ ဆန္ဒအလျောက်ပြန်မလာတဲ့သူတွေ များနေခဲ့ရင် အဲဒီလူတွေအတွက် ဘာဆက်လုပ်မလဲဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ 

ဘီဘီစီျမန္မာပိုင္း
http://www.bbc.com/burmese/

Read in : All Update Reader
Don't Miss