မဲထည့္ေနစဥ္ |
နီေပါလ္ႏုိင္ငံမွာ လြန္ခဲ့တဲ့ ဆယ္ႏွစ္က ဒီမိုကေရစီစနစ္ဘက္ကို ေျပာင္းလဲက်င့္သုံးခဲ့ေပမယ့္ ခိုင္မာအားေကာင္းတဲ့ နုိင္ငံေရးစနစ္ကို မရႏုိင္ေသးပါဘူး။ တနဂၤေႏြေန႔ ေရြးေကာက္ပြဲမွာေတာ့ တည္ၿငိမ္တဲ့ႏိုင္ငံေရးအေျပာင္းအလဲေတြျဖစ္လာေစဖို႔ဆိုတဲ့ ရည္မွန္းခ်က္ေတြနဲ႔ ရြာေတြ ၿမိဳ႔ငယ္ကေလးေတြမွာ ေထာင္ေပါင္းမ်ားစြာေသာ ျပည္သူေတြ မဲဆႏၵေပးခဲ့ၾကပါတယ္။
ဟိမ၀ႏၱာ ေတာင္တန္းေတြေပၚက နီေပါလ္ႏိုင္ငံဟာ ၂၀၀၈ ခုႏွစ္မွာ ဘုရင္စနစ္ကို ဖ်က္သိမ္းၿပီး ဖယ္ဒရယ္ သမၼတႏိုင္ငံေတာ္အျဖစ္ ေျပာင္းလဲက်င့္သုံးခဲ့ၿပီးတဲ့ေနာက္ ပထမဆုံးအႀကိမ္အျဖစ္ ေရြးေကာက္ပြဲက်င္းပတာပါ။ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ေရြးခ်ယ္ရမွာမဟုတ္ေပမယ့္ ျပည္နယ္ကုိယ္စားလွယ္ေတြကို မဲဆႏၵရွင္ေတြက ပထမဆုံးအႀကိမ္ မဲေပးေရြးခ်ယ္ရမွာျဖစ္ပါတယ္။ အဆင့္၂ ဆင့္ က်င္းပမယ့္ မဲဆႏၵေပးပြဲ ပထမအဆင့္မွာ မဲေပးႏုိင္သူ သုံးသန္းေက်ာ္ရွိတာပါ။ မဲဆြယ္ပြဲ ေနာက္ဆုံးရက္ေတြမွာ ေရြးေကာက္ပြဲကိုယ္စားလွယ္ေတြကို ရည္ရြယ္တယ္ဆိုတ့ဲ အေသးစား ေဖာက္ခြဲတုိက္ခိုက္မႈ အေတာ္မ်ားမ်ား ျဖစ္ေပၚခဲ့ၿပီးတဲ့ေနာက္ လုံၿခဳံေရးေတြကို တိုးျမွင့္ခ်ထားခဲ့ပါတယ္။ ဒီတုိက္ခိုက္မႈက ေမာ္၀ါဒီ ပါတီက အုပ္စုကြဲတခုရဲ့ လက္ခ်က္ဆိုၿပီးျပစ္တင္ေျပာဆိုၾကပါတယ္။ ေရြးေကာက္ပြဲမွာ ေမာ္၀ါဒီပါတီ နဲ႔ Communist CNP-UML ပါတီတို႔ပူးေပါင္းထားတဲ့ လက္၀ဲယိမ္း ညႊန္႔ေပါင္းပါတီနဲ႔ နီေပါလ္ လႊတ္ေတာ္က ဦးေဆာင္တဲ့ ဗဟို ၀ါဒီ တို႔က အဓိက ၿပိဳင္ဘက္ပါတီႏွစ္ခုအျဖစ္ ယွဥ္ၿပိဳင္ေနပါတယ္။
မတည္မၿငိမ္ျဖစ္ေနခဲ့တဲ့ ၁၀ ႏွစ္တာ ကာလအတြင္း နီေပါလ္အစိုးရအဖြဲ႔မွာ ၀န္ႀကီးခ်ဳပ္ ၉ ဦးေျပာင္းလဲတာ၀န္ယူခဲ့သလို အကဲဆတ္တဲ့ႏုိင္ငံေရးပါတီေတြကလည္း ဖြဲ႔စည္းပုံဥပေဒပါ အေသးအဖြဲ ကိစၥရပ္ေတြကို ျငင္းခုံေနခဲ့ၾကတာျဖစ္ပါတယ္။ နီေပါလ္ျပည္သူအမ်ားစုကေတာ့ ခုေရြးေကာက္ပြဲမွာ အားေကာင္းတဲ့ ပါတီက အျပတ္အသတ္အႏုိင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။ ဒုတိယအေက်ာ့ မဲဆႏၵေပးပြဲေတြကိုေတာ့ ဒီဇင္ဘာလ ၇ ရက္ေန႔မွာ က်င္းပမွာျဖစ္ၿပီး မဲေရတြက္မႈေတြကေတာ့ ရက္ေပါင္းမ်ားစြာၾကာျမင့္ႏုိင္ပါတယ္။
<Unicode>
နီပေါလ်နိုင်ငံမှာ လွန်ခဲ့တဲ့ ဆယ်နှစ်က ဒီမိုကရေစီစနစ်ဘက်ကို ပြောင်းလဲကျင့်သုံးခဲ့ပေမယ့် ခိုင်မာအားကောင်းတဲ့ နိုင်ငံရေးစနစ်ကို မရနိုင်သေးပါဘူး။ တနင်္ဂနွေနေ့ ရွေးကောက်ပွဲမှာတော့ တည်ငြိမ်တဲ့နိုင်ငံရေးအပြောင်းအလဲတွေဖြစ်လာစေဖို့ဆိုတဲ့ ရည်မှန်းချက်တွေနဲ့ ရွာတွေ မြို့ငယ်ကလေးတွေမှာ ထောင်ပေါင်းများစွာသော ပြည်သူတွေ မဲဆန္ဒပေးခဲ့ကြပါတယ်။
ဟိမဝန္တာ တောင်တန်းတွေပေါ်က နီပေါလ်နိုင်ငံဟာ ၂၀၀၈ ခုနှစ်မှာ ဘုရင်စနစ်ကို ဖျက်သိမ်းပြီး ဖယ်ဒရယ် သမ္မတနိုင်ငံတော်အဖြစ် ပြောင်းလဲကျင့်သုံးခဲ့ပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် ရွေးကောက်ပွဲကျင်းပတာပါ။ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်ရမှာမဟုတ်ပေမယ့် ပြည်နယ်ကိုယ်စားလှယ်တွေကို မဲဆန္ဒရှင်တွေက ပထမဆုံးအကြိမ် မဲပေးရွေးချယ်ရမှာဖြစ်ပါတယ်။ အဆင့်၂ ဆင့် ကျင်းပမယ့် မဲဆန္ဒပေးပွဲ ပထမအဆင့်မှာ မဲပေးနိုင်သူ သုံးသန်းကျော်ရှိတာပါ။ မဲဆွယ်ပွဲ နောက်ဆုံးရက်တွေမှာ ရွေးကောက်ပွဲကိုယ်စားလှယ်တွေကို ရည်ရွယ်တယ်ဆိုတဲ့ အသေးစား ဖောက်ခွဲတိုက်ခိုက်မှု အတော်များများ ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် လုံခြုံရေးတွေကို တိုးမြှင့်ချထားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုက မော်ဝါဒီ ပါတီက အုပ်စုကွဲတခုရဲ့ လက်ချက်ဆိုပြီးပြစ်တင်ပြောဆိုကြပါတယ်။ ရွေးကောက်ပွဲမှာ မော်ဝါဒီပါတီ နဲ့ Communist CNP-UML ပါတီတို့ပူးပေါင်းထားတဲ့ လက်ဝဲယိမ်း ညွှန့်ပေါင်းပါတီနဲ့ နီပေါလ် လွှတ်တော်က ဦးဆောင်တဲ့ ဗဟို ၀ါဒီ တို့က အဓိက ပြိုင်ဘက်ပါတီနှစ်ခုအဖြစ် ယှဉ်ပြိုင်နေပါတယ်။
မတည်မငြိမ်ဖြစ်နေခဲ့တဲ့ ၁၀ နှစ်တာ ကာလအတွင်း နီပေါလ်အစိုးရအဖွဲ့မှာ ၀န်ကြီးချုပ် ၉ ဦးပြောင်းလဲတာဝန်ယူခဲ့သလို အကဲဆတ်တဲ့နိုင်ငံရေးပါတီတွေကလည်း ဖွဲ့စည်းပုံဥပဒေပါ အသေးအဖွဲ ကိစ္စရပ်တွေကို ငြင်းခုံနေခဲ့ကြတာဖြစ်ပါတယ်။ နီပေါလ်ပြည်သူအများစုကတော့ ခုရွေးကောက်ပွဲမှာ အားကောင်းတဲ့ ပါတီက အပြတ်အသတ်အနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒုတိယအကျော့ မဲဆန္ဒပေးပွဲတွေကိုတော့ ဒီဇင်ဘာလ ရ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး မဲရေတွက်မှုတွေကတော့ ရက်ပေါင်းများစွာကြာမြင့်နိုင်ပါတယ်။
ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/
Read in : All Update Reader