ရခိုင်ပြည်နယ် မောင်တော မြို့တွင် လုံခြုံရေးတင်းကြပ်စွာ ချထားသည်ဟု အစိုးရက ထုတ်ပြန်ထားသော်လည်း အောက်တိုဘာလ ၁၁ ရက်နေ့ ညဥ့် ၈ နာရီခန့်က ရခိုင်အိမ်တအိမ်ကို ကျူးကျော် ဝင်ရောက်သည့် ဘင်္ဂလီတစ်ဦးကို ဖမ်းမိပြီး ရဲလက်သို့ အပ်လိုက်သည်ဟု သိရသည်။
" နှစ်ဦးထဲက တစ်ဦးကို ဖမ်းမိပြီး ရဲလက်ကို အပ်လိုက်တာပါ။ အမေက ရန်ကုန်ကို အမေဆေးကုဖို့ သွားနေတုန်း ဘင်္ဂလီနှစ်ဦးက ည ၈ နာရီလောက်မှာ တံခါးကို အပြင်က ဆွဲဖွင့်တာကို ကျွန်တော်ညီမ မြင်တော့ သူခိုးအော်လို့ သားဖနှစ်ယောက်က လိုက်ဖမ်းစဉ် တစ်ယောက်ကို မိပြီးတော့ တစ်ယောက်က လွတ်မြောက်သွားပါတယ်"ဟု ဒေသခံ ဦးစံသိန်းက နိဉ္စရာ သတင်းဌာနသို့ပြောသည်။
ယခုဖြစ်ပွားခဲ့သောအိမ်သည် ဦးစံသိန်း အိမ်နှင့် ခြံဝင်း တစ်ခုတည်းတွင် တည်ရှိပြီး ရပ်ကွက် ၄ တွင်တည်ရှိသည်။
ကျူးကျော်ဝင်ရောက်လာသူမှာ ယာစိမ်း အသက် (၂၀) ခန့် (အဘ) အီချာ ရပ်ကွက် (၅) မှဖြစ်သည်ဟု ဝန်ခံပြောကြားခဲ့သည်ဟုဆိုသည်။
အဖမ်းခံရသည့် ဘ င်္လီလက်ထဲတွင် ဒုတ်ဓါး တစ်စုံတရာ မပါဝင်ဟုဆိုသည်။
မောင်တော နယ်ဘက်တွင် လုံခြုံရေးကို တိုးမြှင့်ချထားသော်လည်း သူ့အိမ်အနီးအနားသို့ လုံခြုံရေး ကင်းလှည့်မှု ယခင်ကထက် နည်းပါး၍ လုံခြုံရေး ကင်းမဲ့သလို ခံစားရသည်ဟု ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မောင်တော ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကို မေးမြန်းရာ ဘင်္ဂလီတစ်ဦးကို ဖမ်းမိသည်မှာ ဟုတ်မှန်ကြောင်း သို့သော် အိမ်အပြင်ဘက် ဘောလုံးကွင်း အနီးတွင်သာဖြစ်ကြောင်း အမူးသမားတစ်ဦးသာ ဖြစ်သည်ဟု နိရဉ္စရာသတင်းဌာနသို့ပြောသည်။
နိရဉ္စရာ
https://www.facebook.com/Narinjara-151742128171206/