Responsive Ad Slot

Latest

Sports

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသည်တင် မှန်လုံယာဉ်တစ်စီး မတော်တဆမှု ဖြစ်ပွားပြီး သံဃာတစ်ပါး အပါအ၀င် နှစ်ဦးဒဏ်ရာရ

Wednesday, October 26, 2016

 
 ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၅၈ မိုင်အနီးတွင် အောက်တိုဘာ ၂၆ ရက် နံနက် ၄ နာရီခွဲခန့်က ယာဉ်မောင်း အပါအ၀င် ခရီးသည် ၃၁ ဦး လိုက်ပါလာပြီး နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော နယူးမန္တလာထွန်း ခရီးသည်တင် မှန်လုံယာဉ်တစ်စီးမှာ ယာဉ်မောင်း အိပ်ငိုက်ရာမှ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ယာဉ်မောင်းအိပ်ငိုက်ရာမှ နယူးမန္တလာထွန်း ခရီးသည်တင် မှန်လုံယာဉ်မှာ လမ်းလယ်ကျွန်း ကွန်ကရစ်တုံးများအား ၀င်တိုက်မိပြီး လမ်းလယ်ကျွန်းအား ကျော်လွန်ကာ တစ်ဖက်ယာဉ်ကြောဖြစ်သည့် ရန်ကုန်-နေပြည်တော် လမ်းဘက်ခြမ်းရှိ ယာဘက်တံတား လက်ရမ်းတန်းအား ဆက်လက်တိုက်မိပြီး လက်ရမ်းပေါ်တွင် ရပ်တန့် သွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသော သံဃာ ၁၊ ကျား ၂၀ ဦး၊ မ ၁၀ ဦး၊ စုစုပေါင်း ၃၁ ဦးအနက် သံဃာ ၁ ပါးနှင့် ယာဉ်မောင်းဖြစ်သူ အမျိုးသား တစ်ဦးတို့သာ ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ပြီး ကျန်ခရီးသည်များ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိကြောင်း သိရသည်။

ယာဉ်မတော်တဆမှု ဖြစ်ပွားရာသို့ ဘောနီအမြန်လမ်း ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ဘောနီအမြန်လမ်း မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

■ ဇော်ဝင်းချစ်(တောင်ငူ)


Eleven Media Group
https://www.facebook.com/ElevenMediaGroup/
Don't Miss