နွားနို့အချို့တွင် ဆိုးဆေးများအသုံးပြုနေသဖြင့် အရောအ နှောပါဝင်သည့် အစားအစာများ နှင့် ဓာတုဆေးဝါး အသုံးပြုထား သည့် အသီးအနှံများကို ဆီးချို သွေးချို ရောဂါရှင်များ သတိပြုစားသုံးသင့်ကြောင်း သတင်းရရှိ သည်။
နွားနို့အရည်ပျစ်စေရန် ကြံမှ ထုတ်လုပ်သည့်ပစ္စည်းများထည့် ခြင်း၊ ဒံပေါက် ချက်ရာတွင် အ သုံးပြုသည့် ဆိုးဆေးများပါဝင်နေ သောကြောင့် သေချာစွာ ရွေးချယ်သောက်သုံးသင့်ကြောင်း မြန်မာ နိုင်ငံဆီးချိုသွေးချိုအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ တင့်ဆွေ လတ်က ပြောသည်။
‘‘အရင်တုန်းက နွားနို့ကို ရေ ရောတာ၊ နွားနို့ပျစ်အောင်ဆိုပြီး ဝမ်းချုပ်ရင် သောက်တဲ့ ဆခါး ရောတာတွေ၊ သကြားထည့်တာ တွေရှိတယ်။ မြန်မာနိုင်ငံမှာ နွားနို့ တော်တော်များများကို ဒီလိုလုပ် တယ်ဆိုတာ လေ့လာထားတဲ့ သု တေသနတွေအရ ပြောတာ။ အခု ကျတော့ ကြံက ထွက်တဲ့ဟာကို ကျိုလိုက်ရင် ကပ်စေးနှဲဆိုတာ ရှိ တယ်။ အဲဒါရောတယ်။ နောက်ပြီးနွားနို့အရောင်က ဝါတာတာ ဆို တော့ ဒံပေါက်ဆိုးဆေးနည်းနည်းထည့်လိုက်တယ်လို့ နွားနို့ရောင်းတဲ့သူတချို့ကို မေးကြည့်လို့သိရတယ်။ ဒါကြောင့် နွားနို့စစ်စစ်ကို သေသေချာချာရွေးချယ်ပြီးမှ သောက်ပါ’’ဟု ၎င်းက ဆိုသည်။
ဆန်ကို စားသုံးသည့်အခါ၌ လည်း အလွန်အကျွံ ဖြူအောင် ချွတ်ထားသည့် ဆန်များထက် လုံးတီးဆန် (အညိုရောင်ကျန်သည့် ဆန်)များကို ရွေးချယ်သင့်ပြီး ဈေး ကွက်အတွင်း ဆီးချိုရောဂါရှင် များအတွက် ဆိုကာ သတ်မှတ် ရောင်းချနေသည့်ဆန်များသည် ဆီးချိုဆန်မဟုတ်ကြောင်း ဒေါက်တာ တင့်ဆွေလတ်က ဆိုသည်။
‘‘ဆီးချိုသမားတွေအတွက် ဆီးချိုဆန်ဆိုတာ တကယ်တော့ မရှိဘူး။ ဆီးချိုဆန်ဆိုပြီး ဘယ်သူ က သတ်မှတ်လိုက်လဲမသိဘူး။ ဆီးချိုဆန်ဆိုတာနဲ့ ပုံမှန်ဆန်ထက်လည်း ဈေးနှုန်းက ပိုများသွား တယ်။ ဆီးချိုသမားတွေကလည်း ဆီးချိုဆန်စားထားတာ ကိုယ့်အ တွက် လုံခြုံပြီထင်ပြီး တခြားမတည့်တဲ့ အစားအစာတွေပါ လျှောက်ပြီး စားကုန်ကြတယ်’’ဟု ၎င်းက ပြောသည်။
ထို့အပြင် အဖြူရောင်ပေါင်မုန့်များသည် ဆီးချိုကို ပိုမိုတက်စေနိုင်သောကြောင့် ရှောင်ကြဉ်သင့်ပြီး သွေးချိုတက်နေသည့် အချိန်တွင် သစ်သီးဝလံစားသုံးခြင်းကို ရှောင်ကြဉ်ရန်နှင့် ဓာတုဆိုးဆေး ထိုးသွင်းထားသည့် အသီးအနှံ များကို ပိုမိုသတိထားသင့်ကြောင်း ၎င်းက ထပ်လောင်း ပြောကြား သည်။
7Day Daily
http://www.7daydaily.com