Responsive Ad Slot

Latest

Sports

စစ္ေတြလယ္သမားမ်ား သိမ္းဆည္းေျမ ျပန္ရေရး (၅) ႀကိမ္ေျမာက္ ဆႏၵေဖာ္ထုတ္

Monday, November 27, 2017


စစ္ေတြ၊ ႏိုဝင္ဘာ ၂၇

စစ္ေတြျမိဳ႕နယ္မွ လယ္သမား ၂၀၀ ခန္႕သည္ စက္မႈဇုန္စီမံကိန္းပ်က္သြားျပီ ျဖစ္သျဖင့္ သူတို႕ထံမွ စက္မႈဇုန္တည္ေဆာက္ရန္အတြက္ သိမ္းဆည္းသြားခဲ့သည့္ လယ္ယာေျမမ်ားအား ျပန္လည္ ရရွိေရး အတြက္ ရည္ရြယ္ျပီး (၅) ႀကိမ္ေျမာက္ ဆႏၵထုတ္ေဖာ္ ေတာင္းဆိုပြဲကို စစ္ေတြျမိဳ႕တြင္ ႏို၀င္ဘာ ၂၆ ရက္ေန႕က ျပဳလုပ္ခဲ့ၾကသည္။

၎ဆႏၵထုတ္ေဖာ္ပြဲကို စစ္ေတြ ျမိဳ႕လယ္ရွိ ဝကၤဘာကြင္းတြင္ ေန႔လယ္ ၁ နာရီမွ စတင္ ျပဳလုပ္ ခဲ့ၾကျပီး ပိုစတာမ်ား၊ ဆိုင္းဘုတ္မ်ားကို ကိုယ္စီကိုင္ေဆာင္ကာ ေၾကြးေၾကာ္သံမ်ား ေၾကြးေၾကာ္ျပီး ဆႏၵေဖာ္ထုတ္ခဲ့ၾကသည္။

'' ကၽြန္ေတာ္တို႕ လယ္ေျမေတြကို ၁၉၉၃ ခုႏွစ္ကတည္း က စက္မႈဇုန္ စီမံကိန္းအတြက္ ဆိုျပီး သိမ္းယူသြားတာပါ။ သိမ္းယူသြားေပမယ့္ အခု အခ်ိန္ထိ ဘာစက္မႈဇုန္မွ မလုပ္ဘူး။ လက္ရွိ သိရတာကေတာ့ စက္မႈဇုန္စီမံကိန္းလည္း ပ်က္သြားျပီလို႕ သိရပါတယ္။ စက္မႈစီမံကိန္း ပ်က္သြားေတာ့ ဒီလယ္ေျမေတြကို ကၽြန္ေတာ္တို႕ကို ျပန္ေပးရမယ့္အစား အစိုးရ တာ၀န္ရွိသူေတြ၊ ႏိုင္ငံေရးသမားေတြ၊ စစ္ေတြက နာမည္ၾကီး လူပုဂၢိဳလ္ တစ္ခ်ိဳ႕က ခြဲေ၀ယူထားၾကတယ္လို႕ သိရပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို႕ဆီက သိမ္းထားတဲ့ လယ္ေတြကို ကၽြန္ေတာ္တို႕ ျပန္ေပးဖို႕ေတာင္းဆို ဆႏၵေဖာ္ထုတ္ရတာ ျဖစ္ပါတယ္” ဟု မင္းျဒားခ်ိတ္ရြာမွ လယ္ေျမသိမ္းခံရသူ လယ္သမား ဦးေမာင္ထြန္းသိန္း က ေျပာသည္။

ယခုလို ဆႏၵေဖာ္ထုတ္ ေတာင္းဆိုမႈကို ၂၀၁၆ ၾသဂုတ္လတြင္ ပထမအႀကိမ္ စတင္ျပဳလုပ္ခဲ့ျပီး ယခု ဆႏၵေဖာ္ထုတ္ပြဲႏွင့္ပါဆိုလွ်င္ ( ၅) ၾကိမ္တိတိ ရွိခဲ့ပါျပီဟု ဦးေမာင္ထြန္းသိန္းက ဆက္လက္ ေျပာၾကားသည္။

သိမ္းဆည္းခံထားရသည့္ လယ္ယာေျမ စုစုေပါင္းမွာ ဧက ၂၈၀၀ ေက်ာ္ ရွိျပီး ၎လယ္ေျမမ်ား၏ မူလပိုင္ရွင္မ်ားမွာ စစ္ေတြၿမိဳ႕နယ္မွ ဆတ္ရိုးက် ၊ မင္းျဒားခ်ိတ္၊ ေမာင္နီျပင္ ၊ ပါဒလိတ္ မ်ားမွ စသည့္ ရြာမ်ားမွ ျဖစ္ၾကသည္ဟု သိရသည္။

“ ယခုအခ်ိန္ထိ ဒီလယ္ေျမေတြနဲ႕ ပတ္သက္ျပီး ျပည္နယ္ အစုိးရဆီက ျပတ္သားတဲ့ ဆံုးျဖတ္ခ်က္မ်ိဳးထြက္မလာေသးဘူး။ ေလ်ာ္ေၾကးေပးမယ္ဆိုေပမယ့္ လက္ရွိ တန္ဖိုးထက္နည္းရင္ ကၽြန္ေတာ္တို႕ လက္ခံမွာ မဟုတ္ဘူး။ ကၽြန္ေတာ္တို႕ကေတာ့ ကိုယ့္လယ္ေျမ ကိုယ္ျပန္လိုခ်င္ပါတယ္” ဟု သူက ေျပာၾကားသည္။

သိမ္းဆည္းခံ လယ္ေျမမ်ား ျပန္လည္ရရွိ ဒို ့အေရး၊ လယ္ယာေျမမ်ားတရားမဲ့ ရယူထား သူမ်ားအား အေရးယူေပးေရး ဒို ့အေရး စသည့္ အခ်က္ မ်ားကို ဆႏၵေဖာ္ထုတ္ ေတာင္းဆိုခဲ့ၾကသည္ဟု သိရသည္။

ဆႏၵေဖာ္ထုတ္သူမ်ားသည္ စစ္ေတြ ဝကၤဘာကြင္းမွ စတင္၍ ေက်ာင္းတက္လမ္း၊ လမ္းမႀကီး၊ ေနလ ခြဆံု၊ ကုန္သြယ္လမ္း၊ စက္ရံုစု ၊ ပုသိမ္းလမ္း ၊ဝကၤဘာကြင္းထိ ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။


<Unicode>
စစ်တွေ၊ နိုဝင်ဘာ ၂၇

စစ်တွေမြို့နယ်မှ လယ်သမား ၂၀၀ ခန့်သည် စက်မှုဇုန်စီမံကိန်းပျက်သွားပြီ ဖြစ်သဖြင့် သူတို့ထံမှ စက်မှုဇုန်တည်ဆောက်ရန်အတွက် သိမ်းဆည်းသွားခဲ့သည့် လယ်ယာမြေများအား ပြန်လည် ရရှိရေး အတွက် ရည်ရွယ်ပြီး (၅) ကြိမ်မြောက် ဆန္ဒထုတ်ဖော် တောင်းဆိုပွဲကို စစ်တွေမြို့တွင် နိုဝင်ဘာ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။

၎င်းဆန္ဒထုတ်ဖော်ပွဲကို စစ်တွေ မြို့လယ်ရှိ ဝင်္ကဘာကွင်းတွင် နေ့လယ် ၁ နာရီမှ စတင် ပြုလုပ် ခဲ့ကြပြီး ပိုစတာများ၊ ဆိုင်းဘုတ်များကို ကိုယ်စီကိုင်ဆောင်ကာ ကြွေးကြော်သံများ ကြွေးကြော်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

'' ကျွန်တော်တို့ လယ်မြေတွေကို ၁၉၉၃ ခုနှစ်ကတည်း က စက်မှုဇုန် စီမံကိန်းအတွက် ဆိုပြီး သိမ်းယူသွားတာပါ။ သိမ်းယူသွားပေမယ့် အခု အချိန်ထိ ဘာစက်မှုဇုန်မှ မလုပ်ဘူး။ လက်ရှိ သိရတာကတော့ စက်မှုဇုန်စီမံကိန်းလည်း ပျက်သွားပြီလို့ သိရပါတယ်။ စက်မှုစီမံကိန်း ပျက်သွားတော့ ဒီလယ်မြေတွေကို ကျွန်တော်တို့ကို ပြန်ပေးရမယ့်အစား အစိုးရ တာဝန်ရှိသူတွေ၊ နိုင်ငံရေးသမားတွေ၊ စစ်တွေက နာမည်ကြီး လူပုဂ္ဂိုလ် တစ်ချို့က ခွဲဝေယူထားကြတယ်လို့ သိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဆီက သိမ်းထားတဲ့ လယ်တွေကို ကျွန်တော်တို့ ပြန်ပေးဖို့တောင်းဆို ဆန္ဒဖော်ထုတ်ရတာ ဖြစ်ပါတယ်” ဟု မင်းဒြားချိတ်ရွာမှ လယ်မြေသိမ်းခံရသူ လယ်သမား ဦးမောင်ထွန်းသိန်း က ပြောသည်။

ယခုလို ဆန္ဒဖော်ထုတ် တောင်းဆိုမှုကို ၂၀၁၆ သြဂုတ်လတွင် ပထမအကြိမ် စတင်ပြုလုပ်ခဲ့ပြီး ယခု ဆန္ဒဖော်ထုတ်ပွဲနှင့်ပါဆိုလျှင် ( ၅) ကြိမ်တိတိ ရှိခဲ့ပါပြီဟု ဦးမောင်ထွန်းသိန်းက ဆက်လက် ပြောကြားသည်။

သိမ်းဆည်းခံထားရသည့် လယ်ယာမြေ စုစုပေါင်းမှာ ဧက ၂၈၀၀ ကျော် ရှိပြီး ၎င်းလယ်မြေများ၏ မူလပိုင်ရှင်များမှာ စစ်တွေမြို့နယ်မှ ဆတ်ရိုးကျ ၊ မင်းဒြားချိတ်၊ မောင်နီပြင် ၊ ပါဒလိတ် များမှ စသည့် ရွာများမှ ဖြစ်ကြသည်ဟု သိရသည်။

“ ယခုအချိန်ထိ ဒီလယ်မြေတွေနဲ့ ပတ်သက်ပြီး ပြည်နယ် အစိုးရဆီက ပြတ်သားတဲ့ ဆုံးဖြတ်ချက်မျိုးထွက်မလာသေးဘူး။ လျော်ကြေးပေးမယ်ဆိုပေမယ့် လက်ရှိ တန်ဖိုးထက်နည်းရင် ကျွန်တော်တို့ လက်ခံမှာ မဟုတ်ဘူး။ ကျွန်တော်တို့ကတော့ ကိုယ့်လယ်မြေ ကိုယ်ပြန်လိုချင်ပါတယ်” ဟု သူက ပြောကြားသည်။

သိမ်းဆည်းခံ လယ်မြေများ ပြန်လည်ရရှိ ဒို ့အရေး၊ လယ်ယာမြေများတရားမဲ့ ရယူထား သူများအား အရေးယူပေးရေး ဒို ့အရေး စသည့် အချက် များကို ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

ဆန္ဒဖော်ထုတ်သူများသည် စစ်တွေ ဝင်္ကဘာကွင်းမှ စတင်၍ ကျောင်းတက်လမ်း၊ လမ်းမကြီး၊ နေလ ခွဆုံ၊ ကုန်သွယ်လမ်း၊ စက်ရုံစု ၊ ပုသိမ်းလမ်း ၊ဝင်္ကဘာကွင်းထိ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။


မဘုေက
Narinjara
https://www.facebook.com/Narinjara

Read in : All Update Reader
Don't Miss