Responsive Ad Slot

Latest

ဖာဂူဆန်ရွေးချယ်သည့် ပရီးမီးယားလိဂ်ချန်ပီယံဆု အပြိုင်လုရမည့်(၅)သင်းစာရင်းတွင် ချယ်လ်ဆီးအသင်း မပါဝင်

Friday, October 28, 2016


မန်ယူနည်းပြဟောင်း ဖာဂူဆန်သည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ချန်ပီယံဆုကို အပြိုင်လုရမည့်အသင်း (၅) သင်းအား ရွေးချယ်ပေးခဲ့ရာ ချယ်လ်ဆီးအသင်း ပါဝင်ခြင်းမရှိကြောင်း သိရှိရသည်။

ဖာဂူဆန်က ချန်ပီယံဆုရရှိရန် အလားအလာအကောင်းဆုံးမှာ မန်စီးတီးအသင်းဖြစ်သည်ဟု သုံးသပ်ခဲ့ပြီး စိန်ခေါ်နိုင်သည့်ကျန်အသင်း(၄)သင်းမှာ စပါး၊ လီဗာပူးလ်၊ မန်ယူနှင့် အာဆင်နယ်အသင်းတို့ ဖြစ်သည်ဟု ဆိုခဲ့သည်။

လက်ရှိအချိန်တွင် ချယ်လ်ဆီးအသင်းမှာ ထိပ်ဆုံး(၃)သင်းနှင့် တစ်မှတ်သာ ကွာဟသည့်အနေအထားတွင် ရှိနေပြီး မန်ယူအသင်းမှာ ထိပ်ဆုံးအသင်းနှင့် (၆)မှတ်ကွာဟနေသည်။

သို့သော် ဖာဂူဆန်က ချယ်လ်ဆီးနည်းပြ ကွန်တီသည် အသင်းကို လမ်းကြောင်းမှန်ပေါ် ပြန်လည် ပို့ဆောင်ပေးနိုင်မည့်သူ ဖြစ်သည်ဟုလည်း ဆိုခဲ့သည်။

Eleven Media Group
http://www.news-eleven.com/

Don't Miss