Responsive Ad Slot

Latest

Sports

Showing posts with label Football. Show all posts
Showing posts with label Football. Show all posts

မြန်မာ့လက်ရွေးစင် ယူ-၁၄အသင်း နည်းပြချုပ် နှင့် နှစ်ဘက်သဘောတူ စာချုပ် ဖျက်သိမ်း၍ လမ်းခွဲ

Posted on Saturday, October 29, 2016 No comments
အဲရစ်ဝီလျံကို ယူ-၁၄ အသင်း နည်းပြချုပ် တာဝန် ထမ်းဆောင်စဉ်က လက်ထောက်နည်းပြ ဖြစ်သူ ဦးခင်မောင်ထွေးနှင့် အတူ တွေ့ရစဉ်(ဓာတ်ပုံ-MFF)

ရန်ကုန် ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ)

    မြန်မာ့လက်ရွေးစင် ယူ-၁၄အသင်း နည်းပြချုပ် အဲရစ်ဝီလျံသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်(MFF) တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုအခါ နှစ်ဘက်သဘောတူညီချက်အရ စာချုပ်ဖျက်သိမ်း လိုက်ကြောင်း ယနေ့ အောက်တိုဘာ ၂၉ ရက်တွင် MFF မှ သတင်း ထုတ်ပြန်ခဲ့သည်။

မြန်မာ့လက်ရွေးစင် ယူ-၁၄အသင်း နည်းပြချုပ် အဲရစ်ဝီလျံသည် ၄င်း၏ မိသားစုကိစ္စရပ်များကြောင့် မြန်မာနိုင်ငံတွင် ဆက်လက်နေထိုင်အလုပ်လုပ်ကိုင်ရန် အခက်အခဲများ ကြုံတွေ့ လာခြင်းကြောင့် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ၄င်းအား ပြီးခဲ့သည့် သြဂုတ်လ အတွင်းက သက်တမ်းတိုး စာချုပ်တစ်ရပ် ချုပ်ဆိုထားခဲ့ရာ ယခုလမ်းခွဲလိုက်ချိန်တွင် စာချုပ်သက်တမ်း ၁ နှစ်ခန့် ကျန်ရှိနေကြောင်း သိရသည်။ယခုအခါတွင် မြန်မာ ယူ-၁၄ အသင်းကို လက်ထောက် နည်းပြများ ဖြစ်သည့် ဦးတင်မောင်ဝင်း၊ ဦးခင်မောင်ထွေး၊ ဦးမောင်မောင်မြင့်တို့မှ ဆက်လက် တာဝန် ယူကိုင်တွယ်လျက် ရှိပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့်လည်း သင့်လျော်သည့် နည်းပြ တစ်ဦးကို မကြာမီ ခန့်အပ် သွားမည် ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com/

ဖာဂူဆန်ရွေးချယ်သည့် ပရီးမီးယားလိဂ်ချန်ပီယံဆု အပြိုင်လုရမည့်(၅)သင်းစာရင်းတွင် ချယ်လ်ဆီးအသင်း မပါဝင်

Posted on Friday, October 28, 2016 No comments

မန်ယူနည်းပြဟောင်း ဖာဂူဆန်သည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ချန်ပီယံဆုကို အပြိုင်လုရမည့်အသင်း (၅) သင်းအား ရွေးချယ်ပေးခဲ့ရာ ချယ်လ်ဆီးအသင်း ပါဝင်ခြင်းမရှိကြောင်း သိရှိရသည်။

ဖာဂူဆန်က ချန်ပီယံဆုရရှိရန် အလားအလာအကောင်းဆုံးမှာ မန်စီးတီးအသင်းဖြစ်သည်ဟု သုံးသပ်ခဲ့ပြီး စိန်ခေါ်နိုင်သည့်ကျန်အသင်း(၄)သင်းမှာ စပါး၊ လီဗာပူးလ်၊ မန်ယူနှင့် အာဆင်နယ်အသင်းတို့ ဖြစ်သည်ဟု ဆိုခဲ့သည်။

လက်ရှိအချိန်တွင် ချယ်လ်ဆီးအသင်းမှာ ထိပ်ဆုံး(၃)သင်းနှင့် တစ်မှတ်သာ ကွာဟသည့်အနေအထားတွင် ရှိနေပြီး မန်ယူအသင်းမှာ ထိပ်ဆုံးအသင်းနှင့် (၆)မှတ်ကွာဟနေသည်။

သို့သော် ဖာဂူဆန်က ချယ်လ်ဆီးနည်းပြ ကွန်တီသည် အသင်းကို လမ်းကြောင်းမှန်ပေါ် ပြန်လည် ပို့ဆောင်ပေးနိုင်မည့်သူ ဖြစ်သည်ဟုလည်း ဆိုခဲ့သည်။

Eleven Media Group
http://www.news-eleven.com/

ကမ္ဘာ့ဖလားချန်ပီယံ ဘရာဇီးလ်အသင်းခေါင်းဆောင် ကားလို့စ်အယ်လ်ဘာတို ကွယ်လွန်

Posted on Thursday, October 27, 2016 No comments
ကားလို့စ်အယ်လ်ဘာတိုအား ၂၀၁၄ ခုနှစ် ဧပြီလက ကမ္ဘာ့ဖလားဆုတံဆိပ်နှင့်အတူ တွေ့ရစဉ်

၁၉၇၀ ကမ္ဘာ့ဖလားချန်ပီယံ ဘရာဇီးလ် လက်ရွေးစင်အသင်းခေါင်းဆောင် ကားလို့စ်အယ်လ်ဘာတိုသည် နှလုံးရောဂါဖြင့် အောက်တိုဘာ ၂၅ ရက်က ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
အသက် ၇၂ နှစ် အရွယ်ရှိပြီဖြစ်သူ ကားလို့စ်အယ်လ်ဘာတိုသည် ဘရာဇီးလ်အသင်းအတွက် ၅၃ ပွဲကစား ရှစ်ဂိုးသွင်းယူပေးခဲ့ပြီး ၁၉၇၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခွင့်ရခဲ့သလို အီတလီအသင်းကို (၄-၁) ဂိုးဖြင့် အနိုင်ရခဲ့သည့် ဗိုလ်လုပွဲ၌ ၎င်းသွင်းယူခဲ့သည့် စတုတ္ထမြောက်ဂိုးမှာ သမိုင်းတစ်လျှောက် အကောင်းဆုံး ဂိုးတစ်ဂိုးအဖြစ် သတ်မှတ်ခံထားရသည်။ ထို့ပြင် ၎င်းသည် ထာဝရအကောင်းဆုံး နောက်ခံလူတစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး ၂၀ ရာစု ကမ္ဘာ့အကောင်းဆုံးအသင်းနှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ထုတ်ပြန်သည့် ထာဝရ အကောင်းဆုံးကစားသမား ၁၀၀ စာရင်းတွင်လည်း ဖော်ပြခံခဲ့ရသည်။ အယ်လ်ဘာတိုသည် ရီယိုဒီဂျနေးရိုးမြို့၌ နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း Sportv သတင်းဌာနက ဖော်ပြခဲ့ပြီး ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ် (CBF) ကလည်း ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အလံကို တိုင်တစ်ဝက်သာ လွှင့်ထူခဲ့ကြောင်း သိရသည်။ အယ်လ်ဘာတိုနှင့် ခေတ်ပြိုင် ဘရာဇီးလ်ဂန္ထ၀င်တိုက်စစ်မှူး ပီလီက ၎င်းကွယ်လွန်ခြင်းနှင့် ပတ်သက်၍ “ကျွန်တော့်ရဲ့ မိတ်ဆွေ၊ ကျွန်တော့်ရဲ့ ညီအစ်ကို ကွယ်လွန်သွားတဲ့အတွက် အရမ်းဝမ်းနည်းမိပါတယ်။ ချစ်ခင်ရသော ကိုယ်တော်မြတ် ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင်ကို ကောင်းစွာ စောင့်ရှောက်ပေးတော်မူပါ။ ငြိမ်းချမ်းစွာ အနားယူခွင့်ရပါစေ” ဟု Twitter တွင် ရေးသားခဲ့သည်။

ထို့ပြင် ရော်နယ်လ်ဒင်ဟို၊ ဘက်ကင်ဘောင်ဝါတို့ အပါအ၀င် ဘောလုံးလောကမှ ထင်ရှား ကျော်ကြားသူများစွာက ၎င်းအတွက် ၀မ်းနည်းကြောင်း အသီးသီးပြောကြားခဲ့သည်။

Eleven Media Group
http://news-eleven.com/

အသက် ၁၀ နှစ်အရွယ် ပါရမီရှင် ဘောလုံးသမားလေးကို ဂျူဗင်တပ်စ် ခေါ်ယူ

Posted on Tuesday, October 11, 2016 No comments

စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းသည် အသက် ၁၀ နှစ်အရွယ် ပါလက်စတိုင်းနွယ်ဖွား ကလေးငယ်အား ၎င်းတို့၏ လူငယ်အသင်းအတွက် စာချုပ်ချုပ်ဆို ခေါ်ယူလိုက်သည်။

အယ်လ်ဟာဂျာဝီ အမည်ရှိ ပါလက်စတိုင်းနွယ်ဖွား ကလေးငယ်သည် နော်ဝေနိုင်ငံတွင် မွေးဖွားခဲ့သူဖြစ်ပြီး အင်တာနက်ပေါ်တွင် ၎င်း၏ ဘောလုံးစွမ်းရည်ကို ပြသခဲ့ပြီးသည့်နောက် ဂျူဗင်တပ်စ် ကင်းထောက်များ၏ စောင့်ကြည့်ခေါ်ယူခြင်းကို ခံခဲ့ရသည်။

အင်တာနက်ပေါ်တွင် တွေ့ခဲ့ရသော ၎င်း၏ စွမ်းရည်ဗီဒီယိုဖိုင်တွင် အယ်လ်ဟာဂျာဝီမှာ ပြိုင်ဖက်ကလေးငယ်များထက် ပိုမိုသာလွန်သည့် ပါရမီကို ပြသနိုင်ခဲ့ပြီး ပြိုင်ဖက်ကစားသမား ၃ ဦးခန့်ကိုလည်း အလွယ်တကူ ကျော်ဖြတ်နိုင်သည့် စွမ်းရည်ကို တွေ့ရှိခဲ့ရသည်။

အယ်လ်ဟာဂျာဝီ အနေဖြင့် ဂျူဗင်တပ်အသင်း၏ ဘောလုံးအကယ်ဒမီကျောင်းတွင် တက်ရောက်ရမည် ဖြစ်ပြီး U-10 ဘောလုံးပြိုင်ပွဲတွင် ဂျူဗင်တပ်စ်အသင်း အတွက် ဝင်ရောက် ကစားပေးရတော့မည် ဖြစ်သည်။

The Voice
http://thevoicemyanmar.com/

ညာနောက်ခံလူ ဘယ်လာရင်ကို ၂ နှစ်သက်တမ်းတိုးရန် အာဆင်နယ် ဆွေးနွေး

Posted on Wednesday, October 5, 2016 No comments

အာဆင်နယ်အသင်းဟာ ညာနောက်ခံလူ ဘယ်လာရင်ကို ၂ နှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုဖို့ ဆွေးနွေးနေပါတယ်။

အသက်၂၁နှစ်ရှိ စပိန်နောက်ခံလူ ဘယ်လာရင်ကို ဘာစီလိုနာနဲ့မန်စီးတီအသင်းတို့က  လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့စီစဉ်နေတာကြောင့် အာဆင်နယ်အသင်းက စာချုပ်သက်တမ်း ထပ်တိုးဖို့ စီစဉ်နေတာပါ။

ဘာစီလိုနာ အကယ်ဒမီထွက် ကစားသမားတဦးဖြစ်တဲ့ ဘယ်လာရင်ဟာ ၂၀၁၁ ခုနှစ်က အာဆင်နယ်အသင်းဆီပြောင်းရွှေ့လာတာပါ။

ဘယ်လာရင်ဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်သေးပြီး တစ်ပတ်ကို ပေါင်သုံးသောင်းသာရရှိနေတာပါ။

အာဆင်နယ်အသင်းအနေနဲ့ မန်စီးတီးနဲ့ ဘာစီလိုနာအသင်းတွေက မက်မောစရာ လစာငွေနဲ့ ကမ်းလှမ်းဖို့ရှိတာကြောင့် ကစားသမားကို လစာတိုးပေးပြီး အသင်းမှာ ဆက်ရှိနေဖို့အတွက် သက်တမ်းတိုးလိုတာဖြစ်ပါတယ်။

DVB
http://burmese.dvb.no/

မြန်မာ့လက်ရွေးစင်အသင်း ဥရောပခရီးစဉ် ခြေစမ်းပွဲတွင် နယ်သာလန်ကလပ်အသင်းကို အောင်သူသွင်းဂိုးဖြင့် အနိုင်ရ

Posted on Wednesday, September 28, 2016 No comments
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် နယ်သာလန် ဒုတိယတန်းကလပ်အသင်း ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ - MFF)
  

 ၂၀၁၆ ဆူဇူကီးဖလား ပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင်အသင်း၏ ဥရောပခရီးစဉ် စတုတ္ထမြောက် ခြေစမ်းပွဲတွင် တိုက်စစ်မှူးအောင် သူ၏ တစ်လုံးတည်းသော သွင်း ဂိုးဖြင့် နယ်သာလန် ဒုတိယတန်း ကလပ် Venlo အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

စက်တင်ဘာ ၂၆ ရက် မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲတွင် ယှဉ်ပြိုင်ခဲ့သည့် အဆိုပါပွဲ၌ Venlo အသင်းက ပွဲအစတွင် ဖိအားပေးကစားခဲ့မှုကြောင့် မြန်မာအသင်း ကစားကွက်တည် မရခဲ့သော်လည်းပွဲချိန်ကြာလာသည်နှင့်အမျှ မြန်မာအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးရရှိကာ ထိုးဖောက်ကစားနိုင်ခဲ့သည်။

ပထမပိုင်းတွင် မြန်မာအ သင်းက အပိုင်ဂိုးကန်သွင်းခွင့်များ ရရှိခဲ့ပြီး ဦးဆောင်ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းမရှိခဲ့သော်လည်း ပွဲချိန် ၄၅ မိနစ်တွင် အောင်သူနှင့် ဝင်းနိုင်စိုးတို့ တွဲလုံးမှတစ်ဆင့်အောင်သူက ဂိုးသမား၏ ညာဘက်ထောင့်သို့ အပိုင်ကန်သွင်းခဲ့ပြီး မြန်မာအသင်း ဦးဆောင်ဂိုးရရှိခဲ့သည်။

ဒုတိယပိုင်းတွင် Venlo အ သင်းက တိုက်စစ်မြှင့်ကစားခဲ့သော်လည်း မြန်မာအသင်းနောက်တန်းနှင့် ဂိုးသမားတို့ ကာကွယ်နိုင်ခဲ့သည်။ မြန်မာအသင်း၏ တန်ပြန်တိုက်စစ်မှတစ်ဆင့် ထိုးဖောက်မှု များကြောင့် Venlo အသင်းအခက် တွေ့ခဲ့သော်လည်း တိုက်စစ်မှူး များ အဆုံးသတ်အားနည်းချက် ကြောင့် ဦးဆောင်ဂိုး ထပ်မံမရရှိခဲ့ ဘဲ ၁-၀ ဂိုးဖြင့် ပြီးဆုံးခဲ့သည်။

မြန်မာအသင်းသည် ဥရောပခရီးစဉ်အတွင်း ခြေစမ်းပွဲလေးပွဲ ယှဉ်ပြိုင်ပြီးချိန်၌ တစ်ပွဲနိုင်၊ နှစ်ပွဲ သရေ၊ တစ်ပွဲရှုံးရလဒ်ရရှိထား သည်။ မြန်မာအသင်းသည် ငါးပွဲ မြောက် ခြေစမ်းပွဲအဖြစ် စက်တင် ဘာ ၂၈ ရက်တွင် ဘယ်လ်ဂျီယံ ဒုတိယတန်းကလပ် Patro Eisdenအသင်းနှင့် ထပ်မံယှဉ်ပြိုင်မည် ဖြစ်သည်။

ဆူဇူကီးပြိုင်ပွဲ အကြိုပြင် ဆင်မှုအဖြစ် ကစားသမား ၂၅ ဦး ပါဝင်သည့် မြန်မာ့လက်ရွေးစင် အသင်းသည် စက်တင်ဘာ ၁၀ ရက်ကစကာ တစ်လကျော်ကြာ မြင့်မည့် ဥရောပလေ့ကျင့်ခရီးစဉ် သွားရောက်နေခြင်းဖြစ်ပြီး ခြေ စမ်းပွဲများ ယှဉ်ပြိုင်ကစားလျက်ရှိ သည်။

မြန်မာအသင်းသည် ဥရောပခရီးစဉ်အတွင်း ဂျာမနီနိုင်ငံတွင် အခြေစိုက်ကာ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဆိုက်ပရပ်စ်တို့မှ ကလပ်အသင်းများနှင့် ခြေစမ်းပွဲ များ ယှဉ်ပြိုင်ကစားရန် စီစဉ်ထား သည်။

7Day Daily
http://www.7daydaily.com/


မန်ယူက ချန်ပီယံလက်စတာကို ဂိုးပြတ်အနိုင်ရ

Posted on Sunday, September 25, 2016 No comments
မန်ချက်စတာယူနိုက်တက် နဲ့ လက်ရှိချန်ပီယံ လက်စတာစီးတီးအသင်းတို့ ဒီကနေ့ ကစားကြတဲ့ ပရီမီယာလိဂ်ဘောလုံးပွဲမှာတော့ မန်ချက်စတာယူနိုက်တက် အသင်းက ၄ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွားပါတယ်။ မန်ယူအသင်းရဲ့ အိုးလ်ထရက်ဖို့ကွင်းမှာ ကစားတဲ့ပွဲမှာ မန်ယူအသင်းက အသင်းခေါင်းဆောင် ၀ိန်းရူနီကို အရံခုံမှာထိုင်ခိုင်းခဲ့ပြီး၊ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းကို အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။ မန်ယူအတွက် ပထမဂိုးကို နောက်တန်းလူ ခရစ်္စစမောလင်းက ၂၂ မိနစ်မှာ ခေါင်းတိုက်သွင်းယူခဲ့ပြီး၊ ဒုတိယဂိုးကိုတော့ ကွင်းလယ်လူ Juan Mata က ပယ်နယ်တီဧရိယာထိပ်ကနေကန်သွင်းခဲ့တာပါ။ မန်ယူအတွက် တတိယ နဲ့ စတုတ္ထဂိုးတွေကိုတော့ Marcus Rashfordနဲ့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းလာတဲ့ ပြင်သစ်ကွင်းလယ်လူ Paul Pogba တို့က သွင်းခဲ့တာပါ။ ဒါဟာ Pogba အတွက်တော့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းလာပြီးနောက်ပိုင်း မန်ယူအတွက် ပထမဆုံးဂိုးပါ။ ဒုတိယပိုင်းမှာ လက်စတာက Gray က အဝေးကနေ ၁ ဂိုး ပြန်သွင်းခဲ့ပြီး နောက်ပိုင်းမှာ ဆက်မသွင်းနိုင်တာကြောင့် ပွဲအပြီးမှာ ၄ ဂိုး ၁ ဂိုး နဲ့ နိုင်သွားပါတယ်။ မန်ယူအသင်းဟာ ဒီပွဲနိုင်လိုက်တဲ့အတွက် မန်ယူအသင်းဟာ ၆ ပွဲ ကစားပြီး ၄ ပွဲ နိုင် ၂ ပွဲ ရှုံးနဲ့ ၁၂ မှတ်ရထားပါတယ်။

Source : VOA Burmese
Don't Miss