ရန်ကုန်တိုင်းဒေသကြီး ၊ ခရမ်းမြို့နယ် အလယ်ကျေးရွာအုပ်စုအတွင်း ခင်ပွန်းဖြစ်သူနှင့်ကွဲကွာပြီးနောက် စိတ်ဝေနာခံစားနေရသည့်အမျိုးသမီးတစ်ဦး
အောက်တိုဘာ ၂၇ ရက်နေ့က မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ကြောင်း ခရမ်းမြို့မရဲစခန်းကသိရသည်။
သေဆုံးသူမှာ အသက် ၃၁နှစ်အရွယ်ရှိ မမိုးသီတာဆိုသူဖြစ်ပြီး ယင်းနေ့ နံနက် ၁၁နာရီအချိန်က နေအိမ်ထုတ်တန်းနိုင်လွန်ကြိုးအသုံးပြုကာမိမိကိုယ်ကိုအဆုံးစီရင်သွားခြင်းဖြစ်ကြောင်း ရဲစခန်းကမှတ်တမ်းတင်ထားသည်။
ဖခင်ဖြစ်သူ၏ပြောပြချက်အရ မမိုးသီတာသည် လွန်ခဲ့သောလေးလခန့်က ခင်ပွန်းဖြစ်သူ ချစ်ကိုဆိုသူနှင့်အိမ်ထောင်ရေး ပြတ်စဲပြီးနောက် စိတ်ဝေဒနာခံစားနေရသဖြင့် ဆေးကုသမှုခံယူနေရသူဖြစ်ကြောင်းသိရပြီး အလောင်းအားပိန်းကန်စံပြကျေးရွာတိုက်နယ်ဆေးရုံသို့ပို့ဆောင်ကာ ဖြစ်စဉ်အား ခရမ်းမြို့မရဲစခန်းက သေမှုသေခင်အမှတ်စဉ် ၂၀/၁၆ ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
ကိုရဲ
News Watch (စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/