Responsive Ad Slot

Latest

Sports

ငြိမ်းချမ်းရေးအတွက် အစိုးရက အကြံဉာဏ်တောင်း

Posted on Sunday, July 30, 2017 No comments
ငြိမ်းချမ်းရေးအတွက် ပြင်ပပုဂ္ဂိုလ်တွေကို NRPC မှာဖိတ်ခေါ်အကြံတောင်း

ငြိမ်းချမ်းရေးရရှိဖို့အတွက် အစိုးရက တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို စတင်ကြေညာဖို့ အရပ်ဖက် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ တသီးပုဂ္ဂလပုဂ္ဂိုလ်တွေက အကြံပြုခဲ့ကြပါတယ်။
အရပ်ဖက်အဖွဲ့အစည်းတွေ၊ ပါတီတွေ၊ တသီးပုဂ္ဂလပုဂ္ဂိုလ်တွေကို အစိုးရက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC မှာ ဖိတ်ကြားပြီး ငြိမ်းချမ်းရေးအတွက် အကြံဉာဏ်တောင်းခံရာမှာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာဗညားအောင်မိုးနဲ့ တသီးပုဂ္ဂလိပုဂ္ဂိုလ်တချို့က အဲသလို အကြံပြုခဲ့ကြတာဖြစ်ပါတယ်။
ဇူလိုင်လ ၂၉ ရက် စနေနေ့မှာဖိတ်ကြားခဲ့တာဖြစ်ပြီး အဲသလိုဖိတ်ကြားခဲ့တဲ့အထဲမှာ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြတဲ့ ခေါင်းဆောင်ဟောင်းတွေရဲ့ သားသမီးတွေကိုလည်း ဖိတ်ကြားခဲ့ပါတယ်။
အစိုးရဘက်က ဦးကျော်တင့်ဆွေနဲ့ ဒေါက်တာတင်မျိုးဝင်းတို့ တက်ရောက်ခဲ့ကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

http://www.bbc.com/burmese/

Read in : All Update Reader

ကလေးရုပ်အလောင်း ရန်ကင်းဆေးရုံက မှားပေး

Posted on No comments
ရန်ကင်းကလေးဆေးရုံ
ရန်ကုန်မြို့က ရန်ကင်းကလေးဆေးရုံမှာ သွေးရောဂါတမျိုးနဲ့ သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ အလောင်းကို ဆေးရုံးဝန်ထမ်းတွေက လူမှားပေးလိုက်တဲ့အတွက် ကလေးမိဘတွေ သင်္ဂြိုလ်ခွင့်မရလိုက်တဲ့ ဖြစ်ရပ်အတွက် ရန်ကင်းဆေးရုံကို ဥပဒကြောင်းအရ အရေးယူပေးဖို့ သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဆေးရုံဝန်ထမ်းတချို့ရဲ့ ပေါ့ဆမှုကြောင့် တခြားမိသားစုတွေ သူတို့လို နောင်မှာ မခံစားရအောင် သက်ဆိုင်သူ တာဝန်ရှိသူတွေကို ဥပဒေအရ အရေးယူပေးဖို့ ရဲစခန်းမှာ တိုက်ချက်ဖွင့်တာဖြစ်ကြောင်း အဒေါ်ဖြစ်သူက ရှင်းပြပါတယ်။

" ကျမတို့က ရဲစခန်းထဲမှာ တရားသွားစွဲခဲ့ပါတယ်။ ရဲဘက်ကနေ ဥပဒေအကြံပေးနဲ့ ဘယ်လို လုပ်မလဲဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။ ကျမတို့ တရားစွဲတယ် ဆိုတာကလည်း အများပြည်သူ နစ်နာတဲ့အတွက် ပြီးရင် နောက်လူတွေလဲ ဒီလို မခံစား ရအောင်ဆိုတဲ့ သဘောမျိုးနဲ့ပါ။ ကျမတို့ကတော့ ဘယ်ကလေးကိုပဲ ဖြစ်ဖြစ် ချစ်တယ်။ ဒါပေမယ့်ဒီလို ပစ်ထားရက်တဲ့အထဲ ဆွေမျိုးမဲ့ ဆိုတဲ့အထဲ မပါဘူးကွာ။ ဘယ်သူမဆို သားသမီးချင်း ကိုယ်ချင်းစာကြတယ်၊ အဲလိုသဘောပါပဲ "

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့က အသက် (၄) လသားအရွယ် ကလေးငယ်ဟာ ရန်ကင်း ကလေးဆေးရုံမှာ ဆေးကုသမှုခံယူရင်း ဇူလိုင်လ ၂၅ ရက်နေ့ ည ၁၀ နာရီ လောက်မှာ ကွယ်လွန်သွားတာပါ။ ကလေးငယ်ရဲ့ အလောင်းကို ရန်ကင်းဆေးရုံ ရေခဲတိုက်မှာ အပ်ထားခဲ့ပြီး သင်္ဂြိုလ်ဖို့အတွက် နောက်တနေ့ ၂၆ ရက်နေ့မှာ ပြင်ဆင် မှုတွေ လုပ်ဆောင်ပြီး ၂၇ ရက်နေ့မှာ သင်္ဂြိုလ်ဖို့အတွက် အလောင်းကို သွားတောင်းတဲ့ အချိန်မှာ သူတို့ကလေးအလောင်း မရှိတော့တာကို သိရှိခဲ့တာလို့ အဒေါ်ဖြစ်သူက ပြောပါတယ်။

ကွယ်လွန်သွားတဲ့ ကလေးငယ်ဟာ မိသားစုအတွက် သားဦး၊ မြေးဦးလေးဖြစ်တဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ မိခင်ဖြစ်သူဟာလည်း ကလေးရဲ့စိတ်နဲ့ အခုချိန်ထိ စကားကောင်းကောင်း ပြောနိုင်ခြင်းမရှိသေးကြောင်းလည်း အဒေါ်ဖြစ်သူက ရှင်းပြပါတယ်။ ကလေးမိသားစုဟာ ခရစ်ယာန် ဘာသာဝင်တွေဖြစ်တဲ့အတွက် ကလေးငယ်ကို ခရစ်ယာန် ထုံးစံအရ သင်္ဂြိုလ်ခွင့်မရလိုက်တဲ့အတွက်လည်း သူတို့အနေနဲ့ စိတ်မကောင်းဖြစ်ရတယ်လို့ ပြောပါတယ်။

VOA (မြန်မာပိုင်း)
https://burmese.voanews.com

Read in : All Update Reader

အမေရိကန် ပေးတဲ့အကူအညီ မြန်မာ စနစ်တကျ သုံးစွဲခြင်းမရှိ

Posted on No comments

မြန်မာနိုင်ငံကို ပေးအပ်နေတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ထောက်ပံ့မှုတွေကို လူ့အခွင့်ရေးချိုးဖေါက်သူတွေနဲ့ အမေရိကန်အစိုးရက ပိတ်ပင်အရေးယူထားတဲ့ အဖွဲ့အစည်းတွေလက်ထဲ ရောက်ရှိခြင်းမရှိအောင် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေးအဖွဲ့ (USAID- US Agency for International Development) နဲ့ နိုင်ငံခြားရေးဌာနတွေ အနေနဲ့ အခုထက်ပိုမိုပြီး စောင့်ကြပ်စစ်ဆေးဖို့လိုအပ်တယ်လို့ (GAO- Government Accountability Office) ခေါ် အစိုးရစာရင်းစစ်ဌာနက ပြောကြားလိုက်ပါတယ်။
အမေရိကန်အစိုးရစာရင်းစစ်ဌာန GAO ရဲ့ သောကြာနေ့ အစီရင်ခံစာမှာ USAID နဲ့ နိုင်ငံခြားရေးဌာန ၂ ခုလုံးအနေနဲ့ မိမိတို့နဲ့ ဆက်သွယ်လုပ်ကိုင်နေတဲ့ NGO လို အဖွဲ့တွေရဲ့ ဆောင်ရွက်ပုံကို ပိုမိုစောင့်ကြည့်ဖို့ အကြံပြုတင်ပြ ထားပါတယ်။
အမေရိကန်ပြည်ထောင်စုထံက အကူအညီတွေရယူနေတဲ့ မြန်မာပြည်က အဖွဲ့အစည်းတွေကို GAO က တွေ့ဆုံမေးမြန်းခဲ့ရာမှာ သူတို့ရဲ့လုပ်ငန်းတွေကို စည်းကမ်းတကျ တာဝန်ယူဆောင်ရွက်တာ မတွေ့ရသလို လုပ်ထုံးလုပ်နည်းတွေကို အသေအချာ လိုက်နာဖို့လိုအပ်ကြောင်း အလေးအနက်ထားပုံလည်း မတွေ့ခဲ့ရဘူးလို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
၂ဝ၁၂ ခုနှစ်ကစပြီး မြန်မာပြည်ရဲ့ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို ကူညီတဲ့အနေနဲ့ ဒီမိုကရေစီ အဖွဲ့အစည်းတွေ ခိုင်မာအားကောင်းအောင် အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၁၁၃ သန်း ထောက်ပံ့ သုံးစွဲခဲ့တယ်လို့ သိရပါတယ်။

RFA Burmese

https://www.facebook.com/rfaburmese/

Read in : All Update Reader

မြန်မာကိုဝေဖန်တဲ့ YangHee Lee ကို မြောက်ကိုရီးယားရှုတ်ချ

Posted on No comments
မြန်မာပြည်ဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee lee

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဒေါက်တာယန်ဟီးလီက မကြာသေးခင်ကပဲ ဝေဖန် ပြောဆိုခဲ့တဲ့အပေါ် မြောက်ကိုရီးယား နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

မြန်မာ့လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်ပြီး ပါမောက္ခယန်ဟီးလီ ဝေဖန်ခဲ့တဲ့အပေါ် မှတ်ချက်ပေးဖို့ အစိုးရပိုင် ကိုရီးယား ဗဟိုသတင်းဌာန KCNA သတင်းထောက်တဦးက ဇူလိုင်လ ၂၈ ရက်နေ့မှာ မေးတာကို နိုင်ငံခြားရေးဌာနပြောခွင့်ရက ပြန်ဖြေခဲ့ တာပါ။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley က မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ကို လက်ခံသင့် တယ်လို့ ဇူလိုင်လ ၁၁ ရက်နေ့မှာ ပြောခဲ့ပြီးတဲ့နောက် ပါမောက္ခ ယန်ဟီးလီက ဝေဖန်ပြောဆိုတာဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဌာနပြောခွင့်ရက ချိတ်ဆက် ဖြေဆိုထားပါတယ်။ ဒါဟာ မြန်မာ နိုင်ငံရဲ့ ပြည်တွင်းရေးကို ပြောင်ကျကျ ၀င်စွက်လိုက်တာဖြစ်တယ်လို့လဲ ဆိုပါတယ်။

လူ့အခွင့်အရေးကိုကာကွယ်ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ တခြားတိုင်းပြည်တွေရဲ့ ပြည်တွင်းရေးကို ၀င်စွက်ဖက်ဖို့ အမေရိကန်က လုပ်နေ တာတွေကို အထူးစုံစမ်းစစ်ဆေးရေးမှူးက ပူးပေါင်းလုပ်ဆောင်နေတယ်ဆိုတာ အခုတကြိမ် သူပြောတာတွေက သက်သေပြနေ တယ်လို့လဲ မြောက်ကိုရီးယားနိုင်ငံခြားရေးဌာန ပြောခွင့်ရကပြောပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအပါအ၀င် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက ပြည်တွင်းရေးမှာ ၀င်စွက်တာတွေကို မြောက်ကိုရီးယားအစိုးရက အခိုင်အမာရှုတ်ချ တဲ့အကြောင်း၊ ငြိမ်းချမ်းပြီး ဒီမိုကရေစီနည်းကျနိုင်ငံတခုကို တည်ဆောက်တာမှာ မြောက်ကိုရီးယားက တက်တက်ကြွကြွ အားပေးထောက်ခံသွားမယ့်အကြောင်း မြောက်ကိုရီးယားပြောခွင့်ရက ပြောထားပါတယ်။

VOA (မြန်မာပိုင်း)
https://burmese.voanews.com

Read in : All Update Reader

မန္တလေးက လယ်သိမ်းခံ တောင်သူ သပိတ်စခန်း ဖြိုခွင်းခံရ

Posted on Saturday, July 29, 2017 No comments

မန္တလေး နန်းရှေ့ ၆၂ လမ်းမကြီးဘေး ၂၄လမ်းနဲ့ ၂၅လမ်းကြားမှာ ဖွင့်ထားတဲ့ မန္တလေး တိုင်း ၁၂ မြို့နယ်က လယ်သိမ်းခံ တောင်သူတွေ ရဲ့ ရက်ရှည် သပိတ် စခန်းကို ဇူလိုင်လ ၂၇ ရက်နေ့ ညက ရဲအင်အား အလုံးအရင်းနဲ့ ဖြိုခွဲ ခဲ့ပါတယ်။

သပိတ်စခန်း မှာရှိသူ အမျိုးသမီး လေးယောက်နဲ့ အမျိုးသား ရှစ်ယောက်၊ စုစုပေါင်း ၁၂ ယောက် စလုံးကို ဖမ်းဆီးသွားခဲ့ပြီး ၁၀ ယောက်ကို နောက်တစ်နေ့မှာ ပြန်လွှတ် ပေးလိုက်ပါတယ်။

သပိတ်စခန်းမှာ ဖမ်းသွားခဲ့တဲ့ ကိုမောင်စိုးနဲ့ ကိုစိုးလွင် ဆိုသူ နှစ်ယောက်နဲ့ စခန်းမှာ ရှိမနေတဲ့ သပိတ် ခေါင်းဆောင်တွေ အပါအဝင် စုစုပေါင်း ၁၁ ယောက်ကို ငြိမ်းချမ်းစွာ စုဝေးခွင့် ဆိုင်ရာ ပုဒ်မ ၁၉၊ ပုဒ်မ ၂၀ တို့နဲ့ အမှုဖွင့်ထား ပါတယ်။

အဲဒီလူတွေ အားလုံးကို အာမခံနဲ့ ပြန်လွှတ် ပေးထားတယ်လို့ အမှုဖွင့် ခံရသူတွေထဲမှာ ပါတဲ့ မတ္တရာ မြို့နယ်က လယ်မြေ ၉ ဧကခွဲ သိမ်းဆည်းခံ ထားရသူ ဦးသန်းလွင်က ပြောပါတယ်၊

သပိတ်စန်းကို ၁၂ နာရီ အတွင်း ဖျက်သိမ်းပေးဖို့ အဲဒီ ဖြိုခွင်းခဲ့တဲ့ နေ့ကပဲ သက်ဆိုင်ရာ အာဏာပိုင်တွေက အကြောင်း ကြားခဲ့ရာမှာ လယ်သမား တွေက သူတို့ ခွင့်ပြုချက် တောင်းခံပြီး သပိတ်စခန်း ဖွင့်တာ ဖြစ်လို့ သူတို့ တောင်းဆိုထားတဲ့ နှစ်ချက်ထဲက တစ်ချက် ရရင် ဖျက်သိမ်း ပေးမယ်လို့ ပြန်ပြော ခဲ့ကြောင်း လည်း ဦးသန်းလွင်က ပြောပါတယ်။

လယ်သိမ်းခံ တောင်သူတွေက အချက် နှစ်ချက်ကို တောင်းဆိုထားတာဖြစ်ပါတယ်။

အဲဒါတွေက သူတို့ မြေယာမှုခင်း ဖြစ်နေချိန်မှာ တောင်သူတွေကို စွဲထားတဲ့ အမှုတွေကို ပိတ်သိမ်းဖို့နဲ့ မြေယာ ပြဿနာကို မှန်မှန်ကန်ကန် ဖြေရှင်း ပေးဖို့တို့ ဖြစ်ပြီး တစ်ချက်ကိုမှ အာဏာပိုင်တွေဘက်က မလိုက်လျော ခဲ့ဘူးလို့ သူက ပြောပါတယ်။

ဘီဘီစီမြန်မာပိုင်း

http://www.bbc.com/burmese/

Read in : All Update Reader

ပုပ်ရဟန်းမင်းကြီး မြန်မာပြည်လာဖွယ်ရှိ

Posted on No comments
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်ဟာ လာမယ့်နိုဝင်ဘာလမှာ မြန်မာနိုင်ငံကို လာရောက်နိုင်ခြေရှိတယ်လို့ ဗာတီကန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

အစတုန်းက အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကိုသွားဖို့ စီစဉ်ထားတာကနေ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို သွားနိုင်ခြေ ရှိတယ်ဆိုတာကို အာဂျင်တီးနားအခြေစိုက် Telam သတင်းဌာနက အရင်ဖော်ပြခဲ့ပြီးတော့ အဲဒီသတင်းကို Crux ကက်သလစ် သတင်းအေဂျင်စီက သတင်းရင်းမြစ် အတော်များများကနေ အတည်ပြုနိုင်ခဲ့တယ်လို့ Crux သတင်းဌာနရဲ့ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ပုပ်ရဟန်းမင်းရဲ့ ခရီးစဉ်တွေကို တရားဝင်ကြေညာတဲ့အချိန်မတိုင်ခင် အတည်ပြုပြောလေ့မရှိတဲ့ အစဉ်အလာအတိုင်း ဒီနှစ်ကုန် မှာ အာရှတိုက်ဘက်ကို ခရီးထွက်ဖို့ လေ့လာနေတယ်လို့ပဲ ဗာတီကန်နန်းတော်ပြောခွင့်ရ Greg Burke ကပြောပြီး နေ့ရက် ဒါမှ မဟုတ် ဘယ်နေရာတွေကို သွားမယ်ဆိုတာ မပြောပါဘူး။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံးဟာ ခရစ်ယာန်ဘာသာကိုးကွယ်တဲ့ လူဦးရေ အနည်းအကျဉ်းပဲရှိတဲ့နိုင်ငံတွေ ဖြစ်ကြပေမဲ့လဲ ပုပ်ရဟန်းမင်းကြီး အာရုံစိုက်တဲ့နိုင်ငံတွေထဲမှာ ပါနေပါတယ်။ ဒီနှစ်နိုင်ငံစလုံးမှာ ပထမဆုံး ကာဒီနယ်လ်ဘုန်းတော်ကြီးတွေကို ပုပ် ရဟန်းမင်းကြီးက ခန့်အပ်ထားပြီးပါပြီး မြန်မာနိုင်ငံမှာ ကာဒီနယ်လ်ဘုန်းတော်ကြီး Charles Bo နဲ့ ဘင်္ဂလားဒေ့ရှ်မှာ ကာဒီနယ်လ် ဘုန်းတော်ကြီး D’Rozario တို့ကို ခန့်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီနှစ်နိုင်ငံစလုံးဟာ ပုပ်ရဟန်းမင်းကြီး ပြောဆိုထားဖူးတဲ့ ရိုဟင်ဂျာမူစလင်လူနည်းစုတွေရှိနေတဲ့ နိုင်ငံတွေလဲဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

Read in : All Update Reader

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၆ ရပ်ကွက်တွင် ကြက်များသေဆုံးသဖြင့် အင်းစိန်ဆေးရုံ၌ စစ်ဆေးရာ H5N1 ရောဂါပိုးဖြစ်ပွားနေကြောင်း တွေ့ရှိ

Posted on No comments

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ် ၆ ရပ်ကွက် ဇာတိမာန်လမ်း အမှတ်  ၄/၅၇ ရှိ နေအိမ်တွင် ကြက်များသေဆုံးသဖြင့် အင်းစိန်ဆေးရုံသို့ သွားရောက် စစ်ဆေးရာ အပြင်းစား ကြက်ငှက်တုပ်ကွေး H5N1 ရောဂါပိုး တွေ့ရှိကြောင်း ဇူလိုင် ၂၈ ရက် ညပိုင်းက သက်ဆိုင်ရာ မြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။

အပြင်းစားကြက်ငှက်တုပ်ကွေး H5N1 ရောဂါပိုး မရမ်းကုန်းမြို့နယ် အမှတ် ၆ ရပ်ကွက်တွင် တွေ့ရှိခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ရောဂါပိုးတွေ့ရှိသည်မှာ မှန်ကန်ပြီး လူသို့ကူးစက်ခြင်း ရှိ မရှိကို ယင်းပတ်ဝန်းကျင်တွင် ခရိုင်ကျန်းမာရေးအဖွဲ့က စစ်ဆေးနေကြောင်း အတည်ပြု ပြောကြားသည်။

“ကြက်သုံးကောင်သေတယ်။ သေတော့ အင်းစိန်ဆေးရုံမှာ သွားစစ်ကြည့်တော့ H5N1 တွေ့တယ်။ လောလောဆယ် ကျန်းမာရေးကပေးတဲ့ဆေးကို ပတ်ဝန်းကျင်မှာ ထုံးနဲ့ ဖျန်းထားတယ်။ ကြက်ခြံတော့ မဟုတ်ဘူး။ အိမ်မှာပဲ ကြက်မွေးထားတာ။ အဲဒီထဲက သုံးကောင်ကသေပြီး နှစ်ကောင်က H5N1 တွေ့တာ။ လူကူးစက်ခံရတယ်လို့တော့ လောလောဆယ် မကြားရသေးဘူး။ အဲဒီပတ်ဝန်းကျင်ကို ခရိုင်ကျန်းမာရေးအဖွဲ့က လာပြီးစစ်နေတယ်” ဟု မရမ်းကုန်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အလားတူ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ကြက်ကောင်ရေထောင်ချီ သေဆုံးသော ကြက်ခြံ၌ H5N1 ကြက်ငှက်တုပ်ကွေးရောဂါပိုး တွေ့ရှိခဲ့ပြီး နယ်စပ်နှင့် အခြားမြို့များမှ ကြက်နှင့်ဝက်တင်သွင်းမှု မြိတ်မြို့တွင် ပိတ်ပင်ထားကြောင်း သိရသည်။

ထားဝယ်မြို့ရှိ ကြက်မွေးမြူရေးခြံတစ်ခု၌ ကြက်ကောင်ရေထောင်ချီ ရက်ပိုင်းအတွင်း သေဆုံးမှုအပေါ် ကြက်အသေများကို ဓာတ်ခွဲစစ်ဆေးရာတွင် အပြင်းစား ကြက်ငှက်တုပ်ကွေးရောဂါ H5N1 ဗိုင်းရပ်ပိုး တွေ့ရှိခဲ့ပြီး ၎င်းကြက်ခြံအနီးဝန်းကျင်ရှိ ကြက်ခြံများကို ရှင်းလင်းခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့ ၀ဲကျွန်းထိန်သစ်ရပ်ကွက်ရှိ အမှတ် (၄) အထက်တန်းကျောင်းအနီးမှ ဥစားကြက်အကောင်ရေ ၅၀၀၀ မွေးမြူထားသော ပိုင်ရှင်ဒေါက်တာမောင်နီ၏ ကြက်မွေးမြူခြံ၌ ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်မှ ၂၀ ရက်အထိ ကြက်အကောင်ရေ ၁၀၀၀ ခန့် သေဆုံးမှုဖြစ်ပွားပြီး ကြက်သေနမူနာများကို ဇူလိုင်၂၁ ရက်က ရန်ကုန်သို့ ပေးပို့စစ်ဆေးစေခဲ့ရာ ဇူလိုင် ၂၃ ရက်က ၎င်းကြက်များ၌ H5N1 ဗိုင်းရပ်ပိုး တွေ့ရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။

Eleven Media Group
http://news-eleven.com/

Read in : All Update Reader

မကွေးရဲစခန်းအချုပ်တွင် ထိန်းသိမ်းခံရသူတစ်ဦး သေဆုံးမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ တင်ပြထား

Posted on No comments
မကွေးမြို့တွင် ပျောက်ဆုံးနေသည့် ဆိုင်ကယ်နှင့်အတူ တွေ့ရှိရ၍ စစ်ဆေးရန် မြို့မရဲစခန်း၌ထိန်းသိမ်း ခံထားရသူ တစ်ဦး ရဲအချုပ်ခန်းတွင် သေဆုံးသွားသည့် ကိစ္စနှင့် ပတ်သက်ကာ အဖြစ်မှန်ပေါ်ပေါက်ရေး စစ်ဆေးပေးရန် သေဆုံးသူ၏ ဇနီးဖြစ်သူက မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ဇူလိုင်လ (၂၇)ရက်နေ့တွင် တင်ပြထားကြောင်း သိရသည်။

“မှုခင်းဆရာဝန်ကြီးဆီက ဆေးစာကို ဒီနေ့မနက်ရမယ်ဆိုလို့ စောင့်နေပေမယ့် တနင်္လာနေ့မှရမယ် ဆိုတာကြောင့် အလောင်းက ဒီအတိုင်းထားဖို့ မဖြစ်လို့ ပြန်သယ်သွားပါတော့မယ်။ ဒီနေ့မနက် မောင်လေးရဲ့ ဇနီးက ဝန်ကြီးချုပ်ဆီ လိပ်မူတင်ပြထားတဲ့စာကို ဝန်ကြီးဦးဇော်မင်းဆီမှာ ပေးအပ်ခဲ့ပါတယ်”ဟု သေဆုံးသူ၏ အစ်မတော်စပ်သူ ဒေါ်သင်းသင်းခိုင် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။


မကွေးတက္ကသိုလ်ကျောင်းသူတစ်ဦး၏ ဇူလိုင်(၂၄)ရက်နေ့က ပျောက်ဆုံးသွားသည့် ဆိုင်ကယ်အား ဇူလိုင်လ (၂၅)ရက်နေ့ညတွင် ကိုသန်းထိုက်အောင်ထံမှ တွေ့ရှိရ၍ စစ်ဆေးနိုင်ရန်အတွက် မကွေးမြို့မ ရဲစခန်းတွင် အမှုဖွင့်၍ အချုပ်ခန်းနံပါတ်(၉)တွင် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း အဆိုပါရဲစခန်းမှ သိရသည်။

“သူ့ကို ဟိုက်ကလပ်လက်ဖက်ရည်ဆိုင်မှာ ခိုးယူခံရတယ်လို့ ယူဆရတဲ့ ဆိုင်ကယ်နဲ့အတူ တွေ့ရှိရလို့ တိုင်ချက်ရေးဖွင့်ထားတဲ့ ဆိုင်ကယ်ရဲ့ အမှတ်အသားများနဲ့ တိုက်ဆိုင်စစ်ဆေးတဲ့အခါမှာ တူညီမှု ရှိနေတာကြောင့် ဆိုင်ကယ်ကို သက်သေတွေရဲ့ရှေ့မှောက်မှာ ရှာဖွေပုံစံနဲ့သိမ်းဆည်းခဲ့ပါတယ်။ ကိုသန်းထိုက်အောင်ကို ရမန်ယူစစ်ဆေးဖို့အတွက် စခန်းမှူးရဲ့ခွင့်ပြုချက်နဲ့ ည (၉) နာရီခွဲအချိန်မှာ ဖမ်းဆီးပြီး အခန်းနံပါတ် (၉)မှာ ထားရှိခဲ့တာပါ”ဟု အမှုစစ်တာဝန်ယူထားသူ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်မိုးက ပြောသည်။


ကိုသန်းထိုက်အောင်သည် ယခင်က အောင်လံမြို့တွင် ပန်းထိမ်လုပ်ငန်းလုပ်ကိုင်နေရာမှ ဇနီးဖြစ်သူမှာ မကွေးမြို့ ဆေးတက္ကသိုလ်တွင် မြန်မာစာနည်းပြတာဝန်ထမ်းဆောင်နေသဖြင့် မကွေးမြို့တွင် နေထိုင်စဉ်အတွင်း ဆိုင်ကယ် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်မ အမျိုးသားရဲ့အဓိကအလုပ်အကိုင်က ပန်းထိမ်လုပ်ငန်းပါ။ အောင်လံကနေ ကျွန်မရှိရာဆီကို လိုက်လာနေရတော့ ပန်းထိမ်လုပ်ငန်းက အပ်ထည်ရှိမှပဲ လုပ်ရတော့လို့ အားနေတဲ့အချိန်မှာ ဆိုင်ကယ်ဝယ် ရောင်းလေးလုပ်ပါတယ်။ အခုလည်း ခိုးရာပါဆိုင်ကယ်ကို ရောင်းမှား ဝယ်မှား ဖြစ်သွားခဲ့တာမှာ ဖမ်းဆီးခံရပြီး ခုလိုသေတဲ့အထိဖြစ်ရတာပါ”ဟု သေဆုံးသူ၏ဇနီး ဒေါ်ကြူကြူခိုင်က ပြောသည်။

ဇူလိုင်(၂၅)ရက် ညပိုင်းက အခန်း(၉)တွင် ကိုသန်းထိုက်အောင်အား တစ်ဦးတည်း ဖမ်းဆီး ချုပ်နှောင်ထားခဲ့ခြင်း ဖြစ်ပြီး အိမ်သာအနီး မျက်နှာကျက်သံဇကာတွင် ၎င်း၏ပုဆိုးဖြင့် ကြိုးဆွဲချ သေဆုံးနေသည်ကို ဇူလိုင်လ (၂၆)ရက်နေ့ နံနက် (၇)နာရီ (၁၅)မိနစ်အချိန်ခန့်၌ ကင်းသမားက တွေ့ရှိရခြင်းဖြစ်သည်ဟု မကွေးမြို့မရဲစခန်းမှူးထံမှ သိရသည်။

“ကျွန်တော်တို့ သူ့ကိုစစ်ဆေးခြင်း မလုပ်ရသေးပါဘူး။ နောက်တစ်နေ့မှ ရမန်ယူပြီး စစ်ဆေးဖို့ စီစဉ်ထားတာပါ။သူ ဆိုင်ကယ်ပြင်လေ့ပြင်ထရှိတဲ့ ဝပ်ရှော့ဆရာကိုတော့ အဲဒီညမှာပဲ ခေါ်ယူ စစ်ဆေးခဲ့ပါတယ်။ တကယ်တမ်းသာ သူ့ဘက်ကမှန်ခဲ့ရင် သူရင်ဆိုင်ဖြေရှင်းလို့ရတာပဲ။ အမှုဖွင့်ထားသူက ကျေအေးပေးမယ်လို့ သိထားတဲ့အတွက် တရားရုံးရောက်ရင် ပြီးသွားနိုင်တာပဲ။ ဒီလိုကြီးလုပ်မသွားသင့်ဘူး။ တစ်ယောက်ထဲ ခွဲချုပ်ရတဲ့ရည်ရွယ်ချက်က ဆိုင်ကယ်ပျောက်မှုတွေကများနေလို့ သေချာ စစ်ဆေးရမှာဖြစ်တာကြောင့် တခြားသူတွေနဲ့ရောထားရင် မင်း ဒီလိုမထွက်နဲ့ ဒီလိုထွက်ဆိုပြီး သင်ပေးကြမှာစိုးလို့ လွတ်နေတဲ့ အခန်း (၉) မှာ တစ်ယောက်ထဲချုပ်ထားတာပါ”ဟု မကွေးမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းကျော်က ပြောသည်။

ကိုသန်းထိုက်အောင်သည် ရေချိုးခန်းအတွင်း တက်၍ သတိလစ်လဲကျ သေဆုံးခြင်းဖြစ်သည်ဟု အဆိုပါ စခန်းမှ ရဲအုပ်နှစ်ဦးထံမှ သိခဲ့ရပြီး ၎င်း၏ပုဆိုးဖြင့် ကြိုးဆွဲချသေဆုံးသွားခြင်းဖြစ်သည်ဟု စခန်းမှူးထံမှ သိရသဖြင့် သေဆုံးရခြင်းအကြောင်းမှာ ကွဲလွဲနေကြောင်း သေဆုံးသူ၏ အစ်မဖြစ်သူ ဒေါ်သင်းသင်းခိုင်က ဆိုသည်။

ယင်းအပြင် ဇူလိုင်လ (၂၆)ရက်နေ့ နံနက် (၇)နာရီ(၁၅)မိနစ်အချိန်ခန့်က ကိုသန်းထိုက်အောင်အား နံနက်စာပို့ရန် အချုပ်ခန်းရှေ့ရောက်နေစဉ် အချုပ်ခန်းအတွင်းမှ “အား”ဟု အော်သံကြားလိုက်ရပြီးနောက် လူတစ်ဦးအား ဆေးရုံသို့ပို့ဆောင်ရန် ကားငှားနေသည်ကိုတွေ့သဖြင့် ဒေါ်သင်းသင်းခိုင်က ကူညီ ငှားပေးခဲ့သော်လည်း ဆေးရုံသို့ ပို့ဆောင်ရသူမှာ ၎င်း၏မောင်ဖြစ်ကြောင်းကို တာဝန်ရှိသူများက အသိပေးခဲ့ခြင်းမရှိဟု ဒေါ်သင်းသင်းခိုင်က ဆိုသည်။

အဆိုပါ အချက်များကြောင့် ကိုသန်းထိုက်အောင်သေဆုံးရခြင်းနှင့် ပတ်သက်၍ ၎င်း၏မိသားစုများက သံသယ ရှိနေခြင်းဖြစ်ပြီး အဖြစ်မှန်ဖော်ထုတ်ပေးရေးအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ တင်ပြထားခြင်းဖြစ်ကြောင်း ဒေါ်သင်းသင်းခိုင်ထံမှ သိရသည်။

သတင်း - ဖီးနစ်
Tachileik News Agency
http://www.tachileik.net

Read in : All Update Reader

WHO H1 N1 Update မြန်မာ့တုပ်ကွေး အပ်ဒိတ်

Posted on No comments

 Seasonal Influenza A (H1N1) pdm09 ရာသီတုပ်ကွေး အေ H1N1 ဖြစ်သည်။ ၂၆-၇-၂ဝ၁၇ နေ့အထိ စုစုပေါင်း ၂ဝ တွေ့ရှိ။ ၃ ယောက်သေဆုံးပြီး။ WHO နှင့် မြန်မာ ကျန်းမာရေးအာဏာပိုင်များ ပူးပေါင်းရွက်ဆောင်နေသည်။

ရက်တို ချက်ချင်းဖြစ်တုပ်ကွေးအမျိုးအစားဖြစ်သည်။ လူတဦးမှ တဦးသို့ လျင်မြန်စွာကူးစက်နိုင်သည်။ အသက်အရွယ်မရွေးဖြစ်နိုင်သည်။

ကာကွယ်နည်း
• အမှုံအမွှားလေးများကတဆင့်ကူးစက်သည်။ လေကတဆင့်ကူးစက်သည့်ရောဂါ မဟုတ်။ ရောဂါဆိုးဝါးစေသည့် အမျိုးအစားမဟုတ်။
• လူနာတဦးမှ ချောင်းဆိုး နှာချေသည့်ခါ ထွက်လာသည့် အမှုံအမွှားလေးကို ရှူမိသူတဦးအား ကူးစက်နိုင်သည်။ ပိုးပါနေသည့်လက်ကတဆင့်လည်း ကူးစက်နိုင်သည်။
• ထို့ကြောင့် လက်ကို ဆပ်ပြာနှင့် ရေဖြင့် မကြာခဏဆေးကြောပါ။ လူနာကထွက်သည့် အမှုံအမွှားများ ရှိနေနိုင်သည့် ကြမ်းပြင် မျက်နှာပြင်များကို ဆေးကြောသန့်ရှင်းပေးပါ။
• မိမိထံကူးစက်မလာစေရန် ပါးစပ်နှင့် နှာခေါင်းကို ဖုံးအုပ်ထားပါ။ အထူးသဖြင့် ချောင်းဆိုးနှာချေလျှင် ဖုံးအုပ် ကာကွယ်ပါ။ ပုံတွင်ပြထားသည့်နမူနာကိုကြည့်ပါ။ တံတောင်ဆစ်ထဲသို့ ချောင်းဆိုးခြင်းဟု ခေါ်သည်။ တစ်ရှူးရှိလျှင် အသုံးပြုပါ။ တစ်ရှူးကို စနစ်တကျစွန့်ပစ်ပါ။ လက်ကို ထပ်ဆေးပါ။
• ကာကွယ်ဆေးထိုးခြင်းသည် ထိရောက်သောကာကွယ်နည်းဖြစ်သည်။ အထူးသဖြင့် အသက် ၆ လမှ ၅၉ လအထိ ကလေးများ၊ သက်ကြီးရွယ်အိုများ၊ လူနာများနှင့် ထိတွေ့နေကြရသူများ။ ကိုယ်ဝန်ဆောင်များ၊ နာတာရှည်ရောဂါရှိသူများ။

ကာကွယ်ဆေးဟူသည် ဖြစ်နေသည့်ဗိုင်းရပ်စ်အမျိုးအစားနှင့် မျိုးကွဲအတိအကျဖြစ်မှသာ ထိရောက်သည်။ အသေးစိတ်ကို www.who.int/wer/2012/wer8747/en/ မှာဖတ်ရှုနိုင်ပါသည်။

ကပ်ရောဂါ၏သဘောတရား
ရာသီအလိုက်ဖြစ်ပေါ်လာသည့် ဗိုင်းရပ်စ်များသည် အမျိုးအစာကွဲလွဲမှု ဖြစ်လာတတ်သည်။ လူအများက အဆိုပါ အမျိုးအစားသစ်ကို ခံနိုင်စွမ်းမရှိလျှင် လူအများစုကိုဖြစ်စေသည့် ကပ်ရောဂါဖြစ်လာနိုင်သည်။

WHO ထုတ်ပြန်ထားချက်ကို အနီးစပ်ဆုံး ဘာသာပြန်ထားတာဖြစ်ပါတယ်။ ကွဲလွဲချက်ရှိရင် ကျွန်တော့တာဝန်ဖြစ်ပါတယ်။

အခုပို့စ်ထဲမှာ မပါတဲ့ နှာခေါင်းစည်းအမျိုးအစားတွေ ကာကွယ်ဆေးအမည်တွေ မမေးစေလိုပါ။ အားလုံး ရေးတင်ထားပြီး ဖြစ်ပါတယ်။ အရပ်ဆေးနည်းနဲ့ အရက်ဆေးနည်းတွေကိုလည်း မမေးကြပါရန်။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၇
နေ့ ၁ နာရီ၊ ၁၁ မိနစ်။

 




https://www.facebook.com/drtintswe

Read in : All Update Reader

နိုင်ငံတကာအန်ဂျီအိုများ မ၀င်ရောက်ခင်က ရခိုင်တွင်မည်သည့် ပြဿနာမှ ဖြစ်ပွားခဲ့ခြင်း မရှိဟု ဘူးသီးတောင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား

Posted on No comments

နိရဉ္စရာ၊ ဇူလိုင် ၂၆

ရခိုင်ပြည်နယ်အတွင်းသို့ နိုင်ငံတကာ အန်ဂျီအိုများ မ၀င်ရောက်ခင် ရခိုင်ဒေသတွင် မည်သည့် ပြဿနာမှ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်က ပြောကြားသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၃၃) ရက်မြောက် နေ့တွင် ဧရာဝတီတိုင်း ဒေသကြီး အိမ်မဲမြို့နယ် မဲဆန္ဒနယ်မှ ဒေါ်သန္တာက ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူး အစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီ၏ သတင်းထုတ်ပြန်ချက်အား ပြင်းထန်စွာ ကန့်ကွက်ကြောင်း အရေးကြီးအဆိုကို ဇူလိုင်လ ၂၅ ရက်နေ့က လွှတ်တော်တွင် ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်မှ ဦးအောင်သောင်းရွှေ မှ ထောက်ခံ ဆွေးနွေးရာတွင် ထိုသို့ ထုတ်ဖော် ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

“ UNHCR အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများဟာ ကျွန်တော်တို့ ဘူးသီးတောင်၊ မောင်တောဒေသကို ၁၉၉၄ ခုနှစ်ကတည်းကစပြီး ၀င်ရောက်နေတာ ယခုအချိန်ထိ အဖွဲ့ပေါင်း ၁၆ ဖွဲ့နဲ့ နှစ်ပေါင်း ၂၀ ကျော်ခန့် တစ်ဖက်သတ် ဘင်္ဂါလီလူမျိုးများကို ကူညီပေးလျှက်ရှိနေပါတယ်။ ဒီအဖွဲ့တွေ မ၀င်ရောက်ခင် ကျွန်တော်တို့ ဒေသမှာ ဘာပြသနာမှမရှိခဲ့ပါဘူး” ဟု သူက ပြောကြားသွားခဲ့သည်။

၎င်းပြင်သူ က “ အန်ဂျီအို အဖွဲ့တွေဟာ နိုင်ငံတကာ အလှူငွေတွေကို ရရှိနိုင်ဖို့ အတွက် ဘင်္ဂါလီ လူမျိုးတွေကို ခွဲခြားဆက်ဆံခံနေရပါတယ်ဆိုတဲ့ နည်းမျိုးစုံနဲ့ ကမ္ဘာ့သနားစရာ လူသားတွေအဖြစ် ပုံဖော် ဖန်တီးနေကြပါတယ်” ဟုဆိုသည်။

“ အန်ဂျီအို ၀န်ထမ်းတွေနဲ့ သူတို့ သွားချင်တဲ့နေရာသွားပြီး လုပ်ချင်သလို လုပ်နေ ကြတဲ့ ကျွန်တော်တို့ ရခိုင်ဒေသလိုနေရာမျိုးမှာ ဒီအဖွဲ့တွေရှိနေခြင်းဟာ ဒေသတွင်း ပြသနာ ဖြစ်အောင်၊ ပဋိပက္ခဖြစ်အောင် ဖန်တီးပေးနေသလိုဖြစ်နေပါတယ် ။ ဒါကြောင့်ရခိုင်ဒေသအတွင်း ပြသနာ ပဋိပက္ခမဖြစ်ပေါ်ရအောင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများအား တားဆီးပေးပါရန် အကြံပြုတိုက်တွန်းလိုပါတယ်” ဟု ပြောဆိုသည်။

ဦးအောင်သောင်းရွှေက “ လူ့အခွင့်အရေး လူသားချင်းစာနာထောက်တားမှုတွေကို ဗန်းပြပြီး နိုင်ငံ တစ်နိုင်ငံရဲ့ ပြည်တွင်းရေး၊ တရားဥပဒေစိုးမိုးရေးတို့မှာ ၀င်ရောက်စွက်ဖက်ရာရောက်နေတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့များရဲ့ လုပ်ရပ်များကိုလည်းကောင်း၊ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် ဖြစ်သူ မစ္စယန်ဟီးလီရဲ့ အစီရင်ခံစာနဲ့ သတင်းထုတ်ပြန်ချက်များကိုလည်းကောင်း ပြင်းထန်စွာ ကန့်ကွက် လိုက်ရပါကြောင်း” ဒေါ် သန္တာ၏ အရေးကြီးအဆိုကို ထောက်ခံဆွေးနွေးရာတွင် ထုတ်ဖော် ပြောဆိုသွားခဲ့သည်။

နိရဉ္စရာ

http://www.narinjara.com/burmese/

Read in : All Update Reader
Don't Miss