Responsive Ad Slot

Latest

Sports

RCSS နဲ့တိုက်ပွဲဖြစ်တဲ့ နေရာနားက ရှမ်းရွာသားတွေကို စစ်တပ်က ဖမ်းဆီး

Posted on Wednesday, July 26, 2017 No comments
အရပ်သားများ ပါဝင်တဲ့ စစ်ကြောင်းတကြောင်းကို တွေ့ရစဉ်

တပ်မတော်နဲ့ အပစ်ရပ် အာစီအက်စ်အက်စ်/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဟိုပုံးမြို့နယ် နားပုံကျေးရွာအုပ်စု နမ့်ခုတ်ရွာကအမျိုးသမီး တဦးအပါဝင် ရွာသား ၁၀ ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့က တပ်မတော် စစ်ကြောင်းရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။

ခလရ ၂၄၉ နဲ့ ခလရ ၂၅၅ အပါဝင် တပ်မတော် စစ်ကြောင်းဟာ နားပုံကျေးရွာအုပ်စု နမ့်ခုတ်ရွာကို ရောက်လာပြီး ရွာသားတွေကို ဖမ်းဆီးခဲ့တာလို့ ဖမ်းဆီးခံရွာသားတွေအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

ရွာသားတွေကို ဖမ်းဆီးပြီး နမ့်ခုတ်ကျေးရွာ ဘုန်းကြီးကျောင်းထဲမှာ ထိန်းသိမ်းထားခဲ့သလို ရိုက်နှက်ကန်ကျောက်တာတွေလည်း ရှိခဲ့တယ်လို့ ဖမ်းဆီးခံရတဲ့ နမ့်ခုတ်ရွာသူကြီး စိုင်းပဏ္ဍရဲ့ အစ်ကိုဖြစ်သူ လွိုင်လင် နောင်ဟူးကျောင်းဆရာတော် ဦးပညာဘောဂ ဘီဘီစီကို ပြောပါတယ်။ ရွာသားတွေ ဖမ်းဆီးထားစဉ် ရှမ်းတပ် RCSS/SSA ရဲ့  အဖွဲ့ဝင်တွေက ဘယ်သူတွေလဲ သူတို့လက်နက်တွေ ဘယ်နားမှာထားသလဲလို့ ရွာသားတွေကို တပ်မတော် စစ်ကြောင်းက မေးမြန်းခဲ့တယ်လို့လည်း ဆိုပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့ နယ်မြေဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့က တပ်မတော်နဲ့ အပစ်ရပ် အာစီအက်စအက်စ် တပ်တွေအကြား တိုက်ပွဲဖြစ်ခဲ့တဲ့ နယ်မြေနဲ့ မလှမ်းမကမ်းမှာ တည်ရှိတဲ့ ကျေးရွာတွေလည်းဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ ရွာသားအချို့ကို ဇူလိုင်လ ၂၁ ရက်နေ့နဲ့ ၂၂ ရက်နေ့က လွတ်ပေးခဲ့ပြီး စုစုပေါင်း ရွာသား ၇ ဦး ပြန်လွတ်လာခဲ့ပြီး ဆရာတော် ဦးပညာဘောဂရဲ့ ညီဖြစ်သူ ပါဝင်လာပေမဲ့ ကျန်ရှိသူ အမျိုးသား ၃ ဦးကိုတော့ ဟိုပုံးရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့လည်း ဦးပညာဘောဂက ပြောပါတယ်။

ဟိုပုံးရဲစခန်းအပါဝင် ရှမ်းပြည်နယ်က အာဏာပိုင်တွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဖုန်းကိုင် ဖြေကြားမဲ့သူ မရှိခဲ့ပါဘူး။

RCSS/SSA အပါဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့နဲ့ အန်စီအေ အပစ်ရပ်ခဲ့ပြီးနောက် အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ အဲဒီအဖွဲ့တွေကို မတရားအသင်းအဖြစ်မှ ပယ်ဖျက်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့လည်း တပ်မတော်နဲ့ အာစီအက်စ်အက်စ်အကြား တိုက်ခိုက်မှုတွေက မကြာခဏဆိုသလို ဖြစ်နေသလို အန်စီအေ စာချုပ်ကို ချိုးဖောက်တယ်ဆိုပြီး အပြန်အလှန်စွပ်စွဲမှုတွေလည်း ရှိနေပါတယ်။

အန်စီအေ စာချုပ်အရ ဖွဲ့စည်းထားတဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်မှု ကော်မတီ ဂျေအမ်စီမှာ အစိုးရ ၊ တပ်မတော် ၊ တိုင်းရင်းသား လက်နက်ကိုင် ဆိုပြီး ပါဝင်ပေမဲ့ ပြည်ထောင်စုအဆင့်မှာ အစိုးရကိုယ်စားလှယ်အဖြစ် ကြံ့ခိုင်ရေးပါတီဘက်က ဗိုလ်ချုပ်ဟောင်းတဦးက ပါဝင်နေတဲ့အတွက်လည်း ဘက်နှစ်ဘက်တည်းလိုဖြစ်နေပြီး ကော်မတီထဲမှာ မျှမျှတတ ဆုံးဖြတ်နိုင်တဲ့ ကြားဝင်ဆောင်ရွက်ပေးသူတွေ လိုအပ်နေတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ တပ်မတော်ကတော့ သူ ဥက္ကဌအဖြစ် ဂျေအမ်စီကော်မတီ အဆင့်ဆင့်မှာ တာဝန်ယူထားပေမဲ့ ဒီကော်မတီကို အသုံးပြုပြီး တိုင်းရင်းသားတွေကို ဖိအားပေးမှာမဟုတ်ဘူးလို့ ဂျေအမ်စီ ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်က ပြောဆိုထားပါတယ်။

#ဘီဘီစီမြန်မာပိုင်း

http://www.bbc.com/burmese/

Read in : All Update Reader

ကျောက်မီးသွေးလျှပ်စစ်စက်ရုံတွေ အကောင်အထည်ဖော်မှာ မဟုတ်ကြောင်း တိုင်းဝန်ကြီး ချုပ်ပြော

Posted on No comments
ထားဝယ်မြို့ မြို့တော်ခန်းမမှာပြုလုပ်တဲ့ တိုင်းဒေသကြီးအစိုးရ ရက် ၁ဝဝ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ရှင်းပြတဲ့ပွဲမှာ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် ကို ဇွန်လ ၁၁ ရက်နေ့က တွေ့ရစဉ်
Photo: tanin tharyi regional grovement (facebook)

ကျောက်မီးသွေးသုံး ဓာတ်အားပေးလျှပ်စစ်စက်ရုံတွေကို တနင်္သာရီတိုင်းဒေသကြီးမှာ အကောင်အထည်ဖော်မှာ မဟုတ်ကြောင်း တိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က မနေ့က ပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုအစိုးရက ဖိအားပေးတာတွေရှိပေမယ့် သူတာဝန်ယူနေစဉ်ကာလအတွင်း လုပ်မှာမဟုတ်ဘူးလို့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က တိုင်းအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး မနေ့က ရှင်းလင်းပွဲပြု လုပ်ရာမှာ သတင်းသမားတွေကို ပြောခဲ့တာဖြစ်ပါတယ်။

တနင်္သာရီတိုင်းက ဒေသခံတွေက ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေကို လက်မခံကြောင်း ဆန္ဒပြတာတွေရှိနေတဲ့အပြင် လျှပ်စစ်ရရှိဖို့အတွက် တခြားရင်းမြစ်တွေရှိနေတာကြောင့် မလုပ်တာဖြစ်တယ်လို့ တိုင်းဒေသကြီး သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင် က ပြောပါတယ်။

လက်ရှိမှာတော့ ထားဝယ်၊ ရေဖြူ၊ လောင်းလုံ၊ သရက်ချောင်းမြို့နယ်တွေကို ကုမ္ပဏီတွေက သဘာဝဓာတ်ငွေ့ သုံးလျှပ်စစ်ဓာတ်အား ဖြန့်ပေးနေတာဖြစ်ပါတယ်။ မဟာဓာတ်အားလိုင်း မရရှိသေးတဲ့ မြိတ်ခရိုင်နဲ့ ကော့သောင်း ခရိုင်တွေမှာတော့ ပုဂ္ဂလိက လျှပ်စစ်မီးနဲ့ တစ်ယူနစ်ကို ကျပ် ၄၀၀ ကနေ ၆၀၀ အထိပေးပြီး သုံးစွဲနေရတာဖြစ် ပါတယ်။

RFA Burmese

http://www.rfa.org/burmese/


Read in : All Update Reader

မြန်မာပြည်ထဲ မွတ်ဆလင်တွေ ဖိနှိပ် ခံရလို့ ဆိုပြီး အီရန်မှာ ဆန္ဒပြမယ်

Posted on No comments
ရခိုင်မြောက်ပိုင်းအရေး အီရန်က အကူအညီတွေ ပေးပို့ခဲ့ဖူး။

မြန်မာနိုင်ငံမှာ မွတ်ဆလင်တွေ အပေါ် ဖိနှိပ်နေတဲ့ အတွက်လို့ ဆိုကာ အီရန် နိုင်ငံထဲက ပြည်နယ် ၅ ခုမှာ ချီတက် ကန့်ကွက်ပွဲတွေ ပြုလုပ် ဖို့ စီစဉ်ထားတယ် ဆိုပြီး အီရန် သတင်း ဌာနတစ်ခု ဖြစ်တဲ့ တတ်စ်နီးမ် အေဂျင်စီက ပြောပါတယ်။
လာမယ့် ဇူလိုင်လ ၂၇ ရက် သောကြာနေ့ ၊ မွတ်ဆလင်တို့ရဲ့ စုပေါင်း ဝတ်ပြုပွဲ အပြီး လူတွေ စုဝေး ကြဖို့ အီရန် နိုင်ငံထဲက အစ္စလာမ်မစ်ရေးရာ ပူးပေါင်း ဆောင်ရွက်ရေး ကောင်စီက ကြေညာချက် ထုတ်ပြန် ထားပါတယ်။
ဂျေရူဆလင်မြို့က ဘာသာရေး အထွဋ်အမြတ် နေရာ ဖြစ်တဲ့ အယ်လ်-အတ်ဆာ ပလီ ဝတ်ကျောင်းတော်မှာ ဇီယွန် ဝါဒီတို့ ကျူးလွန်တဲ့ ရှက်စဖွယ် အပြုအမူတွေကို ဆန့်ကျင်ဖို့နဲ့ မြန်မာ နိုင်ငံထဲက အကာအကွယ်မဲ့ မွတ်ဆလင်တွေ အပေါ် လူမျိုးရေး ခွဲခြားရေး ဝါဒီတို့ ကျူးလွန် နေမှုတွေ အတွက် ချီတက် ဆန္ဒပြကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ ဆန္ဒပြ ချီတက်ပွဲတွေကို အီရန် နိုင်ငံထဲက ပြည်နယ်တွေ ဖြစ်တဲ့ ကွမ်၊ မာ့ရှ်ဟာ့ဒ်၊ ရှီရာ့ဇ်၊ တာဘရဇ်နဲ့ တဟီရန်တို့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese/

Read in : All Update Reader

နှစ်နိုင်ငံနယ်စပ် တရုတ်ဘက် ခြံစည်းရိုးတွင် အချက်ပြစနစ်အတွက် လျှပ်စစ်ဓာတ်အားလွှတ်ခြင်းကို မြန်မာကန့်ကွက်

Posted on No comments

မူဆယ်မြို့နှင့် ထိစပ် နေသော မြန်မာ-တရုတ်နယ်စပ် ခြံစည်းရိုး၏ တရုတ်နိုင်ငံဘက် ခြမ်းတွင် အချက်ပြစနစ်အတွက် လျှပ်စစ်ဓာတ်အားလွှတ်ထားခြင်း အပေါ် မြန်မာနိုင်ငံက ကန့်ကွက် ထားကြောင်း မူဆယ်ခရိုင်အထွေ ထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိ သူက ပြောသည်။

မူဆယ်မြို့နှင့် တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့ကြားရှိ နယ်စပ်ခြံ စည်းရိုး မိုင်တိုင် (၈၁/၂)နှင့်(၈၃)ကြားတွင် လျှပ်စစ်ဓာတ်အားနှင့် အသံပေးစနစ်ပါဝင်သော ခြံစည်း ရိုးကို တရုတ်က ဇူလိုင် ၁၀ ရက် နောက်ပိုင်းကစတင်ကာ တပ်ဆင် ခြင်းဖြစ်သည်။ နယ်စပ်ခြံစည်းရိုး တွင် ယင်းကဲ့သို့ပြုလုပ်သည့် အပေါ် မူဆယ်မြို့ဒေသခံအများစု က ကန့်ကွက်ကြသည်။

မူဆယ်ခရိုင်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနဒုတိယဦးစီးမှူး ဦးဆန်းလှိုင်က ‘‘ခြံစည်းရိုးရဲ့ ပေ ၅၀၀ တစ်ဖြတ်လောက်မှာ မီးနီ လင်းပြီး Alarm ထအော်တဲ့စပီ ကာ တပ်ထားတယ်။ အဲဒီကြိုးကို သွားထိတာနဲ့ နည်းနည်းတော့ ဓာတ်လိုက်မယ်။ ဘာမှတော့ အန္တရာယ်မရှိဘူး။ Alarm က ထအော်မယ်။ စပီကာအော်တာနဲ့ ချက်ချင်းလိုက်ဖမ်းမယ်။ သူတို့ အမှတ်အသားနဲ့သူတို့ ထားတာ ပေါ့။ အဲဒီလိုလုပ်တဲ့အပေါ်မှာ ဒီလိုနယ်စပ်တွေမှာ လုပ်မယ်ဆို ရင် နှစ်နိုင်ငံညှိနှိုင်းပေါင်းစပ်ပြီး လုပ်ရမှာဖြစ်တာကြောင့် ညှိနှိုင်း မှုမလုပ်တဲ့အတွက်ကြောင့် လက် ရှိလုပ်နေတာကို ရပ်ထားပေးပါ လို့ ကျွန်တော်တို့က ကန့်ကွက် လွှာပို့လိုက်တယ်’’ ဟု ဇူလိုင် ၂၁ ရက်တွင်ပြောသည်။

နယ်ခြားကော်မတီမှ တစ် ဆင့် တောင်းဆိုပြီးနောက် အဆို ပါ ခြံစည်းရိုးကာရံမှုကို တရုတ် ဘက်က ရပ်တန့်ပြီး နှစ်နိုင်ငံတာ ၀န်ရှိသူများ ဆွေးနွေးညှိနှိုင်းမည် ဟု အကြောင်းပြန်ထားကြောင်း မူဆယ်ခရိုင်အထွေထွေအုပ်ချုပ် ရေးမှူးရုံးမှ သတင်းရရှိသည်။

မူဆယ်ခရိုင်နှင့် တရုတ်နယ် စပ်တစ်လျှောက်သည် မိုင် ၇၀ ခန့်ဆက်စပ်နေပြီး မူဆယ်မြို့နယ် နှင့် ထိစပ်နေသော ခိုးဝင်၊ခိုးထွက် သည့်နေရာများတွင် ခြံစည်းရိုး ကို လျှပ်စစ်ဓာတ်အားလွှတ်ထား ခြင်းဖြစ်ကြောင်း ဦးဆန်းလှိုင်က ပြောသည်။

တရုတ်ဘက်က ခြံစည်းရိုး ကာရံမှုကြောင့် ခိုးဝင်၊ခိုးထွက်မှု များလျော့နည်းပြီး မြန်မာနိုင်ငံ ဘက်ခြမ်းတွင်ဖွင့်ထားသော မူး ယစ်ဆေးရောင်းဝယ်သည့် တဲအိမ်များကိုလည်း ပိုင်ရှင်များက ဖျက်သိမ်းသွားကြောင်း မူဆယ်မြို့ခံများက ပြောသည်။ သို့သော် ခြံစည်းရိုးတွင် လျှပ်စစ်ဓာတ်အားလွှတ်မည့် တရုတ်၏ အစီအစဉ်ကို ဒေသခံများက ကန့်ကွက်သည်။

‘‘တရုတ်ဘက်မှာက နယ်စပ် တစ်လျှောက် လမ်းဖော်ထားတာ။ ဘာတောမှမရှိဘူး။ ကျွန်တော်တို့ မူဆယ်ဘက်မှာက တောတွေ ချည်းပဲ။ အဲဒီတောတွေ ရှင်းလိုက် ရင်တော့ အန္တရာယ်ကင်းမယ်။အခုအတိုင်းပဲ ထားရင်တော့အခန့်မသင့်ရင် ဓာတ်လိုက်မယ်။ မိုးရွာရင်ပိုဆိုးမယ်’’ ဟု မူဆယ်မြို့ဒေသခံ ဦးစိုင်းဟန်က ပြောသည်။

 7Day News Journal

http://7daydaily.com/

Read in : All Update Reader

စက်လှေမှောက်၍ ပျောက်ဆုံးနေသည့် ရဲတပ်ဖွဲ့ဝင် ၄ ဦးအနက် နယ်မြေမှူးအလောင်းအားတွေ့ရှိ

Posted on No comments

စစ်တွေ၊ ဇူလိုင် ၂၆

ပြီးခဲ့ရက်ပိုင်းက ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် စက်လှေတိမ်းမှောက်၍ ပျောက်ဆုံးနေသည့် တောင်ဘဇားနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် (၄)ဦးအနက် နယ်မြေမှူးဖြစ်သူ၏ အလောင်းအား ဇူလိုင်လ ၂၅ ရက်နေ့ ညနေပိုင်းတွင် ရှာဖွေ့တွေ့ရှိခဲ့ပြီဖြစ်ကြောင်း တောင်ဘဇားနယ်မြေရဲစခန်းမှ သိရသည်။

"ပျောက်ဆုံးနေသူတွေထဲက ရဲမှူး ရဲဇော်ထွဋ်ရဲ့အလောင်းကို ဇူလိုင်လ ၂၅ ရက်နေ့ ညနေ ၃ နာရီလောက်မှာ ဘူးသီးတောင်မြို့နယ် အောင်သာယာကျေးရွာ စာသင်ကျောင်းနားက ကုလားပန်ဇင်းချောင်းမှာ မှောက်လျက်အနေအထား ရေမျောနေတာကိုတွေ့ခဲ့တာဖြစ်ပါတယ်"ဟု တောင်ဘဇားနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောသည်။

ယခုရှာဖွေတွေ့ရှိခဲ့သည့် ရဲမှူး ရဲဇော်ထွဋ်အလောင်းအားစစ်ဆေးခဲ့ရာ ကိုယ်ခန္ဓာတွင် ဒဏ်ရာများမတွေ့ရဘဲ ညာဘက်လက်သန်းမှ ရွှေလက်စွပ် (၁)ကွင်း၊ ခါး၌ပတ်ထားသော အိတ်များအတွင်း VIVO ဖုန်း (၁)လုံး၊ ငွေစက္ကူတစ်သောင်းကျပ်တန် (၃၂)ရွက်၊ ပစ္စတိုသေနတ်ထည့်အိတ် (၁)ခု၊ ပစ္စတိုကျည်ထည့်အိတ် (၁)ခုနှင့် အဆိုပါကျည်ထည့်အိတ်၌ ကျည် (၁ဝ)တို့ကိုတွေ့ရှိခဲ့ကြောင်းလည်း သိရသည်။

ရဲမှူး ရဲဇော်ထွဋ်နှင့်အတူ ပျောက်ဆုံးသွားသည့် ရဲတပ်ဖွဲ့ဝင် (၃)ဦးအား ဆက်လက် ရှာဖွေလျက်ရှိကြောင်းလည်း သိရသည်။

ဘူးသီးတောင်မြို့နယ် တောင်ဘဇားနယ်မြေရဲစခန်းမှ နယ်မြေမှူး ရဲမှူး ရဲဇော်ထွဋ်အပါအဝင် ရဲတပ်ဖွဲ့ဝင် ၇ ဦးသည် ဇူလိုင်လ ၂၃ ရက်နေ့ ည ၁ဝ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ် ကျောင်းတောကျေးရွာမှ နယ်မြေ ရှင်းလင်းရေးလုပ်ပြီး စက်လှေဖြင့်ပြန်အလာတွင် တောင်ဘဇားစခန်းမှ ၈ မိုင်ခန့်အကွာ ကုလားပန်ဇင်းချောင်းအတွင်း စက်လှေ နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်ဖြစ်ပွားအပြီး တပ်ဖွဲ့ဝင် ၃ ဦးသာ စခန်းသို့ပြန်လည်ရောက်ရှိလာခဲ့ပြီး ယခု အလောင်းတွေ့ရှိသည့် ရဲမှူး ရဲဇော်ထွဋ်၊ တပ်ကြပ် ခင်မောင်သန်း၊ တပ်ကြပ် ကိုကိုအောင်နှင့် ဒုတပ်ကြပ် ထွန်းလင်းထိုက်တို့မှာ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

မာန်ယုကျော် (ရွှေဝမြေ)
Narinjara
https://www.facebook.com/Narinjara

Read in : All Update Reader

အမြန်​လမ်းမကြီးတွင်​ ဂျူပီတာ Express ယာဉ်​တိမ်း​မှောက်​ ၇ ဦး ဒဏ်​ရာရ

Posted on No comments

နေပြည်​​တော်​ ၊ဇူလိုင်​ ၂၆

ရန်​ကုန်​-မန္တ​လေးအမြန်​လမ်းမကြီးတွင်​ ဇူလိုင်လ ၂၆ရက်နေ့ ယ​နေ့နံနက်​ ၆ နာရီခွဲ က ဂျူပီတာ Expressယာဉ်​ တိမ်း​မှောက်​ခဲ့၍ ၇ ဦးဒဏ်​ရာရရှိခဲ့​ကြောင်း အမြန်​လမ်းရဲတပ်​ဖွဲ့မှသိရသည်​။

ရန်​ကုန်​-မန္တ​လေးအမြန်​လမ်းမကြီး၏ မိုင်​တိုင်​အမှတ်​ ၁၆၁/၇ နှင့်​ ၁၆၂/၀ အကြား ​နေပြည်​​တော်​ဘက်​မှ ရန်​ကုန်​ဘက်​သို့ ယာ​ဉ်​မောင်း သန်းလင်း​အောင်​​မောင်းနှင်​လာ​သော ဂျူပီတာ Express ယာဉ်​မှာ ယ​နေံ့နံနက်​ ၆ နာရီခွဲက အရှန်​မထိမ်းနိုင်​ဘဲ လမ်းလယ်​ကပ်​တုံး များတိုက်​ကာ တိမ်း ​မှောက်​ခဲ့သည်​။


ဖြစ်​စဉ်​​ကြောင့်​ ယာဉ်​​ပေါ်တွင်​ ယာဉ်​​မောင်းပါ အမျိုးသား ၅ ဦး၊အမျိုးသမီး ၇ ဦး ​ပေါင်း ၁၂ဦးအနက်​ အမျိုးသား ၂ ဦး ၊အမျိုးသမီး ၅ ဦး ​ပေါင်း ၇ ဦး ဒဏ်​ရာရရှိခဲ့သည်​။ ဒဏ်​ရာရရှိသူများအား ဇီးပင်​သာ အမြန်​လမ်းရဲတပ်​ဖွဲ့ပိုင်​ယာဉ်​ဖြင့်​ ​တောင်​ငူ​ဆေးရုံသို့ပို​ဆောင်​​ပေးခဲ့ရသည်​။ သို့ပါ၍ယာဉ်​ကိုမဆင်​မခြင်​​မောင်း​ပေါ့ဆစွာနှင်​သူ ယာဉ်​​မောင်းအားသက်​ဆိုင်​ရာက အ​ရေးယူအမှုဖွင့်​ထား​ကြောင်းသိရသည်​။

သန်းဦး(​လေးမျက်​နှာ)
ဓာတ်​ပုံ/အမြန်​လမ်းရဲတပ်​ဖွဲ့
Nan Myat Oo (fb)
Read in : All Update Reader

ဖိလစ်ပိုင်မှာ အစ္စလာမ် စစ်သွေးကြွတွေကြောင့် သေဆုံးသူ ၃၀ဝ ကျော်ပြီ

Posted on Saturday, June 17, 2017 No comments
သေဆုံးသူတွေထဲမှာ အရပ်သား ၂၆ ယောက် ပါဝင်ပြီး စစ်သွေးကြွ အရေအတွက်လည်း ၂၀ဝ ကျော် ပါ
 
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းက မာရာဝီမြို့မှာ အစ္စလာမ် စစ်သွေးကြွတွေနဲ့ တလကြာ တိုက်ပွဲတွေ ဖြစ်အပြီး သေဆုံးသူ ၃၀ဝ ကျော် ရှိပြီလို့ ဖိလစ်ပိုင် အစိုးရက ပြောပါတယ်။

အခုလို သေဆုံးသူတွေထဲမှာ အရပ်သား ၂၆ ယောက် ပါဝင်ပြီး စစ်သွေးကြွ အရေအတွက်လည်း ၂၀ဝ ကျော် ပါဝင်နေပါတယ်။

မျက်မြင်သက်သေတွေရဲ့ ပြောပြချက်အရ အစိုးရဟာ အစ္စလာမ္မစ် နိုင်ငံအဖွဲ့ အိုက်အက်စ်နဲ့ မဟာမိတ် ဖွဲ့ထားတဲ့ အဲဒီသူပုန်တွေကို လေကြောင်း တိုက်ခိုက်မှု အပါအဝင် အဝေးပစ် အမြောက်တွေနဲ့လည်း ပစ်ခတ် နှိမ်နင်းနေတယ်လို့ သိရပါတယ်။

နောက်ထပ် ဖိလစ်ပိုင် စစ်သား ရာဂဏန်းကိုလည်း ဖိလစ်ပိုင် နိုင်ငံအလယ်ပိုင်းကနေ တိုက်ပွဲဖြစ်တဲ့နေရာကို ရဟတ်ယာဉ်နဲ့ ပို့ပြီး ဖိလစ်ပိုင်စစ်တပ်က တိုက်ပွဲ အရှိန်မြှင့်ခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ ခရစ်ယာန် ဘာသာဝင်တွေ အများစု နေထိုင်တဲ့ နိုင်ငံ ဖြစ်ပေမယ့် နိုင်ငံတောင်ပိုင်းက မင်ဒါနာအိုကျွန်းမှာရှိတဲ့ မာရာဝီမြို့ကတော့ မွတ်ဆလင် အများစု နေထိုင်တဲ့ မြို့လည်း ဖြစ်ပါတယ်။

ဘီဘီစီ ( မြန်မာပိုင်းအစီအစဉ် )

http://www.bbc.com/burmese/

Read in : All Update Reader

ကန်ရေတပ်ဖျက်သင်္ဘော ဖိလစ်ပိုင်ကုန်တင်သင်္ဘောနဲ့ တိုက်မှု ကန် ၇ ယောက်ပျောက်နေ

Posted on No comments
အမေရိကန်ရေတပ်ရဲ့ ဖျက်သဘောင်္တစင်း။

အမေရိကန်ရေတပ်ရဲ့ ဖျက်သင်္ဘောတစ်စင်း နဲ့ ဖိလစ်ပိုင်ကုန်သင်္ဘောတစင်းတို့ ဂျပန်ကမ်းလွန်ပင်လယ်ပြင်မှာ စနေနေ့ အစောပိုင်းက တိုက်မိပြီး၊ အမေရိကန်ဘက်က သင်္ဘောသား ၇ ယောက်ပျောက်ဆုံးနေတယ်လို့ အမေရိကန်ရေတပ်က ပြောလိုက်ပါတယ်။

သင်္ဘောသား ၇ ယောက်ပျောက်ဆုံးပြီး၊ အမေရိကန်ရေတပ်သင်္ဘောနဲ့ ဂျပန်ကမ်းခြေစောင့်တပ်တွေက အဲဒီလူတွေကို ဆက်လက်ရှာဖွေနေတယ်လို့ အမေရိကန်ရေတပ်က ထုတ်ပြန်တဲ့ကြေငြာချက်ထဲမှာ ပြောထားပါတယ်။

ရေယာဉ်မှူး Bryce Benson အပြင် နောက်ထပ် သင်္ဘောသား ၂ ယောက်လည်း ဒဏ်ရာရသွားတယ်လို့ ပြောပါတယ်။ ဒဏ်ရာရသွားတဲ့ အဲဒီ ၃ ဦးကို ဆေးကုသဖို့အတွက် အမေရိကန်ရေတပ်သင်္ဘော USS Fitzgerald ပေါ်ကနေ Yokosuka မှာရှိတဲ့ အမေရိကန်ရေတပ်ဆေးရုံ ပြောင်းလိုက်တယ်လို့ ပြောပါတယ်။ ရေယာဉ်မှူးကြီးရဲ့ အခြေအနေကတော့ တည်ငြိမ်မှုရှိပြီး၊ သင်္ဘောသား ၂ ယောက်ကတော့ ပွန်းပဲ့ဒဏ်ရာတွေရခဲ့တဲ့အတွက် ကုသမတွေလုပ်ခဲ့ရတယ်လို့ ပြောပါတယ်။

ဖိလစ်ပိုင်ကုန်သင်္ဘောဘက်ကတော့ - တစ်ယောက်မှာ ဒဏ်ရာမရဘူးလို့ ပြောပါတယ်။ ဒီသင်္ဘော ၂ စင်းဟာ ဂျပန်နိုင်ငံ ယိုကိုဆူကာကျွန်းရဲ့ အနောက်တောင်ဘက် ရေမိုင် ၅၆ မိုင်အကွာမှာ စနေနေ့မနက် ဒေသစံတော်ချိန် ၂ နာရီခွဲလောက်မှာ တိုက်မိကြတာဖြစ်တယ်လို့ အမေရိကန်ရေတပ်ဘက်က ပြောပါတယ်။

ဂျပန်နိုင်ငံ NHK ရုပ်သံက ရဟတ်ယာဉ်ပေါ်ကနေ ရိုက်ပြတဲ့ ဗီဒီယိုမှတ်တမ်းတွေအရတော့ - အမေရိကန်စစ်သင်္ဘောဟာ စက်ထိန်းခန်းအရှေ့ ညာဘက်အခြမ်းမှာ အတော်လေးကို ထိခိုက်သွားပြီး၊ ရေတွေဝင်နေတာကြောင့် ဂျပန်ကမ်းခြေစောင့် သင်္ဘောကနေ အကူအညီပေးနေတယ်လို့ ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com

Read in : All Update Reader

သမ္မတTrump ပြည်တွင်းနဲ့ နိုင်ငံတကာကို ပေးရမယ့် ကိုယ်ပိုင်အကြွေး ဒေါ်လာ ၃၁၅ သန်း ထက်မနည်းရှိ

Posted on No comments
အမေရိကန်သမ္မတ Donald Trump။

အမေရိကန်သမ္မတ Donald Trump ဟာ Deutsche ဘဏ်ကို ပေးရမယ့် ဒေါ်လာ သန်း ၁၃၀ အပါအ၀င် အမေရိကန်ပြည်တွင်းနဲ့ နိုင်ငံတကာ ငွေထုတ်ချေးသူတွေကိုပေးစရာရှိတဲ့ ကိုယ်ပိုင်အကြွေး ဒေါ်လာ ၃၁၅ သန်း ထက်မနည်း ရှိပါတယ်။

မနေ့ သောကြာနေ့ နှောင်းပိုင်းက အမေရိကန် အစိုးရ ကျင့်ဝတ်စီစစ်တဲ့ဌာနက ထုတ်ပြန်ချက်ထဲမှာ သမ္မတ ရဲ့ ငွေကြေးဆိုင်ရာ လူသိရှင်ကြား နောက်ဆုံး ထုတ်ဖော်ပြသချက်ထဲမှာ အဲဒီလို ဖော်ပြထားတာဖြစ်ပါတယ်။ ၉၈ မျက်နှာပါ စာရွက်စာတမ်းကို အစိုးရ ကျင့်ဝတ်စီစစ်တဲ့ဌာနရဲ့ ၀က်ဘ်ဆိုက် ပေါ်မှာ ဖော်ပြထားတာပါ။

စာရွက်စာတမ်းပါ ဖော်ပြချက်အရ သမ္မတ Trump ရဲ့ ၀င်ငွေဟာ ဒေါ်လာသန်း ၅ ရာကျော်ကျော်လေးရှိပြီး၊ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်အတွင်းမှာ ဒေါ်လာ ၅၉၄ သန်းထက်မနည်းရှိတာကို ဖော်ပြထားပါတယ်။ စက်တင်ဘာလမှာ စတင်ဖွင့်လှစ်လိုက်တဲ့ သူ့ရဲ့ ၀ါရှင်တန် ဟိုတယ်ကနေ ဒေါ်လာ သန်း ၂၀ ၀င်ငွေရရှိပြီး ကျန် ၁၁၅ ဒသမ ၉ သန်းကိုတော့ ဖလော်ရီဒါပြည်နယ် မိုင်ယမီ Trump National Doral Golf Club ကနေ ရရှိတာဖြစ်ပါတယ်။

သမ္မတ Trump က သူ့ရဲ့ငွေရေးကြေးရေးဆိုင်ရာ ထုတ်ဖော်ချက်ကို သူကိုယ်တိုင်တင်ပြခွင့်ရတာကို ကြိုဆိုကြောင်း သောကြာနေ့ ညနေက ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာ အိမ်ဖြူတော်ကပြောပါတယ်။ ဒီထုတ်ဖော်ချက်ကို အစိုးရရဲ့ကျင့်ဝတ်စီစစ်တဲ့ဌာနက ပုံမှန် လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်းကိုလည်း ပြောပါတယ်။

ဒါပေမယ့်လည်း သမ္မတ Trump ဟာ သူ့ရဲ့ ငွေရေးကြေးရေးဆိုင်ရာ ကိစ္စရပ်အသေးစိတ်ကို ဖော်ပြနိုင်မယ့် အခွန်ဆောင်တဲ့စာရင်းကိုတော့ ထုတ်ဖော်တာမရှိသေးပါဘူး။

ဗွီအိုအေ(မြန်မာပိုင်း)

 https://burmese.voanews.com

Read in : All Update Reader

မင်းပြားတွင် ၁၀ တန်းစာမေးပွဲကျ၍ ကျောင်းသူတဦး အဆိပ်သောက်သေဆုံး

Posted on No comments

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဝင်းစားအုပ်စု၊ ငပုကွကျေးရွာမှာ အသက် ၁၇ နှစ်အရွယ် ကျောင်းသူတဦး တက္ကသိုလ်ဝင်တန်းစာမေးပွဲကျတာကြောင့် အဆိပ်သောက်သေဆုံးသွားတယ်လို့ မင်းပြားမြို့မရဲစခန်းက ဒီဗွီဘီကိုပြောပါတယ်။

ဇွန် ၁၇ ရက်နေ့ မနက်ပိုင်းက ငပုကွကျေးရွာမှာနေထိုင်တဲ့ အသက် ၁၇ နှစ်အရွယ် ၁၀ တန်းကျောင်းသူတဦးဟာ ၁၀ တန်းကျမေးပွဲကျလို့ အဆိပ်သောက်သေဆုံးခဲ့တာပါ။

မင်းပြားမြို့မ ရဲစခန်းက ရဲအရာရှိ ကျော်ဇံဝေက “ကျနော်တို့ မင်းပြားရဲစခန်းက သတင်းရရှိတာက နေ့လယ် ၁၂ နာရီအချိန်လောက်မှာရရှိပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ သေဆုံးသူရဲ့ အဖေပြောကြားချက်အရကတော့ ဒီကနေ့ မနက်ပိုင်းက စာမေးပွဲအောင်စာရင်းကို ဖေစ့်ဘွတ်ခ်မှာကြည့်တယ်။ အဲ့ဒီမှာ သူ့အမည်ကို မပါဘူး။ မနက်အစောကြီး ၆ နာရီနီးပါးလောက်ရှိမယ်လို့ ပြောတယ်။ စိတ်ညစ်ပြီးတော့ အိမ်အောက်ကို ဆင်းသွားတာကို အဖေဖြစ်သူက မြင်တယ်။ အဖေက နောက်ကလိုက်တယ်။ လှေကားထပ်အောက်ဆုံး ရောက်တာနဲ့ သမီးဖြစ်သူက အဆိပ်ကိုသောက်လိုက်ပြီ၊ ပိုးသတ်ဆေးက မာလာမြိုင် ပိုးသတ်ဆေးအရည်ကို သောက်လိုက်တာလို့ပြောတယ်” လို့ ဆိုပါတယ်။

ပိုးသတ်ဆေးရည်းသောက်ပြီးနောက် မင်းပြားပြည်သူ့ဆေးရုံကို သွားရောက်ကုသခဲ့ပေမယ့် မနက် ၁၁ နာရီဝန်း ကျင်လောက်မှာ သေဆုံးသွားပြီး ၁၂ နာရီအချိန်ဝန်းကျင်လောက်မှာ မင်းပြားမြို့မရဲစခန်းကို လာရောက် အကြောင်းခဲ့တာလို့ဆိုပါတယ်။

သေဆုံးသူ ခိုင်ခိုင်မိုးဟာ မင်းပြားမြို့ အလက ၂ စာစစ်ဌာန ခုံအမှတ်ဒပ-၁၄၇၂ နဲ့ ဘောဂဗေဒဘာသာတွဲကို ဝင်ရောက်ဖြေဆိုထားသူဖြစ်ပါတယ်။

သေဆုံးသူရဲ့ မိဘတွေဟာ ဥယျာဉ်ခြံတွေ လုပ်ကိုင်သူတွေဖြစ်ပြီး အဲ့ဒီပိုးသတ်ဆေးတွေဟာလည်း ဥယျာဉ်ခြံမြေတွေအတွက် အသုံးပြုဖို့ ၀ယ်ယူထားတာလို့ ရဲအရာရှိသူက ဆက်လက်ပြောပါတယ်။

သေဆုံးသူ မခိုင်ခိုင်မိုးကို သေမှုသေခင်း အမှတ်စဉ်၁၃/ ၂၀၁၇အရ သေမှုသေခင်းအရ ဓမ္မတာသေခြင်း ဟုတ် မဟုတ်ဆိုတာကို မင်းပြားမြို့မရဲစခန်းက စခန်းမှူးက ဆက်လက်ဆောင်ရွက်နေတယ်လို့ ရဲက ပြောပါတယ်။

သတင်း-ဝဏ္ဏခွာညို

http://burmese.dvb.no/

Read in : All Update Reader
Don't Miss