နေပြည်တော် ၊ဇူလိုင် ၂၆
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ဇူလိုင်လ ၂၆ရက်နေ့ ယနေ့နံနက် ၆ နာရီခွဲ က ဂျူပီတာ Expressယာဉ် တိမ်းမှောက်ခဲ့၍ ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှသိရသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၆၁/၇ နှင့် ၁၆၂/၀ အကြား နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း သန်းလင်းအောင်မောင်းနှင်လာသော ဂျူပီတာ Express ယာဉ်မှာ ယနေံ့နံနက် ၆ နာရီခွဲက အရှန်မထိမ်းနိုင်ဘဲ လမ်းလယ်ကပ်တုံး များတိုက်ကာ တိမ်း မှောက်ခဲ့သည်။
ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ အမျိုးသား ၅ ဦး၊အမျိုးသမီး ၇ ဦး ပေါင်း ၁၂ဦးအနက် အမျိုးသား ၂ ဦး ၊အမျိုးသမီး ၅ ဦး ပေါင်း ၇ ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများအား ဇီးပင်သာ အမြန်လမ်းရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် တောင်ငူဆေးရုံသို့ပိုဆောင်ပေးခဲ့ရသည်။ သို့ပါ၍ယာဉ်ကိုမဆင်မခြင်မောင်းပေါ့ဆစွာနှင်သူ ယာဉ်မောင်းအားသက်ဆိုင်ရာက အရေးယူအမှုဖွင့်ထားကြောင်းသိရသည်။
သန်းဦး(လေးမျက်နှာ)
ဓာတ်ပုံ/အမြန်လမ်းရဲတပ်ဖွဲ့
Nan Myat Oo (fb)
Read in : All Update Reader