Responsive Ad Slot

Latest

Sports

ဖမ်းထားသည့် လူသူလက်နက်ပြန်အပ်သော်လည်း မိုင်းလားတပ်ဖွဲ့၏ တပ်စခန်းကြီးနှစ်ခုကို ဝ တပ်ဖွဲ့ ဆုတ်မပေး

Posted on Tuesday, October 4, 2016 No comments
ဓါတ်ပုံ- ၀ တပ်ဖွဲ့ကသိမ်းပိုက်ခဲ့သည့် ကျိုင်းတုံဘက်ကအ၀င် အထူးဒေသ ၄ ၏ ပန်မတ်ဖိုင်းဂိတ်

အောက်တိုဘာ ၃ ရက် ၂၀၁၆

ဝ တပ်ဖွဲ့မှ အင်အားအလုံးအရင်းဖြင့် သိမ်းပိုက်ထားသည့် အထူးဒေသ ၄ မိုင်းလားတပ်ဖွဲ့၏ တပ်စခန်းကြီးနှစ်ခုအား အထက်အမိန့် မရမချင်း ဆုတ်ပေး မည်မဟုတ်ဟု ၀ တပ်ဖွဲ့တပ်မှူးကြီး က ပြောသည်။

သျှမ်းပြည်အရှေ့ပိုင်းကျိုင်းတုံမြို့ အရှေ့ဘက် ကီလိုမီတာ ၁၀၀ ခန့်ဝေးသော မိုင်းလား တပ်ဖွဲ့၏ တပ်စခန်းကြီး နှစ်ခု ဂိတ်စခန်းတခုအား စက်တင်ဘာလ ၂၈ ရက်က အင်အား ၆၀၀ ကျော်ရှိ ဝ တပ်ဖွဲ့မှ ဝင်ရောက် သိမ်းပိုက်ထားရာ ယမန်ေ န့ အောက်တိုဘာ ၁ ရက် ညနေပိုင်းက ပန်မတ်ဖိုင်း ဂိတ်စခန်းနှ င့်အ တူ ဖမ်းထား သည့် မိုင်းလားတပ်ဖွဲ့ဝင် ၁၅၀ ကျော် အား ၀တပ်ဖွဲ့မှ မိုင်းလား တပ်ဖွဲ့ ထံပြန် အပ်လိုက်သည်။ သို့သော် စစ်ရေးအတွက် အရေးပါသည်ဟု ယူဆရသည့် မိုင်းလားတပ်ဖွဲ့၏ လွယ်ဆမ်ဆုမ် တပ်စခန်း၊ လွယ်ကျူဆိုင်း တပ်စခန်း တို့ကိုမူ အထက်အမိန့်မရလျှင် ပြန်လည်ပေး အပ်မည် မဟုတ်ဟု ၀ တပ်ဖွဲ့စစ်ကြောင်းမှူးက ပြောကြားလိုက်သည်ဟု သိရသည်။

“၀ က ဖမ်းထားတဲ့ ၁၅၁ ဦးကို စက်တင်ဘာ ၃၀ ရက်နေ့က ၁၇ ဦးလွတ်ပေး တယ်။ မနေ့က ညနေ ပိုင်းက ကျန်တဲ့ ၁၃၈ ဦးကိုပြန်လွတ်ပေးတယ်။ လက်နက်တွေလဲ ဒီမနက်ပြန်ရပြီ။ ပန်မတ်ဖိုင်းဂိတ် ကိုလဲပြန်အပ်တယ်။ ဒါပေမယ့် လွယ်ဆမ်ဆုမ် နဲ့ လွယ်ကျူဆိုင်းကိုတော့ အထက်အမိန့် မရရင် ပြန် မပေးနိုင်ဘူးပြောတယ်။ တပ်မဟာ ၄၆၈ မှူးပေါက်အိုက်ပန်းကပြောတယ်” - ဟုမိုင်းလားတပ်ဖွဲ့၏ ရှေ့တန်းအရာရှိတဦး ကပြောသည်။

တပ်မဟာ ၄၆၈ တပ်မှူး ပေါက်အိုက်ပန်း မှာ ၂၀၀၅ ခုနှစ် စက်တင်ဘာလက ဘိန်းဖြူ ၄၉၆ ကီလိုဂရမ် နှင့် အတူ သျှမ်းပြည် အရှေ့ပိုင်း မိုင်းပြင်း မြို့နယ် တုံတာ၌ အဖမ်းခံခဲ့ရ၏။ ၀ ပြည်သွေးစည်း ညီညွတ် ရေး တပ်မတော်က ဒုတိယ အကြိမ် အပစ်ရပ် ငြိမ်းချမ်းရေး တည်ဆောက်ပြီး နောက်ပိုင်း သမ္မတကြီး ဦးသိန်းစိန် ၏ ပြည်ထောင်စုအစိုးရသစ် က ၄င်းအား လွတ်ငြိမ်း ချမ်းသာ ခွင့် ပေးခဲ့ သည်။

ကျိုင်းတုံအခြေစိုက် တြိဂံတိုင်းစစ်ဌာနချုပ် နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက - “ကျနော်တို့ ဝ တပ်ဖွဲ့ ကိုဖုန်းဆက်မေးတယ်။ သူတို့ကတော့ စစ်ရေးလေ့ကျင့် တာပါတဲ့။ ဘာမှမဖြစ်ဘူးတဲ့။ အဲဒီလိုဘဲပြော တာ” - ဟုဆို၏။

မိုင်းလားတပ်စခ န်းအားစစ်သည်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်သိမ်း ပိုက်သည့် ပေါက်အိုက်ပန်း သည် ဝ တပ်ဖွဲ့ခေါင်းဆောင် ပေါက်ယူချမ်းနှင့် တူ တော်စပ်ပါသည်။

လွယ်ဆမ်ဆုမ် နှင့် လွယ်ကျူဆိုင်းတပ်စခန်းသည် ကျိုင်းတုံမြို့အထိမြင်နိုင် သည့် တောင်စခန်းဖြစ် သည်ဟု လည်းမိုင်းလားတပ်ဖွဲ့ဘက်ကအတည်ပြုေ ပာဆိုသည်။

မိုင်းလားတပ်ဖွဲ့၏ အရေးပါတပ်စခန်းများအား ဝ တပ်ဖွဲ့ အင်အားသုံး သိမ်း ပိုက် ရခြင်းမှာ - ၁ ။ ၀ တပ်ဖွဲ့ ၏ အောက်ခြေအရာရှိအဆင့်တာစေလွတ်ရန် ဝ တပ်ဖွဲ့အကြံပေးတဲ့အပေါ် မိုင်းခေါင်းဆောင်လက်မခံ ပဲ ဥက္ကဌဦးစိုင်းလင်း ကိုယ်တိုင် ၂၁ ရာစုပင်လုံညီလာခံတွင်ပါဝင်ခြင်း၊ ၂၁ ရာစုပင်လုံညီခံ မှ ဝ တပ်ဖွဲ့ ကိုယ်စားလှယ်များနှုတ်ထွက်လာသော်လည်းမိုင်းလား ကိုယ်စား လှယ်များနှုတ်မထွက်လာသည့်အပြင် ၂၁ ရာစုပင်လုံညီလာခံကျင်းပရေးေ က်ာမတီတွင်ပါဝင်ခြင်း၊ အထူးဒေသ ၄ မိုင်းလားမြို့နယ် နှင့် မိုင်းယုမြို့ နယ်ခွဲနှစ်ခုပေါင်းအား အခါကိုယ်ပိုင်အုပ်ချုပ်ရဒေသအဖြစ် သတ်မှတ်ပေးရန် မိုင်းလား တောင်းဆိုခြင်း စသည့်အကြောင်းအရာများနှင့် စပ်ဆိုင်သည် ဟုပြည်ထောင်စုအင်စတီကျု ဒါရိုက်တာဦးခွန်ဆိုင်း က သုံးသပ်သည်။

ဝ တပ်ဖွဲ့ UWSA မှာမူအထူးဒေသ ၄ နှင့် ကျိုင်းတုံမြို့၊ ကျိုင်းတုံခရိုင် အပါအဝင်သျှမ်းပြည်နယ် ၏ သံလွင်ရှေ့ခြမ်းဒေသအားလုံးအား ဝ ပြည်နယ် အဖြစ် သတ်မှတ်ပေးရန် ၂၁ ရာစုပင်လုံညီလာခံတွင် တင်ပြသည့် ၎င်းတို့ ၏စာတမ်းတွင်ပါရှိသည်။

၂၀၀၉ ခုနှစ် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် မြန်မာ့တပ်မတော် စရဖမှူးဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့် မှ ဖိအားပေးစဉ် သျှမ်းပြည်အတွင်းဒုတိယ အမြင့်ဆုံးတောင်ထိပ်ဖြစ်သည့် မွန်ပန်နောဝ်တောင် စခန်း၊ တောင်ဘက် မဲခေါင်မြစ်အဝင် နမ့်လွေချောင်းဝ စခန်း၊ အပါအဝင် အရေးပါသည့် တပ်စခန်းကြီးများအားထိုစဉ် မိုင်းလားတပ်ဖွဲ့ သဘောတူညီချက်ဖြင့် ၀ တပ်ဖွဲ့ များပူးတွဲအခြေချ ထားပြီးဖြစ်သည်။

သျှမ်းသံတော်ဆင့် - ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese

မိုတယ်ဝန်ထမ်းများကို ဆဲဆိုကြိမ်းမောင်းသည်ဟုဆိုကာ NLD ပါတီမှ ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အား မိုတယ်မန်နေဂျာက အမှုဖွင့်

Posted on No comments
 
ရွှေပြည်သာမြို့နယ်ရှိ မိုတယ်တစ်ခု၌ ၀န်ထမ်းများအား ဆဲဆိုကြိမ်းမောင်းသည်ဆိုကာ ယင်းမြို့နယ် NLD ပါတီမှ ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဥာဏ်လင်းကို မိုတယ်မန်နေဂျာက သက်ဆိုင်ရာ ရဲစခန်းတွင် တိုင်တန်း အမှုဖွင့်ထားပြီဖြစ်ကြောင်း ယင်းရဲစခန်းက စက်တင်ဘာ ၃ ရက်တွင် စုံစမ်းသိရှိရသည်။
အောက်တိုဘာ ၁ရက် ည ၁၁ နာရီခန့်တွင် ရွှေပြည်သာမြို့နယ် (၈) ရပ်ကွက်ရှိ မိုတယ်တစ်ခုသို့ ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဥာဏ်လင်းမှာ အခြားအမျိုးသား နှစ်ဦးနှင့်အတူ ရောက်ရှိလာပြီး သီချင်းဆိုရန်ဟု ပြောဆိုကာ မိုတယ်တံခါးအား ဖွင့်ခိုင်းခဲ့ကြောင်း သိရသည်။
ထိုသို့ဖွင့်ခိုင်းစဉ် ၀န်ထမ်းများက တံခါးဖွင့်မပေးသဖြင့် နှစ်ဖက်အချင်းများကြရာ မိုတယ်ရှေ့သို့ ရပ်ကွက်ဥက္ကဋ္ဌက လာရောက်ညှိနှိုင်း ပြောဆိုပေးသဖြင့် ၀န်ထမ်းများက တံခါးအား ဖွင့်ပေးလိုက်ကြောင်း သိရသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဥာဏ်လင်းပါ သုံးဦးမှာ မိုတယ်အတွင်း၌ ၀န်ထမ်းများအား ဆဲဆိုကြိမ်းမောင်းမှုများ ပြုလုပ်ခဲ့သည်ဟုဆိုကာ ယင်းမိုတယ် မန်နေဂျာက ရဲစခန်းသို့ လာရောက်တိုင်တန်း အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဥာဏ်လင်းပါနှစ်ဦးက မိုတယ်ကိုဝင်တဲ့ အခါမှာ မိုတယ်ရဲ့ ၀န်ထမ်းတွေကို ဆဲဆိုကြိမ်းမောင်းတယ် ဆိုပြီးတော့ လာရောက်အမှုဖွင့်တာ ဖြစ်ပါတယ်။ စစ်ဆေးမှုတွေ ပြုလုပ်ဖို့ ဆက်လက် ဆောင်ရွက်နေပါတယ်” ဟု ရွှေပြည်သာမြို့မ ရဲစခန်းက ရဲအရာရှိတစ်ဦးက ပြောသည်။
အဆိုပါ တိုင်တန်းမှုကို ရွှေပြည်သာမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၉၄/၅၀၆/၁၁၄ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက် ရှိကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ NLD ပါတီမှ ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဥာဏ်လင်းအား ဆက်သွယ် မေးမြန်းရာ “ပြည်သူတွေက ကျွန်တော့်ကို တိုင်တယ်။ တစ်ခါတစ်လေကျရင် မိန်းကလေးတွေ ၁၄ နှစ် ၁၅ နှစ် အရွယ်လေးတွေပေါ့။ လာကြတယ်။ မူးယစ်နေတဲ့ အနေအထားတွေ တွေ့ရတယ်။ လာပြီးတော့ တည်းကြတယ်။ ခိုကြတယ်ပေါ့။ ညအချိန်တွေမှာလည်း စကားများ ရန်ဖြစ်ကြတာတွေ ရှိတယ်။ ဒီပတ်ဝန်းကျင်မှာ ပြည်သူတွေက သူတို့အနေနဲ့ နေရတာရှက်လည်း ရှက်တယ်ပေါ့နော်။ ဖြစ်နိုင်ရင် တားမြစ်ပေးပါလို့ ကျွန်တော်ကို ပြောပါတယ်။ အဲဒါနဲ့ ကျွန်တော်တို့ အဲဒီနေရာကို သွားကြည့်ခဲ့ပါတယ်။ ကျွန်တော်အပါအ၀င် ရွှေပြည်သာမြို့နယ် ဘာသာပေါင်းစုံ ဥက္ကဋ္ဌလည်း ပါတယ်။ သွားတဲ့အခါကျတော့ မြို့နယ်အုပ်ချုပ်ရေးမှူးကိုလည်း ကျွန်တော်လိုက်လာခဲ့ဖို့ ပြောခဲ့ပါတယ်။ ပြီးတော့ ရွှေပြည်သာ စခန်းမှူးကိုလည်း ဖုန်းဆက်ပြီး ပြောခဲ့ပါတယ်။ လိုက်လာခဲ့ဖို့ကို။ အဲဒီမှာ ကျွန်တော်တို့သွားတဲ့အခါ တံခါးအ၀ရောက်တော့ ဘာသာပေါင်းစုံ ဥက္ကဋ္ဌက ငါတို့ အအေးလေးဘာလေးသောက်မယ်၊ သီချင်းလေးဘာလေး နားထောင်မယ်လို့ ပြောတဲ့အခါကျတော့ အဲဒီနေရာက လူတွေက တံခါးကို ပိတ်ပစ်လိုက်ပါတယ်။ ပိတ်ပစ်တော့ ဘာသာပေါင်းစုံ ဥက္ကဋ္ဌက ဟာ မင်းတို့ ရိုင်းလှချည်လားကွာလို့ပြောတော့ အဲဒီက မန်နေဂျာဆိုတဲ့ အမျိုးသမီး ထွက်လာပါတယ်။ အဲဒီအချိန်မှာ လက်ရှိရပ်ကွက် အုပ်ချုပ်ရေးမှူးက ရောက်လာပါတယ်။ အဲဒီမှာ သူတို့က တံခါးဖွင့်ပေးပါတယ်။ ကျွန်တော်တို့လည်း အထဲကို ၀င်ပါတယ်။ နည်းနည်းလေ့လာတာပေါ့ဗျာ။ တခြားအခန်းထဲတွေလည်း မ၀င်ဘူး။ အပေါ်ထပ်ကိုလည်း မတက်ပါဘူး။ အဲဒီအချိန်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ စခန်းမှူးတို့ ရောက်လာပါတယ်။ အဲဒီမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက သူတို့ရဲ့ လိုင်စင်တွေကို ကြည့်ပါတယ်။ သူ အဲဒီလို လိုင်စင်တွေ ကြည့်နေတဲ့အချိန်မှာ ကျွန်တော်က လိုက်မသွားပါဘူး။ ထိုင်ကျန်နေခဲ့တာပါ။ လိုင်စင်တွေဘာတွေ စစ်ပြီးတဲ့ အချိန်ကျတော့ ကျွန်တော်တို့ ပြန်လာခဲ့တာပါ။ ကျွန်တော့်အနေနဲ့ ဘယ်လိုလုပ်ဆဲမလဲ။ ကျွန်တော့်ကိုယ်ကျိုးလည်း မဟုတ်ဘူး။ အဲဒီကို သောက်ဖို့၊ စားဖို့ သွားတာလည်း မဟုတ်ပါဘူး။ ညပိုင်းကျတော့ သတင်းတွေ ထွက်လာတယ်။ ဟိုဘက်က တိုင်တယ်ပေါ့။ ဒါကတော့ မမှန်မကန် တိုင်တာပေါ့။ သူတို့ စီစီတီဗီ ရိုက်ထားတယ်လို့ ကြားတယ်။ ရိုက်ထားတော့ ကျွန်တော်က ပိုသဘောကျပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် မဆဲတဲ့အတွက်ကြောင့်။ အဲဒီမှာ ကျွန်တော် ဆဲတဲ့အသံ ကြားစရာလည်း အကြောင်းမရှိပါဘူး။ သူတို့ရဲ့မှန်တွေ၊ ဘာတွေရိုက်ခွဲခဲ့တယ် ဆိုတာလည်း မလုပ်ခဲ့တဲ့ အတွက်ကြောင့် ဘာမှတွေ့စရာ အကြောင်းမရှိပါဘူး။ ကျွန်တော့်ဘက်ကတော့ သူတို့ မမှန်မကန် တိုင်တယ်ဆိုရင်တော့ မမှန်မကန်တိုင်တဲ့ အပေါ်မှာ အမှန်တကယ် ကျွန်တော့်ကို တရားစွဲလာပြီ ဆိုရင်တော့ ပြန်လည်ပြီး တရားတဲ့ကိစ္စကိုတော့ လုပ်ရမှာပေါ့။ ကျွန်တော်က ကျွန်တော့် မဲဆန္ဒရှင်တွေ လုံခြုံအောင် သူတို့လည်း တကယ်မဟုတ်တာ လုပ်နေရင် ကိုယ်ရှိန်သတ်အောင်ပေါ့။ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ အဲဒီနေရာကို ကျွန်တော် သွားခဲ့တာ မဟုတ်ပါဘူး။ သာမန်ပဲ သွားခဲ့တာပါ” ဟု ပြောကြားသည်။

Eleven Media Group
http://www.news-eleven.com/

အလုပ်မရသေးတဲ့ မြန်မာအလုပ် သမား ၃၀၀ မြဝတီမြို့မှာ အခက်တွေ့နေ

Posted on Monday, October 3, 2016 No comments
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားတချို့ကို မဲဆောက်-မြ၀တီနယ်စပ်တွင် တွေ့ရစဉ်။


လူထိပ်မိုး အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုက မြန်မာအလုပ်သမား ၃၀၀ ကို ထိုင်းနိုင်ငံက မုန့်မျိုးစုံ ထုတ် လုပ်တဲ့စက်ရုံမှာ အလုပ်ရမယ်ဆိုပြီး စာချုပ်ချုပ်ခဲ့ပေမယ့် အခုချိန်ထိ အလုပ်မရသေးဘူး လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ပြောပါတယ်။

အလုပ်ရဖို့ တစ်ဦးကို ငွေကျပ် ၅ သိန်းစီ ပေးခဲ့ရပြီး လက်ရှိ မြဝတီမြို့မှာ အခက်အခဲတွေ့နေကြတယ်လို့ မြန်မာနိုင် ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ရွှေ့ပြောင်းအလုပ်သမားဌာန ဌာနမှုး ဒေါ်ထွေးထွေးသိန်း က ပြောပါတယ်။

''သူတို့စာချုပ်ချုပ်ထားတဲ့အထဲမှာကျတော့ ပို့မယ့်စက်ရုံကတော့ မုန့်မျိုးစုံလုပ်မယ့်လုပ်ငန်းလို့ ပြောတယ်၊ ရှိတဲ့နေရာကကျတော့ စမွတ်စခွန်မှာ၊ သွားခါနီးကျတော့ ကြက်စားစက်ရုံ ဒါမှမဟုတ် ကြာဇံစက်ရုံမှာ လုပ်ချင်တဲ့သူ ကုမ္ပဏီမှာ ခေါ်ပြီးတော့မှ ဝန်ခံကတိလက်မှတ်ထိုးခိုင်းတယ်၊ ကျွန်မတို့အလုပ်သမားတွေကို မေးကြည့် သလောက်တော့ သူတို့တစ်ယောက်ကို ငါးသိန်း ပေးထားရတယ်''

အဲဒီအလုပ်သမား ၃၀၀ ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့ကတည်းက မြဝတီမြို့ကို ပို့ဆောင်ပေးခဲ့တာဖြစ် ပြီး ထိုင်းနိုင်ငံ စမွတ်စခုံခရိုင်က မုန့်မျိုးစုံထုတ်လုပ်ရေးစက်ရုံကို ပို့ဆောင်ပေးမယ်လို့ ပြောပြီး လူထိပ်မိုးအေဂျင်စီ က ခေါ်ယူခဲ့တာဖြစ်ပါတယ်။

အဲဒီစက်ရုံက အလုပ်သမားအသစ်လက်မခံနိုင်တော့တဲ့အတွက် တစ်ခြားစက်ရုံတွေမှာ အလုပ်ရှာပေးမယ် လို့ မြန်မာအလုပ်သမားတွေကို ပြောကြောင်းလည်း သိရပါတယ်။

အလုပ်မရခင် ပြန်မယ်ဆိုရင် ခံဝန်လက်မှတ်ထိုးပြီး ပြန်နိုင်ကြောင်း အဲဒီအေဂျင်စီ တာဝန်ရှိသူတွေက အလုပ် သမားတွေကို ပြောထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

ဆေးပညာဆိုင်ရာ နိုဘယ်ဆု ဆဲလ် ဇီဝပညာရှင် ရရှိ

Posted on No comments
၂၀၁၆ ဆေးပညာ နိုဘယ်ဆုကို ဂျပန် နိုင်ငံသား ပါမောက္ခ ယိုရှီနိုရီ အိုဆုမိက ရရှိ။

၂၀၁၆ အတွက် ဆေးပညာ ဆိုင်ရာ နိုဘယ်ဆုကို ဆဲလ်တွေ အကြောင်း အထူးပြု လေ့လာတဲ့ ဇီဝဗေဒ ပညာရှင် ဂျပန် နိုင်ငံသား ပါမောက္ခ ယိုရှီနိုရီ အိုဆုမိက ရရှိသွားပါတယ်။

ဆဲအဟောင်းတွေ ပျက်စီးပြီး ဆဲလ်အသစ်တွေ ဖြစ်ပေါ်တဲ့ Autophagy လို့ ခေါ်တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ လုပ်ဆောင်ချက် တွေကြောင့် အခုလို ဆေးပညာ နိုဘယ်ဆုကို ရသွားတာပါ။

သူက အဲဒီ Autophagy ဖြစ်စဉ်ကို ဖြစ်ပေါ်စေတဲ့ မျိုးဗီဇတွေကို တွေ့ရှိခဲ့တာပါ။

ဒေါက်တာ အိုဆုမိရဲ့ လုပ်ဆောင်ချက်တွေ အရေးပါရတဲ့ အကြောင်းက အဲဒီ မျိုးဗီဇတွေမှာ ချို့ယွင်းချက်တွေ ရှိခဲ့ရင် ကင်ဆာ ရောဂါ ကနေ ဆီးချိုရောဂါ၊ ဦးနှောက်နဲ့ အာရုံကြော ရောဂါ၊ ပါကင်ဆန် ရောဂါတွေအထိ ဖြစ်ပွားစေတယ် ဆိုတာကို သိရှိ နားလည် လာစေတဲ့အတွက် ဖြစ်ပါတယ်။

မနှစ်က ဆေးပညာ ဆိုင်ရာ နိုဘယ်ဆုကိုတော့ ငှက်ဖျား ရောဂါနဲ့ အပူပိုင်း ဒေသတွေမှာ ဖြစ်တဲ့ ရောဂါတွေ အတွက် ကုထုံးတွေ ထုတ်ဖော် ပေးခဲ့တဲ့ ပညာရှင် ၃ ဦးက ပူးတွဲ ရရှိခဲ့ကြပါတယ်။

BBC
http://www.bbc.com/burmese/

မိုင်းလားဒေသရှိ တပ်စခန်းနှစ်ခုကို ‘ဝ’ လက်နက်ကိုင်အဖွဲ့ ပြန်လည်စွန့်လွှတ်

Posted on No comments
(ပုံစာ - မိုင်းလားမြို့ကို အပေါ်စီးမှ မြင်တွေ့ရစဉ်။)

ကျိုင်းတုံ၊ အောက်တိုဘာ ၃

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားအထူးဒေသ (၄) NDAA လက်နက်ကိုင်အဖွဲ့များ နေထိုင်ရာ တပ်စခန်းအချို့ကို အထူးဒေသ (၂) ‘ဝ’ လက်နက်ကိုင်ကိုင်အဖွဲ့ (UWSA) က ဝင်ရောက်ထိန်းချုပ်ထားရာမှ အဆိုပါ တပ်စခန်းများအနက် နှစ်ခုကို အောက်တိုဘာ ၂ ရက်က ပြန်လည်စွန့်လွှတ်လိုက်ကြောင်း ယင်းအဖွဲ့အစည်းများနှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။

‘ဝ’ လက်နက်ကိုင်အင်အား ၃၀၀ ခန့်သည် သံချပ်ကာကားများ အပါအဝင် မော်တော်ယာဉ်အစီး ၄၀ ခန့်ဖြင့် မိုင်းလားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း ဝင်ရောက်ကာ စက်တင်ဘာ ၃၀ ရက်တွင် မိုင်းလားမြို့တွင်းရှိ ဟိုတယ်နှစ်လုံး အပါအဝင် ဟိုမိန်း၊ ပန်မဖိုင်း၊ ဆန်တောက် စသည့် စစ်စခန်းလေးခုကို ပစ်ခတ်မှုမရှိဘဲ ထိန်းသိမ်းလိုက်ကြောင်း ၎င်းတို့က ဆိုသည်။

“မိုင်းလားအဖွဲ့ တာဝန်ရှိသူတွေနဲ့ ‘ဝ’ အဖွဲ့ တာဝန်ရှိသူတွေ ညှိနှိုင်းရာမှာ ဆန်တောက်နဲ့ အခြားတပ်စခန်း တစ်ခုကို မနေ့က ပြန်လွှဲပေးလိုက်ပြီလို့ သိရပေမယ့် ကျန်တဲ့နေရာတွေကိုတော့ ညှိနှိုင်းလို့ အဆင်မပြေဘူးလို့ သိရတယ်။ တပ်မတော်အနေနဲ့ လုံခြုံရေး အပြည့်အဝယူထားလို့ ကျိုင်းတုံဘက်က ဝင်ရောက်မကျူးကျော်နိုင်ဖို့ ဆိုတာ ဒေသခံတွေအနေနဲ့ စိုးရိမ်စရာ မရှိပါဘူး” ဟု အမည်မဖော်လိုသူ တပ်မတော်နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ ကျိုင်းတုံမြို့ရှိ မိုင်းလားအထူးဒေသ (၄) ဆက်ဆံရေး တာဝန်ခံ ဦးစိုင်းရှဲန်ကို The Voice က အတည်ပြုမေးမြန်းရာ ‘ဝ’ လက်နက်ကိုင်အဖွဲ့များ အနေနှင့် မိုင်းလားထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက်လာပြီး ပြန်လည်မထွက်ခွာသေးသည်ကိုသာ သိရှိထားကြောင်း၊ စခန်းမည်မျှကို ထိန်းချုပ်ထားပြီး စခန်းမည်မျှကို ပြန်လည်လွှဲအပ်လိုက်သည်ကိုမူ ဗဟိုမှ အကြောင်းမကြား၍ မသိရှိကြောင်း ပြောဆိုသည်။

The Voice
http://thevoicemyanmar.com/

ဘီးလင်းမြို့နယ်တွင် ခြင်ဆေးထွန်းရာမှ နေအိမ်၊ ဆိုင်ကယ်နှင့် ကားတစ်စီးတို့ မီးလောင် ဆုံးရှုံးမှုဖြစ်ပွား

Posted on No comments
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာ၊ ရွှေကျွန်းသာရပ်ကွက်တွင် အောက်တိုဘာ၂ ရက်၊ ညနေ ၆နာရီက နေအိမ်တွင် နနွင်းတက်ဖြင့် ခြင်ဆေးထွန်းရာမှ နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ ကြောင်း ဇုတ်သုတ်ကျေးရွာပြည်သူများထံမှ သိရှိရသည်။

 မီးလောင်မှုကြောင့် ဒေါ်အေးနုပိုင်ဆိုင်သည့် သွပ်မိုးပျဉ်ကာနေအိမ်တစ်လုံး၊ Probox ကားတစ်စီး၊ ဆိုင်ကယ် တစ်စီး၊ မီးစက်တစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး ခန့်မှန်းတန်ဖိုး ကျပ်၂၅သိန်းခန့်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုသတင်းအရ ကျေးရွာနေပြည်သူများ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်ငါးစီးဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့သဖြင့် အခြားနေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းမှုမဖြစ်ဘဲ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
 "မီးလောင်တာက ခြင်ဆေးထွန်းထားတာကနေ စလောင်တာလို့သိရတယ်။ မီးလောင်တဲ့အချိန်မှာ အိမ်မှာ လူ ကြီးတွေကလည်း မရှိဘူး။မိဘတွေကလည်း လုပ်အားပေးသွားနေတဲ့အချိန် မီးကူးစက်လောင်ကျွမ်းတာပါ။ မီး လောင်တော့ အိမ်မှာရှိတဲ့ကား၊ ဆိုင်ကယ် အားလုံးမီးထဲပါသွားတယ်လို့သိရတယ်။''ဟု ဇုတ်သုတ်ကျေးရွာနေ ဦးကြည်ဝင်းက ပြောသည်။


 ဖြစ်စဉ်တွင် ဒေါ်အေးနု၃၆နှစ်၊ ဇုတ်သုတ်ကျေးရွာနေသူသည် နေအိမ်တွင် နနွင်းတက်ဖြင့် ခြင်ဆေးထွန်းပြီး အပြင်ထွက်ခွာသွားရာ ခြင်ဆေးမှာ အနီးရှိ ဒီဇယ်ပေနေသောအဝတ်အား မီးကူး၍၎င်းမှတဆင့် နေအိမ်မီး လောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 ဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာအသုံးပြုသူ ဒေါ်အေးနုအား ဘီးလင်းမြို့နယ်၊ တောင်စွန်းနယ်မြေရဲစခန်းမှ (ပ) ၃၂ /၂၀၁၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၂၈၅ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

အီသီယိုးပီးယားတွင် ဆန္ဒပြမှုကို ဖြိုခွင်းရာမှ လူနင်းခံရမှုများကြောင့် ၅၀ ကျော်သေဆုံး

Posted on No comments

 အီသီယိုးပီးယား နိုင်ငံတွင် ဆန္ဒပြပွဲ တစ်ခုကို လုံခြုံရေးတပ်ဖွဲ့များက ဖြိုခွင်းရာ စုပြုံတိုးဝှေ့မှုများ ဖြစ်လာပြီး လူနင်းခံရမှုများကြောင့် အသေအပျောက် ၅၀ ထက်မနည်း ရှိခဲ့ကြောင်း သိရသည်။

အော်ရိုမီယာ အရပ်တွင် ဘာသာရေး ပွဲတော်တစ်ခု ကျင်းပနေချိန်နှင့် တိုက်ဆိုင်ပြီး အစိုးရကို ဆန္ဒပြရာမှ နောက်ဆက်တွဲ ဖြစ်ရပ်ဆိုးများ ပေါ်ပေါက်လာခြင်းဟု အစိုးရ ဆိုသည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန် ဆန္ဒပြပွဲတွင် လူစုခွဲရန် ရဲများက မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်ဆန်များ၊ နံပါတ်တုတ်များ အသုံးပြုခဲ့ရာ ထိတ်လန့်တကြား တိုးဝှေ့ရင်း လူနင်းမှုများ ဖြစ်လာခဲ့ခြင်းဟု သိရသည်။

ဝန်ကြီးချုပ် ဟာလီမာရီယမ် ဒီဆာလန်းက အဓိကရုဏ်း လိုလားသူများက ရည်ရွယ်ချက်ရှိရှိ ကြိုတင်ဖန်တီးလာသည့် လုပ်ဆောင်မှုများကြောင့် လူအများ ထိခိုက် သေကြေရခြင်းဟု စွပ်စွဲ ဝေဖန်ခဲ့သည်။ ၎င်းက လုံခြုံရေး တပ်ဖွဲ့များ အနေဖြင့် အင်အားသုံး ဖြိုခွင်းမှုများ ပြုလုပ်ခဲ့ကြောင်း မျက်မြင်သက်သေ အများအပြား၏ ထွက်ဆိုချက်မှာ မှန်ကန်မှု မရှိဟုလည်း ငြင်းဆန်သွားသည်။

ဘာသာရေး ပွဲတော်ကျင်းပပြီး လူစည်ကားနေချိန်ကို တိုက်ဆိုင် အသုံးချကာ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားသူ ထောင်ဂဏန်းမျှ စုရုံးချီတက်ခဲ့ကြသည်။ ၎င်းတို့သည် မြို့တော် အက်ဒစ်အဘာဘာမှ ၂၅ မိုင်မျှ အကွာတွင် စုရုံးခဲ့ကြခြင်း ဖြစ်သည်။ မျက်မြင်အချို့က ဆန္ဒပြသူများဘက်မှ ပုလင်းများ၊ ကျောက်တုံးများဖြင့် ပစ်ပေါက်သဖြင့် ရဲများက တုံ့ပြန်ခဲ့သည်ဟု ဆိုသော်လည်း အချို့ကမူ ဆန္ဒပြမှုမှာ ငြိမ်းချမ်းစွာ လှုပ်ရှားခဲ့ကြောင်း ဆိုသည်။

သတင်းများ အရောရော အထွေးထွေး ဖြစ်နေသော်လည်း နောက်ဆုံးရလဒ် အနေဖြင့် ပဋိပက္ခ အခြေအနေများကြောင့် လူအုပ်လိုက် စုပြုံတိုးဝှေ့ပြီး လူနင်းခံရမှုများ ပေါ်ပေါက်လာကာ ၅၂ ဦးထက်မနည်း သေဆုံးခဲ့ခြင်း ဖြစ်သည်။

အီသီယိုးပီးယားတွင် ပြီးခဲ့သည့် လပိုင်းများအတွင်း လူသေဆုံးမှုများ ဖြစ်ပေါ်သည့် ပဋိပက္ခ အခြေအနေများ မကြာခဏ ပေါ်ပေါက်ခဲ့သည်။ ယခုဆန္ဒပြပွဲတွင် အစိုးရက အော်ရိုမီယာနှင့် အမ်ဟာရာ ဒေသများ၌ နိုင်ငံရေးနှင့် စီးပွားရေး ခြစားမှုများကို ပြုပြင်နိုင်ခြင်း မရှိသည့်အပေါ် ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။

အောက်တိုဘာ ၂ ရက်က ကျင်းပသည့် အော်ရိုမို ပွဲတော်သည် လူပေါင်း ၂ သန်းမျှကို ဆွဲဆောင်နိုင်ခဲ့ကြောင်း AP သတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါ ဘာသာရေး ပွဲတော်တွင် ဆန္ဒပြသူများက ချီတက်လာကာ “လွတ်လပ်ရေးကို လိုလားတယ်”၊ “တရားမျှတမှုကို လိုလားတယ်” စသဖြင့် ကြွေးကြော်ပြီး အစိုးရကို ဆန့်ကျင်ခဲ့ကြခြင်းဟု သိရှိရသည်။

7Day Daily
http://www.7daydaily.com/

KIA လက်နက်ကိုင်အဖွဲ့ဝင်တစ်ဦးအား ဆက်ကြေးကောက်ရန်ဆောင်ရွက်စဉ် ဖမ်းဆီးရမိ

Posted on No comments

နေပြည်တော် အောက်တိုဘာ ၂

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်ပုတ်ကျေးရွာရှိ အုတ်ဖိုများတွင် KIA လက်နက်ကိုင်အဖွဲ့မှ ဆက်ကြေးကောက်ခံနေကြောင်းသတင်းအရ အောက်တိုဘာ ၁ ရက်မွန်းလွဲ ၂ နာရီခွဲခန့်တွင် နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများပါဝင်သောပူးပေါင်းအဖွဲ့က သွားရောက်စုံစမ်းရှာဖွေရာ ဒေါ်စန်း၏အုတ်ဖိုတဲ၌ ဆက်ကြေးကောက်ရန်ရောက်ရှိနေသည့် KIA လက်နက်ကိုင်အဖွဲ့မှ တပ်သားအဆင့်ရှိ တူးအောင်(ခ)သာလအား အရပ်ဝတ်ဖြင့်လက်နက်မဲ့ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသည့် KIA လက်နက်ကိုင်အဖွဲ့မှတူးအောင်(ခ)သာလအား တရားဥပဒေအရအရေးယူ ဆောင်ရွက် နိုင်ရေး မိုးညှင်းမြို့နယ်ရဲတပ်ဖွဲ့စခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီ

https://www.facebook.com/mwdmedia/

အမြန်လမ်းတွင် ရွှေမန်းရတနာ Express ယာဉ်နှင့် Fuso ခြောက်ဘီးယာဉ် ယာဉ်မတော်တဆမှုဖြစ်

Posted on Sunday, October 2, 2016 No comments

နေပြည်တော် အောင်တိုဘာ ၂

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ ဘောနီအမြန်လမ်းရဲစခန်းအပိုင် မိုင်တိုင်အမှတ် (၅၇/၅ နှင့် ၅၇/၆) ကြားတွင် ယနေ့နံနက် ၃ နာရီ ၄၅ မိနစ်တွင် နေပြည်တော်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း အောင်ဇင် လတ် မောင်းနှင်လာသော ရွှေမန်းရတနာ Express ယာဉ်မှာ ရှေ့မှ လမ်းခင်းကျောက်များ တင်ဆောင်လာသည့် ယာဉ်မောင်း မောင်မောင် နန်းထွေး မောင်းနှင်လာသော Fuso ခြောက်ဘီးယာဉ်အား ကျော်တက်စဉ် အရှိန် မထိန်းနိုင်ဘဲ နောက်ပိုင်းအား ၀င်တိုက်မိပြီး ရွှေမန်းရတနာ Express ယာဉ်မှာ လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိရပ်တန့်ကာ ခြောက်ဘီးယာဉ်မှာ လမ်းဘေးမြေသားပေါ်သို့ ရောက်ရှိရပ်တန့်ခဲ့သည်။


အဆိုပါဖြစ်စဉ်ကြောင့် ခရီးသည်တင်ယာဉ် ရွှေမန်းရတနာ Express ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် ၂၉ ဦးနှင့် သံဃာ ၃ ပါးမှာ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။

ယာဉ်မတော်တဆမှုကြောင့် ရွှေမန်း ရတနာ Express ယာဉ်သည် ခန့်မှန်း သိန်း ၃၀ တန်ဖိုးခန့် ပျက်စီးသွားပြီး Fuso ခြောက်ဘီးယာဉ်မှာ ၁၀ သိန်းဖိုးခန့် ပျက်စီးသွားသည်။


သို့ပါ၍ ရွှေမန်းရတနာ Express ယာဉ်မောင်းနှင့် Fuso ခြောက်ဘီး ယာဉ်မောင်း များအား ယာဉ်မဆင်မခြင် မောင်းနှင် မှုကြောင့် ဘောနီ အမြန်လမ်းရဲစခန်းမှ (ပ) ၂၉/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၂၀၂ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။


ထိုကဲ့သို့ ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းရေးအတွက် သတ်မှတ် အမြန်နှုန်းထက် ပိုမိုမောင်းနှင် သော မော်တော်ယာဉ်များအား အမြန်နှုန်းတိုင်း စက်ကိရိယာအသုံးပြု၍ တိုင်းတာစစ်ဆေး အရေးယူလျက်ရှိရာ စက်တင်ဘာ ၁ ရက်မှ ယနေ့အထိ ယာဉ်အစီးပေါင်း ၁၂၃၈ စီးအား ဖမ်းဆီးအရေးယူခဲ့ပြီး ယာဉ် ၉၃၀ စီးအား တရားစွဲတင်ပြီးဖြစ်ကာ ယာဉ် ၃၀၈ စီးအား တရားစွဲတင်ရန် ကျန်ရှိပါကြောင်း သိရှိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

မုံးကိုးမြို့နယ်တွင် မိုင်းပေါက်ကွဲ၍နှစ်ဦးသေ တစ်ဦးဒဏ်ရာရ

Posted on No comments
၂၀၁၅ ခုနှစ်တွင် မုံးကိုး-ဖောင်းဆိုင် ကားလမ်းပေါ်မှတံတား တစ်စီး ဖျက်ဆီးခံခဲ့ရပုံ-( ဓာတ်ပုံ - အင်တာနက် )

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်တွင် စက်တင်ဘာ ၃၀ ရက် ညနေက မိုင်းပေါက်ကွဲ၍ လူနှစ်ဦးသေဆုံးပြီးတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် မုံးကိုး ပြည်သူ့စစ်အဖွဲ့မှ  သတင်းရရှိ သည်။

မုံးကိုးမြို့နယ် ဖောင်းဆိုင် ကျေးရွာနှင့် မဘိမ်းကျေးရွာဆက် လမ်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ ကြောင်း မုံးကိုးပြည်သူ့စစ် အဖွဲ့ ၀င်တစ်ဦးက ပြောသည်။

‘‘မုံးကိုးကိုလာတာ။ လမ်းမှာ မိုင်းထိတာ။ လူသေဆုံးတာတော့ ဟုတ်တယ်။ ကျွန်တော်လည်း မေးထားတယ်။ တောထဲကလက် နက်ကိုင်အဖွဲ့တွေက ထောင် ထားတာလို့ သိရတယ်’’ဟု မုံးကိုး ပြည်သူ့စစ်အဖွဲ့ဝင်က ဆိုသည်။

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က လည်း လူနှစ်ဦးသေဆုံးကာ တစ် ဦးဒဏ်ရာရခဲ့ကြောင်း အတည်ပြု သည်။ ဒေသခံများကသေဆုံးသူ နှင့် ဒဏ်ရာရသူများမှာ ကလေး ငယ်များဖြစ်ကြောင်း သတင်းပေး သော်လည်း သီးခြားအတည်ပြု ချက်မရသေးပေ။ ရှမ်းပြည်နယ် မြောက်ပိုင်း   လောက်ကိုင်တွင် ဒုံးပစ်လောင်ချာများတွေ့ရှိ မှုနှင့် ပေါက်ကွဲမှုအချို့ဖြစ်ပွားခြင်း၊ လက်နက်ကိုင်အဖွဲ့များ    သိသိ သာသာလှုပ်ရှားလာမှုများခြင်း ကြောင့်ဟုဆိုကာ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသလုံခြုံရေးအ တွက် တပ်မတော်နှင့် ရဲတပ်ဖွဲ့က ရဟတ်ယာဉ်ဖြင့် ကင်းလှည့်နေ ကြောင်း သတင်းရရှိသည်။

7Day Daily
http://www.7daydaily.com/
Don't Miss