Responsive Ad Slot

Latest

Sports

Showing posts with label YangonMediaGroup. Show all posts
Showing posts with label YangonMediaGroup. Show all posts

အစ္စရေး ဝန်ကြီးချုပ် နေတန်ရာ ဟု အယ်ဂျာဇီးယား သတင်းဌာနကို မောင်းထုတ်လို ဟုဆို

Posted on Saturday, July 29, 2017 No comments

 ဂျေရုဆလင်၊ ဇူလိုင် ၂၇

ထိရှလွယ်သော ဂျေရုဆလင်ဘုရားကျောင်း ပဋိပက္ခတွင် ကာတာအခြေစိုက် အယ်ဂျာဇီးယားသတင်းက ဘက်လိုက်ရေးသားသဖြင့် အစ္စရေးက ပါလက်စတိုင်းတင်းမာမှုကို မြင့်တက်လာစေသဖြင့် ဂျေရုဆလင်မှ မောင်းထုတ်လိုသည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဇူလိုင် ၂၆ ရက်က ရေးသားခဲ့သည်။

Mont ဘုရားကျောင်း အကြမ်းဖက်မှုဖြစ်ပွားခြင်းမှာ အယ်ဂျာဇီးယားသတင်းဌာနက လှုံ့ ဆော်မှုကြောင့်ဖြစ်သည်ဟု နေတန်ယာဟုက စွပ်စွဲပြောကြားခဲ့သည်။ ဂျေရုဆလင်ရှိ အယ်ဂျာဇီးယား သတင်းဌာနကိုပိတ်ပစ်ရန် တရားရေးဌာနကိုပြောကြားခဲ့ကြောင်း၊ အကယ်၍ ဥပဒေကြောင်းအရ အစ္စရေးက အယ်ဂျာဇီးယားသတင်းဌာနကို မောင်းထုတ်နိုင်မည့် ဥပဒေရှာဖွေမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။ အစ္စရေး-ပါလက်စတိုင်းပဋိပက္ခတွင် အယ်ဂျာဇီးယားသတင်းဌာနသည် ဘက်လိုက်မှုရှိသည်ဟု အစ္စရေးက မကြာခဏစွပ်စွဲပြောကြားခဲ့သည်။ အစ္စရေးဝန်ကြီးချုပ်၏ပြောကြားချက်နှင့်ပတ်သက်ပြီး အယ်ဂျာဇီးယားသတင်းဌာနက တုံ့ပြန်မှတ်ချက် စကားပြောခြင်းမရှိသလို နေတန်ယာဟု၏ပြော ရေးဆိုခွင့်ရှိသူကလည်း ဝန်ကြီးချုပ်၏ ဖေ့စ်ဘွတ်ခ်တွင်ရေးသားချက်နှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြား ခဲ့ခြင်းမရှိကြောင်း AFP သတင်းကဆိုသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်က ဂျေရုဆလင်မြို့ ဟောင်းရှိ ရှေးဟောင်းဗလီဝတ်ကျောင်း Haramal Sharit အနီးတွင် အကြမ်းဖက်မှု ဖြစ်ပွားခဲ့သဖြင့် အစ္စရေးရဲနှစ်ဦးသေ ဆုံးခဲ့သောကြောင့် လုံခြုံရေးအတား အဆီးများတိုးမြှင့်ချထားပြီး မူဆလင်ဝတ်ပြုသူများကို ဝင်ရောက်ခွင့် မပြုသဖြင့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအရှိန်ဖြင့်တက်လာသည်။ ကာတာအခြေစိုက် အယ်ဂျာဇီး ယားသတင်းဌာနကို အာရပ်ပင်လယ်ကွေ့ ဒေသ ဆော်ဒီ၊ ဘာရိန်း၊ ယူအေအီးနှင့် အီဂျစ်နိုင်ငံတို့တွင်လည်းပိတ်ပစ်ရန် နေတန်ယာဟုက တိုက်တွန်းပြောကြားခဲ့သည်။ ဇွန် ၅ ရက်တွင် ကာတာနိုင်ငံသည် အစွန်း ရောက်အကြမ်းဖက်အဖွဲ့နှင့် အီရန်ကိုထောက်ပံ့ ပေးသည်ဟူသောစွပ်စွဲချက်ဖြင့် အာရပ်ပင်လယ် ကွေ့နိုင်ငံများ သံတမန်ရေးနှင့် စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုပြုလုပ်ခဲ့သည်။

Yangon Media Group

https://www.facebook.com/YangonMediaGroup/

Read in : All Update Reader
Don't Miss