Responsive Ad Slot

Latest

Sports

Showing posts with label Yadanarpon. Show all posts
Showing posts with label Yadanarpon. Show all posts

ဘီးလင်းမြို့နယ်တွင် ခြင်ဆေးထွန်းရာမှ နေအိမ်၊ ဆိုင်ကယ်နှင့် ကားတစ်စီးတို့ မီးလောင် ဆုံးရှုံးမှုဖြစ်ပွား

Posted on Monday, October 3, 2016 No comments
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာ၊ ရွှေကျွန်းသာရပ်ကွက်တွင် အောက်တိုဘာ၂ ရက်၊ ညနေ ၆နာရီက နေအိမ်တွင် နနွင်းတက်ဖြင့် ခြင်ဆေးထွန်းရာမှ နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ ကြောင်း ဇုတ်သုတ်ကျေးရွာပြည်သူများထံမှ သိရှိရသည်။

 မီးလောင်မှုကြောင့် ဒေါ်အေးနုပိုင်ဆိုင်သည့် သွပ်မိုးပျဉ်ကာနေအိမ်တစ်လုံး၊ Probox ကားတစ်စီး၊ ဆိုင်ကယ် တစ်စီး၊ မီးစက်တစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး ခန့်မှန်းတန်ဖိုး ကျပ်၂၅သိန်းခန့်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုသတင်းအရ ကျေးရွာနေပြည်သူများ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်ငါးစီးဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့သဖြင့် အခြားနေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းမှုမဖြစ်ဘဲ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
 "မီးလောင်တာက ခြင်ဆေးထွန်းထားတာကနေ စလောင်တာလို့သိရတယ်။ မီးလောင်တဲ့အချိန်မှာ အိမ်မှာ လူ ကြီးတွေကလည်း မရှိဘူး။မိဘတွေကလည်း လုပ်အားပေးသွားနေတဲ့အချိန် မီးကူးစက်လောင်ကျွမ်းတာပါ။ မီး လောင်တော့ အိမ်မှာရှိတဲ့ကား၊ ဆိုင်ကယ် အားလုံးမီးထဲပါသွားတယ်လို့သိရတယ်။''ဟု ဇုတ်သုတ်ကျေးရွာနေ ဦးကြည်ဝင်းက ပြောသည်။


 ဖြစ်စဉ်တွင် ဒေါ်အေးနု၃၆နှစ်၊ ဇုတ်သုတ်ကျေးရွာနေသူသည် နေအိမ်တွင် နနွင်းတက်ဖြင့် ခြင်ဆေးထွန်းပြီး အပြင်ထွက်ခွာသွားရာ ခြင်ဆေးမှာ အနီးရှိ ဒီဇယ်ပေနေသောအဝတ်အား မီးကူး၍၎င်းမှတဆင့် နေအိမ်မီး လောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 ဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာအသုံးပြုသူ ဒေါ်အေးနုအား ဘီးလင်းမြို့နယ်၊ တောင်စွန်းနယ်မြေရဲစခန်းမှ (ပ) ၃၂ /၂၀၁၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၂၈၅ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

တညှင်းကုန်းဘူတာနှင့် စက်မှုဇုန်နှစ် ဘူတာကြားတွင် အမျိုးသမီးတစ်ဦး ရထားတိုက်မိမှုကြောင့် သေဆုံး

Posted on Wednesday, September 28, 2016 No comments

ရန်ကုန်မှ လှော်ကားပြေးဆွဲသည့် မြိုပတ်ရထားတစ်စီးသည် စက်တင်ဘာ၂၈ရက်၊ နံနက် ၈ နာရီခန့်တွင် တညှင်းကုန်းဘူတာနှင့် စက်မှုဇုန်ဘူတာကြားတွင် အမျိုးသမီတစ်ဦးကိုရထားတိုက်မိမှုဖြစ်ပွားခဲ့ကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ သိရှိရသည်။
“မြို့ပတ်ပါပဲတွဲဆိုင်းအကြီး(ဂ)ရထားပါ။ အမျိုးသမီးကရထားလာတာကိုလမ်းဖြတ်ကူးတာပွတ်တိုက်မိသွားတယ်။ နောက်စိပျောက်သွားတယ်။ ခုဆုံးသွားပါတယ်။”ဟု မြန်မာ့ မီးရထားလုပ်ငန်းတိုင်းအမှတ်(၇) သွားလာရေးဌာန၊ မန်နေဂျာဦးကျော်စိုးလင်းကပြောသည်။

အဆိုပါ ရထားသည် တညှင်းကုန်းဘူတာမှ ထွက်လာစဉ် ရထားမီးပွိုင့်အလွန်တွင် ရထားလမ်းဖြတ်ကူးသည့် အမျိုးသမီးတစ်ဦးကိုတိုက်မိခဲ့ကြောင်းမျက်မြင်များထံမှ သိရသည်။
“လှော်ကားဘက်လာတဲ့ ရထားပါ။ ကျွန်တော်တို့လည်းရထားအကြာကြီးရပ်လို့ ဘာဖြစ်လဲထွက်ကြည့်ကြတာရထားတိုက်တာဖြစ်နေတယ်။ တကယ်တော့ ရထားလာတာကို ဖြတ်မကူးသင့်ဘူး။ ဒါကရထားအမှားမဟုတ်ဘူး။” ဟုမျက်မြင်ရထားစီးခရီးသည်တတစ်ဦးကပြောသည်။

လက်ရှိ မြို့ပတ်နှင့်ဆင်ခြေဖုံးလမ်းပိုင်းသို့ပြေးဆွဲနေသောရထားတွဲဆိုင်း၂၃ဆိုင်းနှင့် တစ်ရက်လျှင်၁၂၅ ခေါက်ပြေးဆွဲနေပြီးယခုနှစ် မိုးတွင်းကာလတွင် တစ်ရက်လျှင် ခရီးသည် ခုနှစ်သောင်းခွဲထိရှိလာကြောင်း မြန်မာ့ မီးရထားလုပ်ငန်းသွားလာရေးဌာနမှ သိရသည်။

ရတနာပုံ သတင်းစာ

https://www.facebook.com/yadanabonnewspaper/
Don't Miss