Responsive Ad Slot

Latest

Sports

Showing posts with label Technology. Show all posts
Showing posts with label Technology. Show all posts

မစင်ကို လောင်စာဆီအဖြစ် ပြောင်းလဲနိုင်ပြီဟုဆို

Posted on Monday, November 7, 2016 No comments


ဝါရှင်တန်၊ နိုဝင်ဘာ ၆

လူသားတို့ စွန့်ထုတ်လိုက်သည့် မစင်များကို အနာဂတ်တွင် လောင်စာဆီအဖြစ် ပြန်လည်အသုံးပြုနိုင်မည့် နည်းကို အမေရိကန်ပြည်ထောင်စုမှ ပညာရှင်များက ရှာဖွေတွေ့ရှိထားပြီ ဖြစ်ကြောင်း AP သတင်းတွင် ဖော်ပြထားသည်။

မစင်ကို လောင်စာဆီအဖြစ် ပြောင်းလဲခြင်းအား  အမေရိကန်ပြည်ထောင်စု Pacific Northwest National Laboratory စွမ်းအင်ဌာနမှ ပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

လူသားမစင်ကို ရေနံကဲ့သို့သော လောင်စာဆီ ဖြစ်စေရန် ပြုလုပ်သည့်စနစ်မှာ မြေလွှာထဲတွင် လောင်စာဆီများကို ဖိအားပေးပြီး ရေနံကဲ့သို့ ဖြစ်စေရန် ဆောင်ရွက်သည့်အတိုင်း ဖြစ်ကြောင်း၊ ယင်းနည်းစနစ်ကို hydrothermal liquefaction နည်းဟု ခေါ်ကြောင်း ပညာရှင်များက ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုတွင်ပင် နေ့စဉ် မစင်ပေါင်း ၃၄ ဘီလီယံ ဂါလန်ခန့် စွန့်ထုတ်နေရကြောင်း၊ ယင်းပမာဏကို လောင်စာဆီအဖြစ် ပြန်ချက်မည်ဆိုလျှင် လောင်စာစည်ပေါင်း သန်း ၃ဝ ခန့် ရနိုင်သဖြင့် အနာဂတ်လောင်စာ အတွက် များစွာ အကျိုးပြုနိုင်ကြောင်း ပညာရှင်များက ပြောကြားသည်။

လူသားတို့ စွန့်ထုတ်လိုက်သော မစင်များကို အပူချိန်မြင့်မားစွာ ပေးပြီးနောက် ဖိအားဖြင့် ထိန်းချုပ်ခြင်းဖြင့် လောင်စာအဖြစ် အမြန်ဆုံး ထုတ်ယူနိုင်သည့် စနစ်တစ်ခုအဖြစ် ပညာရှင်များက ဖော်ထုတ်ပြသနိုင်ခဲ့သည်။

မစင်များကို တစ်လက်မပတ်လည်လျှင် ပေါင် ၃ဝဝဝ ခန့်အထိ သက်ရောက်စေနိုင်သော ဖိအားကို ပေးပြီးလျှင် အပူချိန်မှာလည်း ၆၆ဝ ဒီဂရီ ဖာရင်ဟိုက်အထိ ပေးနိုင်မှသာ လောင်စာဆီအဖြစ် ကုန်ကြမ်းကို ထုတ်နိုင်မည်ဖြစ်သည်။

လူသားတို့၏ မစင်များကို အနှစ်အဖြစ် ထုတ်ယူကာ လောင်စာဆီအဖြစ် ပြန်ချက်နိုင်ရုံမက ပြုပြင်ထားသည့် အနှစ်များကို ဇီဝမြေသြဇာအဖြစ် စိုက်ခင်းများတွင် အသုံးပြုခြင်း၊ ဓာတုဆေးများဖြင့် ရောစပ်ပြီး အခြားစွမ်းအင်အဖြစ် ပြောင်းလဲအသုံးပြုနိုင်ခြင်းတို့ကို ပညာရှင်များက ဖော်ထုတ်ပြသနိုင်ခဲ့ကြသည်။

လူတစ်ယောက် စွန့်ထုတ်လိုက်သည့် မစင်အညစ်အကြေးများသည် တစ်နှစ်လျှင် လောင်စာဆီ နှစ်ဂါလန်မှ သုံးဂါလန်အထိ ထုတ်ယူနိုင်ပြီး၊ မစင်တွင် ပါဝင်သည့် ဖော့စဖော့ရပ်ကို သီးခြားထုတ်နိုင်လျှင် အနာဂတ်တွင် သီးခြားတွင်းထွက်တစ်ခု အနေနှင့် ထုတ်ယူရန်ပင် မလိုတော့ပေ။

လူတို့အသုံးပြုသည့် အိမ်သာသုံး စက္ကူများကလည်း မစင်များကို အနည်အနှစ် လုပ်ရာတွင် အထောက်အကူပေးရုံမက လောင်စာဆီချက်ရာတွင်ပါ များစွာ အကျိုးသက်ရောက်ကြောင်း၊ မစင်ထုတ် ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် လေယာဉ်ဆီများကို မကြာသောကာလတွင် ဈေးကွက်ဝင်စေရန် ထုတ်နိုင်တော့မည်ဖြစ်ကြောင်း AP သတင်းတွင် ရေးသားထားသည်။

The Voice
http://thevoicemyanmar.com/

ဆေးပညာဆိုင်ရာ နိုဘယ်ဆု ဆဲလ် ဇီဝပညာရှင် ရရှိ

Posted on Monday, October 3, 2016 No comments
၂၀၁၆ ဆေးပညာ နိုဘယ်ဆုကို ဂျပန် နိုင်ငံသား ပါမောက္ခ ယိုရှီနိုရီ အိုဆုမိက ရရှိ။

၂၀၁၆ အတွက် ဆေးပညာ ဆိုင်ရာ နိုဘယ်ဆုကို ဆဲလ်တွေ အကြောင်း အထူးပြု လေ့လာတဲ့ ဇီဝဗေဒ ပညာရှင် ဂျပန် နိုင်ငံသား ပါမောက္ခ ယိုရှီနိုရီ အိုဆုမိက ရရှိသွားပါတယ်။

ဆဲအဟောင်းတွေ ပျက်စီးပြီး ဆဲလ်အသစ်တွေ ဖြစ်ပေါ်တဲ့ Autophagy လို့ ခေါ်တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ လုပ်ဆောင်ချက် တွေကြောင့် အခုလို ဆေးပညာ နိုဘယ်ဆုကို ရသွားတာပါ။

သူက အဲဒီ Autophagy ဖြစ်စဉ်ကို ဖြစ်ပေါ်စေတဲ့ မျိုးဗီဇတွေကို တွေ့ရှိခဲ့တာပါ။

ဒေါက်တာ အိုဆုမိရဲ့ လုပ်ဆောင်ချက်တွေ အရေးပါရတဲ့ အကြောင်းက အဲဒီ မျိုးဗီဇတွေမှာ ချို့ယွင်းချက်တွေ ရှိခဲ့ရင် ကင်ဆာ ရောဂါ ကနေ ဆီးချိုရောဂါ၊ ဦးနှောက်နဲ့ အာရုံကြော ရောဂါ၊ ပါကင်ဆန် ရောဂါတွေအထိ ဖြစ်ပွားစေတယ် ဆိုတာကို သိရှိ နားလည် လာစေတဲ့အတွက် ဖြစ်ပါတယ်။

မနှစ်က ဆေးပညာ ဆိုင်ရာ နိုဘယ်ဆုကိုတော့ ငှက်ဖျား ရောဂါနဲ့ အပူပိုင်း ဒေသတွေမှာ ဖြစ်တဲ့ ရောဂါတွေ အတွက် ကုထုံးတွေ ထုတ်ဖော် ပေးခဲ့တဲ့ ပညာရှင် ၃ ဦးက ပူးတွဲ ရရှိခဲ့ကြပါတယ်။

BBC
http://www.bbc.com/burmese/

လူ ၃ ဦး မျိုးဗီဇနဲ့ ကမ္ဘာ့ပထမဆုံး ကလေးကို ဖွားမြင်

Posted on Wednesday, September 28, 2016 No comments

 လူ ၃ ဦးရဲ့ မျိုးဗီဇတွေကို သုံးပြီး မျိုးပွားတဲ့ နည်းစနစ်သစ်နဲ့ ကမ္ဘာ့ ပထမဆုံး ကလေး တစ်ယောက်ကို ဖွားမြင်ခဲ့ပြီလို့ ယူကေ အခြေစိုက် New Scientist သိပ္ပံ မဂ္ဂဇင်းက ထုတ်ဖော် ပြောဆို လိုက်ပါတယ်။

မိခင်နဲ့ ဖခင် တို့ရဲ့ ပုံမှန် မျိုးဗီဇ အပြင် အလှူရှင်ဆီက မျိုးဗီဇ အနည်းငယ် ကိုပါ သုံးပြီး မျိုးဗီဇ ပြုပြင်ထားတဲ့ အဲဒီ ငါးလသား ယောက်ျားလေးကို ဖွားမြင် ခဲ့တာပါ။

ဒီလို မျိုးဗီဇ ပြုပြင်တဲ့ နည်းစနစ်နဲ့ ဖွားမြင်ခဲ့တဲ့ အတွက် အဲဒီ ကလေးငယ် အနေနဲ့ သူ့မိခင်ဆီမှာ ရှိတဲ့ မျိုးရိုးလိုက်တဲ့ ရောဂါကနေ ကင်းလွတ်ခွင့် ရစေမှာ ဖြစ်ပါတယ်။

ဒါကြောင့် မျိုးရိုးလိုက်တဲ့၊ မျိုးဗီဇ ချို့ယွင်းချက်ရှိတဲ့ တခြား မိသားစုတွေ အတွက်လည်း ဒီနည်းစနစ်က အကျိုးရှိစေမှာ ဖြစ်လို့ ဆေးသိပ္ပံ နယ်မှာ ခေတ်သစ် တစ်ခေတ်ကို စတင် လိုက်တာပဲလို့ ပညာရှင်တွေက ပြောပါတယ်။

ဒါပေမယ့် မိုက်တိုကွန်ဒရီယား တွေကို အစားထိုး ပြုပြင်တဲ့ ဒီနည်းစနစ်သစ်နဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေလည်း ရှိနေပြီး၊ အသေးစိတ် ဂရုတစိုက် စောင့်ကြည့်ရမယ် လို့လည်း ပညာရှင်တွေက သတိပေး ထားပါတယ်။

ဆဲလ်တွေ အားလုံးလိုလိုမှာ ပါတဲ့ မိုက်တိုကွန်ဒရီးယား ဆိုတဲ့ အစိတ်အပိုင်းငယ် လေးတွေဟာ အစာအာဟာရ ကနေ စွမ်းအင် ထုတ်ပေးတဲ့ အလုပ်ကို လုပ်ကြတာပါ။

တချို့ အမျိုးသမီး မိခင်လောင်းတွေမှာ ရှိတဲ့ မျိုးဗီဇ ဆိုင်ရာ ချို့ယွင်းချက်တွေကို အဲဒီ မိုက်တိုကွန်ဒရီးယားတွေက သယ်ဆောင်ပြီး၊ မွေးဖွားလာမယ့် သားသမီးတွေကို လက်ဆင့်ကမ်း ပေးပါတယ်။

အခု နည်းစနစ်သစ်က မိခင်ရဲ့ မျိုးဥထဲက အဲဒီ မိုက်တိုကွန်ဒရီးယား တွေကို ဓာတ်ခွဲခန်းမှာ ပြုပြင်ပြီးမှ ဖခင်ရဲ့ သုက်ပိုးနဲ့ မျိုးစပ်တဲ့ နည်း ဖြစ်ပါတယ်။

BBC (မြန်မာပိုင်း)
http://www.bbc.com/burmese/

တရုတ်ရှိ ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုပ် အား စတင်အသုံးပြု

Posted on Tuesday, September 27, 2016 No comments
တရုတ်ရှိ ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုပ် အား ဝေဟင်မှ မြင်တွေ့ရစဉ် (ဆင်ဟွာ)

ကွေ့ရန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တောင်တန်းဒေသတစ်ခုဖြစ်သည့် ကွေ့ကျိုးပြည်နယ် တွင် တည်ဆောက်ထားသော ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုပ် အား စက်တင်ဘာ ၂၅ရက်တွင် စတင် အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။

ပင်တောင်စီရင်စု ရှိ တောင်ကြားချိုင့်ဝှမ်းတွင် စက်တင်ဘာ ၂၅ရက်နေ့လည်ပိုင်းက နက္ခတ္တဗေဒပညာရှင်များ နှင့် နက္ခတ္တပညာ စိတ်ပါဝင်စားသူများရှေ့မှောက်၌ အကျယ် ၅၀၀မီတာ ရှိသည့် တယ်လီစကုပ် (Five-hundred-meter Aperture Spherical Telescope FAST) အား အာကာသလေ့လာရေးနှင့် တခြားဂြိုလ်များမှ သက်ရှိများအကြောင်းကို စုံစမ်းထောက်လှမ်းရန်အတွက် တရားဝင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ယင်း တယ်လီစကုပ်အားတည်ဆောက်ရန် တရုတ် နက္ခတ္တဗေဒပညာရှင်များက အဆိုတင်သွင်းခဲ့ပြီး ၁၇နှစ်အကြာ ၂၀၁၁ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တရုတ်ယွမ် ၁.၂ဘီလီယံခန့် (အမေရိကန်ဒေါ်လာ သန်း၁၈၀) ကုန်ကျခဲ့ကြောင်း သိရသည်။
တယ်လီစကုပ်၏ အဓိက အစိတ်အပိုင်းဖြစ်သော ဘောလုံးကွင်း ၃၀ခုစာအကျယ်အဝန်းရှိသည့် ရောင်ပြန်ပြား ၄,၄၅၀ ခု အား တပ်ဆင်ခြင်းလုပ်ငန်းကို ၂၀၁၆ခုနှစ် ဇူလိုင်လအစောပိုင်းတွင် ပြီးစီးခဲ့ကြောင်း သိရသည်။

 (Xinhua)
Source : http://www.xinhuamyanmar.com/

Google ရဲ့ဖိုက်ဘာဆက်ကြောင်းထက် အဆ၁၀၀၀ ပိုမိုမြန်ဆန်မယ့် အင်တာနက်ကို Nokia ထုတ်ဖော်

Posted on Monday, September 26, 2016 No comments
 
Nokia ရဲ့ သုတေသီတွေဟာ အင်တာနက်မြန်နှုန်းကို တစ်စက္ကန့်မှာ 1 Terabit (တစ်စက္ကန့်မှာ 125 GB မြန်နှုန်း) အထိရောက်ရှိအောင် လုပ်ဆောင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာဆိုရင် အမေရိကန်ပြည်ထောင်စုရဲ့ အမြန်ဆုံး အင်တာနက်တွေထဲက တစ်ခုထက် အဆတစ်ထောင်ကျော် ပိုမိုမြန်ဆန်တယ်လို့ သိရပါတယ်။

Google Fiber ရဲ့ အင်တာနက်မြန်နှုန်းကတော့ တစ်စက္ကန့်ကို 1 Gigabit (125 MB/Sec) ရှိတာဖြစ်ပါတယ်။ Nokia Bell Labs ဟာ ဒီမြန်နှုန်းကို ရရှိနေပြီဆိုပေမယ့် မြူးနစ်တက္ကသိုလ်နဲ့ Deutsche Telekom T-Labs တို့ကတော့ ဒီမြန်နှုန်းကို ရရှိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။



ဒီမြန်နှုန်းနဲ့ဆိုရင် အသုံးပြုသူတွေဟာ HD ရုပ်ထွက်နဲ့ Game of Throne တီဗီစီးရီးတစ်ခုလုံးကို ဒေါင်းလုဒ်ဆွဲမယ်ဆိုရင်တောင် တစ်စက္ကန့်သာကြာမြှင့်မှာဖြစ်တယ်လို့ သိရပါတယ်။ သုတေသီတွေက ဒီမြန်နှုန်းမြင့် အင်တာနက်ကို Probabilistic Constellation Shaping (PCS) လို့ခေါ်တွင်နေတယ်လို့ ဆိုပါတယ်။

PCS ပြောင်းလဲမှုမှာ ဖြစ်နိုင်ခြေဟာ သူတို့ရဲ့ဆုံမှတ်တွေနဲ့ စကားလုံးပြောင်းလဲမှုတွေကို အသုံးပြုထားတာဖြစ်တယ်လို့ သုတေသီတွေက ဆိုခဲ့ပါတယ်။ Nokia ရဲ့Network ပိုင်းဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောကြားချက်အရ ဒီ 1Tbps မြန်နှုန်းနဲ့ အင်တာနက်ကို ဂျာမနီမှာရှိတဲ့ စတုဂတ်နဲ့ Darmstdt ကြားထဲက မြို့တွေမှာ စမ်းသပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

မြန်နှုန်းမြင့်အင်တာနက်လိုအပ်ချက်ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ များပြားလာတဖြစ်ပြီး Google တို့လိုကုမ္ပဏီတွေရဲ့ ဖိုက်ဘာဆက်ကြောင်းဟာ တစ်စက္ကန့်ကို 1Gb (125MB) အထိ တိုးမြှင့်လာခဲ့တာပါ။ ဒါပေမယ့် ဒီိလိုမြန်နှုန်းမြှင့်ကွန်နက်ရှင်တွေဟာ အလွန်နည်းပါးပြီး ကန့်သတ်ထားတဲ့ အသုံးပြုသူတွေဆီမှာသာ ရရှိနိုင်သေးတာဖြစ်ပါတယ်။

ဒါကြောင့်ဒီလိုစိတ်ကူးယာဉ်ဆန်နေတဲ့ 1Tbps ဟာ ကမ္ဘာ့ပြည်သူတွေကြားကို အမှန်တကယ် ရောက်ရှိလာနိုင်ဖို့အတွက် လုပ်ဆောင်နေတယ်လို့ Nokia ကဆိုခဲ့ပါတယ်။

Source :
Digital Times : http://digitaltimes.com.mm
Don't Miss