Responsive Ad Slot

Latest

Sports

Showing posts with label KoToeChinDween. Show all posts
Showing posts with label KoToeChinDween. Show all posts

မုံရွာနှစ်လောင်းပြိုင် လူသတ်မှု ဖော်ထုတ် ဖမ်းဆီး

Posted on Thursday, November 3, 2016 No comments

အလောင်းပြိုင် လူသတ်မှုဖြစ်စဉ်များအနက် မုံရွာနှစ်လောင်းပြိုင် လူသတ်မှုအား ခုနှစ်ရက်အတွင်း ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်

မုံရွာ၊ နိုဝင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကန်သာဦးရပ်ကွက်၊ သမာဓိလမ်း၊ အိမ်အမှတ် ၂/ ၉၉ တွင် အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့သော နှစ်လောင်းပြိုင် လူသတ်မှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူကို အရေးယူဆောင်ရွက်ပေးရန် တရားလိုပြုလုပ်တိုင်တန်ခဲ့သူ မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ရဲအောင်နှင့်အဖွဲ့က ပြစ်မှုဖြစ်ပွားသည့်နေ့ ရက်မှစတင်ကာ ၎င်းအမှုအား ခုနှစ်ရက်အတွင်း ဖော်ထုတ်အရေးယူလိုက်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မုံရွာနှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပွားရသည့် ပြစ်မှုအရင်းအမြစ်မှာ မူးယစ်ဆေးဝါးဆိုင်ရာ ကိစ္စရပ်များနှင့် ဆက်စပ်နေသည်ဟု ထင်မြင်သုံးသပ်၍ မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ရဲအောင်နှင့်အဖွဲ့သည် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပွားပြီးနောက် နာရီပိုင်းအကြာ အောက်တိုဘာ ၂၇ ရက်ည ၇ နာရီခွဲအချိန်က နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပွားရာ ကန်သာဦးရပ်ကွက်၊ ရတနာလမ်းနေ ကိုဇော်မျိုးဦး(ခ) ကိုဇော်ဦး ဆိုသူထံမှ ဘိန်းဖြူမှုန့် အလေးချိန်( ၀ ဒသမ ၁)ဂရမ် ပါဝင်သော ပနယ်စလင်ပုလင်း(၁)ပုလင်းနှင့် မူးယစ်ဆေးဝါးရောင်းရငွေ လေးသောင်းကျပ်အား ဖမ်းဆီးရရှိခဲ့သည်။


ယင်းအမှုအား မုံရွာနယ်မြေရဲစခန်း မူးယစ်(ပ) ၁၆/ ၂၀၁၆ မူးယစ် ဥပဒေ ပုဒ်မ ၁၅(က)/၁၆(က)/၂၀ အရ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့သည်။ ထို့နောက် မုံရွာနယ်မြေရဲစခန်း ပြစ်မှုကြီးဖြစ်စဉ်အမှတ် ၈/၂၀၁၆ ပထမသတင်းပေးတိုင်တန်းချက်အမှတ်(ပ) ၇၅၃ / ၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နှစ်လောင်းပြိုင် လူသတ်မှု၏ တရားလိုဖြစ်သူ ရဲစခန်းမှူး ရဲအုပ် ရဲအောင်နှင့်အဖွဲ့သည် အဆိုပါ အမှုနှင့်ပတ်သက်၍ မသင်္ကာဖွယ်ရာ သတင်းရရှိထားသူ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာနေ ကိုအောင်နိုင်မင်း(ခ) ဘိုဆူးခတ် ဆိုသူမှာ မုံရွာမြို့ ရုံးကြီးရပ်ကွက်၊ ခါးပန်းနီကျောင်းတိုက်တွင် ရောက်ရှိနေကြောင်း သတင်းရရှိခဲ့သည်။

ထို့ကြောင့် မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ကျော် ဦးစီး၍ အဆိုပါ ဘုန်းကြီးကျောင်းအတွင်းရောက်ရှိနေသူအား အောက်တိုဘာ ၂၉ ရက် မနက် ၃ နာရီအချိန်က ၀င်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ရာ သတင်းရရှိထားသူ ကိုအောင်မင်းနိုင်း(ခ) ဘိုဆူးခက် ဆိုသူအား ၄၆ယ/ ၂၇၅၄၀ တရုတ်ကလစ်ဆိုင်ကယ်တစ်စီးနှင့်အတူ တွေ့ရှိခဲ့ရသဖြင့် ရဲတပ်ဖွဲ့က အဆိုပါ ဆိုင်ကယ်အား ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ သက်သေများ၏ ရှေ့မှောက်တွင် ဆိုင်ကယ်အား ရှာဖွေစစ်ဆေးခဲ့ရာ ဆိုင်ကယ်ဖင်ထိုင်ခုံအောက်ရှိ တူးဘောက်အတွင်းမှ ပန်းရောင်ရူးသွပ်စိတ်ကြွဆေးပြာ(၂၀၀)ပြား၊ အဖြူဝါရောင်အမှုန့်များကပ်လျက်ရှိသော ပုနယ်စလင်ပုလင်းတစ်လုံး၊ ငွေစက္ကူရောရာ ငွေကျပ်(၁၁)သိန်းတို့အား တွေရှိခဲ့ရသည်။

ထို့ကြောင့် ရဲစခန်းမှူး ရဲအုပ် ရဲအောင်က ကိုယ်တိုင် အမှုတိုင်တန်းချက်ရေးဖွင့်ခဲ့ရာ မုံရွာနယ်မြေရဲစခန်း မူးယစ်(ပ) / ၂၀၁၆ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ပုဒ်မ ၁၅/၁၉(က)/ ၂၀(က) အရ ဒုရဲအုပ် ကိုကိုအောင်မှ ၎င်းအမှုအား စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် အောက်တိုဘာ ၂၉ ရက်မနက် ၁၀ နာရီခွဲအချိန်ခန့်က နှစ်လောင်းပြိုင် လူသတ်မှုမှ တရားလိုပြုလုပ်တိုင်တန်းခဲ့သူ မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ရဲအောင်နှင့်အဖွဲ့သည် နှစ်လောင်းပြိုင်လူသတ်မှုဖြစ်ပွားရာ နေအိမ်အတွင်းရှိ ပစ္စည်းများအား စစ်ကိုင်းတိုင်းဒေသကြီး မှုခင်းရဲတပ်ဖွဲ့ခွဲရုံးရှိ ရဲအရာရှိများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့်အတူ ၀င်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ လူသတ်မှုဖြစ်ပွားခဲ့ရာ နေအိမ်အတွင်း၊ အိပ်ခန်းကုတင်ခြေရင်ဘက်အောက်နေရာ၊ သေဆုံးသူ အမျိုးသမီး၏ ရုပ်အလောင်းတွေ့ရှိခဲ့သည့်နေရာ ကုတင်အောက်တွင် သွေးများစွန်းထင်ပေကျံလျက်ရှိသော 555 အမှတ်တံဆိပ်ပါ ပလပ်စတစ်အဖြူရောင် ဗူးအတွင်းမှ ပန်းနုရောင် ဆပ်ပြာခွက်အတွင်း ပလပ်စတစ်ဖြင့်ထုတ်ထားသော ဘိန်းဖြူမှုန့်ဟုယူဆရသော အမှုန့်တစ်ထုပ်၊ ကမ္ဘာလုံးအမှတ်တံဆိပ်ပါ အပြာရောင် ပလပ်စတစ်အိတ်ဖြင့်ထည့်ထားသော ရူးသွပ်စိတ်ကြွဆေးပြာ(၁၈၄)ပြား၊နှင့် နေအိမ်အတွင်း မီးဖိုချောင်သုံး ကြောင်အိမ်အောက်ထပ်အခန်းမှ တွေ့ရှိရသော အမျိုါ်သမီးအတွင်းခံ အ၀တ်အထည်များကြားမှ ငွေစက္ကူရောရာ တစ်သိန်း၊လေးသောင်း၊ ငါးထောင်ကျပ် တို့အား ထပ်မံရှာဖွေ သိမ်းဆီးရရှိခဲ့သည်။


ထို့ကြောင့် အဆိုပါ ရှာဖွေတွေ့ရှိခဲ့ရသော မူးယစ်ဆေးဝါးများနှင့် ငွေကြေးများအား မုံရွာနယ်မြေရဲစခန်းက မူးယစ်(ပ) ၁၈/၂၀၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေ ပုဒ်မ ၁၅/၁၉(က)/ ၂၀(က) အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိသည်။

အဆိုပါ မူးယစ်ဆေးဝါးဆိုင်ရာ အမှုကိစ္စများအား နှစ်လောင်းပြိုင် လူသတ်မှု တရားလို အမှုစစ် ရဲအရာရှိမှ စနစ်တကျစစ်ဆေးဆောင်ရွက်ရာတွင် နှစ်လောင်းပြိုင် လုပ်ကြံသတ်ဖြတ်ခြင်းခံရသော နေအိမ်မှ သေဆုံးသူ လင်မယားထံမှ မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်နေ ကောင်းကောင်း(ခ) မောင်ကောင်းခန့်သော် ဆိုသူက မူးယစ်ဆေးဝါးများ တဆင့်ဝယ်ယူ၍ မုံရွာမြို့တွင်း ပြန်လည်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း အမှုစစ်ရဲ အရာရှိမှ သိရှိခဲ့ရသည်။ ထို့ကြောင့် မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ရဲအောင်နှင့်အဖွဲ့သည် အောက်တိုဘာ ၃၀ ရက်နေ့ မနက်မှ စတင်၍ နှစ်လောင်းပြိုင် လူသတ်မှုတွင် ပါဝင်ပတ်သက်နေသည်ဟု မသင်္ကာသူ ကောင်းကောင်း(ခ) ကောင်းခန့်သော်၏ နေထိုင်ရပ်တည်မှုအား လိုက်လံစုံစမ်းခဲ့ရာ ကောင်းကောင်း(ခ) ကောင်းခန့်သော်သည် သီးတင်းကျွတ် လပြည့် အဘိတ်နေ့ရက်တွင် ဇနီးဖြစ်သူနှင့်အတူ မုံရွာနေအိမ်မှ မန္တလေးမြို့ရှိ သူ၏ ယောက္ခမ မိသားစုရှိရာသို့ သွားရောက်ခဲ့ကြောင်း သိရသ့ည်။ ၎င်း မသင်္ကာသူမှာ အောက်တိုဘာ ၂၆ ရက်တွင် မန္တလေးမှ မုံရွာသို့ အတိတ်တစိတ်ပြန်ရောက်လာပြီး အောက်တိုဘာ ၂၇ ရက် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပွားသည့်နေ့ရက် မနက်တွင် လွန်ခဲ့သော တစ်လခွဲခန့်က မီးဖွားစရိတ်မရှိသဖြင့် ၎င်းမှ ငွေကျပ် သုံးသိန်းဖြင့် ပေါင်နှံထားသည့် ထရစ်ကာ ဆိုင်ကယ်အား ပြန်လည်ရွေးယူခြင်း၊ မုံရွာမြို့ ထန်းတောရပ်ကွက်နေ အမျိုးသမီးတစ်ဦးထံ စုကြေးငွေ ခြောက်သောင်းကျပ်အား ပေးသွင်းခြင်း၊ ကွေ့ကြီးရပ်ကွက်နေ အမျိုးသမီးတစ်ဦးထံမှ ချေးငှားရယူထားသည့် ငွေကြေးများ ပြန်လည်ဆပ်ပေးခြင်း၊ ၎င်း၏ သူငယ်ချင်းနှစ်ဦး အပါအ၀င် အောက်တိုဘာ ၂၇ ရက်ညနေပိုင်းမှစတင်၍ မုံရွာမြို့ မြို့သစ်ရပ်ကွက်အတွင်းရှိ KTV ဆိုင်တစ်ဆိုင်သို့သွားရောက်၍ သီချင်းဆိုစားသောက်ခဲ့ရာ ကုန်ကျစရိတ် ငွေကျပ် လေးသိန်းနီးပါးရှိခဲ့ခြင်း၊ သူ၏ဖနီးဖြစ်သူထံ အသေးသုံးငွေအဖြစ် ငွေကျပ်လေးသိန်းအား ပေးအပ်ခဲ့ခြင်း၊ ဖနီးသည်မှ မီးဖွားစရိတ်အဖြစ် ပေါင်းနှံထားသည့် ရွှေထည်ပစ္စည်းအချို့အား ပြန်လည်ရွေးယူပေးခြင်း စသည့် သတင်းအချက်အလက်များအား ရဲအုပ် ရဲအောင်နှင့်အဖွဲ့က စုံးစမ်းသိရှိခဲ့ရသည်။ ထို့ကြောင့် အောက်တိုဘာ ၃၁ ရက်နေ့တွင် စစ်ကိုင်းတိုင်ူဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်း၏ အနီးကပ် ကြီးကြပ်ကွက်ကဲမှုများကို ရယူ၍ အမှုစစ်ရဲအရာရှိ ရဲအုပ် ရဲအောင်နှင့်အဖွဲ့သည် တိုင်းမှုကူဌာနစု ဌာနစုမှူး ဒုရဲမှူး မိုးသူ ၊ မုံရွာခရိုင် မှုခင်းနှိမ်နင်းရေးဌာနစု ဌာနစု အဖွဲ့ခေါင်းဆောင် ရဲအုပ် လင်းထက်နိုင်၊ ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး မှုခင်းတပ်ဖွဲ့ခွဲရုံး( မုံရွာ)အဖွဲ့နှင့် ပူးပေါင်း၍ ကောင်းကောင်း(ခ) ကောင်းခန့်သော်အား ဖမ်းဆီးနိုင်ရန်အတွက် လိုက်လံရှာဖွေခဲ့ကြသည်။
အဆိုပါ ပူးပေါင်းအဖွဲ့မှ လိုက်လံရှာဖွေလျက်ရှိသှော ကောင်းကောင်း(ခ) ကောင်းခန့်သော် ဆိုသူမှာ သူ၏ ဇနီးသည်နေထိုင်ရာ မန္တလေးမြို့မှ တဆင့် ဗန်းမော်မြို့သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း စုံးစမ်းသိရှိရသဖြင့် ကောင်းကောင်း(ခ) ကောင်းခန့်သော် အသုံးပြုလျက်ရှိသော အင်တာနက်စာမျက်နှာမှတဆင့် စကားပြောဆိုမှု စည်းရုံးခြင်းများ ပြုလုပ်ခဲ့သည်။


မုံရွာနှစ်လောင်းပြိုင် လူသတ်မှုတွင် ပါဝင်ပတ်သက်သူဟု ရဲတပ်ဖွဲ့မှ သံသယရှိသူ ကောင်းကောင်း(ခ) ကောင်းခန့်သော်မှာ နိဝင်ဘာ ၂ ရက်မနက် ၈ နာရီခွဲအခချိန်ခန့်တွင် တိုင်းမှုကူဌာနစိပ်အဖွဲ့မှ သတင်းအရ စစ်ကိုင်းမြို့ ကားဂိတ်မှ စောင့်ဆိုင်နေစဉ် ဖမ်းဆီးရရှိခဲ့သည်။ ထို့နောက် ရဲဌာန၏ လုပ်ငန်းစဉ်များအရ ထိုသူအား မုံရွဲာပည်သူ့ဆေးရုံကြီး မှုခင်း ဥပဒေရေးရာ ဆရာဝန်ကြီးထံသွားရောက်၍ ဆေးစစ်ချက်များ တောင်းခံရယူခြင်း၊ မုံရွာမြို့နယ် တရားရုံးတွင် အမှုစစ်ဆေးစဉ် ချုပ်နှောင်ခွင့်များတောင်းခံရယူခြင်းများ ပြုလုပ်ခဲ့ပြီးနောက် နိုဝင်ဘာ ၂ ရက်ည အချိန်တွင် နှစ်လောင်းပြိုင် လူသတ်မှုနှင့်ပတ်သက်၍ စစ်ဆေးဆောင်ရွက်ခဲ့ရာ ထိုသူက အဆိုပါ လူသတ်မှုတွင် ကိုယ်တိုင်ကျူးလွန်ခဲ့ကြောင်း စစ်ဆေးရေးအဖွဲ့ထံ ၀န်ခံထွက်ဆိုခဲ့ပြီးနောက် နိဝင်ဘာ ၂ ရက် ည ၁၁ နာရီအချိန်ခန့်တွင် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပွားရာ နေအိမ်သို့သွားရောက်၍ ပြစ်မှုကျူးလွန်စဉ်က တွေကြုံရသော အခြေအနေ အရပ်ရပ်များကို ထိုသူကိုယ်တိုင် ပြန်လည်သရုပ်ပြကာ အမူအရာများဖြင့် ၀န်ခံထွက်ဆိုချက်များပေးခဲ့သည်။


ထို့နောက် ကောင်းကောင်း(ခ) ကောင်းခန့်သော်သည် နှစ်လောင်းပြိုင် လူသတ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သော ဓားတစ်ချောင်းအား ၎င်း၏ နေအိမ် မိလ္လာကျင်းအတွင်းစွန့်ပစ်ခဲ့ကြောင်း ပြောသဖြင့် အမှုစစ်ရဲအရာရှိနှင့် ပူးဒပေါင်းအဖွဲ့က အဆိုပါ မိလ္လာကျင်းထဲမှ အညစ်အကြေးများအား စက်ယန္တရားများဖြင့် ညတွင်းချင်းစုပ်ယူထုတ်ကာ မိလ္လာကျင်းအတွင်း ရှာဖွေစစ်ဆေးကြည့်ရာ ဓားအိမ်ပါ ဓားတစ်ချောင်းအားတွေ့ရှိခဲ့ရသည်။ ထို့အပြင် လူသတ်မှုကျူးလွန်စဉ်က ထိုသူဝတ်ဆင်ခဲ့သော အ၀တ်အထည်များအား မုံရွာ - မန္တလေး ကားလမ်း မိုင်တိုင်အမှတ် ၆၇/၅ နှင့် ၆၇/၆ အကြား လမ်းဘေးတစ်နေရာ ရေကျော်အနီးစွန့်ပစ်ခဲ့ကြောင်း ထပ်မံပြောပြသဖြင့် ပူးပေါင်းရဲအဖွဲ့မှ နိုဝင်ဘာ ၃ ရက် မနက် ၁ နာရီအချိန်က သွားရောက်ရှာဖွေခဲ့ရာ နှစ်လောင်းပြိုင် လူသတ်မှုကျူးလွန်စဉ်က ကျူးလွန်သူ ၀တ်ဆင်ခဲ့သည်ဟု ထင်မြင်ယူဆရသည့် အ၀တ်ထုပ် တစ်ထုပ်အား ကောင်းကောင်း(ခ) ကောင်းခန့်သော်၏ ညွှန်ပြမှုအရ ပူးပေါင်းရဲအဖွဲ့မှ သိမ်းဆီးခဲ့ကြောင်း သိရသည်။


၂၀၁၆ ခုနှစ်အတွင်း နိုင်ငံ့အ၀ှမ်းဖြစ်ပွားခဲ့သော လေးလောင်းပြိုင်၊ သုံးလောင်းပြိုင်၊ နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်စဉ်များအနက် မုံရွာနှစ်လောင်းပြိုင် လူသတ်မှုသည် မှုခင်းဖြစ်ပွားသည့်နေ့ရက်မှ ခုနှစ်ရက်တာ ကာလအတွင်း သက်သေခံပစ္စည်းများနှင့်အတူ ပြစ်ကျူးလွန်သူဟု ၀န်ခံသူကိုပါ ရဲတပ်ဖွဲ့မှ လက်ရဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
https://www.facebook.com/monywa.maung

ယာခင်းတောအတွင်း ချစ်တင်းနှောနေသည့် တက္ကသိုလ်စုံတွဲအား ချောင်းမြှောင်းကြည့်သူများက ဓားထောက်ခြိမ်းခြောက်၍ ပစ္စည်းများလုယက်ယူငင်

Posted on Thursday, October 20, 2016 No comments
 

ယာခင်းတောအတွင်း ချစ်တင်းနှောနေသည့် တက္ကသိုလ်စုံတွဲအား ချောင်းမြှောင်းကြည့်သူများက ဓားထောက်ခြိမ်းခြောက်၍ ပစ္စည်းများလုယက်ယူငင်သဖြင့် မုံရွာနယ်မြေရဲစခန်းက ဖော်ထုတ်ဖမ်းဆီး အရေးယူ

မုံရွာ၊ အောက်တိုဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မုံရွာတက္ကသိုလ် ပထမနှစ် ဥပဒေကျောင်းသားတစ်ဦးနှင့် ပထမနှစ် စီမံခန့်ခွဲမှုပညာ ကျောင်းသူတစ်ဦးတို့သည် မုံရွာမြို့နယ် ကျောက္ကာ(တောင်)ရွာ၏ အနောက်ဘက် လူသွား လူလာပြတ်တောက်လျက်ရှိသော ယာခင်းတစ်ကွက် အတွင်းရှိ သစ်ပင်အောက်တွင် နှစ်ကိုယ်တူ ချစ်တင်းနှောခဲ့ရာ ချောင်းမြှောင်းကြည့်ရှုသူ လူငယ်လေးဦးက အဆိုပါ တက္ကသိုလ်စုံတွဲအား ဓားထောက်ခြိမ်းခြောက်၍ ပစ္စည်းလုယက် ယူငင်ထွက်ပြေးတိမ်းရှောင်းသွားခဲ့သည်။


ထို့ကြောင့် ပစ္စည်းလုယက်ယူငှင်းခြင်းခံရသော ပထမနှစ် ဥပဒေကျောင်းသားက လုယက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ဖော်ထုတ်အရေးယူပေးရန် ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက် ည ၁၀ နာရီ ၁၅ မိနစ်အချိန်က မုံရွာနယ်မြေရဲစခန်းသို့ သွားရာက်တိုင်တန်းခဲ့သည်။ ၎င်း တိုင်တန်းချက်အား ရဲစခန်းက အမှုကြီးအမှတ်စဉ် (၅/၂၀၁၆) ၊ (ပ) ၅၉၇/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၉၂/ ၁၁၄ အရ အမှုရေးဖွင့် လက်ခံခဲ့ပြီး ရဲစခန်းမှူး ရဲအုပ် ရဲအောင်မှ တာဝန်ယူစစ်ဆေးဆောင်ရွက်ခဲ့သည်။


အဆိုပါ အမှုစစ်ရဲအရာရှိ၏ စစ်ဆေးဆောင်ရွက်ချက်များအရ ချစ်တင်းနှောနေသည့် တက္ကသိုလ်စုံတွဲအား ချောင်းမြှောင်းကြည့်ရှု၍ ဓားထောက်ခြိမ်းခြောက်၍ ပစ္စည်းများလုယက်ယူငှင် ထွက်ပြေးတိမ်းရှောင်နေသူများမှာ မုံရွာမြို့ ရန်ကင်းရပ်ကွက်နေ ကို ရဲလင်းထက်(ခ) ငရဲ၊ ကိုဇင်ကိုမောင်(ခ) ရွှေအ၊ ကိုသန့်ဇင်ဦးနှင့် ကိုဆန်းမင်းသူ(ခ) အောင်ကို ဆိုသူတို့ လေးဦးဖြစ်ကြောင်း အမှုဖြင့် စစ်ဆေးပေါ်ပေါက်ခဲ့သည်။


ထို့အပြင် တက္ကသိုလ်စုံတွဲအား ချောင်းမြှောင်းကြည့်ရှု့ပြီး ဓားထောက်ခြိမ်းခြောက်၍ ပစ္စည်းများ လုယက်ယူငှင်စဉ် ကာလက အသုံးပြုသော သက်သေခံ ပစ္စည်းအထောက်အထားများကို စနစ်တကျ သိမ်းဆီးပြီးနောက် တရားစွဲဆိုရန် မုံရွာမြို့နယ် ဥပဒေရုံးတွင် ဥပဒေအကြံပြုချက်များတောင်းခံရယူပြီး အောက်တိုဘာ ၁၉ ရက်နေ့တွင် မုံရွာမြို့နယ်တရားရုံးတွင် တရားစွဲဆိုလိုက်ပြီးဖြစ်သည်။


အဆိုပါ တက္ကသိုလ်စုံတွဲထံမှ ဓားထောက်ခြိမ်းခြောက်၍ ပစ္စည်းများ လုယက်ယူငှင်သူများအနက် လူငယ်နှစ်ဦးမှာ မုံရွာမြို့ပေါ်တွင် ဆိုင်ကယ်များခိုးယူပြီး အပျော်အပါးများအတွက် အသုံးပြုလေ့ရှိရာ ခိုးရာပါ ဆိုင်ကယ်သုံးစီးအား ပြန်လယ်သိမ်းဆီးနိုင်ခဲ့ပြီး ဆိုင်ကယ်ပိုင်ရှင်မှန်များထံ စနစ်တကျပြန်လည်လွှဲပြောင်းပေးအပ်နှံရန် မုံရွာနယ်မြေရဲစခန်းက ၀န်ဆောင်မှုများပေးလျက်ရှိကြောင်း သိရှိရသည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
https://www.facebook.com/kotoe.chindween.9

လိင်ဖျော်ဖြေရန်အတွက် ရောက်ရှိနေသည့် ဘုန်းကြီးကျောင်းအမည် တံဆိပ်ပါ ကားတစ်စီး လှည့်ကင်းရဲအဖွဲ့က ဖမ်းဆီးအရေးယူ

Posted on Monday, October 10, 2016 No comments
 

မုံရွာ၊ အောက်တိုဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး နန္ဒ၀န် နယ်မြေ(၄) ရပ်ကွက်၊ သီရိမင်္ဂလာလမ်းမကြီးပေါ်တွင် လိင်ဖျော်ဖြေရန်အတွက် ရောက်နေသည့် ဘုန်းကြီးကျောင်း အမည်တံဆိပ်ပါ ကားတစ်စီးအား အောက်တိုဘာ ၈ ရက်ည ၁၁ နာရီခွဲအချိန်က မုံရွာနယ်မြေရဲစခန်း လှည့်ကင်းအဖွဲ့မှ တွေ့ရှိရသဖြင့် ဖမ်းဆီးအရေးယူလိုက်ကြောင်း ၎င်းရဲစခန်း၏ မှုခင်းမှတ်တမ်းများတွင်ဖော်ပြထားသည်။
‘’ .. .. ကားက ယာဉ်လိုင်စင်နဲ့ပတ်သက်ပြီး အထောက်အထား တစုံတရာမှ ပြသနိုင်ခြင်းမရှိပါဘူး ..။ ဘုန်းကြီးကျောင်းတံဆိပ် တပ်ဆင်ထားပြီး ညအချိန်မတော်မှာ ကားထဲမှာ ကောင်မလေးတစ်ယောက်နဲ့ တွေ့ရှိခဲ့တာပါ … “ ဟု မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ရဲအောင်က ပြောသည်။


အဆိုပါကားသည် ပြည့်တန်ဆာလုပ်ငန်းများ လုပ်ကိုင်၍ အသက်ဝမ်းမွေးလုပ်ကိုင်နေကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိထားသည့်နေရာတွင် တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု လှည့်ကင်းရဲအဖွဲ့က ဆိုသည်။


ထို့ကြောင့် ၎င်းယာဉ်အား မုံရွာနယ်မြေရဲစခန်းက စစ်ဆေးဆောင်ရွက်သည့်အခါတွင် ကားအတွင်းရှိ အိတ်တစ်လုံးအတွင်းမှ လိင်မှုဆိုင်ရာ အားတိုးဆေးပြားများတွေ့ရှိခဲ့ရပြီး လိင်ဖျော်ဖြေရေးအတွက် ယင်းနေရာသို့ ညအချိန်မတော် ရောက်ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် လှည့်ကင်းရဲအဖွဲ့က ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်သည်။

မုံရွာနယ်မြေရဲစခန်းက အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
https://www.facebook.com/kotoe.chindween.9

မုံရွာကွန်ပျူတာကျောင်းအနီး အမျိုးသား အလောင်းတစ်လောင်းတွေ့ရှိ

Posted on Tuesday, October 4, 2016 No comments

မုံရွာ၊ အောက်တိုဘာ ၎

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်၊ ပြည်ထောင်စု အဝေးပြေးလမ်းမကြီးအနီးရှိ ကွန်ပျူတာကားမှတ်တိုင် အဆောင်အဦးအတွင်း အောက်တိုဘာ ၄ ရက်မနက် ၆ နာရီအချိန်ခန့်က အမျိုးသားတစ်ဦး ၀မ်းလျားမှောက်၍ သေဆုံးနေသည်ကို ဒေသခံပြည်သူများက တွေ့ရှိရသည်။


အဆိုပါ သေဆုံးသူသည် မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးသော်လည်း သေဆုံးသူ၏ ဆိုင်ကယ်ဟုယူဆရသော ရုပ်ဆိုး 125 အနက်ဖြူကြား ယာဉ်အမှတ် ၂၁ယ/ ၇၉၆၂ အမျိုးအစား ဆိုင်ကယ်တစ်စီး၊ ပန်းနုရောင်နှင့်အနက်ကြား ဆိုင်ကယ်စီး ဦးထုပ်တစ်လုံး၊ ဖိနပ်တစ်ဘက်အား ၎င်းသေဆုံး၏ နေရာအနီး သံလမ်းအရှေ့ဘက် တွင်တွေ့ရှိရသည်။ ၎င်းဆိုင်ကယ်၏ ပစ္စည်းသေတ္တာဘောက်အား သက်ဆိုင်ရာမှ ဖွင့်ဖောက်စစ်ဆေးရာတွင် ၎င်းဆိုင်ကယ်အတွင်းမှ ယာဉ်မောင်းလိုင်စင်တစ်ခုတွေ့ရှိရသည်။ လိုင်စင်မှာ ဦးအောင်ရဲကျော်၊ ၅/ ယမပ(နိုင်) ၀၆၀၆၃၄ ဖြစ်ကြောင်း သိရသည်။


ထို့ကြောင့် ဒေသခံပြည်သူများက မုံရွာမြို့မရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားထားကြောင်း သိရသည်။
လွန်ခဲ့သော သုံးနှစ်တာကာလခန့် ၂၀၁၃ ခုနှစ်၊ ဇူလိုင် ၁၈ ရက်နေ့မနက်က အဆိုပါ လူသေအလောင်းတွေ့ရှိရာ အရပ်နှင့် ၀န်းကျင်နေရာတစ်ခုတွင် ဦးခေါင်းကြေမွဒဏ်ရာ၊ မျက်နှာစုပ်ပြဲဒဏ်ရာ၊ လက်ကျိုးဒဏ်ရာများနှင့် လူသေအလောင်းတစ်လောင်း စွန့်ပစ်ထားသည်ကို တွေ့ရှိရပြီး အဆိုပါ လူသတ်မှုမှာ ယနေ့အထိတိုင်တောင် ပြစ်မှုကျူးလွန်သူအား စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိသေးသည့်အပြင်၊ ၎င်းညက ဆက်တိုက်ဖြစ်ပွားခဲ့သော မုံရွာမြို့ အောင်းချမ်းသာဈေးရှေ့အနီးဖြစ်ပွားသော လူသတ်မှုမှာလည်း စုံးစမ်းဖော်ထုတ်ပေးနိုင်ခြင်းမရှိသေးကြောင်း သတင်းမှတ်တမ်းများအရ သိရှိရသည်။


နောက်ဆက်တွဲ သတင်းများအရ သေဆုံးသူမှာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ထိုသူ၏ ရာထူးအဆင့်မှာ ရဲဒုတပ်ကြပ် အောင်ရဲကျော် ဖြစ်ကြောင်း သိရှိရသည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး ( ချင်းတွင်း )
https://www.facebook.com/KoToeChinDween
Don't Miss