Responsive Ad Slot

Latest

Sports

Showing posts with label Gallery. Show all posts
Showing posts with label Gallery. Show all posts

Miss Universe Myanmar 2017 ဆု သံတွဲသူ ဇွန်သံဇဉ် ရရှိ

Posted on Friday, October 7, 2016 No comments

DMG၊အောက်တိုဘာ ၆

ယနေ့ကျင်းပသည့် miss universe myanmar 2017 ဆုကို ရခိုင်ပြည်နယ် သံတွဲမှ ခါးနံပါတ် ၂၄ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဇွန်သံစဉ်မှ ရရှိခဲ့ကြောင်းသိရသည်။

အောက်တိုဘာလ ၆ ရက်နေ့တွင် Novotel Hotel၊ Yangon Ballroom တွင် Miss Universe Myanmar 2017 ကိုကျင်းပခဲ့ပြီး သံတွဲမြို့မှ ရန်ကုန်ကိုယ်စားပြုပြီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် No 24 ဇွန်သံဇဉ်က Miss Universe Myanmar 2017 ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။


ယခုနှစ် ၂၀၁၇ခုနှစ်တွင် မြန်မာတနိုင်ငံလုံးမှ ကိုယ်စားပြု Miss ၂၆ ယောက်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုသတ်မှတ် ရွေးချယ်ရာတွင် ရုပ်ရည်တခုတည်းမဟုတ်ဘဲ လူမှုရေး၊ပေါင်းသင်းဆက်ဆံရေးအပါအဝင် တခြား ဗဟုသုတ ကြွယ်ဝမှုစသည့်အချက်များကိုလည်း ထည့်သွင်းရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Miss Universe Myanmar 2017 ဆု ရရှိခဲ့သည့် ဇွန်သံစဉ်သည် လက်ရှိတွင် အနုပညာလုပ်ငန်းများကိုလုပ်ကိုင်လျက်ရှိပြီး မကြာမှီကျင်းပမည့် Miss Universe world ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည်။

ပထမအဆင့် ဆန်ခါတင် ၁၂ ဦးရွေးချယ်ရာတွင် စစ်တွေ ကိုယ်စားပြု အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြောက်ဦးသူ ခိုင်သန္တာလင်းလည်း ရွေးချယ်ခံခဲ့ရကြောင်းသိရသည်။

မြင့်မြတ်ဖြူ
Development Media Group
https://www.facebook.com/DevelopmentNJ/

၂၀၁၆ ခုနှစ် Miss All Nations ချန်ပီယံဆုကို မစ္စ လတ်ဗီးယား ရရှိ

Posted on Wednesday, September 28, 2016 No comments
Miss All Nations ချန်ပီယံဆုရှင် မစ္စ လတ်ဗီးယား (လယ်)၊ ဒုတိယဆုရှင် သြစတြေးလျ အလှမယ် (ယာ) နှင့် တတိယဆုရှင် ဘရာဇီး အလှမယ် (ဝဲ) တို့အား တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

  ၅၁ ကြိမ်မြောက် Miss All Nations ပြိုင်ပွဲ ၂၀၁၆ ကို တရုတ်နိုင်ငံ ကျန်းစုပြည်နယ် မြို့တော် နန်နင်းတွင် စက်တင်ဘာလ ၂၆ ရက်က ကျင်းပခဲ့ရာ လတ်ဗီးယား အလှမယ် Laura Skutane က ဆုရရှိခဲ့ကြောင်း သိရသည်။

Miss All Nations ပြိုင်ပွဲ ၂၀၁၆ ဒုတိယဆုကို သြစတြေးလျမယ်က လည်းကောင်း၊ တတိယဆုကို ဘရာဇီးမယ်ကလည်းကောင်း အသီးသီး ရရှိခဲ့သည်။

Miss All Nations ပြိုင်ပွဲဝင် အလှမယ်များအား တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ Miss All Nations ပြိုင်ပွဲကို နိုင်ငံပေါင်း ၅၀ ကျော်မှ အလှမယ်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံမှ အလှမယ် နန်းမေရှင်းသန့်က နိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
Miss All Nations ပြိုင်ပွဲကို အဲလက်စ်လျူက ၁၉၈၉ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး နှစ်စဉ် ကျင်းပခဲ့သည်။

 (Xinhua)
http://www.xinhuamyanmar.com/
Don't Miss