Responsive Ad Slot

Latest

Sports

Showing posts with label BreakingNews. Show all posts
Showing posts with label BreakingNews. Show all posts

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၆ ရပ်ကွက်တွင် ကြက်များသေဆုံးသဖြင့် အင်းစိန်ဆေးရုံ၌ စစ်ဆေးရာ H5N1 ရောဂါပိုးဖြစ်ပွားနေကြောင်း တွေ့ရှိ

Posted on Saturday, July 29, 2017 No comments

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ် ၆ ရပ်ကွက် ဇာတိမာန်လမ်း အမှတ်  ၄/၅၇ ရှိ နေအိမ်တွင် ကြက်များသေဆုံးသဖြင့် အင်းစိန်ဆေးရုံသို့ သွားရောက် စစ်ဆေးရာ အပြင်းစား ကြက်ငှက်တုပ်ကွေး H5N1 ရောဂါပိုး တွေ့ရှိကြောင်း ဇူလိုင် ၂၈ ရက် ညပိုင်းက သက်ဆိုင်ရာ မြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။

အပြင်းစားကြက်ငှက်တုပ်ကွေး H5N1 ရောဂါပိုး မရမ်းကုန်းမြို့နယ် အမှတ် ၆ ရပ်ကွက်တွင် တွေ့ရှိခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ရောဂါပိုးတွေ့ရှိသည်မှာ မှန်ကန်ပြီး လူသို့ကူးစက်ခြင်း ရှိ မရှိကို ယင်းပတ်ဝန်းကျင်တွင် ခရိုင်ကျန်းမာရေးအဖွဲ့က စစ်ဆေးနေကြောင်း အတည်ပြု ပြောကြားသည်။

“ကြက်သုံးကောင်သေတယ်။ သေတော့ အင်းစိန်ဆေးရုံမှာ သွားစစ်ကြည့်တော့ H5N1 တွေ့တယ်။ လောလောဆယ် ကျန်းမာရေးကပေးတဲ့ဆေးကို ပတ်ဝန်းကျင်မှာ ထုံးနဲ့ ဖျန်းထားတယ်။ ကြက်ခြံတော့ မဟုတ်ဘူး။ အိမ်မှာပဲ ကြက်မွေးထားတာ။ အဲဒီထဲက သုံးကောင်ကသေပြီး နှစ်ကောင်က H5N1 တွေ့တာ။ လူကူးစက်ခံရတယ်လို့တော့ လောလောဆယ် မကြားရသေးဘူး။ အဲဒီပတ်ဝန်းကျင်ကို ခရိုင်ကျန်းမာရေးအဖွဲ့က လာပြီးစစ်နေတယ်” ဟု မရမ်းကုန်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အလားတူ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ကြက်ကောင်ရေထောင်ချီ သေဆုံးသော ကြက်ခြံ၌ H5N1 ကြက်ငှက်တုပ်ကွေးရောဂါပိုး တွေ့ရှိခဲ့ပြီး နယ်စပ်နှင့် အခြားမြို့များမှ ကြက်နှင့်ဝက်တင်သွင်းမှု မြိတ်မြို့တွင် ပိတ်ပင်ထားကြောင်း သိရသည်။

ထားဝယ်မြို့ရှိ ကြက်မွေးမြူရေးခြံတစ်ခု၌ ကြက်ကောင်ရေထောင်ချီ ရက်ပိုင်းအတွင်း သေဆုံးမှုအပေါ် ကြက်အသေများကို ဓာတ်ခွဲစစ်ဆေးရာတွင် အပြင်းစား ကြက်ငှက်တုပ်ကွေးရောဂါ H5N1 ဗိုင်းရပ်ပိုး တွေ့ရှိခဲ့ပြီး ၎င်းကြက်ခြံအနီးဝန်းကျင်ရှိ ကြက်ခြံများကို ရှင်းလင်းခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့ ၀ဲကျွန်းထိန်သစ်ရပ်ကွက်ရှိ အမှတ် (၄) အထက်တန်းကျောင်းအနီးမှ ဥစားကြက်အကောင်ရေ ၅၀၀၀ မွေးမြူထားသော ပိုင်ရှင်ဒေါက်တာမောင်နီ၏ ကြက်မွေးမြူခြံ၌ ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်မှ ၂၀ ရက်အထိ ကြက်အကောင်ရေ ၁၀၀၀ ခန့် သေဆုံးမှုဖြစ်ပွားပြီး ကြက်သေနမူနာများကို ဇူလိုင်၂၁ ရက်က ရန်ကုန်သို့ ပေးပို့စစ်ဆေးစေခဲ့ရာ ဇူလိုင် ၂၃ ရက်က ၎င်းကြက်များ၌ H5N1 ဗိုင်းရပ်ပိုး တွေ့ရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။

Eleven Media Group
http://news-eleven.com/

Read in : All Update Reader

WHO H1 N1 Update မြန်မာ့တုပ်ကွေး အပ်ဒိတ်

Posted on No comments

 Seasonal Influenza A (H1N1) pdm09 ရာသီတုပ်ကွေး အေ H1N1 ဖြစ်သည်။ ၂၆-၇-၂ဝ၁၇ နေ့အထိ စုစုပေါင်း ၂ဝ တွေ့ရှိ။ ၃ ယောက်သေဆုံးပြီး။ WHO နှင့် မြန်မာ ကျန်းမာရေးအာဏာပိုင်များ ပူးပေါင်းရွက်ဆောင်နေသည်။

ရက်တို ချက်ချင်းဖြစ်တုပ်ကွေးအမျိုးအစားဖြစ်သည်။ လူတဦးမှ တဦးသို့ လျင်မြန်စွာကူးစက်နိုင်သည်။ အသက်အရွယ်မရွေးဖြစ်နိုင်သည်။

ကာကွယ်နည်း
• အမှုံအမွှားလေးများကတဆင့်ကူးစက်သည်။ လေကတဆင့်ကူးစက်သည့်ရောဂါ မဟုတ်။ ရောဂါဆိုးဝါးစေသည့် အမျိုးအစားမဟုတ်။
• လူနာတဦးမှ ချောင်းဆိုး နှာချေသည့်ခါ ထွက်လာသည့် အမှုံအမွှားလေးကို ရှူမိသူတဦးအား ကူးစက်နိုင်သည်။ ပိုးပါနေသည့်လက်ကတဆင့်လည်း ကူးစက်နိုင်သည်။
• ထို့ကြောင့် လက်ကို ဆပ်ပြာနှင့် ရေဖြင့် မကြာခဏဆေးကြောပါ။ လူနာကထွက်သည့် အမှုံအမွှားများ ရှိနေနိုင်သည့် ကြမ်းပြင် မျက်နှာပြင်များကို ဆေးကြောသန့်ရှင်းပေးပါ။
• မိမိထံကူးစက်မလာစေရန် ပါးစပ်နှင့် နှာခေါင်းကို ဖုံးအုပ်ထားပါ။ အထူးသဖြင့် ချောင်းဆိုးနှာချေလျှင် ဖုံးအုပ် ကာကွယ်ပါ။ ပုံတွင်ပြထားသည့်နမူနာကိုကြည့်ပါ။ တံတောင်ဆစ်ထဲသို့ ချောင်းဆိုးခြင်းဟု ခေါ်သည်။ တစ်ရှူးရှိလျှင် အသုံးပြုပါ။ တစ်ရှူးကို စနစ်တကျစွန့်ပစ်ပါ။ လက်ကို ထပ်ဆေးပါ။
• ကာကွယ်ဆေးထိုးခြင်းသည် ထိရောက်သောကာကွယ်နည်းဖြစ်သည်။ အထူးသဖြင့် အသက် ၆ လမှ ၅၉ လအထိ ကလေးများ၊ သက်ကြီးရွယ်အိုများ၊ လူနာများနှင့် ထိတွေ့နေကြရသူများ။ ကိုယ်ဝန်ဆောင်များ၊ နာတာရှည်ရောဂါရှိသူများ။

ကာကွယ်ဆေးဟူသည် ဖြစ်နေသည့်ဗိုင်းရပ်စ်အမျိုးအစားနှင့် မျိုးကွဲအတိအကျဖြစ်မှသာ ထိရောက်သည်။ အသေးစိတ်ကို www.who.int/wer/2012/wer8747/en/ မှာဖတ်ရှုနိုင်ပါသည်။

ကပ်ရောဂါ၏သဘောတရား
ရာသီအလိုက်ဖြစ်ပေါ်လာသည့် ဗိုင်းရပ်စ်များသည် အမျိုးအစာကွဲလွဲမှု ဖြစ်လာတတ်သည်။ လူအများက အဆိုပါ အမျိုးအစားသစ်ကို ခံနိုင်စွမ်းမရှိလျှင် လူအများစုကိုဖြစ်စေသည့် ကပ်ရောဂါဖြစ်လာနိုင်သည်။

WHO ထုတ်ပြန်ထားချက်ကို အနီးစပ်ဆုံး ဘာသာပြန်ထားတာဖြစ်ပါတယ်။ ကွဲလွဲချက်ရှိရင် ကျွန်တော့တာဝန်ဖြစ်ပါတယ်။

အခုပို့စ်ထဲမှာ မပါတဲ့ နှာခေါင်းစည်းအမျိုးအစားတွေ ကာကွယ်ဆေးအမည်တွေ မမေးစေလိုပါ။ အားလုံး ရေးတင်ထားပြီး ဖြစ်ပါတယ်။ အရပ်ဆေးနည်းနဲ့ အရက်ဆေးနည်းတွေကိုလည်း မမေးကြပါရန်။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၇
နေ့ ၁ နာရီ၊ ၁၁ မိနစ်။

 




https://www.facebook.com/drtintswe

Read in : All Update Reader

အပြင်းစားကြက်ငှက်တုပ်ကွေး H5N1 ဟု အတည်ပြု၊ ကြက်ဥ/ကြက်သား အရောင်းဆိုင်အားလုံးပိတ်မည်

Posted on Thursday, July 27, 2017 No comments

 ထားဝယ်၊ ဇူလိုင် ၂၆

တနင်္သာရီတိုင်းဒေသကြီး မြို့တော်ထားဝယ်တွင် ဖြစ်ပွားသည့် ကြက်ငှက်တုပ်ကွေး အမျိုးအစားသည် အပြင်းစား ကြက်ငှက်တုပ်ကွေး (H5N1) ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက အတည်ပြုလိုက်ပြီး ကြက်ဥ/ ကြက်သား အရောင်းဆိုင်အားလုံးကို ပိတ်သိမ်းရန် ညွှန်ကြားလိုက်ပြီဖြစ်သည်။

ရောဂါဖြစ်ပွားသည့် ကြက်ခြံအနီးဝန်းကျင်ရှိ ကြက်များအားလုံးကို သုတ်သင်၍ မြေမြှုပ်မည်ဖြစ်ပြီး ပိုးသတ်ဆေးဖြန်းကာ ထိန်းချုပ်ကာကွယ်မည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဉာဏ်လင်းက ပြောဆိုသည်။

"အရေးပေါ် ထိန်းချုပ်ရေးစီမံချက် ရေးဆွဲထားပြီးဖြစ်တယ်" ဟု ၎င်းက ဆိုသည်။

ကြက်ဥ/ ကြက်သား အရောင်းဆိုင်အားလုံးကို ပိတ်ပင်သွားမည့်အပြင် ကြက် အဝင်/အထွက် ထိန်းချုပ်ခြင်းနှင့် အသိပညာပေး လုပ်ငန်းများကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေါက်တာဉာဏ်လင်းက ထပ်လောင်းပြောဆိုသည်။

ရောဂါဖြစ်ပွားမှု သံသယရှိသည့် လူနာရောက်လာပါက ကုသရန်အတွက် ထားဝယ်ဆေးရုံကြီးတွင် သီးသန့်အဆောင် စီစဉ်ထားကာ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားကြောင်း ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာမျိုးသန့်က ဆိုသည်။

“လူနာကိုသံသယရှိပြီဆိုကတည်းက ဆရာတို့က ဒီလိုသတိထားပြီးတော့ ထားတဲ့နေရာကစပြီး ဆေးကုတဲ့ အပိုင်းအထိ ကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက်သွားဖို့ အားလုံးစီစဉ်ပြီးဖြစ်ပါတယ်” ဟု ဒေါက်တာမျိုးသန့်က ရှင်းပြသည်။

ရောဂါတွေ့ရှိသည့် ကြက်ခြံနှင့် ထားဝယ်မြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းမှာ အနည်းငယ်သာ ကွာဝေးသည်။

ရောဂါတွေ့သည့် ကြက်ခြံမှ အလုပ်သမားများကိုလည်း မည်သည့်နေရာကိုမှ သွားလာခွင့်မပြုဘဲ ဆေးစစ်မှုများနေ့စဉ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ ထပ်မံသိရှိရသည်။

ရန်ကုန်မြို့ရှိ တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းတွင် ဓာတ်ခွဲစစ်ဆေးချက်အရ ဇူလိုင်လ ၂၃ ရက်က ကြက်ငှက်တုပ်ကွေး H5N1 ဟုအတည်ပြုနိုင်ခဲ့ကြောင်းသိရသည်။ သို့သော် ယင်းတွေ့ရှိချက်အဖြေမှာ ဇူလိုင်လ ၂၅ ရက် ညနေ ၄ နာရီခွဲအချိန်တွင် ရောက်ရှိလာခဲ့ပြီး မီဒီယာများကို ဇူလိုင်လ ၂၆ ရက်နေ့ ရောက်မှသာ အသိပေးထုတ်ပြန်ခဲ့သည်။

ကြက်ငှက်တုပ်ကွေး H5N1 ရောဂါပိုးမှာ ကြက်မှလူသို့ ကူးစက်နိုင်ချေများကာ လူအချင်းချင်းကူးစက်မှု ရာခိုင်နှုန်းနည်းပြီး လူကိုကူးစက်ခံရပါက သေဆုံးနိုင်ချေ ၆၀ ရာခိုင်နှုန်းအထိရှိကြောင်း သိရသည်။ အသက် ၅ နှစ်အောက်ကလေးများနှင့် အသက် ၆၀ အထက် သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါ ခံစားနေရသူများ ကူးစက်ပါကသေဆုံးမှုနှုန်း မြင့်မားကြောင်းသိရသည်။

ထားဝယ်မြို့ ဝဲကျွန်းထိန်သစ်ရပ်ကွက်ရှိ ကြက်ခြံအချို့တွင် ကြက်ကောင်ရေထောင်ချီ သေဆုံးခဲ့သည့်အတွက် ကြက်အသေနမူနာများကို ရန်ကုန်မြို့ရှိဓာတ်ခွဲခန်းသို့ ပေးပို့ ဓာတ်ခွဲစစ်ဆေးပြီးနောက် အပြင်းစား ကြက်ငှက်တုပ်ကွေး (H5N1) ဖြစ်ကြောင်း အတည်ပြုလိုက်ခြင်းဖြစ်သည်။

The Voice

http://voicejournalmm.com/

Read in : All Update Reader

အလယ်ပိုင်းဒေသများတွင် အထူးသတိထားရမယ့် အပူအန္တရာယ်

Posted on Tuesday, May 23, 2017 No comments

၂၃-၅-၂၀၁၇
နံနက် (၁၀း၀၄)နာရီ

မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှာ အပူချိန်ကလည်းမြင့် လေထုကလည်းစွတ်စို မိုးကလည်းမရွာ ဒါဆိုရင်တော့ ခံစားရတဲ့အပူချိန်တွေ မြင့်နေလောက်ပြီ။
ဥပမာအားဖြင့် (၂၃-၅-၂၀၁၇)ရက်နေ့မှာ မကွေးတိုင်းမြို့တော်ဖြစ်တဲ့ မကွေးမြို့မှာ အမြင့်ဆုံးအပူချိန် 104°F လေထုစိုထိုင်းမှု 49% ရှိနိုင်ပါတယ်။
ဒါပေမယ့် လူတွေခံစားနေရတဲ့အပူချိန်ကတော့ 131°F အထိ မြင့်တက်နေနိုင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကတော့ ဒီအပူချိန်မျိုး ခန္ဓာကိုယ်ကခံစားရရင် အန္တရာယ်ရှိတဲ့အဆင့် (Danger Level) လို့သတ်မှတ်ပြီး ၊ Cramp ကြွက်တက်ခြင်း၊ Heat Exhaustion ပင်ပမ်းနွမ်းနယ်ခြင်း တို့ အများဆုံးဖြစ်နိုင်ပါတယ်။ အချိန်ကြာလာပါက Heatstroke အပူလျှပ်ခြင်း ဖြစ်ပေါ်စေနိုင်ပါတယ်လို့ သတိပေးထားပါတယ်။

စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းမြောက်ပိုင်း တွင် နေထိုင်ကြသူများ သတိထားရန်လိုအပ်ပါတယ်။

ဒေါက်တာထွန်းလွင်

မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်း မိုးသက်လေပြင်းကျနိုင်

Posted on Saturday, November 5, 2016 No comments

မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းတလျှောက် မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်တယ်လို့ မိုးလေဝသဌာနက သတင်းထုတ်ပါတယ်။

ဒီနေ့ မွန်းလွဲ ၂ နာရီအချိန် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေမှာ အဝါရောင်အဆင့်ရှိပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေ မရှိဘူးလို့လည်း သတင်းမှာ ဖော်ပြပါတယ်။

ဒီဗွီဘီ
http://burmese.dvb.no/

တရုတ်အလှကုန် ၇ မျိုး သုံးစွဲရန်မသင့်ဟု ကျန်းမာရေးဌာနကြေညာ

Posted on Wednesday, November 2, 2016 No comments

တရုတ်နိုင်ငံထုတ် အလှကုန်ပစ္စည်း ၇ မျိုးဟာ ကျန်းမာရေးအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်တဲ့ တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရတဲ့အတွက် သုံးစွဲဖို့ မသင့်ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပါတယ်။

ဒါ့အပြင် အဲဒီအလှကုန်တွေဟာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှာ မှတ်တမ်းတင်ထားခြင်း မရှိဘူးလို့လည်းဆိုပါတယ်။

တရုတ်စာတွေနဲ့ တရုတ်ကုမ္ပဏီက ထုတ်လုပ်တဲ့ အဲ့ဒီဆေး ၇ မျိုးမှာ အဆိပ်သင့် ဓာတုပစ္စည်း မာကျူရီ(ပြဒါး) ပါဝင်နေပြီး ပြဒါးကြောင့် အရေပြား ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူ အနီကွက်များ ဖြစ်ခြင်း၊ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူပြီး ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခု ကျန်းမာရေးဌာနက သုံးစွဲရန်မသင့်ဘူးလို့ ကြေညာခဲ့တဲ့ အလှကုန်ပစ္စည်းတွေဟာ အသားအရေလိမ်းဆေးတွေ ဖြစ်ပြီးအမှတ်တံဆပ်နဲ့ အမျိုးအစားတွေကတော့  JIAO LI Whitening Spots Removing Acne Kit (A,B,C) ၊ QIAN LI Spots Removing Cream ၊zhanghua yao bao ၊ S’Zitang Purely Natural Plant 7 Days Strong Whitening Anti-Speckle A & B Kit ၊ HUA YUE NONG Egg White & Cherry 7 Days Specific Eliminating Freckle Whitening Cream ၊ HUA YUE NONG 7 Days Plastic Whitening Regeneration Cream နဲ့ Specific Eliminating Freckle Cream  တို့ ဖြစ်ပါတယ်။

အလှကုန်ပစ္စည်း တင်သွင်းတဲ့ ကုမ္ပဏီတွေနဲ့ လက်လီလက်ကား အရောင်းဆိုင်တွေ အနေနဲ့ အဲ့ဒီအလှကုန်ပစ္စည်းတွေကို တင်သွင်းရောင်းချတာ မလုပ်ကြဖို့နဲ့ မလိုက်နာရင် ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ)အရ အရေးယူမယ်လို့လည်း ကျန်းမာရေး ဌာနက အသိပေးထားပါတယ်။

ဒီဗွီဘီ
http://burmese.dvb.no/

မောင်တော ရခိုင်ကျေးရွာသားများသို့ လူကြီးများဆက်သွယ်စေလို

Posted on Sunday, October 9, 2016 No comments

နိရဉ္စရာ၊ အောက်တိုဘာ ၉
မောင်တောမြို့နယ် အတွင်း တိုက်ပွဲများ ဖြစ်ပွားပြီးနောက် မတည်ငြိမ်မှုများ ရှိနေသဖြင့် ရခိုင်နိုင်ငံရေး ခေါင်းဆောင်များ၊ ရခိုင်လူကြီးအသိုင်းအ၀ိုင်းများ၊ အစိုးရ အာဏာပိုင်များမှ မည်သို့ မည်ပုံ နေထိုင်ကြရမည်ကို ညွှန်ကြားပေးကြစေလိုသည်ဟု အရပ်သားများက ပြောသည်။
“ အခု ကုလားတွေလည်း ရွာထဲက ရွာပြင်ကို မထွက်ကြဘူး။ ရခိုင်တွေလည်း ရခိုင်ရွာကနေ မထွက်ကြဘူး။ ဘာဆက်ဖြစ်လာမလဲဆိုတာတော့ မသိဘူး။ ဒါကြောင့် ကျေးရွာတွေကို အဆက်အသွယ် လုပ်ပြီး အားပေးစကားတွေ ပြောဖို့လိုနေသလို ဘယ်လို ဆက်လက်နေထိုင်သင့်တယ်ဆိုတာကိုလည်း ညွှန်ကြားတာတို့၊ အကြံပြုတာတို့ ပြုလုပ်ဖို့ လိုနေပါတယ်။ လူတွေက စိုးရိမ်မှုတွေတော့ ရှိနေပါတယ်” ဟု ကျေးရွာသား တစ်ဦးက ပြောသည်။
မောင်တောတောင်ပိုင်းနှင့် မြောက်ပိုင်းရှိ ကျေးရွာများတွင် အခြေအနေတည်ငြိမ်နေကြောင်း၊ သို့သော်လည်း ရွာသားများ အနေဖြင့် သတိထားပြီး နေထိုင်နေရကြောင်း၊ ညကျလျှင် လုံခြုံရေး စိုးရိမ်ရကြောင်း၊ သို့အတွက် အထက်မှ လူကြီးများ၏ အကြံအဥာဏ်များ၊ ညွှန်ကြားချက်များကို အထူးလိုအပ်နေကြောင်း ငခူရ ဒေသခံ တစ်ဦးကလည်း ပြောကြားသည်။

နိရဉ္စရာ၊
https://www.facebook.com/Narinjara-151742128171206/?fref=nf

ချင်းတွင်းမြစ်ရေ သုံးစွဲ၍ ရနိုင်သော်လည်း သောက်ရေ အဖြစ်သုံးရန် မသင့်ကြောင်းထုတ်ပြန်ထား

Posted on Thursday, September 29, 2016 No comments

စစ်ကိုင်း စက်တင်ဘာ ၂၈

ချင်းတွင်းမြစ်အတွင်း ရေမည်းများ စီးဆင်းခြင်းသည် စာရာမေတိတောင် ခြေ၌ မြစ်ဖျားခံပြီး ချင်းတွင်းမြစ်နှင့် နန့်ဘုတ်ချောင်းအတွင်း စီးဝင်သည့် မိုင် ၁၃ဝ ခန့်အရှည်ရှိ နန့်စလိန်ချောင်း လက်တက်တစ်ခုမှ မြေများ ပြိုကျ၍ မည်းပျစ်သောရေများ စီးဆင်းခြင်း ကြောင့်ဖြစ်ကြောင်း စက်တင်ဘာ ၂၈ ရက်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၌ ရေမည်းလေ့လာစုံစမ်းရေး အဖွဲ့၏ သတင်းစာရှင်းလင်းပွဲမှ သိရ သည်။

''စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဒေါက်တာမြင့်နိုင်ရဲ့ တာဝန်ပေး ချက်အရ ချင်းတွင်းမြစ်ရေမည်းတဲ့ ကိစ္စ ကို လေ့လာစုံစမ်းဖို့ အဖွဲ့ဝင်ရှစ်ဦးပါတဲ့ ရေမည်းလေ့လာစုံစမ်းရေးအဖွဲ့ဖွဲ့စည်းခဲ့ပါတယ်။ ရေမည်းလေ့လာစုံစမ်းရေးအဖွဲ့ စက်တင်ဘာ ၆ရက်မှာ ခ္တီးကိုရောက်ပြီး တာဝန်ရှိသူ ဒေသခံတွေနဲ့ ညှိနှိုင်း ဆွေးနွေးချက်တွေအရ ရေမည်းတွေဟာ နန့်စလိန်ချောင်းကနေ နန့်ပုတ်ချောင်း၊ အဲဒီကနေ ချင်းတွင်းမြစ်ထဲစီးဝင်တာပါ။ လေ့လာရေးအဖွဲ့ဟာ ရေမည်းစတင်ဖြစ် ပေါ်လာရတဲ့အကြောင်းရင်း၊ စတင်ဖြစ် ပေါ်တဲ့ဒေသနဲ့ စီးဆင်းရာနေရာကို ရှာဖွေခဲ့ကြတာပါ။ ဒါ့အပြင် ရေမည်း စီးဆင်းရာဒေသတစ်လျှောက်မှ ပြည်သူ တွေ အန္တရာယ်ရှိနိုင်မှုအခြေအနေနဲ့ အများပြည်သူကို သတင်းအမှန် ထုတ် ပြန်ပေးနိုင်အောင် လေ့လာခဲ့တာဖြစ်ပါ တယ်''ဟု ရေမည်းလေ့လာစုံစမ်းရေး အဖွဲ့ ခေါင်းဆောင် တိုင်းဒေသကြီး စာရင်းစစ်ချုပ်ဦးစိုးလွင်က ပြောပြ သည်။

ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ချင်းတွင်း မြစ်တစ်လျှောက် သြဂုတ် ၃ဝ ရက်မှ စက်တင်ဘာ ၁ ရက်အထိ နေရာ ကိုး နေရာတွင် ရေအခြေအနေကိုတိုင်းတာ စစ်ဆေးခဲ့ရာ WHO စံနှုန်းအောက် ရောက်ရှိနေသဖြင့် ရေနေသတ္တဝါများ အနည်းငယ် အရာယ်ရှိနိုင်မှုကို တွေ့ရှိရပြီး ရေမည်းများ ပျောက်ကွယ် သည့်နောက်ပိုင်းတွင် တိုင်းတာစစ်ဆေး ချက်အရ ရေများပုံမှန်အခြေအနေသို့ ရောက်ခဲ့သည်ကိုတွေ့ရကြောင်း အဖွဲ့ဝင် တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ဦးစီးမှူးထံမှ သိရသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျန်း မာရေးဦးစီးဌာနတို့ပါဝင်သော အဖွဲ့သည် စက်တင်ဘာ ၆ ရက်က ခ္တီးမြို့အနီး ချင်းတွင်းမြစ်တစ်လျှောက် မြစ်ရေကို တိုင်းတာစစ်ဆေးခဲ့ရာ သုံးစွဲရန်သင့် လျော်သော်လည်း သောက်ရေအဖြစ် သုံးစွဲရန်မသင့်လျော်ကြောင်း ခန့်မှန်းရရှိ ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဒေါ်ဥမ္မာမြင့်ထံမှ သိရသည်။

နန့်စလိန်ချောင်းကို လေ့လာရာ တွင် ရေလမ်းမှ လေ့လာစုံစမ်းရေးအဖွဲ့ နှင့် ကုန်းလမ်းမှ လေ့လာစုံစမ်းရေးအဖွဲ့ဟူ ၍ ခွဲကာစုံစမ်းခဲ့ရာ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း ဦးဆောင်၍ အဖွဲ့ဝင်ခြောက်ဦးပါဝင်သော အဖွဲ့သည် ချင်းတွင်းမြစ် နန့်ဘုတ်ချောင်းမှတစ်ဆင့် နန့်စလိန်ချောင်းအတွင်း စက်လှေဖြင့် ရေမိုင် ၂၅ မိုင်အကွာ နန့်စလိန်ကြိုးတံတား အထိလေ့လာရာ အမည်းရောင်မြေသား များ တွေ့ရှိခဲ့ရပြီး ချောင်းရေအခြေအနေ မှာ အရောင်ဖျော့၍ အန္တရာယ်မရှိ နိုင် သည်ကို တွေ့ခဲ့ရကြောင်း သိရသည်။

''နန့်စလိန်ချောင်းဟာ စာရာ မေတိတောင်ခြေက ချောင်းဖျားခံစီးတာ ဖြစ်ပြီး ချင်းတွင်းနဲ့ နန့်ဘုတ်ချောင်း အထိ မိုင် ၁၃ဝ လောက်ရှည်ပါတယ်။ မိုင်တိုင် ၄၇/ ၃ မှာရှိတဲ့ နန့်စလိန်ချောင်း ကို လေ့လာရာမှာ စီးနေတဲ့မြစ်အရောင် ဟာ မည်းနက်နေပြီး ဘေးတစ်ဖက်မှာ ရှိတဲ့ တောင်ကမ်းပါးနံရံတွေပြိုကျ နေသလို မြေသားနဲ့ကျောက်သားတွေ မည်းနက်နေပြီး ဂရပ်ဖိုက် (Graphite)များဖြစ်ကြောင်း အတည်ပြုပါတယ်။ နာဂကျေးရွာ တာမောင်အနီးက နန့် စလိန်ချောင်းကို လေ့လာရာမှာတော့ ချောင်းရေဟာ မည်းနက်ပြီးစီးဆင်းနေ တာတွေ့ရပါတယ်။ အိန္ဒိယနယ်စပ်အနီး က စာရာမေတိတောင်ခြေ နန့်စလိန် ချောင်းလက်တက်တစ်ခုမှာ မြေတွေ ပြိုပြီး မည်းပျစ်တဲ့ရေတွေ စတင်စီးဆင်း နေတာကို တွေ့ရပါတယ်''ဟု လေ့လာရေး အဖွဲ့ဝင် ဦးသန်းဌေး (ဝန်ကြီးချုပ် ကိုယ် ရေးအရာရှိ)က ပြောပြသည်။

နန့်စလိန်ချောင်းအတွင်းမှ ကောက် ယူသော မည်းမည်းအမှုန်၊ အနည်အနှစ် များသည် (Graphite) ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး နမူနာကျောက် တုံးများသည် (Graphite) တွင်းထွက် ကျောက်တုံးများဖြစ်ကြောင်း၊ နန့်စလိန် ချောင်း တစ်လျှောက်လုံး၏ ဘူမိဗေဒမှာ နာဂအသွင်ပြောင်း ကျောက်များသာ အဓိကဖုံးလွှမ်းနေကြောင်း လေ့လာရေး တွင်ပါဝင်သော ဘူမိဗေဒပညာရှင်ထံ မှ သိရသည်။

''(Graphite) တွေဟာကျောက်လွှာ တွေကြားမှာ အလွှာပါးတွေဖြစ်နိုင်ပြီး မိုး သည်းတဲ့အခါ အလွှာကြား ရေစိမ့်ဝင်ကာ ပြိုကျပျော်ဆင်းလို့ ရေမည်းတွေ ချောင်း ထဲစီးဝင်တာဖြစ်ပါတယ်။ (Graphite) အမှုန့်ဖြစ်သွားရင် လုပ်ငန်းခွင်တွေမှာ အန္တရာယ်ရှိနိုင်ပါတယ်။ သာမန်အခြေ အနေမှာတော့ အန္တရာယ်မရှိနိုင်ပါဘူး။ (Graphite) မှာပါဝင်တဲ့ ကာဗွန်ဟာ မူလက ခဲအစရှိတဲ့ သတ္တုတွေပါဝင်သလို ကာဗွန်ရဲ့သတ္တိဟာ ကပ်ငြိဖမ်းယူနိုင်စွမ်း ရှိတဲ့အတွက် ခဲ၊ ကြေးနီ၊ ရွှေစတဲ့ သတ္တုတွေကို ဖမ်းယူနိုင်ပါတယ်။ မြစ်ထဲ ကရေနမူနာမှာ သတ္တုဓာတ်တွေပါဝင် လာတာဖြစ်ပါတယ်'' ဟု လေ့လာရေး တွင် ပါဝင်သော ဘူမိဗေဒပညာရှင် တစ်ဦးက ပြောပြသည်။

ဒေသခံပြည်သူများ၏ ရွှေ့ပြောင်း တောင်ယာစိုက်ပျိုးမှုကြောင့် သစ်ပင် သစ်တောများပြုန်းတီးသလို မြေဆီလွှာ ထိန်းသိမ်းမှုပျက်စီးကာ နန့်စလိန် ချောင်းအတွင်း ပျော်ဝင်မျောပါစီးဆင်း ၍ ရေညစ်ညမ်းမှုဖြစ်ပေါ်စေသည့် အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း သိရ သည်။ နန့်စလိန်ချောင်းသည်ဂရပ်ဖိုက်ကာဗွန်များ စီးဆင်းနေသည့်အတွက် အောက်ဆီဂျင်နည်းပါးကာ ရေနေသတ္တဝါ ငါးအစရှိသည့် သတ္တဝါများအသက် ဆုံးရှုံးနိုင်ပြီး ချောင်းရေကို သောက် သုံးရန်မသင့်တော်ဘဲ ချောင်းရေသုံး စွဲပါက အသားပြာခြင်း၊ ယားယံခြင်းတို့ ဖြစ်နိုင်ကြောင်း ရေမည်းလေ့လာစုံစမ်း ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။


မြန်မာ့အလင်း

https://www.facebook.com/MYANMAALINNNEWS/

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာလျက်ရှိကြောင်း NLD ၂၈ နှစ်ပြည့် အခမ်းအနားသို့ စကားလက်ဆောင်ပေးပို့

Posted on Tuesday, September 27, 2016 No comments
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း ယနေ့ (စက်တင်ဘာ ၂၇ ) တွင် ကျင်းပသော NLD ၂၈နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားသို့ စကားလက်ဆောင်ပါးလိုက်ကြောင်း သိရသည်။


ပါတီနှစ်ပတ်လည်အခမ်းအနားကို ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်လမ်း၊ အမှတ် ၉၇/ခ ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံး၌ ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ စကားလက်ဆောင်ကို ပါတီနာယကကြီး ဦးတင်ဦးက အခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

"ဒေါ်အောင်ဆန်းစုကြည်ဆီကလည်း တဆင့်သတင်းစကားရပါတယ်။ သူ့ကျန်းမာရေး ကောင်းမွန်လျက်ရှိနေပါတယ်။ ခရီးပန်းတဲ့အတွက်ကြောင့်မို့လို့ ရာသီဥတုအပြောင်းအလဲ အချိန်အခါ အပြောင်းအလဲကြောင့် ဆက်တိုက် ပင်ပန်းနွမ်းနယ်မှုကြောင့်သာလျှင် အနားယူခြင်းဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါလို့ မှာကြားတဲ့အတွက် သူ့ကိုယ်စား ကျန်းမာလျက်ရှိကြောင်း ပြောကြားလိုပါတယ်''ဟု ဦးတင်ဦးက ပြောသည်။

NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကလည်း ဒေါ်အောင်ဆန်းစုကြည်သည် ရက်သတ္တပတ်ခန့် အနားယူမည်ဖြစ်ကြောင်း ပြောကြားသည်။

 ဒေါ်အောင်ဆန်းစုကြည် ကို ဆေးကုသပေးနေတဲ့ ဆရာဝန် များနှင့် အတူတွေ့ ရပုံများ၊ ယနေ့ လူမှုကွန်ယက်မှာ ပျံနှံလာ။

ယင်းအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်း၊ ဒု-ဥက္ကဌ ဦးနိုင်လင်းမြင့်၊ တ.စ.ည ပါတီမှ ဦးဟန်ရွှေနှင့် ပါဗဟိုအလုပ်အမှုဆောင်များ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ၈၈ ငြိမ်းပွင့်မှ ကိုဂျင်မီ၊ နိုင်ငံရေးအသိုင်းအ၀ိုင်းမှ လူပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
Don't Miss