Responsive Ad Slot

Latest

Sports

မိုင်းပေါက်ကွဲသည့် မောင်တောမြို့နယ် ပန်းတောပြင်ရွာမှ မိုင်းနှင့်ဆက်စပ်သည့် ပစ္စည်းများ သိမ်းဆည်းရမိ

Wednesday, August 2, 2017

(သိမ်းဆည်းရမိသည့် ဆက်စပ်ပစ္စည်းများကို တွေ့ရစဉ်)


ရခိုင်ပြည်နယ် မောင်တောမြို့နယ် ပန်းတောပြင် ဘင်္ဂလီရွာတွင် ယနေ့ နေ့လယ်က မိုင်း၂ လုံး ပေါက်ကွဲခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်များ လိုက်ပါသွားရာ မိုင်းပေါက်ကွဲသည့် အိမ်အတွင်းမှ မိုင်းနှင့် ဆက်စပ်သည့် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ အရာရှိ တစ်ဦးက ပြောသည်။

“ပန်းတောပြင်ကျေးရွာအုပ်စု အနောက်ရွာမှာ နေထိုင်သူ ဒီလ်ပါ့လ် (၆၀) နှစ် (ဘ) ဆွေတာ မောက်ရဲ့ နှစ်ထပ်ခြေတံရှည် နေအိမ်ရဲ့ အရှေ့ဝရန်တာ ၃ ပေ ပတ်လည် ကြမ်းခင်းတွေ ကျိုးပဲ့ မီးလောင် ပေါက်ကွဲထားတွေကို တွေ့ရှိရတယ်။ နေအိမ်ရဲ့ မျက်နှာကြက်မှာ မိုးထားတဲ့ ပိတ်စ ၁၀ ပေပတ်လည်ခန့်လည်း မီးလောင်ကျွမ်းထားတာကို တွေ့ရှိရတယ်။ ဆက်လက် စစ်ဆေးတော့ မိုင်းနဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေ၊ မိုင်းလုပ်တဲ့ ကရိယာတွေကို သိမ်းဆည်းရမိခဲ့ပါတယ်”ဟု ၎င်းအရာရှိက ပြောကြားသည်။

နေအိမ်အတွင်းမှ သိမ်းဆည်းရမိသည့် ပစ္စည်းများမှာ ပစ္စတိုကျည်ဆံ ၂ တောင့်၊ ပလပ်စတစ်ဖြင့် ထုပ်ထားသည့် ယမ်း ၂၅ ကျပ်သား၊ မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ဓါတ်မြေသြဇာ (အညိုရောင်) ၁၀ ပိဿာခန့်၊ ဆေးထိုးပြွန်တွင် ယမ်းထည့်ထားသည့် ဝါယာကြိုးစ နှစ်စ၊ ထုတ်ထားသော စနက်တံ ၃ ခု၊ ၁၀ ပေခန့်ရှိ နန်းကြိုးခွေ ၁ ခွေ၊ ဘောစေ့ ၂ လုံး တို့ဖြစ်ကြောင်း ရဲအရာရှိက ပြောကြားသည်။

၎င်းပြင် အနီးအနားမှ ခဲဂေါက် welding ၁ ခု၊ ဒီဂျီတယ် Volt တိုင်းမီတာ ၁ ခု၊ မီးကပ်တိတ် အနက်ရောင် ၁ခွေ၊ ယမ်းကြိတ် ကျောက်ပြင် ၁ ချပ် စသည့် ပစ္စည်းများကိုလည်း ဆက်လက် သိမ်းဆည်းရမိခဲ့သည်ဟု ပြောဆိုသည်။

၎င်းမိုင်းများသည် ယနေ့ နေ့လယ် ၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာစဉ် ရွာသားဘင်္ဂလီများမှာ ထွက်ပြေးတိမ်းရှောင် သွားကြသည်ဟု သိရသည်။

“ မိုင်းပေါက်ကွဲတဲ့ အသံလို့ ယူရတဲ့ အသံ၂ သံထွက်လာတဲ့ အတွက် ပန်းတောပြင် ရဲကင်း စခန်း နယ်ခြားစောင့်စခန်း (၄) က ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး မင်းဝင်းစိုး ဦးစီးတဲ့ ၁၀ ဦး ပါ အဖွဲ့နှင့် နယ်မြေ ၇ မှ ရဲမှူး ကျော်သူရည် ဦးစီးတဲ့ ၁၀ ဦးပါအဖွဲ့တို့ ပူပေါင်းပြီး ရှင်းလင်းခဲ့ပါတယ်။ ရွာသားတွေက အားလုံး ထွက်ပြေးနေတယ်။ အမျိုးသမီး နှစ်ဦးဘဲ တွေ့တယ်” ဟု ပြောသည်။

တွေ့ရှိသူ အမျိုးသမီး နှစ်ဦးမှာ ပန်းတောပြင်အနောက်ရွာနေ ဆူဖီရာ (၂၇) နှစ် (ဘ)ဆုလ်တန်နှင့် ရော်ဖီကာ (၁၈) နှစ် (ဘ)ရော်ရှီး အမျိုးသမီး ၂ ဦး သာဦးကိုသာ တွေ့ရှိရကြောင်း၊ ဒဏ်ရာရသူ မတွေ့ရှိရကြောင်း တာဝန်ရှိသူမှ အတည်ပြုပြောကြားသည်။

နိရိဉ္စရာ

http://www.narinjara.com/burmese/

Read in : All Update Reader
Don't Miss