Responsive Ad Slot

Latest

Sports

ဖားကန့်တွင် အရပ်သားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

Wednesday, October 5, 2016


ဖားကန့်ဒေသတွင် အရပ်သားတစ်ဦးကိုဆိုင်ကယ်စီး သေနတ်သမားတစ်ဦးကသေနတ် ဖြင့် ပစ်ခတ်ထွက်ပြေးသွား၍ စုံ စမ်းစစ်ဆေးနေကြောင်း ကချင် ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိ သည်။

ဖားကန့်မြို့နယ် ဆိုင်းတောင် ကျေးရွာရှိ အမေ့အိမ် အခွေငှား ဆိုင်ရှေ့လမ်းပေါ်တွင် အောက် တိုဘာ ၃ ရက် ည ၁၁ နာရီခန့်က အသက် (၄၄) နှစ်အရွယ် ကို ကျော်မျိုးဆိုသူကို သေနတ်သမား နှစ်ဦးက ပစ်ခတ်ထွက်ပြေးသွား ခြင်းဖြစ်သည်။

‘‘ပစ်တဲ့သူနှစ်ယောက်က ဆိုင်ကယ်တစ်စီးနဲ့ လာတာ။သေ နတ်နဲ့ နှစ်ချက်ပစ်သွားတာ။ နောက်ကျောနဲ့ ပေါင်မှာဒဏ်ရာရ သွားတယ်။ ဆေးရုံမှာ ကုသနေ တယ်။ ကျွန်တော်တို့ဘက်က စုံ စမ်းနေပါတယ်’’ဟု ကချင်ပြည် နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူ သည် အသက်အန္တရာယ်စိုးရိမ်ရ ကြောင်း သတင်းရရှိသည်။

ဖားကန့်ဒေသတွင် အရပ် သားများသေနတ်ဖြင့် ပစ်ခတ်ခံရ မှုမှာ ယခုနှစ်အတွင်း လေးမှုရှိ သွားပြီး တရားခံကိုဖော်ထုတ်နိုင် ခြင်းမရှိသေးပေ။ လူပြောအများ ဆုံးအမှုမှာ ဖားကန့်မြို့နယ်ဆိပ်မူ ကျေးရွာအုပ်စု မှော်ရှန်ကျေးရွာမှ ရာအိမ်မှူး ဒေါ်နန္ဒာလှိုင်ကို သေ နတ်သမားနှစ်ဦးက နေအိမ်အ တွင်းသို့ ၀င်ရောက်ကာ သေနတ် ဖြင့် ခြောက်ချက်ပစ်ခတ်သွားခြင်း ဖြစ်ပြီး ယင်းပစ်ခတ်မှုမှာ မေလ ၂၂ ရက်ကဖြစ်ပွားခဲ့ကာ တရားခံ ကို ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

ဖားကန့် ဒေသခံများက ဒေသတွင်း မင်းမဲ့စရိုက်ဆန်ဆန် လုပ်ကြံသတ်ဖြတ်မှု ဖြစ်စဉ်များ ကို အမြန်ဆုံးဖော်ထုတ်ပေးသင့် ကြောင်း ပြောကြားသည်။

7Day Daily
http://www.7daydaily.com/
Don't Miss