မောင်တောအခြေ စိုက် နယ်ခြားစောင့်ရဲစခန်းများ အကြမ်းဖက် တိုက်ခိုက်ခံရပြီး နောက် လုံခြုံရေး စိုးရိမ်ကာ စစ် တွေမြို့ စစ်ကဲ ဘုန်းတော်ကြီး ကျောင်း ယာယီစခန်းသို့ ထွက် ပြေးတိမ်းရှောင်နေသည့် မိသားစု ဝင်မှ ဆယ်လသားအရွယ် ကလေးငယ်တစ်ဦး အောက်တိုဘာ ၂၈ ရက်တွင် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ကလေးငယ်သည် မောင်တောမြို့နယ် အောင်မင်္ဂလာ ကျေးရွာမှ ဦးသာလှချေ၊ ဒေါ်သန်းမေချေတို့၏ သမီးဖြစ်ပြီး ရက်ရှည် ဖျားနာခဲ့ကာ စစ်တွေ မြို့နယ် ပြည်သူ့ဆေးရုံသို့ တက်ရောက် ဆေးကုသမှုခံယူနေစဉ် အောက် တိုဘာ ၂၈ ရက်၌ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း နေရပ်စွန့်ခွာသူများ အရေး ကူညီဆောင်ရွက်ပေးနေ သည့် ရခိုင်လူမှုအဖွဲ့အစည်းများ ပေါင်းစပ်ရေးကော်မတီနာယက ဦးသန်းထွန်းက ပြောသည်။
‘‘ဒီနေ့(အောက်တိုဘာ ၂၈ ရက်) မနက်အစောက ဆုံးသွား တာပါ။ ဆေးရုံမှာပါ။ ဒီနေ့ပဲ သဂြိုဟ်လိုက်ပါတယ်’’ဟု ဦးသန်း ထွန်းက ဆိုသည်။
သေဆုံးသွားသည့်ကလေး ငယ်၏ မိသားစုမှာ အောက်တို ဘာ ၉ ရက် မောင်တောအကြမ်း ဖက်တိုက်ခိုက်ခံရမှုကြောင့် လုံခြုံ ရေးစိုးရိမ်ကာ မိမိတို့၏ကျေးရွာ တွင် မနေရဲဘဲ တောထဲ၌ သုံး ရက်ခန့် ပုန်းအောင်းနေခဲ့ပြီး ယင်း သို့ ပုန်းအောင်းနေစဉ် မိုးသည်း ထန်စွာ ရွာသွန်းခဲ့၍ ကလေးငယ်မှာ မိုးဒဏ်ကြောင့် ဖျားနာခဲ့ ကြောင်း မိဘများက ပြောသည်။
‘‘ကလေးက အဖျားမပြတ် ဘဲ စစ်တွေမြို့ စစ်ကဲဘုန်းတော် ကြီးကျောင်းကို ရောက်လာတယ်။ ဘုန်းကြီးကျောင်းမှာ ငါးရက် လောက်နေပြီးတော့ အောက်တို ဘာ ၁၉ ရက်မှာ စစ်တွေဆေးရုံ ကို ပို့ခဲ့တာဖြစ်ပါတယ်’’ဟု မိဘ များကဆိုသည်။
အောက်တိုဘာ ၉ ရက်က အကာလ်မူလ်မူဂျာဟီဒင်န်အဖွဲ့ ၏ မောင်တောအကြမ်းဖက်တိုက် ခိုက်မှုကြောင့် လုံခြုံရေး စိုးရိမ် ကာ မောင်တော၊ ဘူးသီးတောင် နှင့် စစ်တွေမြို့များသို့ ထွက်ပြေး တိမ်းရှောင်နေသူ သုံးထောင် ကျော်ရှိနေပြီး လက်ရှိတွင် မိသား စုအချို့မှာ မိမိနေအိမ်များသို့ ပြန်နေကြပြီဖြစ်ကြောင်း သိရ သည်။
7Day Daily
http://www.7daydaily.com/