မန္တလေး၊ အောက်တိုဘာ ၅
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ရွှေအိုး (၂) ဒိန်ချဉ်ဆိုင်တွင် ယနေ့ (အောက်တိုဘာ ၅ ရက်) နံနက် ၉ နာရီခွဲက မီးလောင်ကျွမ်းခဲ့သည်။
ချမ်းအေးသာစံမြို့နယ် မောရဂီဝါရပ်ကွက်၊ ၃၄ လမ်းနှင့် ၃၃ လမ်းကြား၊ ၇၃ လမ်းနှင့် ၇၄ လမ်းကြားရှိ ရွှေအိုး ဒိန်ချဉ်ဆိုင်မှ အဲကွန်း အပူလွန်ကဲရာမှ မီးကူးစပ် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရသည်။
မီးလောင်ကျွမ်းချိန် ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး ရွှေအိုးဒိန်ချဉ်ဆိုင်နှင့် ကပ်လျက်မှ နေအိမ် သုံးလုံးသို့လည်း အနည်းငယ် ကူးစပ် လောင်ကျွမ်းခဲ့သည်။
ယင်းမီးလောင်မှုကို level 2 အဖြစ် အဆင့် သတ်မှတ်ခဲ့ပြီး မီးသတ်ယာဉ် အစီး ၃၀၊ မီးသတ်အင်အား ၁၂၀ ခန့်ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း၊ ဆုံးရှုံးမှု တန်းဖိုး ငွေကျပ် ၁၅၆၇၅၀၀ ခန့် ရှိခဲ့ကြောင်း မီးသတ်ဦးစီးဌာက ထုတ်ပြန်သည်။
ယင်းသို့ မီးလောင်ကျွမ်မှု စတင် ဖြစ်ပွားခဲ့သည့် ရွှေအိုး ဒိန်ချဉ်ဆိုင် မန်နေဂျာဖြစ်သူ ဦးဇော်မျိုးသိန်းကို အမှုဖွင့် အရေး ယူသွားမည်ဖြစ်ကြောင်း ချမ်းအေးသာစံ မြို့မရဲစခန်းက ကနဦး သတင်း ထုတ်ပြန်ထားသည်။
The Voice
http://thevoicemyanmar.com/