Responsive Ad Slot

Latest

Sports

မောင်တောဒေသအကြမ်းဖက်မှုတွင် ပါဝင်သူလေးဦး၊ လက်နက်တစ်လက်နှင့် ထောက်ပံ့သူတစ်ဦးကို ထပ်မံဖမ်းမိ

Monday, October 24, 2016


 မောင်တောဒေသအ ကြမ်းဖက်စီးနင်းတိုက်ခိုက်ရာ တွင်ပါဝင်သူလေးဦး၊ ငွေကြေး ထောက်ပံ့သူတစ်ဦးနှင့် လက် နက်တစ်လက်တို့ကို ထပ်မံဖမ်း ဆီးရမိကြောင်းတပ်မတော်က အောက်တိုဘာ ၂၃ရက်၌ သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ် မောင်တော မြို့နယ်ရှိ ဇီးပင်ချောင်း(တောင်) ကျေးရွာအတွင်း အောက်တိုဘာ ၂၂ရက် ညနေက တပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအ ဖွဲ့က နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်တိုက်ခိုက်ရာတွင် ပါဝင်သည့် ဆွေယောဒူရီ၊ ဂူရာများ၊ MVကော်မော်ရီဒိန်နှင့် မာမက်ဒူလာတို့လေးဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဝါးပိတ်ကျေးရွာအတွင်း ၀င် ရောက်ရှင်းလင်းရာတွင်လည်းလူ မနေသောအိမ်၌ MA-11တစ် လက်၊ ကျည်အိမ်တစ်ခု၊ ကျည်ဆန် ၂၅တောင့်တို့ကို ရှာဖွေတွေ့ ရှိပြီး ယင်းလက်နက်ခဲယမ်းများ သည် အောက်တိုဘာ ၉ရက်က အ ကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ စီးနင်းတိုက်ခိုက်စဉ် ၎င်းတို့ နောက်သို့ ပါရှိသွားသောလက် နက်များဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် အောက်တိုဘာ ၁၂ ရက်တွင် ဖမ်းဆီးရမိခဲ့သည့်အ ကြမ်းဖက်တိုက်ခိုက်ရာ၌ ပါဝင် သူတစ်ဦး၏ ထွက်ဆိုချက်အရ ၎င်းတို့အား ငွေကြေးထောက်ပံ့ကူ ညီအားပေးသူမောင်မောင်စိန်ကို အောက်တိုဘာ ၂၃ရက် နံနက်က ၎င်းနေထိုင်ရာမောင်တောမြို့ မြို့မတောင်(၂)ရပ်ကွက်ရှိ နေအိမ်၌ သွားရောက်ဖမ်းဆီးခဲ့ကြောင်း  သတင်းထုတ်ပြန်သည်။

တပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ သည် နယ်မြေရှင်းလင်းခြင်းနှင့် အထက်ပါဖြစ်စဉ်တွင် ပါဝင်ခဲ့သူ များကို ဆက်လက်ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း  သတင်း ရရှိသည်။

7Day Daily
http://www.7daydaily.com/
Don't Miss