Responsive Ad Slot

Latest

Sports

ကလေးငယ်များကို သရဲပူးသည်ဟု ဆိုကာရိုက်နှက်ကုသ၍ ၃ ဦးသေဆုံး

Friday, October 21, 2016


 တွံတေးမြို့နယ်၊ ၂၀ မိုင်ကုန်းကျေးရွာတွင်နေ ထိုင်သည့် ကလေးငယ်များအား သရဲဝင်ပူး သည်ဟုဆိုကာ ပယောဂဆရာဆိုသူက ရိုက်နှက်ကုပေးရာ မှ ကလေးသုံးဦးလုံးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသတင်း ရရှိသည်။

''စလုပ်တာ ဗုဒ္ဓဟူးနေ့ည ၁၂ နာရီမှာလုပ်တာ။ ၂ နာရီမှာ တစ်ယောက်သေသွားတယ်။ နောက်တစ်နေ့မှာ ၂ ယောက်ထပ်သေတယ်။ မိဘတွေကလည်း ဆေးမိထားတဲ့ပုံစံမျိုး သားသမီးကို လုပ်နေတာတောင် ကြောင်ပြီးကြည့်နေကြတာ'' ဟု တွံ့တေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ပြစ်မှုကျူးလွန်သူမှာ အသက်၃၀ အရွယ် ကိုထွန်းထွန်းနိုင်ဆိုသူ ဖြစ်ပြီး မိုင် ၂၀ ကုန်း ကျေးရွာတွင် နေထိုင်သည့် ဦးစိုးမင်းဆိုသူနှင့် ကျေးရွာသို့ အလည်လိုက်လာချိန်တွင် ကလေးငယ်များကို သရဲပူးသည်ဟုဆိုကာ ရိုက်နှက်ကုပေးခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှုးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

''သူကပယောဂဆရာလိုလို ဗေဒင်ဆရာလိုလိုပဲအဲ့ဒီရွာကို အလည်လိုက်လာတာ။ပြီးတော့ရွာ မှာမကောင်းဆိုးဝါးတွေရှိတယ်၊ ထုတ်ပေးမယ်။မထုတ်ရင်အားလုံးသေကုန်မယ်ပြောပြီး ကလေးရောလူကြီးရောအယောက်၂၀လောက် ကိုကြိုးဝိုင်းထဲထားပြီး ကလေးတွေကိုအရင်လုပ်တာ'' ဟု ၎င်း ကဆိုသည်။

ပယောဂဆရာကသရဲဝင်ပူးနေသည်ဟုဆိုသော ၈ လသားအရွယ်မိန်းကလေးတစ်ဦးနှင့် ၂ နှစ်အ ရွယ်မိန်းကလေးတို့အား ခြေထောက်ဖြင့်ကန်ကျောက်ကုသခြင်း၊ ၃ နှစ်အရွယ်ယောက်ျားလေးကိုလည်း ရိုက်နှက်ကာကုသသောကြောင့် ကလေး ငယ်များသေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း တွံ့တေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ရဲအရာရှိတစ်ဦးကဆို သည်။

''ပယောဂဝင်တယ်ဆိုပြီး လုပ်တာကလေးလေးယောက်၊ သုံးယောက်ကတော့သေသွားတယ်။ နောက်တစ်နှစ်အရွယ်တစ်ယောက်က ရန်ကုန်ဆေးရုံမှာ သေလားရှင်လားမသိသေးဘူး''ဟု ၎င်း ကဆိုသည်။

7Day Daily
https://www.facebook.com/7daynews/
Don't Miss