Responsive Ad Slot

Latest

Sports

မောင်တောအကြမ်းဖက် စီးနင်းမှုတွင် ပါဝင်ခဲ့သူ ၁၁ ဦးကို ထပ်မံဖမ်းမိ

Thursday, October 20, 2016


 မောင်တောဒေသအခြေ စိုက် နယ်ခြားစောင့်ရဲဌာနချုပ် အပါအဝင်ရဲစခန်းသုံးခုကို အကြမ်းဖက်ဝင်ရောက် စီးနင်းတိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူ ၁၁ ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က ထပ် မံဖမ်းဆီးရမိထားကြောင်း သတင်းရရှိ သည်။

အောက်တိုဘာ ၁၈ ရက် ညနေက မောင်တောမြို့နယ် ငါး ခူရကျေးရွာကို တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် စစ်ကြောင်းများက နယ်မြေရှင်းလင်းရေးများ ဆောင် ရွက်စဉ် အကြမ်းဖက်မှု၌ ပါဝင် ခဲ့သူ ၁၀ ဦးအား ဖမ်းဆီးရမိခဲ့ပြီး၎င်းတို့အနက် အသက် (၄၄)နှစ် အရွယ် ခင်မောင်ထွန်းနှင့် အသက်(၃၉)နှစ်အရွယ် ဂျီနာခန်တို့မှာ ပန်းနာရင်ကျပ်ရောဂါဖြင့် သေဆုံးသွားကြောင်း နယ်ခြားစောင့်ရဲ အရာရှိတစ်ဦးက ပြောသည်။

ပန်းနာရင်ကျပ်ရောဂါဖြစ် နေသူ အကြမ်းဖက်သမားနှစ်ဦးကို အောက်တိုဘာ ၁၉ ရက်တွင် ငါးခူ ရနယ်ခြားစောင့်ရဲစခန်းမှ မောင် တောမြို့နယ် ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ခေါ်ဆောင် လာစဉ် လမ်း၌ သေဆုံးခဲ့ကြောင်း ၎င်းက ဆိုသည်။

‘‘နယ်မြေရှင်းလင်းရေးလုပ် တဲ့အခါ ဖမ်းမိတာဖြစ်ပါတယ်။ စုစုပေါင်း ၁၀ ဦး ဖမ်းမိတာပါ။ ဒီ နှစ်ယောက်ကတော့ နေမကောင်း သူတွေဖြစ်လို့ မောင်တောဆေးရုံ ကို တင်ဖို့လာတဲ့အခါ လမ်းမှာ ဆုံးသွားတာဖြစ်ပါတယ်။ ဆေး စစ်ကြည့်တဲ့အခါ ပန်းနာရင်ကျပ် ရောဂါနဲ့ သေဆုံးကြောင်း အဖြေ ထွက်ပါတယ်’’ဟု ၎င်းက ဆက် လက်ပြောကြားသည်။

သေဆုံးသွားသူ နှစ်ဦးမှာ ငါးခူရနယ်ခြားစောင့် ရဲစခန်းကို အကြမ်းဖက်တိုက်ခိုက်စဉ် ပါဝင် ခဲ့သူများဖြစ်သည်ဟု ထွက်ဆိုခဲ့ ကြောင်း အဆိုပါရဲအရာရှိက ဆို သည်။

အောက်တိုဘာ ၉ ရက် နံနက်က မောင်တောအခြေစိုက် နယ်ခြားစောင့်ရဲဌာနချုပ်အပါအ ဝင် ငါးခူရနှင့် ကိုးတန်ကောက် ရဲစခန်းများကို အကာလ်မူလ်မူဂျာ ဟိဒင်န်အဖွဲ့က အကြမ်းဖက်ဝင် ရောက်တိုက်ခိုက်ခဲ့ပြီးနောက် နယ်မြေရှင်းလင်းရေးများ ဆောင်ရွက် စဉ် အောက်တိုဘာ ၁၈ ရက် နံနက်အထိ အကြမ်းဖက်သမား များဘက်မှ ၃၀ ဦးကို အသေဖမ်း ဆီးရမိထားပြီး ၂၉ ဦးကို အရှင် ဖမ်းဆီးရမိထားကြောင်း အစိုးရ က ထုတ်ပြန်ခဲ့သည်။

မောင်တောနယ်စပ် လုံခြုံရေးအတွက် လုံခြုံရေးအင်အား နှစ်ဆတိုး ဆောင်ရွက်မည်ဖြစ်ပြီး တိုင်းရင်းသား ကျေးရွာများ အတွက် သီးသန့်လမ်းဖောက်လုပ် ပေးမည်ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် က ပြောသည်။

အောက်တိုဘာ ၁၉ ရက်က မောင်တောမြို့ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်း ဆရာ တော်ထံသို့ နယ်စပ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးနှင့်လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာ နပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ လာရောက်ဖူး မြော်ပြီး မောင်တောဖြစ်စဉ်နှင့် ပတ်သက်၍ လက်ရှိဆောင်ရွက် နေသည့် လုပ်ငန်းစဉ်များကို လျှောက်ထားစဉ် အထက်ပါအ တိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘မောင်တောနယ်စပ်လုံခြုံ ရေးနဲ့ ပတ်သက်ပြီး ယခင်ထက် စိတ်ချရတဲ့၊ ယုံကြည်မှုအပြည့်အ ဝရလာအောင်ကို ရှိသမျှ လိုတာ ထက်ကို နှစ်ဆတိုးပြီး ဆောင်ရွက် ပါမယ်။ အခု လုပ်နေတာတွေအ ပြင် ရှေရည်စီမံကိန်းတွေလည်း ရှိသမျှ ချမှတ်ပြီးတော့ လုပ်မှာ ပါ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် စိတ်ဝင်တစားနဲ့ တကယ့်ကို အလေးထားပြီးတော့ အကောင်းဆုံး ဖြစ်နိုင်ခြေ နည်းလမ်းတွေသုံးပြီးတော့ ဆောင်ရွက်ဖို့ မှာကြားထားပါတယ်။ လုပ်ပိုင်ခွင့်အာဏာလည်း အပြည့်ပေး လိုက်ပါတယ်’’ ဟု ဒုတိယဗိုလ် ချုပ်ကြီးရဲအောင်က လျှောက်ထား ခဲ့သည်။

လုံခြုံရေး ဆောင်ရွက်ပေးရာတွင် ကောက်ရိုးမီးလုံခြုံရေးမျိုးမဟုတ်ဘဲ ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်များကို အပြည့်အဝ ဆောင်ရွက်ပေးနိုင်မည့် လုံခြုံရေးမျိုးကို အစိုးရနှင့်တပ်မတော်က ဆောင်ရွက်ပေးရန် မောင်တောမြို့ အလိုတော်ပြည့်ဆရာတော် ဦးမဏိသာရက တောင်းဆိုခဲ့သည်။

အစိုးရအနေဖြင့် လမ်းပန်း ဆက်သွယ်ရေး ဖောက်လုပ်ခြင်း ကအစ တိုင်းရင်းသားများ သီးသန့်သွားလာနိုင်သည့် လမ်းတစ်လမ်း ကို ဖောက်လုပ်ပေးရန် စီစဉ်နေပြီး အခြားဆောင်ရွက်ရန်ရှိသည့်စီမံ ချက်များကို အောက်တိုဘာ ၂၀ ရက်မှ စတင်ကာ အကောင်အ ထည်ဖော်ဆောင်ရွက်မည် ဖြစ် ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ရဲ အောင်က ပြောကြားခဲ့သည်။

7Day Daily
http://www.7daydaily.com/
Don't Miss