Responsive Ad Slot

Latest

Sports

Google ရဲ့ဖိုက်ဘာဆက်ကြောင်းထက် အဆ၁၀၀၀ ပိုမိုမြန်ဆန်မယ့် အင်တာနက်ကို Nokia ထုတ်ဖော်

Posted on Monday, September 26, 2016 No comments
 
Nokia ရဲ့ သုတေသီတွေဟာ အင်တာနက်မြန်နှုန်းကို တစ်စက္ကန့်မှာ 1 Terabit (တစ်စက္ကန့်မှာ 125 GB မြန်နှုန်း) အထိရောက်ရှိအောင် လုပ်ဆောင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာဆိုရင် အမေရိကန်ပြည်ထောင်စုရဲ့ အမြန်ဆုံး အင်တာနက်တွေထဲက တစ်ခုထက် အဆတစ်ထောင်ကျော် ပိုမိုမြန်ဆန်တယ်လို့ သိရပါတယ်။

Google Fiber ရဲ့ အင်တာနက်မြန်နှုန်းကတော့ တစ်စက္ကန့်ကို 1 Gigabit (125 MB/Sec) ရှိတာဖြစ်ပါတယ်။ Nokia Bell Labs ဟာ ဒီမြန်နှုန်းကို ရရှိနေပြီဆိုပေမယ့် မြူးနစ်တက္ကသိုလ်နဲ့ Deutsche Telekom T-Labs တို့ကတော့ ဒီမြန်နှုန်းကို ရရှိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။



ဒီမြန်နှုန်းနဲ့ဆိုရင် အသုံးပြုသူတွေဟာ HD ရုပ်ထွက်နဲ့ Game of Throne တီဗီစီးရီးတစ်ခုလုံးကို ဒေါင်းလုဒ်ဆွဲမယ်ဆိုရင်တောင် တစ်စက္ကန့်သာကြာမြှင့်မှာဖြစ်တယ်လို့ သိရပါတယ်။ သုတေသီတွေက ဒီမြန်နှုန်းမြင့် အင်တာနက်ကို Probabilistic Constellation Shaping (PCS) လို့ခေါ်တွင်နေတယ်လို့ ဆိုပါတယ်။

PCS ပြောင်းလဲမှုမှာ ဖြစ်နိုင်ခြေဟာ သူတို့ရဲ့ဆုံမှတ်တွေနဲ့ စကားလုံးပြောင်းလဲမှုတွေကို အသုံးပြုထားတာဖြစ်တယ်လို့ သုတေသီတွေက ဆိုခဲ့ပါတယ်။ Nokia ရဲ့Network ပိုင်းဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောကြားချက်အရ ဒီ 1Tbps မြန်နှုန်းနဲ့ အင်တာနက်ကို ဂျာမနီမှာရှိတဲ့ စတုဂတ်နဲ့ Darmstdt ကြားထဲက မြို့တွေမှာ စမ်းသပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

မြန်နှုန်းမြင့်အင်တာနက်လိုအပ်ချက်ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ များပြားလာတဖြစ်ပြီး Google တို့လိုကုမ္ပဏီတွေရဲ့ ဖိုက်ဘာဆက်ကြောင်းဟာ တစ်စက္ကန့်ကို 1Gb (125MB) အထိ တိုးမြှင့်လာခဲ့တာပါ။ ဒါပေမယ့် ဒီိလိုမြန်နှုန်းမြှင့်ကွန်နက်ရှင်တွေဟာ အလွန်နည်းပါးပြီး ကန့်သတ်ထားတဲ့ အသုံးပြုသူတွေဆီမှာသာ ရရှိနိုင်သေးတာဖြစ်ပါတယ်။

ဒါကြောင့်ဒီလိုစိတ်ကူးယာဉ်ဆန်နေတဲ့ 1Tbps ဟာ ကမ္ဘာ့ပြည်သူတွေကြားကို အမှန်တကယ် ရောက်ရှိလာနိုင်ဖို့အတွက် လုပ်ဆောင်နေတယ်လို့ Nokia ကဆိုခဲ့ပါတယ်။

Source :
Digital Times : http://digitaltimes.com.mm

ပါကစ္စတန်တာလီဘန်ထိပ်တန်းတပ်မှူး အဇမ်တာရစ် အာဖဂန်၌ သေဆုံးသွားပြီဟု ယုံကြည်ရ

Posted on No comments

အစ္စလမ္မာဘတ် ၊ စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ)
ပါကစ္စတန်လူမျိုး တာလီဘန်အကြမ်းဖက်အဖွဲ့ ၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ အေဇမ်တာရစ် (Azam Tariq) သည် အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ ပိုင်း Paktika ပြည်နယ်အတွင်း သေဆုံးသွားပြီဟု ယုံကြည်ရကြောင်း အကြမ်းဖက်အဖွဲ့ နှင့်ဆက်နွယ်မှုရှိသည့် သတင်းအရင်းအမြစ်များက စက်တင်ဘာလ ၂၅ ရက်တွင် အတည်ပြုပြောကြားသည်။

တာရစ်နှင့်အတူ တာလီဘန်တပ်ဖွဲ့ ဝင် လေးဦးကို အာဖဂန်လုံခြုံရေးတပ်ဖွဲ့ ဝင်များက စက်တင်ဘာလ ၂၄ ရက် ညပိုင်းက ပြုလုပ်သော စစ်ဆင်ရေးအတွင်း သုတ်သင်ခဲ့ခြင်းဖြစ်ကြောင်း ပါကစ္စတန်ပြည်တွင်းသတင်းသမားများအား သတင်းအရင်းအမြစ်က ပြောကြားခဲ့သည်။ အချို့ သတင်းအရင်းအမြစ်များက သေဆုံးသူများထဲတွင် တာရစ်၏ သားဖြစ်သူလည်း ပါဝင်ကြောင်း ဆိုထားသည်။

အဆိုပါ သေဆုံးသွားသော ပါကစ္စတန်တာလီဘန်တပ်မှူးသည် ယခင်က Tehrik-e-Taliban Pakistan အဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူ အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ထို့ ပြင် ထိပ်တန်းတပ်မှူး Khan Sayed alias Sajna ဦးဆောင်သော တာလီဘန်အဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူ အဖြစ်လည်းတာဝန်ယူခဲ့ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံအတွင်း အခြေချလှုပ်ရှားနေသည့် တာလီဘန်အဖွဲ့ လက်အောက်ခံ Sajna လက်နက်ကိုင် အုပ်စုသည် အာဖဂန်နစ္စတန်ပိုင်နက်ထဲသို့ ဝင်ရောက်၍ ဝါဇိရစ္စတန်(Waziristan) ဒေသ၌ စစ်ရေးလှုပ်ရှားမှုများပြုလုပ်ကြကြောင်း ပါကစ္စတန်လုံခြုံရေးအရာရှိများက ယုံကြည်နေကြသည်။

ပြီးခဲ့သောလက အမေရိကန်လေတပ်၏ မောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုဖြင့် အိုင်အက်စ်အကြမ်းဖက်အဖွဲ့ ထိပ်တန်းခေါင်းဆောင် Hafiz Saeed Khan သည် သေဆုံးသွားကြောင်း အမေရိကန် နှင့် အာဖဂန်အစိုးရ အရာရှိများက အတည်ပြုပြောကြားခဲ့သည်။ Khan သည် ယခင်က ပါကစ္စတန်တာလီဘန်ခေါင်းဆောင်တစ်ဦးအဖြစ် လှုပ်ရှားခဲ့သူဖြစ်ပြီး နောက်ပိုင်းတွင် အာဖဂန်နစ္စတန် နှင့် ပါကစ္စတန်နိုင်ငံများတွင် လှုပ်ရှားနေသည့် အိုင်အက်စ်အကြမ်းဖက်အဖွဲ့ ၏ ခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်ယူခဲ့သူဖြစ်ကြောင်း သိရသည်။



Source :
(Xinhua) : http://www.xinhuamyanmar.com/

ဆီးယင်း သစ်တောကြိုးဝိုင်း အတွင်း ကျူးကျော်နေထိုင် သူများ အမြန်ဆုံးထွက် ခွါကြရန် ပြည်နယ် အစိုးရ ထပ်မံသတိပေး

Posted on Sunday, September 25, 2016 No comments

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဆီးယင်းသစ်တောကြိုးဝိုင်းအတွင်း ဘွာလ်ပီးကွင်းနေရာတွင် သဘာဝဘေး ဒုက္ခသည်များဟု အမည်ခံကာကျူးကျော်နေထိုင်ကြသူများ အမြန်ဆုံးထွက်ခွါသွားကြရန် ချင်းပြည်နယ် အစိုးရက ထပ်မံသတိပေးလိုက် သည်။

အဆိုပါဒေသတွင် မြေကွက်များဝယ်ယူကာ လူမနေဘဲ နေအိမ်များဆောက် ထားကြသူ များနှင့် နေအိမ်များ ဆောက် လုပ်ပြီးနေထိုင်ကြသူများ အနေဖြင့် ကိုယ့်အထုတ်ကိုယ်ထမ်းပြီး မိမိတို့နေရပ်သို့ ပြန်သွားကြရန် ချင်းပြည်နယ် စည်ပင်၊ လျှပ်စစ်၊ စက်မှု/လက်မှု ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်က သတိပေးပြောဆိုခဲ့ခြင်းဖြစ် သည်။

“ဘွာလ်ပီးမှာ ဦးစီးဦးဆောင်လုပ်တဲ့ ဦးဟောင်ဇနန်တို့အဖွဲ့တွေကို တရားဥပဒေအရ ထိန်းသိမ်းထားပြီး ပါပြီ၊ နောက်ပြီးတော့ ပါဝင်ပတ်သက်တဲ့လူတွေကို ဆက်လက်ပြီးတော့ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက် သွားဖို့ အဆင့် ဆင့်ဆောင် ရွက်ပြီးဖြစ်ပါတယ်၊ အဲဒီအတွက်ကြောင့်မို့လို့ ရွာထဲမှာနေပြီးတော့မှ အခြေအနေများ ကောင်းလာ မလားဆိုပြီးတော့ မှ မျှော်လင့်ချက်တစ်ခုနဲ့နေတဲ့လူများကို အသိပေးချင်ပါတယ်၊ ဆက်ပြီးတော့ မနေပါ နဲ့ တတ်နိုင်သမျှ ပြန်လာပါ၊ ခုချိန်မှာ ကိုယ့်အထုတ်ကိုယ်ထမ်းပြီးတော့ပြန်လာရင် ဆုံးရှုံးမှုနည်းပါ လိမ့်မယ်၊ ဒါကတော့ အစိုးရအဖွဲ့ရဲ့ သဘောထားဖြစ်ပါတယ်’’ ဟု ၀န်ကြီးကပြောသည်။

ကလေးမြို့အနောက်ဘက် စက္ကန့်ရွာအထက်နားတွင် တည်ရှိသော ဘွာလ်ပီးဒေသတွင် ယခုလက်ရှိ အိမ်ခြေ စုစုပေါင်း ၃၆၁ အိမ်ရှိနေပြီး အမှန်တကယ်နေထိုင်သူမှာ လူဦးရေ ၁၈၀ ခန့်သာရှိကြသည်။ အဆိုပါဒေသတွင် မြေကွက်ဝယ်ယူပြီး နေအိမ်များဆောက်လုပ်သူအများစုမှာ ကလေးမြို့နယ်နှင့် ဖလမ်းမြို့နယ်တို့မှဖြစ်ကြပြီး သဘာဝဘေးကြောင့် ဒုက္ခရောက်နေကြသော ဒုက္ခသည်အစစ်များမဟုတ်ကြကြောင်း ပြည်နယ်အစိုးရက ပြောသည်။

အဆိုပါဒေသတွင် နေထိုင်သူများသည် ဒုက္ခသည်အစစ်များမဟုတ်ကြသည့်အတွက် ပြည်နယ်အစိုးရအနေဖြင့်  မည်သည့်နည်းနှင့်မျှ အသိမှတ်မပြုနိုင်ကြောင်း ၀န်ကြီးအိုက်ဇက်ခင်ကပြောသည်။

“ မြေကွက်တွေဝယ်ထားတဲ့သူတွေဘဲ ဖြစ်ဖြစ်၊ မြေကွက်တွေဝယ်ဖို့ရန် စိတ်ကူးစဉ်းစားတဲ့သူတွေ သတိရှိစေ ချင်ပါတယ်၊ ၀ယ်ပြီးရင်လည်းပဲ ဒါတွေက ဖျက်သိမ်းရမှာဖြစ်တဲ့အတွက်ကြောင့် အရှုံးပဲဖြစ်မှာပါ၊ အစိုးရဘက်က များအသိမှတ်ပြုလေ မလား၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အထိစာတင်ထားတဲ့အတွက် ကြောင့်မို့လို့ တချို့ပါတီ ၀င်တွေက ၀ိုင်းပြီးမှကူပေး တဲ့အတွက် ကြောင့်မို့လို့ အသိအမှတ်များ အစိုးရက ပေးမလားဆိုပြီး မျှော်လင့်ချက် များမထားစေချင်ပါဘူး၊ လုံးဝလုံးဝ လုံးဝ ကျနော်တို့အစိုးရသစ်က အသိမှတ်ပြုနိုင်စရာအကြောင်းမရှိပါဘူး၊ ဘာဖြစ်လို့လဲဆိုရင် ဒုက္ခသည်အစစ်တွေမဟုတ်လို့’’ ဟု ၀န်ကြီးကပြောသည်။

ဘွာလ်ပီးတွင် နေထိုင်သူ ဒေသခံတစ်ဦးကတော့ ၎င်းတို့သည် ဒုက္ခသည်များဖြစ်ကြကြောင်း၊ နေစရာမရှိသည့် အတွက်ကြောင့် ယခုနေရာတွင် လာရောက်နေထိုင်ကြခြင်းဖြစ်သာဖြစ်သည်ဟု ပြောဆိုသည်။

“သဘာဝဘေးအန္တရာယ်နဲ့ဒုက္ခသည်မဟုတ်ဘူးဆိုရင် ရန်ကုန်၊ မန္တလေးပြောင်းချင်တယ်၊ ကလေးမြို့ တာဟန်းမှာ နေချင်တယ်၊ ဒုက္ခသည်ဆိုတာ အမျိုးမျိုးဒုက္ခသည်နဲ့လာကြတယ်၊ တောင်ပေါ်ကမြေပြိုဒုက္ခ၊ မြေပြန့်က ရေဘေး အန္တရာယ်နဲ့လာကြတယ် ဘ၀ဒုက္ခသည်တွေရော ရွာပေါင်းစုံဒုက္ခသည်တွေ လည်းလာကြတယ် အဲဒါတော့ ဒုက္ခသည် အမှန်ဘဲ ဒါပေမယ့် ဘာဒုက္ခ သည်နဲ့လာသလဲ အမျိုးမျိုးပါ ဒီမှာ မြေပြိုရမှာလည်းလွတ်၊ ရေဘေးလည်းလွတ် အဲဒါနဲ့ ဒီနေရာမှာ အစိုးရအဆောက် အဦးစီမံကိန်းလည်းမရှိဘူး၊ စိုက်ခင်းလည်းမဟုတ်ဘူး၊ မြေလွတ်ဆိုပြီးခါမှ တောခေါင်း နယ်မြေတော့ဟုတ်တယ် ဒါပေမယ့် မြေလွတ်ဆိုပြီးခါမှ နေကြတာပါ’’ ဟု သူကပြောသည်။

Source : Khonumthung Burmese
http://www.khonumthungburmese.org

မန်ယူက ချန်ပီယံလက်စတာကို ဂိုးပြတ်အနိုင်ရ

Posted on No comments
မန်ချက်စတာယူနိုက်တက် နဲ့ လက်ရှိချန်ပီယံ လက်စတာစီးတီးအသင်းတို့ ဒီကနေ့ ကစားကြတဲ့ ပရီမီယာလိဂ်ဘောလုံးပွဲမှာတော့ မန်ချက်စတာယူနိုက်တက် အသင်းက ၄ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွားပါတယ်။ မန်ယူအသင်းရဲ့ အိုးလ်ထရက်ဖို့ကွင်းမှာ ကစားတဲ့ပွဲမှာ မန်ယူအသင်းက အသင်းခေါင်းဆောင် ၀ိန်းရူနီကို အရံခုံမှာထိုင်ခိုင်းခဲ့ပြီး၊ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းကို အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။ မန်ယူအတွက် ပထမဂိုးကို နောက်တန်းလူ ခရစ်္စစမောလင်းက ၂၂ မိနစ်မှာ ခေါင်းတိုက်သွင်းယူခဲ့ပြီး၊ ဒုတိယဂိုးကိုတော့ ကွင်းလယ်လူ Juan Mata က ပယ်နယ်တီဧရိယာထိပ်ကနေကန်သွင်းခဲ့တာပါ။ မန်ယူအတွက် တတိယ နဲ့ စတုတ္ထဂိုးတွေကိုတော့ Marcus Rashfordနဲ့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းလာတဲ့ ပြင်သစ်ကွင်းလယ်လူ Paul Pogba တို့က သွင်းခဲ့တာပါ။ ဒါဟာ Pogba အတွက်တော့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းလာပြီးနောက်ပိုင်း မန်ယူအတွက် ပထမဆုံးဂိုးပါ။ ဒုတိယပိုင်းမှာ လက်စတာက Gray က အဝေးကနေ ၁ ဂိုး ပြန်သွင်းခဲ့ပြီး နောက်ပိုင်းမှာ ဆက်မသွင်းနိုင်တာကြောင့် ပွဲအပြီးမှာ ၄ ဂိုး ၁ ဂိုး နဲ့ နိုင်သွားပါတယ်။ မန်ယူအသင်းဟာ ဒီပွဲနိုင်လိုက်တဲ့အတွက် မန်ယူအသင်းဟာ ၆ ပွဲ ကစားပြီး ၄ ပွဲ နိုင် ၂ ပွဲ ရှုံးနဲ့ ၁၂ မှတ်ရထားပါတယ်။

Source : VOA Burmese

အမေရိကန် ဈေးဝယ်စင်တာ တစ်ခုတွင် ပစ်ခတ်မှု ဖြစ်ပွားပြီး ၃ ဦးသေဆုံး

Posted on No comments

 အမေရိကန်တွင် ဈေးဝယ်စင်တာ တစ်ခုအတွင်း ပစ်ခတ်မှုကြောင့် လူ ၃ ဦး သေဆုံးပြီး သေနတ်သမားမှာ ထွက်ပြေး လွတ်မြောက်နေဆဲဟု သိရသည်။

ဝါရှင်တန် ပြည်နယ်ရှိ ဘာလင်တန်အရပ်မှ ဈေးဝယ်စင်တာ တစ်ခုတွင် စက်တင်ဘာ ၂၃ ရက် ညပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခြင်းဟု ဒေသခံ ရဲတပ်ဖွဲ့ ကင်းလှည့်ယူနစ်၏ ပြောရေးဆိုခွင့်ရ အရာရှိ ရဲတပ်ကြပ်ကြီး မာ့ခ်ဖရန်ဆစ်က ဆိုသည်။ အစောပိုင်းတွင် အသေအပျောက် ပမာဏ ၄ ဦးရှိသည်ဟု ရဲများက ဆိုသော်လည်း နောက်ပိုင်းတွင် ၃ ဦးဟု ပြောင်းလဲ အတည်ပြုခဲ့သည်။ နောက်ထပ် လူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာ ရခဲ့သည်။

သေဆုံးသူ အားလုံးမှာ အမျိုးသမီးများ ဖြစ်ကြပြီး ဒဏ်ရာရသူ အမျိုးသား ၂ ဦးအနက် ဒဏ်ရာပြင်းထန်သူကို ဆေးရုံသို့ အရေးပေါ် တင်ပို့ခဲ့ရသည်။ ကျန်အမျိုးသားမှာ အသက်အန္တရာယ် စိုးရိမ်ရမှု မရှိချေ။ လတ်တလောတွင် ရဲတပ်ဖွဲ့သည် လုံခြုံရေး ကင်မရာ မှတ်တမ်းများကို အခြေခံကာ တရားခံ၏ ပုံရိပ်ကို အတည်ပြုထားပြီး ဖြန့်ကျက် ရှာဖွေလျက် ရှိသည်။

Cascade ဈေးဝယ်စင်တာ ပစ်ခတ်မှုတွင် တရားခံ တစ်ဦးထက်မက ရှိနိုင်သည်ဟုလည်း ရဲများက ပြောကြားထားသည့်တိုင် ဖြစ်နိုင်ခြေ အများဆုံးမှာ တစ်ကိုယ်တော် ကျူးလွန်မှုမျိုးဟုလည်း ယူဆထားသည်။ “အဓိက ယုံကြည်တာတော့ သေနတ်သမားက တစ်ယောက်ပဲ ဖြစ်လောက်တယ်။ ပြီးတော့ ရိုင်ဖယ်သေနတ် ကိုင်ထားပါတယ်။ ရဲတပ်ဖွဲ့ဟာ သံသယ တရားခံကို အင်တိုက်အားတိုက် ခြေရာခံ ရှာဖွေနေဆဲပါ”ဟုလည်း ဖရန်ဆစ်က ပြောကြားခဲ့သည်။

ဝါရှင်တန်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျေးအင်စလီကလည်း တရားခံကို ဖမ်းဆီးရမိရန်အတွက် တရားဥပဒေ စိုးမိုးရေး အရာရှိများက အပူတပြင်း ကြိုးစားနေကြောင်း ကြေညာခဲ့သည်။ “အခုလောလောဆယ်တော့ ပတ်ဝန်းကျင်မှာ နေထိုင်သူတွေဟာ ရဲအရာရှိတွေ သတိပေးထားတဲ့အတိုင်း လိုက်နာကြပါ။ တာဝန်ရှိသူတွေ အနေနဲ့ စုံစမ်းမှုတွေ လုပ်ဆောင်နေပြီး သံသယတရားခံကို ဖမ်းဆီးရမိဖို့ ကြိုးစားနေပါတယ်”ဟု ၎င်းက Twitterတွင် ရေးသားထားသည်။

Source : 7Day Daily

ထိရောက်သော ကြော်ငြာလုပ်ငန်းလုပ်ချင်ပါသလား

Posted on Saturday, May 28, 2016 No comments

ထိရောက်မှုအားအကောင်းဆုံးနဲ့ User တွေဆီ စရိတ်နည်းနည်းနဲ့ တိုက်ရိုက် ကြော်ငြာနိုင်တဲ့ နည်းတစ်ခုကို ကျွန်တော် မိတ်ဆက်ပေးချင်ပါတယ်..  ကျွန်တော်နဲ့လက်တွဲပြီး မိတ်ဆွေတို့ရဲ့ ကြော်ငြာတွေကို ထိရောက်အောင်မြင်အောင် လုပ်ဆောင်နိုင်ပါတယ်...

www.maungpauk.org ဟာ 2011 ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ နည်းပညာ၊ ဗဟုသု ဆိုင်ရာ Blog တစ်ခုဖြစ်ပြီး နေ့စဉ် ဖတ်ရှုသူ ၈၀၀၀၀ နဲ့ ၁၀၀၀၀၀ ကြားမှာရှိပါတယ်.. ကျွန်တော့်ဘလော့ဆီကနေ Android Smart Phone အသုံးပြုသူပေါင်း ၃ သိန်းကျော်ဆီကို တိုက်ရိုက်ရောက်စေတဲ့ TZ, ဥုံ ၊ AUR တို့လို နာမည်ကြီး Offline Reader တွေဆီ မိတ်ဆွေတို့ရဲ့ ကြော်ငြာတွေကို တိုက်ရိုက် ပို့ပေးနိုင်ပါတယ်..
ကြော်ငြာရေးသားရာမှာ စာဖတ်သူ မငြီးငွေ့အောင်၊ မဖတ်ချင်တဲ့ ပို့စ်တွေကို အတင်းဖတ်အောင် လုပ်မှာမဟုတ်ပါဘူး.. စိတ်ဝင်စားစရာအကြောင်းအရာနဲ့ ကြော်ငြာမဆန်၊ ဗဟုသုတ ရစေတဲ့ ပို့စ်တွေအဖြစ် တင်ပေးမှာဖြစ်ပါတယ်.. လက်ရှိလည်း ကျွန်တော်နဲ့ ချိတ်ဆက်ပြီး အောင်မြင်နေသူတွေ အတော်များနေပါပြီ..

စိတ်ဝင်စားတယ်ဆိုရင်တော့ admin@maungpauk.org သို့ဖြစ်စေ၊
ဖုန်းနံပတ် 09440225635 နဲ့ 09974701800 ကိုဖြစ်စေ ဆက်သွယ်နိုင်ပါတယ်...
ဈေးနှုန်းချိုသာစွာနဲ့ ကြော်ငြာဝန်ဆောင်မှုကို အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ပါပြီ...
Don't Miss