Responsive Ad Slot
Latest
Sports
တာချီလိတ်တွင် ဦးဇင်းတစ်ပါး မောင်းလာသည့် ယာဉ်မှ အရှိန်ပြင်းတိုက်မိမှုကြောင့် အမျိုးသမီးတစ်ဦး နေရာတွင် သေဆုံး
Posted on Sunday, November 26, 2017 No comments
<Unicode>
တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စု ဧဒင်ရွာအနီး စလီကျေးရွာရှိ တာချီလိတ် - ကျိုင်းတုံသွား ကားလမ်းမပေါ် အကွေ့တွင် ဦးဇင်းတစ်ပါး မောင်းလာသည့်ယာဉ်၏ အရှိန်ပြင်းမှုကြောင့် အသက်(၆၀)၀န်းကျင်ရှိ အမျိုးသမီးတစ်ဦး နေရာ၌ပင် သေဆုံးသွားမှု ၂၀၁၇ခုနှစ် နိုဝင်ဘာလ(၂၆)ရက်နေ့ နံနက်(၆)နာရီ ၀န်းကျင်အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အသက်(၆၀)၀န်းကျင်ရှိ ဒေါ်ဘူးယုသည် နေအိမ်အရှေ့လမ်းဘေးတွင် ရပ်နေစဉ် အသက်(၂၄)အရွယ်ရှိ ဦးဇင်း ၀ိစိတ္တ(ခ)စိုင်းကွတ် ( သင်္ကန်းဝတ်ဖြင့်) မောင်းနှင်လာသည့် ယာဉ်က အရှိန်ပြင်းစွာ ၀င်ရောက် တိုက်မိကာ ယာဉ်မှာ လမ်းဘေးတွင် တိမ်းမှောက်သွားခဲ့ပြီး အဆိုပါ အမျိုးသမီးမှာ ၀မ်းဗိုက်ပွင့်ထွက်၊ ၀ဲဘက်ပေါင်အရင်းမှ ပြတ်ထွက်ပြီး ပြင်းထန်သည့် ဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာနေရာသို့ တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရောက်ရှိကာ စစ်ဆေးမှုများပြုလုပ်ပြီး တာချီလိတ်နာရေးကူညီမှုအသင်းက သေဆုံးသူ၏ ရုပ်အလောင်းအား သယ်ဆောင်ကာ တာချီလိတ်ပြည်သူ့ ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း ဦးဇင်း ၀ိစိတ္တ(စိုင်းကွတ်)အား လူဝတ်လဲကာ တာချီလိတ်မြို့မ ရဲစခန်းတွင် ယာဉ်(ပ)၅၄/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၃၇/၃၀၄-ကအရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
သတင်း - စိုင်းဇေယျာ
ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း
Tachileik News Agency
http://www.tachileik.net/
တောင်ငူမြို့ နယ် ယာဉ်တိုက်မှုဖြစ်၊ ရဲအုပ် တစ်ဦးအပါဝင် သုံးဦးသေဆုံး
Posted on No comments
အိမ်စီးယာဉ်နှင့်(၆)ဘီးကရိန်းယာဉ်တို့ မျက်နှာချင်းဆိုင်းတိုက်မိပြီး ရဲအုပ် တစ်ဦးအပါဝင် သုံးဦးသေဆုံး ကာ လေးဦးဒဏ်ရာများရရှိ
တောင်ငူ နိုဝင်ဘာ ၂၆
< Unicode >
တောင်ငူ နိုဝင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဇရပ်ကြီးကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းဟောင်း တွင် နိုဝင်ဘာ(၂၆)ရက်နေ့ နံနက်(၁)နာရီ(၄၅)မိနစ် အချိန်ခန့်က (၆)ဘီးကရိန်းယာဉ်နှင့် အိမ်စီးယာဉ် ငယ်တို့ အရှိန်လွန်ပြီး မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ ယာဉ်ငယ်ပေါ်တွင်လိုက်ပါလာသော ရဲအုပ် တစ်ဦး အပါအဝင် သုံးဦးနေရာတွင်သေဆုံး၍ လေးဦးဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
  ယာဉ်တိုက်မှုဖြစ်ပွား ကြောင်းသတင်းအရ ကျွန်းကုန်းနယ်မြေရဲစခန်း၊ စခန်းမှူး ရဲအုပ် အောင်ဇော်မင်း ဦးစီးအဖွဲ့ကသွား ရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-မန္တလေးကားလမ်းအတိုင်း တောင်မှမြောက်သို့ ကျော်ဝင်း နိုင်(၃၄)နှစ်၊ လယ်ဝေးမြို့နယ်၊ နေပြည်တော် နေသူမောင်းနှင်ပြီး ကိုဝင်းတင့်(၄၅)နှစ်၊ဆင်ပေါင်ဝဲမြို့နယ်၊ ကိုထွေး(၂ဝ)နှစ်၊ ကြာအင်းကျေးရွာ၊တစ်ရွာတည်းနေ ဟိန်းမင်းဇော်(၂၂)နှစ်၊ ထွန်းမင်းလတ်(၂၈)နှစ် သံလျင်မြို့နယ်နေသူတို့လိုက်ပါစီးနင်း လာသောYGN-T------FUSO(၆)ဘီးကရိန်းယာဉ်နှင့် ရှေ့မျက်နှာချင်းဆိုင်ဘက်မှ ဦးခင်ဇော်(၄၈)နှစ်(၁၅)ရပ်ကွက်၊ တောင်ငူမြို့နေသူမောင်းနှင်ပြီး ရဲအုပ် တင်လင်း(၄၂)နှစ်၊ တောင်ငူခရိုင်ရဲတပ်ဖွဲ့မှူးရုံးတို့လိုက်ပါစီးနင်းလာသော 4D/---- TOYOTA HILUX SURFယာဉ်နှင့် မိုင်တိုင် ၁၈၂/၅ နှင့် ၆ အကြား အခင်းဖြစ်နေရာ၌ မျက်နှာချင်းဆိုင်တိုက်မိခဲ့ခြင်း ဖြစ်သည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်ငယ် ပေါ်တွင် လိုက်ပါလာသော ဦးခင်ဇော် နှင့် ရဲအုပ် တင်လင်း တို့နှစ်ဦးအပါအဝင် ကရိန်းယာဉ် ပေါ်တွင်လိုက်ပါလာသူ ဟိန်းမင်းဇော် တို့သုံးဦးမှာနေရာ၌ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ကျန်(၄)ဦးမှာ (မစိုးရိမ်ရ)ဒဏ်ရာများရရှိသွားခဲ့၍ ကျွန်းကုန်းနယ်မြေရဲစခန်းမှ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသူတွေကို ပြန်လည်လက်ခံရေး အစီအစဉ် နှစ်လအတွင်း ဆောင်ရွက်မည်
Posted on No comments
<Unicode>
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသူတွေကို မြန်မာနိုင်ငံဖက်က ပြန်လည်စိစစ်လက်ခံဖို့ အစီအစဉ်ကို နှစ်လအတွင်း ဆောင်ရွက်ဖို့နဲ့ မြန်မာပြည်တွင်းမှာနေထိုင်ခဲ့ကြောင်း အထောက်အထား တစ်စုံတစ်ခုပြနိုင်မယ်ဆိုရင် လက်ခံဖို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုးထားတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒီနေ့ ပြောပါတယ်။
အထောက်အထားပြသခိုင်းရာမှာလည်း ခက်ခက်ခဲခဲ အခြေအနေတွေပါဝင်မှာ မဟုတ်ဘူးလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။
"၁၉၉၃ ကိုပဲ အခြေခံတယ်။ ၉၂၊ ၉၃ ပေါ့ အဲ့ဒီမှာမှ နှစ်ဦးနှစ်ဖက်ညှိနှိုင်းရတဲ့ အချက်ကလေးတွေတော့ရှိမယ်။ ရှိပေမယ့် အဲ့ဒါတွေကလည်း ခက်ခက်ခဲခဲကြီးတွေတော့မဟုတ်ပါဘူး။ အထောက်အထားတစ်ခုခု ဒီဘက်မှာ နေတုန်း က ဆေးရုံတက်တယ်။ ဆေးရုံဆင်းလက်မှတ်လေး သူ့မှာရှိတယ်။ သို့မဟုတ် အခြားကိစ္စ ဘာပဲဖြစ်ဖြစ်ပေါ့ သူနာမည် အထောက်အထား တစ်ခုခုရှိရင်လည်း ရတာပဲ။ နောက်အဲ့ကျမှ မွေးတဲ့ကလေး ဆိုရင်လည်း ဒီမိဘနှစ်ပါးက ဒီဘက်မှာနေသွားဘူးရင် သေချာတယ်။ အဲ့ကလေးပါလက်ခံမယ်"
လက်ရှိမှာ ငါးခူရနဲ့ တောင်ပြိုလက်ဝဲမြို့တွေမှာ ပြန်လည်လက်ခံစိစစ်ရေးစခန်းတွေဆောက်လုပ်နေပြီး ပြန်လာမယ့်သူတွေ ယာယီနေထိုင်နိုင်ရေးအတွက် အဆောက်အအုံတွေ ဆောက်လုပ်ပြင်ဆင်နေတယ်လို့ ပြောပါတယ်။
နိုဝင်ဘာလ ၂၃ ရက်နေ့က နှစ်နိုင်ငံကြားသဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူတွေကို မြန်မာနိုင်ငံက ပြန်လည်လက်ခံရာမှာ တရားမဝင်ထွက်သွားတဲ့ ပုဒ်မ တွေနဲ့ တရားစွဲဆိုခြင်းမပြုဘူးလို့ အာမခံထားပါတယ်။
ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံက တာဝန်ရှိသူတွေပါဝင်တဲ့ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းသွားမှာ ဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့ဖြစ်စဉ်ကြောင့် ထွက်ပြေးသွားသူတွေကို ဦးစွာလက်ခံဖို့ သဘောတူထားတာ ဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese/
Read in : All Update Reader
နာက်င္မႈကို သာယာၾကသူမ်ား (Sadomasochism)
Posted on Sunday, November 19, 2017 No comments
ကုသဖို့လိုအပ်ပါသလား
<Unicode>
“ Fifty Shades of Grey” ဆိုတာ သိကြမယ်ထင်ပါတယ်။ စာရေးဆရာမ E.L.James ရဲ့ အလွန်ရောင်းအားကောင်းတဲ့ စာအုပ်ဖြစ်ခဲ့ပြီး Fifty Shades of Grey, Fifty Shades Darker နဲ့ Fifty Shades Freed ဆိုပြီး စာအုပ် ၃ အုပ်ရှိပါတယ်။ ရုပ်ရှင်ဇာတ်ကားအဖြစ်လည်း ပြန်လည်အသက်သွင်းထားပြီး မကြာခင်မှာ နောက်ဆုံး ၃ ကားမြောက်ဖြစ်တဲ့ Fifty Shades Freed တောင် ထွက်လာတော့မှာ ဖြစ်ပါတယ်။ ဒီစာအုပ်ဖတ်ရင်ပဲ ဖြစ်ဖြစ် ရုပ်ရှင်ကြည့်ရင်ပဲ ဖြစ်ဖြစ် ပရိတ်သက်တွေ ခံစားရမှာတွေကတော့ “ လွှမ်းမိုးမှု နဲ့ နာကျင်မှုကို သာယာတဲ့ လိင်ဆက်ဆံခြင်း” ဆိုတဲ့ မျက်စိကို အဝတ်နဲ့အုပ်ပြီး ခုတင်တိုင်တွေမှာ လက်တွေကို ကြိုးတုပ်တာတွေ၊ ကြာပွတ်နဲ့ ရိုက်တာ၊ ကိုယ်ပေါ်ကို ဖယောင်းစက်တွေ ချတာအပြင် တခြားပိုမိုပြင်းထန်တာတွေလည်း ရှိပါသေးတယ်။ အသေးစိတ်တွေကိုတော့ စာအုပ်နဲ့ ရုပ်ရှင်တွေထဲမှာ ပါပါတယ်။ အသက် ၁၈ နှစ်အောက်တွေ သို့မဟုတ် မိသားစုနဲ့ အတူ ကြည့်ရှုရန်တော့ မသင့်တော်ပါဘူး။
ဒီဆောင်းပါးမှာတော့ Fifty shades of Grey ထဲကလို နာကျင်မှုတွေကိုသာယာတဲ့လိင်ဆက်ဆံခြင်းဆိုတာဘာလဲဆိုတဲ့အကြောင်း တင်ပြမှာဖြစ်ပါတယ်။
Sadomasochism (နာကျင်မှုကို သာယာတဲ့ လိင်ဆက်ဆံခြင်း) ဆိုတာ ဘာလဲ။
လိင်ဆက်ဆံစဉ် မိမိကိုယ်ကို သို့မဟုတ် မိမိအဖော်အား နာကျင်စေခြင်း၊လွှမ်းမိုးခြင်းမှ ရရှိသော စိတ်ခံစားမှုအား သာယာခြင်း၊ ကြိုက်နှစ်သက်ခြင်းကို ဆိုလိုပါသည်။
ဖြစ်စေတဲ့ အကြောင်းအရာများ
ဖြစ်စေတဲ့ အကြောင်းအရာရယ်လို့တော့ တိတိကျကျမရှိပါဘူး။ သူ့ဖာသာသူ ဖြစ်လာနိုင်သလို၊ တစ်ချို့ကလည်း မျိုးရိုးလိုက်တာ ဖြစ်နိုင်တယ်လို့ လေ့လာမှုအချို့အရသိရှိရပါတယ်။
ဘယ်သူတွေမှာ တွေ့ရများလဲ
စိတ်ရောဂါအထူးကုပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေအရဆိုရင် ဒီလို သာယာမှုမျိုးကို ပညာတတ်အသိုင်းအဝိုင်းတွေ၊ လူကုံထံ အဆင့်အတန်းမြင့်တဲ့ သူတွေမှာ တွေ့ရများပါတယ်။  Charles Moser, Ph.D., M.D., of the Institute for Advanced Study of Human Sexuality in San Francisco  (ဆန်ဖရန်ဆစ်စကိုက လူသားလိင်မှုဆိုင်ရာအဆင့်မြင့်လေ့လာရေး တက္ကသိုလ်မှ ပညာရှင် ချားလိစ်မိုဆာ) ဆိုသူက ဒီလိုလူတွေ ဘာလို့ ကြိုးတုပ်ခံချင်ကြရလဲ သို့မဟုတ် ကြာပွတ်တွေနဲ့အရိုက်ခံချင်ကြရလဲဆိုတာကို လေ့လာကြည့်တဲ့ အခါမှာ အံ့အားသင့်ဖွယ် ကွဲပြားခြားနားကြတာကို တွေ့ရှိခဲ့ရပါတယ်။
သူ့ရဲ့လေ့လာမှုတွေထဲမှာ ဂျိမ်း ဆိုတဲ့ အမျိုးသားတစ်ဦးရဲ့ ၀န်ခံချက်အရ သူဟာ ဒါကို ကလေးဘဝတည်းက စွဲလမ်းစိတ်ရှိနေခဲ့ကြောင်းသိရှိရပါတယ်။ ဂျိမ်းဟာ ငယ်စဉ်က စစ်တိုက်တမ်းကစားတိုင်း သုံ့ပန်းအဖြစ် အမြဲတမ်း ကြိုးတုပ်ပြီး အဖမ်းခံချင်ခဲ့ပါတယ်။ သူ့ကိုယ်သူ စိတ်ရောဂါတစ်ခုဖြစ်နေသလားဆိုပြီး ကြောက်ရွံ့နေခဲ့ပါသေးတယ်။ သို့သော် အရွယ်ရောက်လာတဲ့အခါမှာတော့ ဒီလိုဖြစ်နေတာကို ဂုဏ်ယူလို့ပင်နေပါတော့တယ်။ ဂျိမ်းဟာ အာရုံစူးစိုက်တယ်၊ ဉာဏ်ရည်ထက်မြက်တယ်၊ အလုပ်မှာလည်း သြဇာအာဏာရှိပြီးသူတစ်ပါးအပေါ်မှာလည်း လွှမ်းမိုးနိုင်တဲ့ မန်နေဂျာတစ်ယောက်ဖြစ်နေပါပြီ။ သို့သော် သူဟာ S & M ( Sadomasochism ) လိင်ကစားနည်းထဲရောက်သွားတဲ့အခါ မူးယစ်ဆေးသုံးစွဲထားသူကဲ့သို့ ယစ်မူးမျောလွင့်နေပါတော့တယ်။ သူ့ကို တုပ်ထားတဲ့ ကြိုးတွေ ပိုပြီးတင်းကြပ်လေ၊ နာကျင်မှုတွေ ထပ်ပေးလေ သူဟာပိုမို တည်ငြိမ်လာပြီး သူ့သခင်မ အလိုကျလိုက်နာမယ့် အစေခံတစ်ယောက်လို ဖြစ်သွားပါတော့တယ်။ ဂျိမ်းပြောလေ့ရှိတယ့် စကားကတော့ “ တချို့လူတွေက လွတ်မြောက်ဖို့အတွက် ချုပ်နှောင်ခံလိုကြတယ်” ဆိုပြီး ဖြစ်ပါတယ်။
ရောဂါတစ်မျိုးဖြစ်နိုင်လား
ရာစုနှစ်ပေါင်းများစွာ ဒီလိုမျိုး သာယာတတ်တဲ့သူတွေကို စိတ်ရောဂါဝေဒနာခံစားနေသူတွေ အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ များသောအားဖြင့်က ငယ်ရွယ်စဉ်က အနိုင်ကျင့်ခံရသူတွေ၊ မိဘက ရိုက်နှက်အပြစ်ပေးခံရတဲ့သူတွေမှာ ဖြစ်လာဖို့အလားအလာပိုရှိပါတယ်။သို့သော် S&Mက သူ့ဖာသာဖြစ်လာတာတွေလည်းရှိလာပြီး  ၁၉၈၀ ခုနှစ်ပိုင်းလောက်မှာတော့ အမေရိကန် စိတ်ရောဂါပညာရှင် အဖွဲ့အစည်းမှ S & M (နာကျင်မှုကို သာယာတဲ့ လိင်ဆက်ဆံခြင်း) ကို စိတ်ရောဂါ မဟုတ်ကြောင်းဆုံးဖြတ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ၁၉၇၃ တုန်းက လိင်တူဆက်ဆံသူတွေကို စိတ်ရောဂါမဟုတ်ကြောင်းလက်ခံပေးလိုက်သလိုမျိုး သဘာဝလွန်လိင်ဆက်ဆံမှုပြုသူတွေအတွက် ကြီးမားတဲ့အပြောင်းအလဲတစ်ခုဖြစ်စေခဲ့ပါတယ်။ ဘာဖြစ်လို့ ဒီလိုဆုံးဖြတ်လိုက်တာလဲဆိုရင် ကျွမ်းကျင်ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေအရ ၄င်းသာယာမှုဟာ ပုံမှန်အခြေအနေတစ်ခုဖြစ်ရုံမက  ကောင်းကျိုးလဲရှိကြောင်းတွေရှိရပါတယ်။ ပုံမှန်သဘာဝအတိုင်းလိင်ဆက်ဆံသူတွေမှာ မရနိုင်တဲ့ လိင်နှင့် စိတ်ခံစားမှုစွမ်းအင်အသစ်တွေရရှိနိုင်တယ်လို့ နားလည်သဘောပေါက်လာကြပါတယ်။ Roy Baumeister, Ph.D., a social psychologist at Case Western Reserve University  ( လူမှုဆက်ဆံရေး စိတ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ ရိုင်းဘောမိုင်စတာ) ရဲ့ပြောကြားချက်အရ “ ဒါဟာ လိင်ဆက်ဆံမှုသက်သက်တစ်ခုတည်း မဟုတ်ပါဘူး။ ဒါဟာ အလုံးစုံ ပြီးပြည့်စုံတဲ့ စိတ်ထွက်ပေါက်တစ်ခုလည်း ဖြစ်နိုင်ပါတယ်” လို့ဆိုပါတယ်။
အန္တရာယ်ရောရှိနိုင်လား
S & M တွေဟာ လိင်ဆက်ဆံမှုပြုတဲ့အခါမှာ တစ်ဦးပေါ်တစ်ဦး လွှမ်းမိုးနိုင်မှုစွမ်းအားတွေ ဖလှယ်ကြတာဖြစ်ပါတယ်။ နာကျင်အောင်ပြုလုပ်တဲ့ အခါမှာလည်း အနာခံလိုသူရဲ့ ခံနိုင်မှုအတိုင်းအတာထက်လွန်ပြီး ပြုလုပ်ခြင်း သို့မဟုတ် ရောဂါပိုးဝင်နိုင်လောက်တဲ့အနာဖြစ်အောင် ပြုလုပ်ခြင်းတွေ မလုပ်ကြပါဘူး။ တစ်ဦး နဲ့ တစ်ဦးသဘောတူညီချက်တွေထားရှိပြီးတော့မှာ ဒီလိင်ကစားနည်းကို ကစားရပါတယ်လို့ မြောက်အမေရိကတစ်လျှောက်က S&M workshop သင်တန်းကျောင်းတွေမှာ သင်ကြားပေးနေတဲ့ S&M ပညာရှှုင် လီလီဖိုင်းရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။ ပြဿနာရှိတာကတော့ Sexual Sadism ( လိင်ဆက်ဆံရာတွင် ရက်စက်ခြင်း၊ညှင်းပန်းနှိပ်စက်ခြင်းကို သာယာခြင်း) နဲ့ S&M ကို မှားတတ်ကြပါတယ်။ Sadism ဟာ S&M လို သဘောတူညီမှုယူထားခြင်းမျိုးမဟုတ်ပဲ စိတ်မပါတဲ့လူတစ်ယောက်အပေါ်မှာ အဓမ္မညှင်းပန်းနှိပ်စက်ခြင်း၊ အနိုင်ကျင့်ခြင်းကို သာယာယစ်မူးခြင်းဖြစ်ပါတယ်။ Sadism ကတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အထိဖြစ်နိုင်ပါတယ်။
ကုသဖို့လိုအပ်ပါသလား
S&M ဟာရောဂါတစ်ခုမဟုတ်တဲ့အတွက် ပျောက်ကင်းစေတဲ့ ဆေးရယ်လို့တော့ မရှိပါဘူး။ သို့သော် တခြား ရောဂါတွေနဲ့တော့ တွဲဖက်ပြီးရှိနိူင်ပါတယ်။ ဥပမာ လိင်ပိုင်းဆိုင်ရာ ကူးစက်ရောဂါ၊နှလုံးရောဂါ၊သွေးတိုး၊ဆီးချို စတာတွေကိုတော့ ကုသဖို့လိုအပ်ပါတယ်။
အချုပ်အားဖြင့်ဆိုရသော် S&M ဟာ လိင်ဆက်ဆံတာကိုတောင် ရှက်စရာလို့ မှတ်ယူထားတဲ့ ကျွန်တော်တို့ လူမျိုးတွေမှာတော့ တွေ့ရခဲနိုင်ပါတယ်။ ဒါပေမယ့် ကမ္ဘာတစ်လွှားမှာရှိတယ့် ဟိုတယ်ခန်းတွေ၊ မိုတယ်တွေ၊ လူနေအိမ်တွေထဲက အိပ်ရာခန်းတွေထက်မှာတော့ သရုပ်ဆောင်လိုတဲ့ဇာတ်ကောင်တွေအတိုင်း ၀တ်ဆင်ထားတဲ့သူတွေ၊ ပျော်ပျော်ကြီး ကြိုးတုပ်ခံပြီး အပြစ်ပေးခံဖို့ အသင့်ဖြစ်နေသူတွေ၊ ကြာပွတ်သံတွေတရွှမ်းရွှမ်းနဲ့ အော်ဟစ်သံတွေ၊ရယ်မောသံတွေကတော့ ဆက်လက်ပြီး ကြားနေရဦးမှာပါပဲ။ သူတို့ပြောသလိုပဲ “ ဒါဟာ လိင်ဆက်ဆံရုံသက်သက်တစ်ခုတည်း မဟုတ်တော့ပါဘူး။ ပြီးပြည့်စုံတဲ့ စိတ်ထွက်ပေါက််တစ်ခုပါ” တဲ့။
ကျွန်တော်တို့ လူသားတွေက စိတ်ဝင်စားဖို့တော့ကောင်းသားဗျ…နော်။ ။
အထက် ဖော်ပြပါ ဆောင်းပါးကို hellosayarwon.com အင်တာနက် စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
Read in : All Update Reader
မြန်မာနိုင်ငံရဲ့ အလယ်ဗဟို
Posted on No comments
Credit : Myat Ko Thwin
(Unicode Version)
မြန်မာနိုင်ငံသားတိုင်း သိထားသင့်တဲ့ မြန်မာပြည်၏ အလယ်ဗဟို
မြန်မာနိုင်ငံ အလယ်ဗဟိုချက်မ တည်ရှိရာ နေရာသည် မြန်မာနိုင်ငံ အလယ်ပိုင်း၊ မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့ မြသုခရွာအနီးရှိ ပြက္ခရွေတောင်ပေါ်တွင် တည်ရှိသည်။ ကမ္ဘာ့ တည်နေရာပြစနစ် (GPS) တိုင်းတာချက်အရ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၂.၆၉၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၄.၇၅၉ မိနစ်တွင် တည်ရှိသည်။
မြန်မာနိုင်ငံ အလယ် ဗဟိုချက်မ အမှတ်အသား ကျောက်တိုင် တစ်ခုကို မြန်မာနိုင်ငံ မြေတိုင်းအဖွဲ့မှ စိုက်ထူထားသည်။ ပြက္ခရွေ့ တောင်ပေါ်ရှိ ပြက္ခရွေစေတီတော် အနီးတွင် တွေ့နိုင်ပါသည်။
ပြက္ခရွေ့ တောင်သည် ၃၇၅ဝ ပေ မြင့်သည်။ တောင်ထိပ်ပေါ်တွင် အနော်ရထာမင်း တည်ထား ကိုးကွယ်ခဲ့သော သမိုင်းဝင် ရှေးဟောင်းစေတီ တည်ရှိ သည်။
ပုဂံ အနော်ရထာမင်းသည် ဗုဒ္ဓမြတ်စွာ စွယ်တော်ပွားများကို ပုဂံ တန့််ကြည်တောင်၊ တူုရွင်းတောင်၊ လောကနန္ဒာနှင့် ရွှေစည်းခုံ စေတီတော်တို့တွင် ဌာပနာထား တည်ခဲ့ပြီး နောက်ဆုံး ပဥ္စမမြောက် စွယ်တော်ပွားကို မြစ်သားမြို့ အရှေ့တောင်ဘက် ပြက္ခရွေ့ တောင်ပေါ်ရှိ ပြက္ခရွေ့စေတီတော်မှာ ဌာပနာထားခဲ့လေသည်။ အနော်ရထာမင်း လက်ထက်တွင် ကျောက်ဆည်ခရိုင်ရှိ ပြက္ခရွေတောင်၊ ကယွတ်တောင်တို့မှ ကျသောရေကို အထပ် ထပ်စစ်ကာ ရေသောက်ကန်ပြုလုပ်ခဲ့ကြောင်း သမိုင်းအထောက် အထားများအရ တွေ့ရှိရပေသည်။ ထိုစေတီကိုလည်း ပြက္ခရွေ့ မဟာစွယ်တော်စေတီဟု ယနေ့တိုင် ခေါ်လေသည်။
Credit : Myat Ko Thwin and Photo : winhtoon
Read in : All Update Reader
ရန်ကုန်လေဆိပ်တွင် အမျိုးသမီး ၃ ဦးထံမှ ကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ
Posted on Thursday, August 3, 2017 No comments
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အမျိုးသမီး ၃ ဦးဆီက ငွေကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
သြဂုတ် ၁ ရက်နေ့က ရန်ကုန်လေဆိပ်မှ မူးယစ်တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal(2) ပြည်ပထွက်ခွာ X- Ray စက်မှာ China Air လေကြောင်းလိုင်းနဲ့ ရန်ကုန်ကနေ တိုင်ပေကို လိုက်ပါမယ့် မရန်စိုက်ချင်၊ မလီးဟွေလီ နဲ့ မလှရီ တို့အား ရှာဖွေရာကနေ ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။
မရန်စိုက်ချင်ထံမှ ဘိန်းဖြူ ၃၅၅ ဂရမ် နဲ့ လက်ကိုင်ဖုန်းတလုံး၊ မလီးဟွေလီထံမှ ဘိန်းဖြူ ၂၈၀ ဂရမ်နဲ့ လက်ကိုင်ဖုန်းတလုံး၊ မလှရီထံမှ လက်ကိုင်ဖုန်းနှစ်လုံးနဲ့ အမျိုးသမီးအိမ်သာထဲ အမှိုက်ခြင်းအတွင်း လွှင့်ပစ်ခဲ့တဲ့ ဘိန်းဖြူ ၃၆၅ ဂရမ်တို့ကို ဖမ်းဆီးမိခဲ့တာပါ။
သူတို့သုံးဦးအား မူးယစ်ဆေးဝါး နဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရပါတယ်။
ဒီဗွီဘီ
http://burmese.dvb.no/
ရထားပေါ် ဆေးခြောက်မရှူရန်ပြောသည့် ခရီးသည်ကို ဆယ်ကျော်သက်အုပ်စု ဝိုင်းရိုက် (ရုပ်သံ)
Posted on No comments
ဆယ်ကျော်သက် လူငယ်တွေအား ရထားပေါ်မှာ ဆေးခြောက်မရှူဖို့ ပြောတဲ့ အမျိုးသားတဦးကို အဲဒီလူငယ်အုပ်စုက ဝိုင်းဝန်းရိုက်နှက်ခဲ့ကြပါတယ်။
အများသုံးရထားပေါ်မှာ ဆယ်ကျော်သက် လူငယ်အုပ်စုတစု မူးယစ်ဆေးဝါးသုံးစွဲနေလို့ ကန်နန်ဂျုံးစ်ဆိုတဲ့ အမျိုးသားက ဆေးမသုံးစွဲဖို့ ပြောခဲ့တဲ့အတွက် ဝိုင်းဝန်းထိုးကြိတ် ရိုက်နှက်ခဲ့ကြတာပါ။
ဒီအဖြစ်အပျက်ဟာ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဒဲလက်စ်ဧရိယာအတွင်း ခုတ်မောင်းနေတဲ့ အမြန်ရထား (ဒီအာအေတီ) ပေါ်မှာ ဇူလိုင် ၃၀ ရက်နေ့က ဖြစ်ခဲ့တာပါ။
ဆယ်ကျော်သက်တွေကို ဆေးမသုံးဖို့ ပြောပြီးတဲ့နောက် အဲဒီအုပ်စုထဲက မိန်းကလေးတဦးနဲ့ ထိပ်တိုက်တွေ့ဆုံ အငြင်းပွားခဲ့တာကို မှတ်မိတယ်လို့ မစ္စတာဂျုံးစ်က အန်ဘီစီသတင်းဌာနကို ပြောပါတယ်။
“အဲ့ဒီမိန်းကလေး ကျနော့်မျက်နှာကို တံတွေးနဲ့ထွေးတယ်။ ကျနော်က ကလေးမလေးတွေ အမျိုးသမီးတွေကို ငါ မရိုက်နှက်တတ်တာ မင်းကံကောင်းသွားတယ်။ မဟုတ်ရင် မင်းတင်ပါးကို ငါ ရိုက်ပစ်တယ်လို့ ပြောလိုက်တာမှာ အခြေအနေတွေက လုံးဝ မထိန်းနိုင်အောင် ဆိုးရွားကုန်တယ်” လို့ ဂျုံးစ်က ပြောပါတယ်။
ရုပ်သံထဲမှာ ဂျုံးစ်ကို ဆယ်ကျော်သက်တွေက ဝိုင်းဝန်းထိုးကြိတ် ကန်ကြောက်နေကြပြီး ဂျုံးစ်က သူ့ကိုယ်သူ ကာကွယ်နေတာ တွေ့ရပါတယ်။
ဒဲလက်စ်မြို့ ဒိပ်အလမ်ဘူတာရုံမှာ ရထားရပ်ပြီးနောက်မှာလည်း ဘူတာပလက်ဖောင်းပေါ်မှာ ဆက်ပြီး ဝိုင်းရိုက်နေတာကို တွေ့ရပါတယ်။
ဒီအေအာတီရဲ့ ပြောရေးဆိုခွင့်ရှိသူ မာ့က်ဘောလ်ကတော့ “ဘူတာပလက်ဖောင်းပေါ် ပြုတ်ကျလာတာကို ကျနော်တို့မြင်တော့ ဒီအေအာတီရဲတွေကို ချက်ချင်းအကြောင်းကြားတယ်၊ အရာရှိတွေက ၁၀ မိနစ်အတွင်း အဲ့ဒီနေရာကို ရောက်လာပါတယ်” လို့ ပြောပါတယ်။
ရထားထဲမှာ စီစီတီဗွီကင်မရာတွေ မရှိလို့ ဒီအဖြစ်အပျက်ကိုလိုက်ဖို့ ရဲတွေအတွက် အခက်အခဲ ရှိခဲ့ပေမယ့် ဒီအပတ်အစောပိုင်းမှာ ဝိုင်းဝန်းရိုက်နှက်နေတဲ့ရုပ်သံ ဖေ့စ်ဘွတ်ခ်ပေါ်မှာ တက်လာတဲ့အတွက် ဒီအေအာတီအာဏာပိုင်တွေက အမှုကို ပြန်လည်စစ်ဆေးနေကြပါတယ်။
အခင်းဖြစ်ပြီးနောက် ရထားထွက်သွားပြီး ဂျုံးစ်က ပလက်ဖောင်းပေါ် မလှုပ်ရှားနိုင်တော့ဘဲ လဲကျကျန်ရစ်ခဲ့တဲ့အတွက် သူ့ကို ဆေးရုံပို့လိုက်ရပါတယ်။
ရုပ်သံထဲမှာပါတဲ့ ရိုက်နှက်သူ တဦးချင်းကို ရဲတွေက စုံစမ်းနေပြီး အခင်းဖြစ်မှုကို စုံစမ်းမှုတွေ လုပ်နေတယ်လို့ သြဂုတ် ၂ ရက် မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
ဒီဗွီဘီ
http://burmese.dvb.no/
ချင်းတွင်းမြစ်အတွင်း ရပ်ထားသည့် မော်တော်တစ်စင်း နစ်မြုပ်
Posted on No comments
(ချင်းတွင်းမြစ်အတွင်း ကမ်းစပ်အနီး နစ်မြုပ်နေသည့် မော်တော်ကို တွေ့ရစဉ်) ဓာတ်ပုံ - Tun Tun Win
ကလေး၊ သြဂုတ် ၃
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့အနီး ချင်းတွင်းမြစ်တွင်း၌ ညအိပ်ရပ်နားထားသည့် မော်တော်တစ်စင်း နစ်မြုပ်ခဲ့ကြောင်း ကနီမြို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောကြားသည်။
မုံရွာမြို့မှ ဟုမ္မလင်းမြို့သို့ သွားရောက်ရန် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော ကုန်ပစ္စည်းများ တင်ဆောင်လာသည့် မုံရွာ-နမ်တော ရွှေပြည်စိုးအသင်းမှ မော်တော်တစ်စင်းသည် သြဂုတ်လ ၃ ရက်နေ့ နံနက် ၃ နာရီခန့်က ကနီမြို့အနီး ဆိုက်ကပ်၍ ညအိပ်ရပ်နားခဲ့ကြောင်း၊ မော်တော်ရပ်နားထားသည့် အချိန်တွင် မြစ်ရေကျခြင်းကြောင့် တိမ်းစောင်းနစ်မြုပ်ခဲ့ခြင်း ဖြစ်ကြောင်း ကနီမြို့ ပုဂ္ဂလိကရေယာဉ်များ စစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇေယျက ပြောဆိုသည်။
မော်တော်နစ်မြုပ်မှုကြောင့် မော်တော်ပေါ်တွင် ပါလာသည့် ဆီပီပါအလုံး ၁၇၀ ကို ကမ်းနားတွင် ကြိုးဖြင့်ချည်ကာ ဆယ်ယူထားနိုင်ပြီ ဖြစ်ကြောင်း၊ မော်တော်ပေါ်တွင် လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာ မရရှိကြောင်း ၎င်းက ရှင်းပြသည်။
The Voice Myanmar
http://thevoicemyanmar.com/
ပဲခူးဆေးရုံကြီးတွင် ရာသီတုပ်ကွေး A(H1N1) လူနာ ၂ ဦး တွေ့ရှိ
Posted on No comments
သတင်း၊ဓာတ်ပုံ-နေလင်းထိုက်
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊  ပြွန်တန်ဆာမြို့ကနေ လာရောက်ပြီး ပဲခူးဆေးရုံကြီးမှာ ကုသနေတဲ့ လူနာ ၂ ဦးမှာ ရာသီတုပ်ကွေး A(H1N1) ဗိုင်းရပ်စ်ပိုး တွေ့ရှိတယ်လို့ မြို့နယ်ဆရာဝန်ကြီးက ပြောပါတယ်။
A(H1N1) ဖြစ်ပွားနေသူတွေကတော့ ပြွန်တန်ဆာမြို့ မီးရထားဝန်ထမ်းအိမ်ရာဟောင်းမှာ နေထိုင်တဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသားတဦးနဲ့ နဘဲပင်ကျေးရွာနေ ၁၆ နှစ်အရွယ် တို့ဖြစ်တယ်လို့ မြို့နယ်ဆရာဝန်ကြီး  ဒေါက်တာသောင်းဒန်ဦးက ပြောပါတယ်။
“ပထမလူနာက မီးရထားလိုင်းခန်းမှာနေတာပါ။ ပြွန်တန်ဆာဆေးရုံကို သွားတာက ၂၅ ရက်နေ့မှာ ရောက်လာတယ်၊ သွေးဝမ်းသွားနေလို့ပါ။ နောက်ပိုင်း ချောင်းဆိုးတာတွေ ဖြစ်လာတော့ ၂၉ ရက်နေ့ ညနေပိုင်းမှာ သူ့ကို ပဲခူးဆေးရုံ ပို့လိုက်တယ်။ အဲဒီလိုပဲ နဘဲပင်ကျေးရွာက ၁၆ နှစ်အရွယ် ကလေးမလေးကျတော့ ၂၉ ရက်နေ့မှာ ညောင်လေးပင်ဆေးရုံကို ရောက်လာတယ်။ ၃၀ ရက်နေ့ မနက်ပိုင်းမှာ ပဲခူးဆေးရုံကို ထပ်ပို့လိုက်တယ်။ သူတို့ဆီက နှာခေါင်းအာခေါင်တွေက အရည်အချွဲတွေကိုယူပြီး ရန်ကုန်အမျိုးသားဓာတ်ခွဲခန်းကိုပို့ပြီးစစ်ဆေးတဲ့နေရာမှာ နှစ်ယောက်လုံး A(H1N1) Postive ဖြစ်နေတာကို တွေ့ရတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။
မြို့နယ်ဆရာဝန်ကြီးနဲ့ ကျန်းဦးစီးဌာနမှ အဖွဲ့ဝင်တွေ ပူးပေါင်းပြီး အဆိုပါလူနာတွေ နေထိုင်ခဲ့တဲ့နေရာကို သွားရောက်ပြီး မိသားစုတွေနဲ့တွေ့ဆုံကာ ပတ်ဝန်းကျင် အနေထား စစ်ဆေးတာ၊ အိမ်နဲ့ အနီးဝန်းကျင်မှာ ရောဂါစောင့်ကြပ်ကြည့်ရှုတာ၊ ရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောတာ၊ လက်ကမ်းစာစောင်တွေဖြန့်ဝေတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြို့နယ်အတွင်းရှိ စာသင်ကျောင်း၊ ဘူတာ၊ ဈေး၊ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာတွေမှာလည်း အသိပညာပေးဟောပြောတာ၊ လက်ကမ်းစာစောတွေ ဖြန့်ဝေတနဲ့ Mask တွေ ဖြန့်ဝေတာတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း၊ဓာတ်ပုံ-နေလင်းထိုက်
ဒီဗွီဘီ
http://burmese.dvb.no/
RCSS ရှမ်းတပ်ဖွဲ့ဝင် ဖမ်းဆီးခံထားရမှု မြန်မာစစ်တပ် အသံတိတ်
Posted on No comments
မှတ်တမ်းဓာတ်ပုံ - ရှမ်းပြည်နယ်တွင်း လှုပ်ရှားနေတဲ့ မြန်မာ့တပ်မတော်။
NCA အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တောင်ပိုင်း ရှမ်းပြည်တပ်မတော် RCSS/SSA နဲ့ မြန်မာ့တပ်မတော်တို့ အကြား ဒေသအတွင်း တိုက်ပွဲဖြစ်ပွါးမှုတွေ၊ ရွာသားတွေ ဖမ်းဆီးခံရမှုနဲ့ RCSS တပ်သားတွေ အဖမ်းဆီးခံရမှု ကိစ္စရပ်တွေ မဖြေရှင်းနိုင်တဲ့ အတွက် ငြိမ်းချမ်းရေး နောက်ကြောင်း ပြန်လှည့်နေပြီလို့ RCSS တာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန် ကနေ သတင်းပေးပို့ ထားပါတယ်။
ရှမ်းပြည်နယ်အတွင်း NCA အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တောင်ပိုင်း ရှမ်းပြည်တပ်မတော်ရဲ့ တပ်ဖွဲ့ဝင်နှစ်ဦးကို မြန်မာ့တပ်မတော်ကနေ ဖမ်းဆီးထားတဲ့ ကိစ္စအပေါ် RCSS ဘက်က မေးမြန်းထားပေမဲ့ တပ်မတော်ဘက်က ရေရေရာရာ ဖြေကြားတာ မရှိဘူးလို့ တောင်ကြီး ဆက်ဆံရေးရုံး တာဝန်ခံလည်းဖြစ် ရှမ်းပြည်နယ် အပစ်ရပ် ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-S အဖွဲ့ဝင်လည်း ဖြစ်တဲ့ ဒုဗိုလ်မှူးကြီး စိုင်းဦးက အခုလို ပြောပါတယ်။
“ ကျွန်တော်တို့က အရပ်ဝတ်နဲ့ဘဲ ရွာထဲကိုလာပြီးတော့ လိုတဲ့ပစ္စည်းတွေ လာဝယ်နေတဲ့ အချိန်မှာ တပ်ကဖမ်းသွားတာ ပေါ့နော်။ တပ်နဲ့သွားတွေ့တော့ သူတို့က ဖမ်းသွားတယ် အဲဒီလိုပါဘဲ။ ဘယ်မှာ ဘယ်ရောက်နေလဲ မသိဘူးဗျ။ ကျွန်တော်တို့ ဆက်ဆံရေးရုံး ကနေ ဗျူဟာမှူးတွေ၊ နောက်ပြီးတော့ တြိဂံတိုင်း G1 တွေကို ဖုန်းဆက်မေးပေမယ့်လည်း သူတို့က မသိသေးဘူး။ ပြန်မေးပေးပါ့မယ်ဆိုပြီးတော့မှ ဘာမှပြောတာ မကြားသေးဘူးဗျ။ အမှန်ဆို ကျွန်တော်တို့ လွတ်လပ်စွာ သွားလာခွင့် ရှိတယ်ပေါ့နော်။ ဖမ်းဖို့မသင့်ဘူး ပေါ့နော်။”
တောင်ပိုင်း ရှမ်းပြည်တပ်မတော် တပ်ဖွဲ့ဝင်နှစ်ဦးကို ဇူလိုင်လ ကုန်ပိုင်း မိုင်းပူးလုံ ဒေသ ကျိန်းဟင်ကျေးရွာမှာ အရပ်ဝတ်နဲ့ ဈေးဝယ် နေစဉ်အတွင်း တပ်မတော်ကနေ ဖမ်းဆီးသွားခဲ့တယ်လို့ RCSS ဘက်က ပြောပါတယ်။
တောင်ပိုင်း ရှမ်းပြည်တပ်မတော်ဟာ မြန်မာအစိုးရနဲ့ NCA အပစ်ရပ် လက်မှတ်ရေးထိုး ထားပေမယ့် မြန်မာ့တပ်မတော်နဲ့ စစ်ရေး ပဋိပက္ခ ဖြစ်ပွါးနေဆဲ အခြေအနေမှာ ရှိနေပါသေးတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ (၁၄) ရက်နဲ့ (၁၇) ရက်နေ့တွေမှာရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်နဲ့ ရှမ်းပြည်တောင်ပိုင်း ဟိုပုန်းမြို့နယ်တွေ ထဲမှာ တိုက်ပွဲ ဖြစ်ပွါးခဲ့ပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုန်းမြို့နယ်ထဲမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွါးခဲ့အပြီးနန်းခုတ် ဒေသခံ ရွာသား (၁၀) ဦး အဖမ်းဆီး ခံရသလို အဲဒီ အထဲ (၇)ဦး ပြန်လည် လွတ်မြောက်လာပေမဲ့ ရွာသား ၃ ဦးဟာ ပြန်လည် လွတ်မြောက်လာတာ မရှိသေးပါဘူး။
လက်ရှိ မြန်မာ့တပ်မတော်ကနေ ထိုးစစ်ဆင်နေမှု အရပ်သားတွေကို ဖမ်းဆီးနေမှု လုပ်ဆောင်ချက်တွေဟာ ရရှိပြီးသား ငြိမ်းချမ်းရေး နောက်ကြောင်း ပြန်လှည့်နေပြီလို့ တောင်ပိုင်း ရှမ်းပြည်တပ်မတော်ရဲ့JMC-S ကော်မတီဝင် ဒုဗိုလ်မှူးကြီး စိုင်းဦး က အခုလို ပြောပါတယ်။
“ ကျွန်တော်တို့က NCA ကို ယုံကြည်မှုရှိရှိနဲ့ သွားနေတဲ့ အချိန်မှာ ဒီလို တိုက်ပွဲဖြစ်တာတို့ ဒီလို အရပ်သားပြည်သူတွေကို ဖမ်းဆီးတာတို့ ကျွန်တော်တို့ထဲမှာ မရှိသင့်ဘူး။ မဖြစ်သင့်ဘူး ပေါ့နော်။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ကျွန်တော်တို့ NCA ကို ထိုးတာပေါ့နော်။ အခုလို အခြေအနေမှာ ကျတော့ ပိုပြီးတော့ ဆိုးလာတဲ့ အခြေအနေမှာ ရောက်နေတယ် ပေါ့နော်။ NCA အရ ငြိမ်းချမ်းရေး လမ်းကြောင်းကို မသွားဘဲနဲ့ နောက်ပြန်လှည့်နေတဲ့ သဘောမျိုး ဖြစ်နေတယ်။”
အခုလို ဖြစ်ပွါးနေတဲ့ ပြဿနာတွေကို ရှမ်းပြည်နယ် အပစ်ရပ် ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-S တင်ပြထားပေမဲ့လည်း ထူးခြားမှု မရှိဘူးလို့ ဒုဗိုလ်မှူးကြီး စိုင်းဦးက ပြောပါတယ်။
NCA အပစ်ရပ်အဖွဲ့နဲ့ တပ်မတော်တို့ အကြား ဖြစ်ပွါးနေတဲ့ စစ်ရေးပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ JMC ကနေ စိစစ်အတည်ပြုရေး အဖွဲ့တွေ စေလွှတ်နေတယ်လို့ ပြည်ထောင်စုအဆင့် အပစ်ရပ်ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ JMC ကော်မတီဝင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်က ဒုဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောပါတယ်။
“ လောလောဆယ်ကတော့ JMC ကနေပြီးတော့ စိစစ် အတည်ပြုရေး အဖွဲ့တွေ လွှတ်ပြီးတော့မှ သွားရောက် စိစစ်တာတွေတော့ ဆောင်ရွက်နေတာတွေ ရှိတယ်။ ဒီ စိစစ်အတည်ပြုရေး အဖွဲ့ကနေ ပြန်ပြီးတော့ တင်ပြထားတဲ့ဟာတော့ မရှိသေးဘူးပေါ့လေ။ အစည်းဝေးတွေ ရောက်မှဘဲ ဒီကော်မတီတွေ ကနေ ကြည့်ပြီးတော့မှ ဆုံးဖြတ်ရမှာပေါ့။ ဘယ်လို အပြစ်ပေး အရေးယူရမယ်ဆိုတာ။JMC ကလည်း ယန္တရား တခုလုံး ဟိုးအောက်ခြေအထိ လည်ပတ်နေတဲ့ အနေအထား မရှိသေးတာလည်း ပါတယ်ပေါ့လေ။”
လက်ရှိ JMC ကို ပြည်ထောင်စုအဆင့် ပြည်နယ်၊ တိုင်းဒေသကြီး အဆင့် ဖွဲ့စည်းထားပေမယ့် ဒေသဆိုင်ရာအဆင့်နဲ့ ဒေသဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ မဖွဲ့နိုင်သေးတာကြောင့်ပြဿနာ ဖြေရှင်းရေးမှာ နှောင့်နှေး ကြန့်ကြာနေရတယ်လို့ ဒုဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောပါတယ်။
တောင်ပိုင်း ရှမ်းပြည်တပ်မတော်ဟာ မြန်မာအစိုးရနဲ့NCA အပစ်ရပ်လက်မှတ်ရေးထိုး ထားပေမယ့် ရှမ်းအမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနိုင်ခြင်း မရှိသေးပါဘူး။
ဒါ့အပြင် တောင်ပိုင်းရှမ်းပြည် တပ်မတော် အပါအ၀င် မြောက်ပိုင်း ရှမ်းပြည်တပ်မတော် ရှမ်းနိုင်ငံရေး ပါတီတွေဖြစ်တဲ့ ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ်SNLD ၊ ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ SNDP တို့နဲ့ဖွဲ့စည်းထားတဲ့ CSSU ရှမ်းပြည်ညီညွတ်ရေး ကော်မတီရဲ့ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဇူလိုင် (၂၀) ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့်ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ ကန့်ကွက်မှုကြောင့် ကျင်းပခွင့် မရခဲ့ပါဘူး။
တဖက်မှာလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ၂၁ ရာစု ပင်လုံ တတိယအကြိမ်အစည်းအဝေး အတွက် အကြိုပြင်ဆင်တဲ့ အနေနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့နဲ့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား ဒီကနေ့ ထိုင်းနိုင်ငံမှာ အလွတ်သဘော တွေ့ဆုံ ခဲ့ပါတယ်။
 နိုင်ကွန်းအိန်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
Don't Miss