Responsive Ad Slot

Latest

Sports

ရခိုင်တွင် တပ်မတော်သားများက အရပ်သားများကိုတိုက်ခိုက်ချေမှုန်းသည်ဆိုသည့် စွပ်စွဲချက် အထောက်အထားမရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြော

Posted on Saturday, November 5, 2016 No comments

 


ဂျပန်နိုင်ငံတွင် အလည်အပတ်ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်က အရပ်သားများကို တိုက်ခိုက်ချေမှုန်းနေသည်ဆိုသော စွပ်စွဲချက်များနှင့်ပတ်သက်၍ သက်သေအထောက်အထားမရှိကြောင်း နိုဝင်ဘာ ၄ ရက်နေ့က ပြောသည်။

“ဘယ်အရာအတွက် ဘယ်သူ့မှာတာဝန်ရှိတယ်ဆိုတာပြောဖို့ ပြည့်စုံလုံလောက်တဲ့အထောက်အထားမရှိဘဲ ဘယ်သူ့ကိုမှ မစွပ်စွဲမိဖို့ ကျွန်မတို့က အင်မတန် ဂရုစိုက်ပါတယ်။ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို ကျွန်မတို့ စုံစမ်းမယ်။ လုပ်ထုံးလုပ်နည်းများအတိုင်း တရားဥပဒေနဲ့အညီ ဆောင်ရွက်မှာဖြစ်ပါတယ်”ဟု ဂျပန်အမျိုးသားစာနယ်ဇင်းကလပ်၌ သတင်းစာဆရာများနှင့်တွေ့ဆုံစဉ် ၎င်းက ပြောသည်။

မြန်မာနိုင်ငံအခြေစိုက် ပြည်ပသံရုံးများမှ သံအမတ်အချို့လည်း ရခိုင်ပြည်နယ် အခြေအနေနှင့်ပတ်သက်၍ ကွင်းဆင်းလေ့လာခဲ့ပြီးဖြစ်သဖြင့် ၎င်းတို့ထံမှ အစီရင်ခံစာများထွက်ရှိလာမည်ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပြောဆိုသည်။

“ဒီအစီရင်ခံစာကို လေ့လာဖတ်ရှုပြီးရင် အဲဒီ(ရခိုင်ပြည်နယ်)မှာ ဘာတွေဖြစ်နေသလဲဆိုတာနဲ့ပတ်သက်လို့ ပိုပြီးဘက်မျှတဲ့ အတွေးအမြင်တွေကို ရရှိပါလိမ့်မယ်”ဟု ၎င်းက ပြောသည်။

ဘင်္ဂါလီလက်နက်ကိုင်များက မောင်တောမြို့နယ်အတွင်းရှိ အမှတ် ၁ နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်(ကျီးကန်းပြင်) ကို အောက်တိုဘာ ၉ ရက်နေ့က တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ရသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်မှ နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်ခဲ့ရာ ဘင်္ဂလီအမျိုးသမီးများ အဓ္ဓမပြုကျင့်ခံရသည်ဆိုသော အထောက်အထားမဲ့သတင်းများကို သတင်းဌာနအချို့က ရေးသားဖော်ပြခဲ့သည်။

ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး Ms Renata Dessalien အပါအ၀င်၁၀ ဦးပါ နိုင်ငံတကာသံတမန်အဖွဲ့သည် ရခိုင်ပြည်နယ်သို့ နိုဝင်ဘာ ၂ ရက်နေ့တွင် သွားရောက်ခဲ့ပြီး နိုဝင်ဘာ ၄ ရက်နေ့က ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် အဆိုပါဖြစ်စဉ်များ နှင့်ပတ်သက်၍ ခိုင်လုံသော အထောက်အထားမတွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

News Watch ( စောင့်ကြည့်သတင်းဂျာနယ် )
https://www.facebook.com/NewsWatchJournal/

အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့သည့် ရဲဒုတပ်ကြပ်ဈာပန ကျင်းပ

Posted on No comments


မောင်တောမြို့နယ် တောင်ပိုင်း နူရူလာ ရဲကင်းစခန်းကို နိုဝင်ဘာ ၃ ရက် ညနေပိုင်းက အကြမ်းဖက်သမား ၅ ဦး ဝင်ရောက်ပစ်ခတ်လို့ ကျဆုံးခဲ့ရတဲ့ ရှေ့တန်းရဲတပ်ရင်း ၂၂ က ရဲဒုတပ်ကြပ် မင်းမင်းစိုးရဲ့ ဈာပနအခမ်းအနားကို ဒီနေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ အမျှပေးဝေတာ၊ ကျဆုံးရဲဘော်အလေးပြုတာ၊ အမိန့်ပြန်တမ်း ဖတ်ကြားတာတွေပြုလုပ်ပြီး မောင်တောသုဿာန်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ တိုက်ခိုက်သူကို ဖမ်းဆီးရမိတာ မရှိခဲ့ဘဲ ပစ္စတိုသေနတ် ၁ လက်၊ ပစ္စတိုအိတ် ၄ ခု၊ ဆိုင်ကယ် ၂ စီး၊ ဓာတ်ဆီဗုံးတစ်ခု အပစ်ခံရတဲ့ စခန်းရှေ့မှာ ရရှိခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။






သတင်းဓာတ်ပုံ – ကိုအောင်

ဒီဗွီဘီ
http://burmese.dvb.no/

ဘင်္ဂလီအမျိုးသမီး ၃၀ ကို မြန်မာ့တပ်မတော်က မုဒိမ်းကျင့်သည်ဟု သတင်းရေးသားသည့် Myanmar Times မှ နိုင်ငံခြား အမျိုးသမီး သတင်းထောက် အလုပ်မှ ထုတ်ပယ်ခံရ

Posted on No comments
(၎င်းသတင်းတွင် ဖော်ပြသော ဓာတ်ပုံ)

နိရဉ္စရာ၊ နိုဝင်ဘာ ၎

မြန်မာ တပ်မတော်မှ မောင်တောမြို့နယ် စစ်ဆင်ရေးအတွင်း ဘင်္ဂလီအမျိုးသမီး ၃၀ ကို မုဒိမ်းကျင့်သည်ဟု ဆိုကာ ရခိုင်ပရိုဂျက် ( Arakan Project) အမည်ခံ ဘင်္ဂလီ အရေး လူပ်ရှားနေသူ ခရစ်လီးဝါ ( Chris Lewa) ကို ကိုးကားပြီး သတင်းရေးသားသူ ရန်ကုန်အခြေစိုက် Myanmar times မှ နိုင်ငံခြားသူ သတင်းထောက် Fiona MacGregor သည် အလုပ်မှ ထုတ်ပယ်ခံခဲ့ရသည်ဟု သိရသည်။

The Guardian‎ သတင်းစာတွင် “Myanmar journalist says she was fired over story on military rape allegations” ခေါင်းစဉ်ဖြင့် သတင်းဖော်ပြရာတွင် အောက်တိုဘာလ ၂၇ ရက်နေ့က ဒါဇင်နှင့်ချီပြီး အတင်းဓမ္မပြုကျင့်ခံရသည့် သတင်း ရခိုင်တွင် ဖြစ်ပေါ် “Dozens of rapes reported in northern Rakhine state” သတင်းကြောင့် သူမအား အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း သတင်းတွင် ဖော်ပြသည်။

သူမအလုပ်ဖြုတ်ခံရခြင်းမှာ အာဏာပိုင်များမှ Myanmar Times မှ လူကြီးများအား ဖိအားပေးရာမှ ထုတ်ပယ်ခြင်း ဖြစ်ကြောင်းဖြင့်လည်း သတင်းဖော်ပြသည်။

နိရဉ္စရာ

https://www.facebook.com/Narinjara

မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်း မိုးသက်လေပြင်းကျနိုင်

Posted on No comments

မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းတလျှောက် မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်တယ်လို့ မိုးလေဝသဌာနက သတင်းထုတ်ပါတယ်။

ဒီနေ့ မွန်းလွဲ ၂ နာရီအချိန် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေမှာ အဝါရောင်အဆင့်ရှိပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေ မရှိဘူးလို့လည်း သတင်းမှာ ဖော်ပြပါတယ်။

ဒီဗွီဘီ
http://burmese.dvb.no/

မောင်တောမြို့နယ် နိုရူလာရဲကင်းစခန်းရှေ့မှ အကြမ်းဖက်သမားများ ကိုင်ဆောင်သည့် ပစ္စတိုသေနတ် တစ်လက်နှင့် ခဲယမ်းအချို့ တွေ့ရှိ သိမ်းဆည်းရမိ

Posted on No comments

မောင်တော နိုဝင်ဘာ ၎

မောင်တောမြို့မှ အလယ်သံကျော်ကျေးရွာဘက်သို့အထွက် သုံးမိုင်ခန့်အကွာရှိ နိုရူလာရဲကင်းစခန်းမှ ကင်းစောင့်ရဲတပ်ဖွဲ့ဝင် နှစ်ဦးအား ယမန်နေ့ညနေက ပစ်ခတ်ထွက်ပြေးသွားခဲ့သည့် အကြမ်းဖက်သမားများ ဆုတ်ခွာရာနေရာများကို ယနေ့ နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များက ထပ်မံရှင်းလင်းစဉ် အကြမ်းဖက်သမားများ ကိုင်ဆောင်သည့် ပစ္စတိုသေနတ်တစ်လက်နှင့် ယင်းကျည်အချို့ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ယမန်နေ့ ညနေ ၅ နာရီ မိနစ် ၅၀ ခန့်က နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၁၁ ဦး တာဝန်ထမ်းဆောင်လျက်ရှိသည့် နိုရူလာရဲကင်းစခန်းရှေ့သို့ အလယ်သံကျော်ရွာမှ မောင်တောမြို့ ဘက်သို့ ဦးတည်မောင်းနှင်လာသော ဆိုင်ကယ် သုံးစီးဖြင့် အရပ်ဝတ်နှင့် အကြမ်းဖက်သမား ခြောက်ဦးခန့် ရောက်ရှိလာပြီး ကင်းစောင့်ရဲတပ်ဖွဲ့ နှစ်ဦးအား လက်နက်ငယ်ဖြင့် ရုတ်တရက် ပစ်ခတ်ထွက်ပြေးစဉ် ကင်းစခန်းရှိ ရဲတပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်မှုကြောင့် အကြမ်းဖက်သမားအချို့ ဒဏ်ရာရရှိသွားပြီး ဆိုင်ကယ်များကျန်ရှိကာ ခြေကျင်ဆုတ်ခွာထွက်ပြေးသွား ခဲ့သည်။

“ကင်းစခန်းရှေ့ကို အရပ်ဝတ်အကြမ်းဖက်သမား ခြောက်ဦးက ဆိုင်ကယ်သုံးစီးနဲ့ ရောက်လာပြီး လက်နက်အတိ တွေနဲ့ အနီးကပ် စတင်ပစ်ခတ်ပါတယ်။ ကျွန်တော့်လူတွေ ထိပြီဆိုတာနဲ့တစ်ပြိုင်နက် ကျွန်တော်လည်း ကင်းစခန်းပေါ်က ချက်ချင်းတုံ့ပြန်ပစ်ခတ်ပါတယ်။ သူတို့ကလည်း ကင်းစခန်း အပေါက်ဝက တစ်ဦး၊ သစ်ပင်ဘေးက တစ်ဦးနဲ့ အခြား လေးဦး ကလည်း ကျွန်တော်တို့ ကင်းစခန်းထဲကို ပစ်ခတ်ပါတယ်။ ကျွန်တော် တို့အားလုံး အမြန်ဆုံး တုံ့ပြန်ပစ်ခတ်လို့ သူတို့တွေ ဆုတ်ခွာသွားပါတယ်။ အပြန်အလှန်ပစ်ခတ်မှု ငါးမိနစ် ခန့်ကြာပါတယ်။ ဆုတ်ခွာသွားတဲ့နောက်ကို ရဲတပ်ကြပ်ကြီးထွန်းဦးက ကိုက်အနည်းငယ်အကွာထိ လိုက်လံ ပစ်ခတ်ရှင်းလင်းခဲ့ပြီး နောက် တပ်မတော်က ၁၀ မိနစ်ခန့်မှာ ရောက်ရှိလာပြီး ဆုတ်ခွာ သွားသူတွေရဲ့နောက်ကို လိုက်လံရှင်းလင်းခဲ့ပါတယ်။ သူတို့ထဲက တစ်ဦး ဒဏ်ရာရရှိခဲ့တဲ့ သွေးကွက်တွေလည်း တွေ့ရှိခဲ့ရတယ်” ဟု နိုရူလာကင်းစခန်းမှူး ရဲအုပ်ကျော်မြင့်အောင်က ပြောသည်။


အဆိုပါဖြစ်စဉ်တွင် ကင်းစောင့်တာဝန်ကျရဲတပ်ဖွဲ့ဝင် ရဲဒုတပ်ကြပ်တစ်ဦး ကျဆုံးခဲ့ပြီး တပ်ကြပ်တစ်ဦးမှာ ရှပ်ထိ ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကာ ရန်သူများဘက်မှ ဒဏ်ရာရရှိသွားသည့် သွေးကွက်များစွာကိုလည်း တွေ့ရှိခဲ့သည်။ ရန်သူ့ထံမှ ဆိုင်ကယ် သုံးစီး၊ ပစ္စတိုသေနတ်ထည့် အိတ်ခွံ လေးခု၊ သော့ချိတ် ဓာတ်မီးငယ် သုံးခု၊ သံဖြတ်ကိရိယာ (Cutter) နှစ်ခု၊ နာရီ ဓာတ်ခဲ သုံးလုံး၊ လက်လုပ် မီးလောင်ဗုံး ဓာတ်ဆီပုလင်း တစ်လုံး နှင့် ပစ္စတိုကျည်ခွံ ၁၃ ခုတို့ကို သိမ်းဆည်းရမိခဲ့သည်။

ယနေ့နံနက် ၇ နာရီခန့်တွင် ရဲတပ်ဖွဲ့ဝင်များက ဖြစ်စဉ် ဖြစ်ပွားခဲ့သည့် ရဲကင်းစခန်းရှေ့ကို ထပ်မံရှင်းလင်းစဉ် မြက်တောအတွင်းမှ USA စာတန်းပါ ပစ္စတိုသေနတ် တစ်လက်၊ ယင်းကျည်ကပ် နှစ်ခု၊ ကျည်ဆန် ငါးတောင့်နှင့် ကျည်ခွံ သုံးခုတို့ကို ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးရမိချေမှုန်း နိုင်ရေး တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

မောင်တောမြို့နယ်တောင်ပိုင်း မြင်းလွှတ်မြို့တွင် နယ်ခြားစောင့် ကင်းစခန်းတစ်ခု မီးရှို့ဖျက်ဆီးခံရ

Posted on Friday, November 4, 2016 No comments

မောင်တောမြို့နယ် တောင်ပိုင်းမြင်းလွှတ်မြို့ ရွာသစ်ရပ်ကွက်တွင် နယ်ခြားစောင့် ကင်းစခန်းတစ်ခု နိုဝင်ဘာ ၄ ရက် နံနက် ၃ နာရီတွင် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။

“မီးလောင်တာကတော့ ဒီကနေ့ နံနက် ၂ နာရီခွဲ ၃ နာရီလောက်မှာ ဖြစ်တယ်လို့ နယ်ခြားစောင့်ရဲက သိရတယ်။ အခု မီးလောင်တဲ့ ရဲကင်းစခန်းက မြင်းလွှတ်မြို့ ဧရိယာထဲက ရွာသစ်ရပ်ကွက်မှာ တည်ရှိပါတယ်” ဟု မြင်းလွှတ်မြို့ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

 မီးရှို့ဖျက်ဆီးခံရသည့် ကင်းစခန်းသည် မောင်တောမြို့မှ ၁၈ မိုင်အကွာ မောင်တော - အငူမော် ကားလမ်းပေါ်တွင် တည်ရှိပြီး အောက်တိုဘာ ၉ ရက် အကြမ်းဖက်မှု ဖြစ်စဉ်အပြီးတွင် လုံခြုံရေး ရုပ်သိမ်းထားသည့် ကင်းစခန်းဖြစ်ကြောင်း သိရသည်။

“ကမ်းနားရွာသစ် ဆိုတာရှိတယ်။ အဲဒီကမ်းနားရွာသစ်နဲ့ မြင်းလွှတ်ကြားမှာ တံတားရှိတယ်။ တံတားရဲ့ တောင်ဘက်မှာရှိတဲ့ ကင်းစခန်း မီးလောင်တာ။ ကင်းစခန်းမှာ လုံခြုံရေးလည်း မရှိသလို လူတစ်ယောက်မှ လည်းမရှိဘူး” ဟု အင်းဒင်းကျေးရွာသား ဦးကျော်တင်က ပြောကြားသည်။

နိုဝင်ဘာ ၃ ရက်ညနေ ၅ နာရီ  မိနစ် ၅၀ ခန့်က မောင်တောနယ်တောင်ပိုင်း အလယ်သံကျော်သွားလမ်းပေါ်ရှိ မောင်တောမြို့နှင့် သုံးမိုင်ခန့်အကွာ ဘကုန်းနားကျေးရွာအုပ်စု နူရူလာကျေးရွာ နယ်ခြားစောင့်ကင်းစခန်း တစ်ခု ထပ်မံတိုက်ခိုက်ခံရပြီး ရဲဒုတပ်ကြပ်တစ်ဦး ကျဆုံးကာ ရဲတပ်ကြပ်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ရဲတပ်ဖွဲ့က လိုက်လံရှင်းလင်းရာ ဆိုင်ကယ်သုံးစီးနှင့်အတူ ပစ္စတိုသေနတ်ထည့်သည့် သေနတ်မပါ အိတ်အလွတ် လေးအိတ်၊ ကျည်ခွံက ၁၃ ခုနှင့် လက်လုပ်မီးလောင်ဗုံးအဖြစ် အသုံးပြုသည့် ဓာတ်ဆီပုလင်းပိုင်း တစ်ခုသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ပြီးနောက် နာရီပိုင်းအကွာတွင် ကင်းစခန်း မီးရှို့ခံရခြင်းဖြစ်သည်။ အောက်တိုဘာ ၉ ရက်က မောင်တောနယ်စပ်ရှိ နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့မှူးရုံး ဌာနချုပ် (ကျီးကန်းပြင်) အပါအ၀င် နယ်ခြားစောင့်စခန်း သုံးခု တိုက်ခိုက်ခံရပြီးနောက် ၂၃ ရက်အကြာ မောင်တောဒေသသို့ နိုဝင်ဘာ ၂ ရက်နှင့် ၃ ရက်တို့တွင် နိုင်ငံတကာ သံတမန်များ လာရောက် လေ့လာခဲ့ပြီးနောက် နာရီပိုင်း အကြာတွင် ယင်းသို့ အကြမ်းဖက် တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွား လာခြင်းဖြစ်သည်။

မြင်းလွှတ်မြို့တွင် ရခိုင်တိုင်းရင်းသားများ နေထိုင်ခြင်း မရှိဘဲ ဘင်္ဂါလီများသာ နေထိုင်သောမြို့ ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်မှ မြို့အဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။ အောက်တိုဘာ ၉ ရက်က နယ်ခြားစောင့် စခန်းများ အကြမ်းဖက် တိုက်ခိုက်ခံရသည့် ဖြစ်စဉ်အပြီးနောက်တွင် အဆိုပါ မြင်းလွှတ်မြို့၌ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးလည်း ပိတ်ထားပြီး ဌာနဆိုင်ရာရုံး၊ ကျောင်း၊ ဆေးပေးခန်းများလည်း ပိတ်ထားရကြောင်း သိရသည်။          
                  
Writer: သားရွှေဦး (ကစ္ဆပ)

Eleven Media Group
http://www.news-eleven.com/

မဟာဗန္ဓုလလမ်းပေါ်မှာ မော်တော်ယာဉ် မီးလောင်မှု ဖြစ်ပွား

Posted on No comments
ဓါတ်ပုံ - Htoo Htoo khin
ရန်ကုန် နိုဝင်ဘာ ၎

ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်တွင် အမှတ် (၂) ရပ်ကွက် မဟာဗန္ဓုလ လမ်းနှင့် (၅၃) လမ်းထိပ်၊ မဟာဗန္ဓုလ လမ်းအတိုင်း အရှေ့မှ အနောက် သို့ မောင်းနှင်လာသော ယဉ်အမှတ် AA-8329 Probox ခဲရောင် အငှား ယာဉ်သည် ဆီပိုက် ပြုတ်ထွက်၍ အင်ဂျင်ခန်းပေါ်ကျပြီး မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့ပါသည်။


အဆိုပါမောင်တော်ယာဉ် မီးလောင်မှု ဖြစ်ပွားရာ နေရာသို့ မြို့နယ် မီးသတ် ဦးစီးမှူး ဦးကျော်လွင် ဦး ဦးစီး၍ မီးသတ်တပ်ဖွဲ့ဝင်များ မြို့မ မေတ္တစခန်းမှူး ရဲအုပ် မျိုးသန့် ဦးစီးတပ်ဖွဲ့ဝင်များ ၊ အမှတ်(၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်း ပါအဖွဲ့ဝင်များမှ မီးသတ်ယာဉ် (၂) စီးဖြင့် မီးငြှိမ်းသတ်ခဲ့သည်။ အငှားယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရှိရသည်။


မီးလောင်မှုကြောင့် ယာဉ်ရှေ့ခန်း ပျက်စီးဆုံးရှုံးခဲ့သည်။ မီးလောင်မှုဖြစ် စဉ်နှင့် ပတ်သက်၍ ပုဇွန်တောင်မြို့မ ရဲစခန်းတွင် အမှုဖွင့် အရေး ယူဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိသည်။

ပုဇွန်တောင် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

ကျိုင်းတုံတွင် ကျပ်သိန်း၂၅၀၀တန်ဖိုးရှိ ICEမူးယစ်ဆေးဝါးများဖမ်းမိ

Posted on No comments

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ အမှတ်(၅)ရပ်ကွက်မြို့အဝင် နောင်ဖာရဲကင်းတွင် ယနေ့(နိုဝင်ဘာ၎ရက်) မွန်းလွဲ၁နာရီက မော်တော်ယာဉ်တစ်စီးပေါ်မှ ကျပ်သိန်း၂၅၀၀တန်ဖိုးရှိ ICEမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့ အမှတ်(၂၈)မူးယစ်တပ်ဖွဲ့စုမှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါနေ့ရက်က မိုင်းယန်း-မိုင်းခတ်-ကျိုင်းတုံလမ်းအတိုင်း ကျိုင်းတုံမြို့တွင်းသို့ မောင်းနှင်လာသည့် ပရိုဗောက်ယာဉ်ကို ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရာမှ တစ်ကီလိုလျှင်ကျပ်သိန်း၂၅၀တန်ဖိုးရှိ ICEမူးယစ်ဆေးဝါး ၁၀ထုပ် (၁၀ကီလို) ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ယင်းတပ်ဖွဲ့စုမှူး ဒုရဲမှူးဇော်ဝင်းထွန်းက ပြောကြားသည်။

"မူးယစ်ဆေးဝါးတွေကို ကားရှေ့တံခါးကြားတွေထဲ သိုဝှက်သယ်ဆောင်လာတာ။ ကားကမိုင်းယန်းကနေ တာချီလိတ်အထိ ပြေးဆွဲနေတဲ့အဌားကားပါ။ မူးယစ်ဆေးဝါးတွေကို "ဝ"အထူးဒေသ(၂) မိုင်းဖျန်မြို့ကနေတာချီလိတ်ကို အခကြေးငွေနဲ့သယ်ဆောင်လာတာလို့ အဌားယာဉ်မောင်းက ထွက်ဆိုတယ်"ဟု ၎င်းကဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အသက်၃၈နှစ်အရွယ် စိုင်းလှအွမ်ကိုမယ(ပ)၁၄၅/၂၀၁၆၊မူး/ စိတ်ပုဒ်မ-၁၅/၁၉(က)/၂၀(က)အရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရန် စုံစမ်းစစ်ဆေး နေကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းထံမှသိရသည်။

The Voice
http://thevoicemyanmar.com

ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့ ဝန်ကြီး ၂ ဦးကို ဆန္ဒပြ

Posted on No comments
ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့ တိုင်းအစိုးရအဖွဲ့ဝန်ကြီး နှစ်ဦး ရာထူးကနေ နှုတ်ထွက်ပေးဖို့ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့မှာ နိုဝင်ဘာလ ၄ ရက်နေ့က ဆန္ဒပြတောင်းဆိုစဉ်။ Photo: Tun Win
ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းနဲ့ တိုင်းအစိုးရအဖွဲ့ဝန်ကြီး နှစ်ဦး ရာထူးကနေ နှုတ်ထွက်ပေးဖို့အတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့မှာ ဒေသခံ ၆၀ လောက်က ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့ တိုင်းဝန်ကြီးတွေ ဆောင်ရွက်ပေးရမယ့် တာဝန်တွေ ပျက်ကွက်တဲ့အတွက် နှုတ်ထွက်ပေးဖို့ ဆန္ဒပြတောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်သူ  ဦးထွန်းဝင်းက ပြောပါတယ်။

"နံပါတ် တစ်အချက် အဓိက နစ်နာမှုရှိတာကတော့ အလုပ်မလုပ်တဲ့အတွက် မြို့ရွာစည်ပင် မသာယာဘူး။ ရေနစ်တယ်။ နံပါတ် နှစ်အချက် ဈေးသည်လေးတွေ ဒုက္ခရောက်တယ်။ နံပါတ်သုံး အချက်ကတော့ ပဲခူးရိုးမကတော့ တောတွေက ပြုန်းတီးနေပြီ။ ဆင်တွေလည်း အသတ်ခံရတယ်။ အဲတော့ ဒီဝန်ကြီးမျိုးကတော့ မရှိတာပဲ ကောင်းတဲ့သဘောရှိတယ်။" လို့ ပြောပါတယ်။

ပဲခူးတိုင်းအစိုးရအဖွဲ့ သစ်တောရေးရာဝန်ကြီး ဦးကျော်မင်းစံက ဆန္ဒပြသူတွေ စွပ်စွဲသလို ဝန်ကြီးတွေအနေနဲ့ တာဝန်ပျက်ကွက်တာတွေမရှိဘဲ ကြိုးစားလုပ်ဆောင်နေတဲ့အကြောင်း အခုလို ပြောပါတယ်။

"အလုပ်မလုပ်ဘူးဆိုတာကတော့ မဟုတ်ဘူးဗျ။ ကျွန်တော်တို့က နေ့တိုင်းကို လုပ်နေတာ။ ပြောရ ရင်တော့ ပိတ်ရက်တွေပါ အများသောအားဖြင့် ကျွန်တော်တို့က သွားပြီးလုပ်နေတာပါ။ ဆိုလိုတာက သစ်တောတွေ ပြုန်းတီးတယ်ဆိုတဲ့ စွပ်စွဲချက်မျိုးဆိုရင် ကျွန်တော်တို့မှာ တိကျခိုင်မာတဲ့ အချက် အလက်တွေရှိတယ်နော်။ အလုပ်မလုပ်ဘူးဆိုတာတော့ လုံးဝမဟုတ်ဘူးဗျ။ ကျွန်တော်တို့က နေ့တိုင်းကို အလုပ်လုပ်နေတာ။ အစိုးရအဖွဲ့လည်း ဒီအတိုင်းပဲ။ ၀န်ကြီးချုပ်ဆိုလည်း နားတောင်မနားဘူး။ သူတောက်လျှောက်သွားပြီးလုပ်နေတာ" လို့ ပြောပါတယ်။

ဒါ့အပြင် ဆန္ဒပြတာဟာ ပြည်သူတွေရဲ့ အခွင့်အရေးဖြစ်တဲ့အတွက် ဆန္ဒထုတ်ဖော်ပြီးထောက်ပြသလို အစိုးရအဖွဲ့ရဲ့ တိုင်းပြည်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေမှာ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ဖို့လိုတယ်လို့လည်း ၀န်ကြီး ဦးကျော်မင်းစံက ပြောပါတယ်။

ဆန္ဒပြသူတွေဟာ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဝင်းသိန်းနဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်လွင်၊ သစ်တောရေးရာဝန်ကြီး ဦးကျော်မင်းစံတို့ကို နှုတ်ထွက်ပေးဖို့ တောင်းဆိုကြတာဖြစ်ပါတယ်။

ဆန္ဒပြသူတွေအနေနဲ့ ဒီတစ်ကြိမ် ဆန္ဒပြတောင်းဆိုမှု မအောင်မြင်ရင် ပဲခူးမြို့ပေါ်နဲ့ နေပြည်တော်တို့အထိ ဆန္ဒပြတောင်းဆိုသွားမယ်လို့ ပြောပါတယ်။

ဆန္ဒပြသူတွေထဲမှာ သာယာဝတီမြို့ခံ လယ်သမားတွေနဲ့ ဈေးသည်တွေ အများစု ပါဝင်ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese

မောင်တောနယ်ခြားစောင့်တပ် ကွပ်ကဲရေးမှူးဟောင်းကို အရေးယူရန် အကျယ်ချုပ်ချ

Posted on No comments

နိရဉ္စရာ၊ နိုဝင်ဘာ ၎

မောင်တောမြို့နယ် အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးဌာနချုပ် ကွပ်ကဲရေးမှူး ရဲမှူးချုပ်ဟောင်း မောင်မောင်ခိုင်အား စစ်ဆေးမေးမြန်း အရေးယူရန် အကျယ်ချုပ် ချထားလိုက်ပြီဟု သတင်းရရှိသည်။

မောင်တောမြို့နယ်မှ နယ်ခြားစောင့် စခန်း သုံးခု တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးဆိုင်ရာ သုတေသန စစ်တမ်း ပြုလုပ် ခဲ့ပြီးနောက် ယခုလို အရေးယူရန် အကျယ်ချုပ်ချထားလိုက်ခြင်း ဖြစ်သည်ဟု နိုင်ငံတော် သမ္မတရုံး အကြီးတန်း အရာရှိကြီး တစ်ဦးက ပြောကြောင်း ဘီဘီစီ (မြန်မာပိုင်း)က နိုဝင်ဘာ ၃ ရက်နေ့ ညနေပိုင်းက သတင်း ကြေညာသည်။

ရဲမှူးချုပ်ဟောင်း မောင်မောင်ခိုင်သည် အောက်တိုဘာ ၉ ရက်နေ့ နယ်ခြားစောင့် စခန်းများ တိုက်ခိုက်ခံရချိန်က မင်းပြားမြို့နယ်သို့ ရောက်ရှိနေကြောင်း သိရသည်။

ယခုအခါ ၎င်း၏ နေရာတွင် အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးဌာနချုပ် ကွပ်ကဲရေးမှူး အဖြစ် ရဲမှူးချုပ် သူရစန်းလွှင်ကို အစားထိုး ခန့်အပ်ထားလိုက်ပြီ ဖြစ်သည်။

နိရဉ္စရာ
http://www.narinjara.com/burmese
Don't Miss