Responsive Ad Slot

Latest

Sports

Showing posts with label YangonPolice. Show all posts
Showing posts with label YangonPolice. Show all posts

ဘ၀မြင့်ကားမှတ်တိုင်အနီးတွင် ရိုက်နှက်မှုကျူးလွန်ခဲ့ကြသည့် BM ခရီးသည်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ဖမ်းဆီးရမိအရေးယူ

Posted on Saturday, October 29, 2016 No comments

 ရန်ကုန်၊ အောက်တိုဘာ ၂၉

၂၇.၁၀.၂၀၁၆ ရက်နေ့ ၀၉၀၀ အချိန်ခန့်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူများဖြစ်သည့် ကိုကျော်စွာလင်းနှင့် ကိုဟိန်းမင်းကိုတို့ ညီအစ်ကိုနှစ်ဦးသည် ၎င်းတို့၏ အငှားယာဉ်ဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ဘက်မှ သင်္ဃန်းကျွန်းမြို့နယ်ဘက်သို့ လေးထောင့်ကန်လမ်းအတိုင်း မောင်းနှင်လာစဉ် ဘ၀မြင့်ကားမှတ်တိုင်အနီးအရောက် ၎င်းတို့၏ယာဉ်ရှေ့မှ အမှတ်(၁၈၇)ခရီးသည်တင်ယာဉ်လိုင်းမှ H ---- BM ယာဉ်မှာ ယာဉ်ကြော ပိတ်၍ရပ်နေသဖြင့် ပြောဆိုရာမှစကားများကြကာ အဆိုပါ BM ခရီးသည်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့(၄)ဦးမှ ဆဲဆိုကြိမ်းမောင်းပြီး တုတ်များဖြင့် ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း၊ ယင်းသို့ရိုက်နှက်ခံရသဖြင့် ၎င်းတို့(၂)ဦးတွင် ပေါက်ပြဲ၊ ဖူးရောင်၊ နာကျင်ဒဏ်ရာများရရှိခဲ့၍ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့သဖြင့် ဖခင်ဖြစ်သူမှ အရေးယူပေးပါရန်တိုင်တန်းချက်အရ သင်္ဃန်းကျွန်းမြို့မရဲစခန်း(ပ)၁၀၉၁/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅/၂၉၄/၅၀၆/၁၁၄ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ပြီးပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာများတွင်လည်းသင်္ဃန်းကျွန်းမြို့နယ်၊ ဘ၀မြင့်ကားမှတ်တိုင်တွင် BM လိုင်းကားသမားများ၏ မင်းမဲ့စရိုက်ဆန်စွာ ကျူးလွန်ခြင်းများကို ထိရောက်စွာ အရေးယူပေးစေလိုကြောင်း မှတ်တမ်းဓာတ်ပုံများနှင့် ရေးသားဖော်ပြ ခဲ့သည်ကိုတွေ့ရှိရပါသည်။



၎င်း BM ခရီးသည်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များမှာ ယင်းသို့ကျူးလွန်ပြီး ပဲခူးတိုင်းဒေသကြီး က၀မြို့နယ်သို့တိမ်းရှောင်သွားကြောင်းသိရှိရသဖြင့် က၀မြို့နယ်ရဲတပ်ဖွဲ့နှင့် ဆက်သွယ်၍ ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ က၀မြို့နယ်၊ အုန္နဲနယ်မြေရဲခစန်းမှတပ်ဖွဲ့ဝင်များက ၂၈.၁၀.၂၀၁၆ ရက်နေ့တွင် ပြစ်မှု ကျူးလွန်သူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူများဖြစ်သည့် ယာဉ်မောင်း  ရန်ကျော်နိုင်(၂၃)နှစ်နှင့်ခေါလေး(ခ)မိုးမင်းဦး (၂၀)နှစ်၊ ယာဉ်နောက်လိုက် အောင်မျိုးထွေး (၂၀)နှစ်နှင့် ကောင်းမြတ်နိုင် (၁၉)နှစ်တို့ (၄)ဦးကို တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့်လွှဲပြောင်းခေါ်ဆောင်ကာ သက်သေခံပစ္စည်းများသိမ်းဆည်းပြီး ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိပါသည်။

ယင်းအမှုအပြင် ၎င်းတို့ (၄)ဦးသည် အများသူငှာသွားလာနေသော လမ်းပေါ်တွင် ဘေးအန္တရာယ်ဖြစ်စေသော လက်နက်များကိုင်ဆောင်၍တရားဥပဒေစိုးမိုးရေးအား ထိပါးနှောင့်ယှက်သဖြင့် သင်္ဃန်းကျွန်းမြို့မရဲစခန်း (ပ)၁၁၀၁/၂၀၁၆၊ ရန်ကုန်ရဲအက်ဥပဒေပုဒ်မ ၃၀(က)ဖြင့်လည်းအရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/
Don't Miss