Responsive Ad Slot

Latest

Sports

Showing posts with label UnionDaily. Show all posts
Showing posts with label UnionDaily. Show all posts

စဥ့်အိုးတန်းဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် သင်္ဘောပေါ်တွင် ဓားဖြင့်ထောက်၍ ဆန်အိတ်များလုယက်သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွား

Posted on Friday, July 28, 2017 No comments


ရန်ကုန် ဇူလိုင် ၂၇

ရန်ကုန်တိုင်းဒေသကြီး ဆိပ် ကမ်းမြို့နယ် စဥ့်အိုးတန်းဆိပ်ကမ်း တွင် ယမန်နေ့ နံနက် ၃နာရီခွဲက ဆိပ်ကမ်းတွင်ဆိုက်ကပ်ထားသည့် နေလင်းထွန်း(၆၁၄၆) သင်္ဘောပေါ် တွင် သင်္ဘောသားကိုဓားဖြင့်ထောက် ၍ ဆန်အိတ်များ လုယက်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယင်းနေ့နံနက်ပိုင်း တွင် တာဝန်ကျသင်္ဘောသား ချစ် စန်းကိုမှာ သင်္ဘောလုံခြုံရေးတာဝန် ဆောင်ရွက်နေချိန် အမည်မသိ လူသုံးဦးမှာ သင်္ဘောပေါ်တက်၍ ဓားထောက်လုယက်ခဲ့ခြင်းဖြစ် သည်။
''ကျွန်တော်က နံနက် ၂ နာရီ ကနေ ၄ နာရီအထိ တာဝန်ကျပါ တယ်။ ၃ နာရီကျော်ကျော်မှာ အိမ် သာသွားတက်တယ်။ အိမ်သာထဲ ထွက်လာပြီးတော့ သူတို့က ကျွန် တော့်ကိုအချွန်နဲ့ထောက်ထားတယ်။ လူသုံးယောက် ဆန်အိတ်တွေချ သွားတယ်။ကျွန်တော်အော်တဲ့အချိန် သူတို့က ရေလယ်လောက်ရောက် သွားပြီ။ တက်လာတာကို အမှောင် ထဲဆိုတော့ မသိလိုက်ဘူး''ဟု ချစ် စန်းကိုက ပြောသည်။


အဆိုပါ နေလင်းထွန်းသင်္ဘော သည် မြစ်ဝကျွန်းပေါ်ဒေသမှ ဆန် အိတ်များကို တင်ဆောင်ကာ ယင်း နေ့ ည ၁၂ နာရီခွဲအချိန်တွင် စဥ့်အိုးတန်းဆိပ်ကမ်း၌ ဆိုက်ကပ် ခဲ့ခြင်းဖြစ်သည်။
''ည ၁၂ နာရီခွဲလောက်ဆိပ် ကမ်းကို ဝင်လာတာ။ ၂၆ ရက်နေ့ မနက် ကလေးကို ဂျူတီချထား တယ်။ နံနက် ၃ နာရီခွဲလောက် ကျတော့ သူတို့က မော်တော်ပေါ် ရောက်နေတယ်။ မင်းမလှုပ်နဲ့ပေါ့။ ဆန်အိတ်တွေမသွားပြီး ကလေးက လှမ်းအော်တဲ့ အချိန်ကျတော့ သူ တို့က ရေလယ်လောက်ရောက်သွား ပြီ''ဟု ရေယာဉ်အုပ်ဦးမြသန်းက ပြောသည်။

အဆိုပါ ခိုးယူသူများသည် နံနက်အစောပိုင်းများတွင် မြစ် ကြောင်းတစ်လျှောက် ဆိုက်ကပ် ထားသည့် သင်္ဘောများပေါ်တွင် ခိုးယူခြင်း၊ လုယက်ခြင်းများ ကျူး လွန်လေ့ရှိကြောင်း သိရသည်။
''သူတို့ကတစ်ခါတစ်ခါ လှေ နဲ့ မျှောသွားတယ်။ ပိုက်သမား လိုလို ဘာလိုလိုနဲ့ မျှောသွားတယ်။ ပိုက်ချသလိုလို ဘာလိုလိုနဲ့၊ လစ် ရင် လစ်သလိုခံရတာပဲ။ အမှန်မှာ တော့ ခိုးတဲ့သူခိုးကတော့ သင်္ဘော တွေကိုလိုက်ကြည့်နေတာပဲ။ လစ် တယ်ဆိုရင် သင်္ဘောကို လှေနဲ့ဝင် တိုက်ပြီး သင်္ဘောပေါ်ကပစ္စည်းတွေ ဆွဲချသွားတာပဲ။ လူမြင်ရင် ပါလာ တဲ့ လက်နက်နဲ့လုပ်ချင်တယ်။ သူ တို့မှာက ဓားပါတယ်။ ဂျင်ကလိပါ တယ်။ ထိပ်တိုက်ရင်ဆိုင်တွေ့မယ် ဆိုရင်တော့ ချမယ်။ ထိုးမယ်ပေါ့။ နောက်ပြီး အတွင်းသင်္ဘောတွေကို မလုပ်ဘူး။ဆိပ်ကမ်းကိုကပ်ထားတဲ့ တစ်စီးကျော်၊ နှစ်စီးကျော်ကပ် ထားတဲ့ သင်္ဘောတွေကိုလုပ်တယ်'' ဟု ရေယာဉ်အုပ်ဦးမြသန်းကပြော သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဆိပ်ကမ်းမြို့မရဲစခန်းသို့ ယင်း နေ့နံနက် ၁၁ နာရီတွင် သွား ရောက်တိုင်ကြားခဲ့ကြောင်း၊ တိုင် ကြားမှုနှင့်ပတ်သက်၍ သက်ဆိုင် ရာ တာဝန်ကျရဲအရာရှိက စစ်ဆေး မှုများပြုလုပ်ကာ လုယက်မှုကျူး လွန်သူများ ဖမ်းဆီးရမိရေးဆောင် ရွက်ပေးမည်ဖြစ်ကြောင်း၊ ဒလမြို့မ ရဲစခန်းနှင့် ချိတ်ဆက်ဆောင်ရွက် လျက်ရှိကြောင်း နေလင်းထွန်း သင်္ဘောတွင် စာရေးအဖြစ်တာဝန် ထမ်းဆောင်နေသူ ကိုသန့်စင်က ပြောသည်။

''သင်္ဘောသားလေးက သူခိုး လို့ အော်တဲ့အချိန် သင်္ဘောပေါ် တက်ကြည့်တော့ စွပ်ကျယ်လက် ပြတ်နဲ့ အင်္ကျီအမည်း လက်ပြတ် လောက်ပဲ မြင်လိုက်ရတယ်။ လှေ က မြစ်လယ်လောက်ရောက်နေပြီ။ ကျွန်တော်တို့သင်္ဘောဝန်ကလည်း လေးနေတဲ့ အချိန်ဆိုတော့ သူတို့ လှေနဲ့ ကပ်ရင် ကွက်တိဖြစ်နေ တယ်။ ပါလာတဲ့အိတ်ကမြင့်တော့ သာသာလေး ဆွဲချလို့ရတယ်''ဟု ၄င်းကပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဆိပ်ကမ်းမြို့နယ် မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရန် ဖုန်းခေါ်ဆို ခဲ့သော်လည်း ဆက်သွယ်မှုမရရှိ ခဲ့ပေ။

ရန်ကုန်မြစ်နှင့် လှိုင်မြစ်ကမ်း တစ်လျှောက်တွင် စက်တပ်လှေ များအသုံးပြုကာ အုပ်စုဖွဲ့ ဓား၊ လက်နက်များကိုင်ဆောင်၍ ခိုးမှု ကျူးလွန်မှုများရှိနေပြီး ပြီးခဲ့သည့် ၂ဝ၁၆ခုနှစ် ဒီဇင်ဘာလအတွင်းက မြစ်ကမ်းတစ်လျှောက် လိုက်လံခိုး ယူနေသူကို ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

နေထက်ဝေ
The Union Daily 
https://www.facebook.com/uniondaily.net

 
Read in : All Update Reader

ပြည်တွင်းဈေးကွက်တွင် ကန်ဒေါ်လာဈေးနှုန်းစံချိန်တင်ဈေးဖြစ်လာ

Posted on Friday, October 28, 2016 No comments

ရန်ကုန် အောက်တိုဘာ ၂၇

လက်ရှိ အစိုးရလက်ထက်တွင် အမေရိကန်ဒေါ်လာဈေးနှုန်းသည် စံချိန်တင်ဈေးဖြစ်လာခဲ့ပြီး တစ် ဒေါ်လာလျှင် ကျပ် ၁၃ဝဝနီးပါးထိ မြင့်တက်နေကြောင်း နိုင်ငံခြား ငွေကြေးဈေးကွက်အတွင်းမှ သိရ သည်။

ယမန်နေ့ကဖြစ်ပေါ်ခဲ့သည့် နေ့လယ်ခင်းပေါက်ဈေးမှာ တစ် ဒေါ်လာလျှင် ကျပ် ၁၂၉၃ ဖြစ်ပြီး ယခုလ ၂၄ ရက်တွင် ဖြစ်ပေါ်ခဲ့ သောတစ်ဒေါ်လာကျပ် ၁၂၉ဝ စံချိန်ကို ကျော်လွန်ခဲ့ပြီဖြစ်သည်။ ''ဒေါ်လာဈေးတက်ရင် ပို့ကုန် သမားတွေအတွက်တော့ ကိုက်တာ ပေါ့။ သွင်းကုန်သမားတွေကျတော့ သွားပြီ။ ဒီအချိန်က ပို့ကုန်များများ ပို့ရမယ့်အချိန်ပဲ။ အစိုးရရဲ့ထိန်း ကျောင်းမှုလို တယ်။ ထိရောက်စွာ ထိန်းကျောင်းပေးဖို့လိုတယ်။ အဲ့ဒါ ဆိုရင် ဒေါ်လာဈေးတက်တာရပ် သွားမှာပေါ့''ဟု နိုင်ငံခြားငွေကြေး လဲလှယ်သည့် လုပ်ငန်းလုပ်ကိုင်သူ ဦးအောင်ကြီးက ပြောကြားသည်။

ထိုသို့ပြင်ပငွေလဲနှုန်းမြင့်တက် မှုကြောင့် ပို့ကုန်ရငွေ (နမေညငညါ) ဒေါ်လာဈေးနှုန်းများလည်း မြင့် တက်ခဲ့ပြီး ယခုလ ၂၄ ရက်က ပို့ ကုန်ရငွေ တစ်ဒေါ်လာလျှင် ၁၃ဝ၂ ကျပ်ခန့်ရှိနေရာမှ ယခုအခါ ၁၃ဝ၅ ကျပ်မှ ၁၃ဝ၆ နှုန်းအထိ လေး ကျပ်ဝန်းကျင်မြင့်တက်လာသည်။ ပြင်ပငွေလဲနှုန်း မြင့်တက်နေခြင်း ကြောင့် မြန်မာနိုင်ငံတော်ဗဟို ဘဏ်၏ ရည်ညွှန်းနိုင်ငံခြား ငွေလဲ နှုန်းသည်လည်း ယခုလ ၂၄ ရက် ကတစ်ဒေါ်လာလျှင် ၁၂၇၅ ကျပ် သတ်မှတ်ခဲ့ပြီး ထိုမှတစ်ဆင့် ယခု လ ၂၅ ရက်တွင်ကျပ် ၁၂၈ဝ ဖြစ် လာခဲ့ရာ ယမန်နေ့သတ်မှတ်ဈေး နှုန်းမှာ ၁၂၈၂ ကျပ်သို့မြင့်တက် လာခဲ့သည်။

 လက်ရှိအချိန်တွင် ငွေ ကြေးဈေးကွက်အတွင်း နိုင်ငံခြား ငွေလဲနှုန်းမှာ အတက်ကြမ်းပြီး အကျနှေးလျက်ရှိကြောင်း၊ နယ်စပ် မှ တရားမဝင်ပစ္စည်းများအသွင်း၊ အထုတ်ပြုလုပ်နေခြင်းသည်လည်း ဒေါ်လာဈေးမြင့်တက်လာမှုအတွက် အကြောင်းအရင်း တစ်ချက်ဖြစ်နေ ကာ ဒေါ်လာဈေးနှုန်းများ အတက် အကျမညီမျှမှုမှာ လုပ်ငန်းရှင်များ အတွက် အခက်တွေ့စေကြောင်း စီး ပွားရေးလုပ်ငန်းရှင်တချို့ကသုံးသပ် ကြသည်။

 ထိုသို့နိုင်ငံခြားငွေလဲနှုန်း ဆက်လက်မြင့်တက်နေခြင်းကြောင့် ပြည်တွင်း ရွှေဈေးနှုန်းမှာလည်း လိုက်ပါမြင့်တက်နေခဲ့ပြီး တစ်ကျပ် သားလျှင် ယမန်နေ့ကအခေါက်ရွှေ ဈေးမှာ ကျပ် ၈၇၉၅ဝဝ ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းသည် ယခုလ ၂၅ ရက်က တစ်အောင်စလျှင် ၁၂၆၇ ဒေါ်လာဝန်းကျင်မှ ၁၂၇၅ဒေါ်လာ သို့မြင့်တက်နေကြောင်း ဈေးကွက် အတွင်းမှ သိရသည်။

မေလွင်
The Union Daily
https://www.facebook.com/uniondaily.net
Don't Miss