Responsive Ad Slot

Latest

Sports

Showing posts with label MOI. Show all posts
Showing posts with label MOI. Show all posts

မောင်တောမြို့နယ် နိုရူလာရဲကင်းစခန်းရှေ့မှ အကြမ်းဖက်သမားများ ကိုင်ဆောင်သည့် ပစ္စတိုသေနတ် တစ်လက်နှင့် ခဲယမ်းအချို့ တွေ့ရှိ သိမ်းဆည်းရမိ

Posted on Saturday, November 5, 2016 No comments

မောင်တော နိုဝင်ဘာ ၎

မောင်တောမြို့မှ အလယ်သံကျော်ကျေးရွာဘက်သို့အထွက် သုံးမိုင်ခန့်အကွာရှိ နိုရူလာရဲကင်းစခန်းမှ ကင်းစောင့်ရဲတပ်ဖွဲ့ဝင် နှစ်ဦးအား ယမန်နေ့ညနေက ပစ်ခတ်ထွက်ပြေးသွားခဲ့သည့် အကြမ်းဖက်သမားများ ဆုတ်ခွာရာနေရာများကို ယနေ့ နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များက ထပ်မံရှင်းလင်းစဉ် အကြမ်းဖက်သမားများ ကိုင်ဆောင်သည့် ပစ္စတိုသေနတ်တစ်လက်နှင့် ယင်းကျည်အချို့ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ယမန်နေ့ ညနေ ၅ နာရီ မိနစ် ၅၀ ခန့်က နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၁၁ ဦး တာဝန်ထမ်းဆောင်လျက်ရှိသည့် နိုရူလာရဲကင်းစခန်းရှေ့သို့ အလယ်သံကျော်ရွာမှ မောင်တောမြို့ ဘက်သို့ ဦးတည်မောင်းနှင်လာသော ဆိုင်ကယ် သုံးစီးဖြင့် အရပ်ဝတ်နှင့် အကြမ်းဖက်သမား ခြောက်ဦးခန့် ရောက်ရှိလာပြီး ကင်းစောင့်ရဲတပ်ဖွဲ့ နှစ်ဦးအား လက်နက်ငယ်ဖြင့် ရုတ်တရက် ပစ်ခတ်ထွက်ပြေးစဉ် ကင်းစခန်းရှိ ရဲတပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်မှုကြောင့် အကြမ်းဖက်သမားအချို့ ဒဏ်ရာရရှိသွားပြီး ဆိုင်ကယ်များကျန်ရှိကာ ခြေကျင်ဆုတ်ခွာထွက်ပြေးသွား ခဲ့သည်။

“ကင်းစခန်းရှေ့ကို အရပ်ဝတ်အကြမ်းဖက်သမား ခြောက်ဦးက ဆိုင်ကယ်သုံးစီးနဲ့ ရောက်လာပြီး လက်နက်အတိ တွေနဲ့ အနီးကပ် စတင်ပစ်ခတ်ပါတယ်။ ကျွန်တော့်လူတွေ ထိပြီဆိုတာနဲ့တစ်ပြိုင်နက် ကျွန်တော်လည်း ကင်းစခန်းပေါ်က ချက်ချင်းတုံ့ပြန်ပစ်ခတ်ပါတယ်။ သူတို့ကလည်း ကင်းစခန်း အပေါက်ဝက တစ်ဦး၊ သစ်ပင်ဘေးက တစ်ဦးနဲ့ အခြား လေးဦး ကလည်း ကျွန်တော်တို့ ကင်းစခန်းထဲကို ပစ်ခတ်ပါတယ်။ ကျွန်တော် တို့အားလုံး အမြန်ဆုံး တုံ့ပြန်ပစ်ခတ်လို့ သူတို့တွေ ဆုတ်ခွာသွားပါတယ်။ အပြန်အလှန်ပစ်ခတ်မှု ငါးမိနစ် ခန့်ကြာပါတယ်။ ဆုတ်ခွာသွားတဲ့နောက်ကို ရဲတပ်ကြပ်ကြီးထွန်းဦးက ကိုက်အနည်းငယ်အကွာထိ လိုက်လံ ပစ်ခတ်ရှင်းလင်းခဲ့ပြီး နောက် တပ်မတော်က ၁၀ မိနစ်ခန့်မှာ ရောက်ရှိလာပြီး ဆုတ်ခွာ သွားသူတွေရဲ့နောက်ကို လိုက်လံရှင်းလင်းခဲ့ပါတယ်။ သူတို့ထဲက တစ်ဦး ဒဏ်ရာရရှိခဲ့တဲ့ သွေးကွက်တွေလည်း တွေ့ရှိခဲ့ရတယ်” ဟု နိုရူလာကင်းစခန်းမှူး ရဲအုပ်ကျော်မြင့်အောင်က ပြောသည်။


အဆိုပါဖြစ်စဉ်တွင် ကင်းစောင့်တာဝန်ကျရဲတပ်ဖွဲ့ဝင် ရဲဒုတပ်ကြပ်တစ်ဦး ကျဆုံးခဲ့ပြီး တပ်ကြပ်တစ်ဦးမှာ ရှပ်ထိ ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကာ ရန်သူများဘက်မှ ဒဏ်ရာရရှိသွားသည့် သွေးကွက်များစွာကိုလည်း တွေ့ရှိခဲ့သည်။ ရန်သူ့ထံမှ ဆိုင်ကယ် သုံးစီး၊ ပစ္စတိုသေနတ်ထည့် အိတ်ခွံ လေးခု၊ သော့ချိတ် ဓာတ်မီးငယ် သုံးခု၊ သံဖြတ်ကိရိယာ (Cutter) နှစ်ခု၊ နာရီ ဓာတ်ခဲ သုံးလုံး၊ လက်လုပ် မီးလောင်ဗုံး ဓာတ်ဆီပုလင်း တစ်လုံး နှင့် ပစ္စတိုကျည်ခွံ ၁၃ ခုတို့ကို သိမ်းဆည်းရမိခဲ့သည်။

ယနေ့နံနက် ၇ နာရီခန့်တွင် ရဲတပ်ဖွဲ့ဝင်များက ဖြစ်စဉ် ဖြစ်ပွားခဲ့သည့် ရဲကင်းစခန်းရှေ့ကို ထပ်မံရှင်းလင်းစဉ် မြက်တောအတွင်းမှ USA စာတန်းပါ ပစ္စတိုသေနတ် တစ်လက်၊ ယင်းကျည်ကပ် နှစ်ခု၊ ကျည်ဆန် ငါးတောင့်နှင့် ကျည်ခွံ သုံးခုတို့ကို ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးရမိချေမှုန်း နိုင်ရေး တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

မဟာဗန္ဓုလလမ်းပေါ်မှာ မော်တော်ယာဉ် မီးလောင်မှု ဖြစ်ပွား

Posted on Friday, November 4, 2016 No comments
ဓါတ်ပုံ - Htoo Htoo khin
ရန်ကုန် နိုဝင်ဘာ ၎

ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်တွင် အမှတ် (၂) ရပ်ကွက် မဟာဗန္ဓုလ လမ်းနှင့် (၅၃) လမ်းထိပ်၊ မဟာဗန္ဓုလ လမ်းအတိုင်း အရှေ့မှ အနောက် သို့ မောင်းနှင်လာသော ယဉ်အမှတ် AA-8329 Probox ခဲရောင် အငှား ယာဉ်သည် ဆီပိုက် ပြုတ်ထွက်၍ အင်ဂျင်ခန်းပေါ်ကျပြီး မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့ပါသည်။


အဆိုပါမောင်တော်ယာဉ် မီးလောင်မှု ဖြစ်ပွားရာ နေရာသို့ မြို့နယ် မီးသတ် ဦးစီးမှူး ဦးကျော်လွင် ဦး ဦးစီး၍ မီးသတ်တပ်ဖွဲ့ဝင်များ မြို့မ မေတ္တစခန်းမှူး ရဲအုပ် မျိုးသန့် ဦးစီးတပ်ဖွဲ့ဝင်များ ၊ အမှတ်(၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်း ပါအဖွဲ့ဝင်များမှ မီးသတ်ယာဉ် (၂) စီးဖြင့် မီးငြှိမ်းသတ်ခဲ့သည်။ အငှားယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရှိရသည်။


မီးလောင်မှုကြောင့် ယာဉ်ရှေ့ခန်း ပျက်စီးဆုံးရှုံးခဲ့သည်။ မီးလောင်မှုဖြစ် စဉ်နှင့် ပတ်သက်၍ ပုဇွန်တောင်မြို့မ ရဲစခန်းတွင် အမှုဖွင့် အရေး ယူဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိသည်။

ပုဇွန်တောင် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

မိုးညှင်း၌ တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းအရိုင်းတုံးများ ဖမ်းဆီးရမိ

Posted on Monday, October 31, 2016 No comments

မိုးညှင်း အောက်တိုဘာ ၃ဝ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ညောင် ကိုင်းကျေးရွာ အနီး ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် တရားမဝင် သယ်ဆောင်လာသော ကျောက်စိမ်းအရိုင်းတုံးများကို သိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၃ဝ ရက် ညနေ ၅ နာရီခွဲခန့်က ခရိုင်ရဲတပ်ဖွဲ့ ရဲအုပ် အောင်ကျော်မိုးနှင့် အဖွဲ့သည် သက်သေ များနှင့် အတူ ရွှေဘို-မြစ်ကြီး နား ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ မိုးညှင်းမြို့နယ် ညောင်ကိုင်းကျေးရွာ အုပ်စု ညောင်ကိုင်းကျေးရွာအရှေ့ ကား လမ်းမပေါ်တွင် တရားမဝင်ကျောက်စိမ်း အရိုင်းတုံးများ သယ်ဆောင်လာကြောင်း သတင်း အရ စောင့်ဆိုင်းစဉ် ဖားကန့်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ဘိုဘို အေး(၅၁ နှစ်) မိုးညှင်းမြို့နယ်နှင့် ယာဉ်ခေါင်းခန်းတွင် လိုက်ပါသူ ရိန်းအောင်ရွန်း( ၂၂ နှစ်) မိုးညှင်းမြို့နယ် နေသူတို့ စီးနင်းလာသော ယာဉ်အမှတ် 1H/---- SKATယာဉ်အား သက်သေ များနှင့်အတူ စစ်ဆေး ရှာဖွေရာ ကျောက်စိမ်းအရိုင်းတုံး အမျိုးအစား အရွယ်စုံ ၂၄ တုံး အလေးချိန် ၂ဝ၁ ကီလိုဂရမ်ခန့်၊ ကျောက်ဖြတ်စဆိုဒ်စုံ ၅၁ ခြမ်း အလေးချိန် ၅၂၂ ကီလိုဂရမ်ခန့်၊ ကျောက်အပိုင်းအစရောရာ အခြမ်း ၂ဝဝ၊ အလေးချိန် ၉၇ ကီလိုဂရမ်ခန့်၊ ကျောက် အကြေတစ်အိတ် အလေးချိန် ၇ ကီလိုဂရမ်၊ ကျောက်လက်ကောက် ကွင်း အချောကွင်း ၂ဝ၊ အကြမ်းနှစ်ကွင်း စုစုပေါင်း ၂၂ ကွင်း အလေးချိန် တစ်ကီလို ဂရမ်ခန့်၊ သွေးပြီးသား ကျောက် စိမ်း စေ့တစ်စေ့ အလေးချိန် ၂ ဂရမ်ခန့် စုစုပေါင်းအလေးချိန် ၈၂၈ ဒသမ ဝဝ၂ ကီလိုဂရမ်ခန့်အား တွေ့ရှိရသဖြင့် ကျောက်စိမ်းအရိုင်းတုံးများ သယ်ဆောင် လာသူ ဘိုဘိုအေးနှင့် အောင်ရွန်းတို့အား မိုးညှင်းရဲစခန်းက အမှုဖွင့်အရေးယူ စစ်ဆေးဆောင်ရွက်ရှိကြောင်း သိရ သည်။

နီတိုး
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

အကြမ်းဖက်စီးနင်း တိုက်ခိုက်သူသုံးဦး ထပ်မံဖမ်းဆီးရမိ

Posted on Saturday, October 29, 2016 No comments

နေပြည်တော် အောက်တိုဘာ ၂၈

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စာကိုင်းကျေးရွာအတွင်း သတင်းအရ တပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ယနေ့ နံနက် ၇ နာရီခွဲခန့်တွင် ပိတ်ဆို့ရှင်းလင်းရာ အကြမ်းဖက်စီးနင်းတိုက်ခိုက်ရာတွင် ပါဝင်သူများဖြစ်သည့် စာကိုင်းကျေးရွာနေ ဟာမီ တူဆောင်း(ဘ) အနူဟလာမ်နှင့် နိုတူလာမိန်(ဘ) ဆူတာနာမတ်တို့ နှစ်ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ယနေ့မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်ကလည်း သတင်းအရ ရသေ့တောင်မြို့နယ် ကိုးတန်ကောက် ကျေးရွာအတွင်း ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ရှင်းလင်း ရှာဖွေခဲ့ရာ အကြမ်းဖက်စီးနင်းတိုက်ခိုက်ရာတွင် ပါဝင်သူ အာယုဒ်(ဘ) ကာလီဟူဆောင်းကို ၎င်း၏ နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။


အဆိုပါ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး ကျောင်းတောင်ရဲကင်း စခန်းနှင့် အင်းဒင်ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ ပြီးဖြစ်ကြောင်း သိရသည်။

အလားတူ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနယ်မြေများအတွင်းသို့ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ ထပ်မံဝင်ရောက်မှုမရှိစေရေးအတွက် နတ်မြစ်အတွင်း တပ်မတော်(ရေ)မှ တပ်မတော်သားများ က တိုက်ကင်းလှည့်လည်ဆောင်ရွက်စဉ် အောက်တိုဘာ ၂၇ ရက် ညနေ ၅ နာရီ မိနစ် ၂ဝ ခန့်တွင် တံချောင်းနှင့် ထန်းချောင်းကြား ရေလယ်ကျွန်းအနီး၌ တစ်ဖက်နိုင်ငံသို့ ရေကူးသွားနေသည့် မသင်္ကာဖွယ်ဘင်္ဂါလီလူမျိုး အမျိုးသားသုံးဦးကို တွေ့ရှိသဖြင့်ခေါ်ယူရာ ထွက်ပြေးရန် ကြိုးစားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ မောင်တောမြို့နယ် လိပ်ရကျေးရွာ(အလယ်)နေ အာဘူးရှားမား (ဘ) အဒူလာလီ၊ အာလီဇော်ဟက်(ဘ) အီစမိုင်းနှင့် ရှာခွန်သာလီ(ဘ) အာဆီဇော်ဟပ်တို့ သုံးဦးကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိ မသင်္ကာဖွယ် ဘင်္ဂါလီလူမျိုး သုံးဦးအား လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရေးအတွက် မောင်တောမြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

(မြဝတီ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

အကြမ်းဖက် စီးနင်း တိုက်ခိုက်မှုများတွင် ပါဝင်ခဲ့သူ (၈)ဦးနှင့် နတ်မြစ် အတွင်း မသင်္ကာဖွယ် ဘင်္ဂါလီ ၅ ဦး ဖမ်းဆီးရမိ

Posted on Friday, October 28, 2016 No comments

နေပြည်တော် အောက်တိုဘာ ၂၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင် ရွက်နေ သော တပ်မတော်စစ်ကြောင်းသည် ယနေ့ နံနက် ၆ နာရီ ၁၀ မိနစ်ခန့်တွင် ငါးစာကြူးကျေးရွာအတွင်း ၀င်ရောက်ရှင်းလင်း ရာ ပြောင်ပိုက်ကျေးရွာ အနီး တပ်မတော် စစ်ကြောင်းနှင့် ဖြစ်ပွား ခဲ့သော ဖြစ်စဉ်တွင် ပါဝင်ခဲ့သူများဖြစ်သည့် အာကူဟာလောင် (ဘ)မာမွတ်ရှော်ဒီ၊ ခါမားဟူဆေး(ဘ)ဘော်ဒူဇာဟာ၊ အာဘူအာလောင်(ဘ) ဘဆွန်းဘာလီ၊ ဇာရွတ်အာလောင်(ဘ)ချူနာဘာလီ၊ နူရူကာမိုင် (ဘ) ဆော်လီဟူဆောင်း၊ ဟာဘူအူးဆောင်း(ဘ)တဆွန်းဘာလီ၊ ဂျူရာလောင်(ဘ) နော်ဇီရာမောက်နှင့် အာဘူဘော်ရှော(ဘ)နော်ဇီရာမောက် ၈ ဦး တို့ကို ဖမ်းဆီးရမိခဲ့ပြီး အမှတ်(၁) နယ်ခြားစောင့် ကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်)သို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သိရသည်။

အလားတူ တပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက အကြမ်း ဖက်စီးနင်းတိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူများအား လိုက်လံဖော်ထုတ် ရှင်းလင်းလျက်ရှိရာ ယနေ့ နံနက် ၇ နာရီတွင် ကျောင်းတောင်ကျေးရွာရှိ အဒူလာ(ဘ) ဆူတာအာမတ်အား ၎င်း၏ နေအိမ်၌လည်းကောင်း၊ နံနက် ၁၁ နာရီခွဲအချိန်တွင် ကြက်မောက်တောင် အနောက်ရွာနေ ဆွေတာမောက် (ဘ) ဖေရင် အား ၎င်း၏ နေအိမ်၌လည်းကောင်း အသီးသီး ထပ်မံ ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ ရဲစခန်းများသို့ စနစ်တကျ လွှဲပြောင်း အပ်နှံ ခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့ နံနက် ၁ နာရီခန့်တွင် နတ်မြစ်အတွင်း NAVYSEALs အဖွဲ့မှ တိုက်ရေယာဉ်ဖြင့် တိုက်ကင်းတာဝန်ထမ်းဆောင်စဉ် ဦးရှည်ကျချောင်း ၏ တောင်ဘက် ကိုက် ၃၀၀ ခန့်အကွာ ချောင်းပေါက်ငယ်အတွင်းမှ နတ်မြစ်ဘက်သို့ လှော်ခတ်လာ သော လှေ ၂ စီးအား တွေ့ရှိသဖြင့် မီးဖြင့်အချက်ပြခေါ်ယူရာ ပြန်လှည့်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ဒီရေတောအတွင်း ပုန်းအောင်းနေသည့် ဘင်္ဂါလီလူမျိုး အဒူဇူဝိုင်း(ဘ) ရူဇိမ်းနာနှင့် ၎င်း၏ဇနီး နူကနိ(ဘ) နုရူဟာကိန်၊ သမီး ရုဂျီးနားနှင့် သား ၂ ဦးဖြစ်သည့် ၀ါဟဲမူတိုဖာ၊ မူဟာမက်ဟူပိုက် တို့ ၅ ဦးအား ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသည့် မသင်္ကာဖွယ်ရာ ဘင်္ဂါလီလူမျိုး ၅ ဦးအား အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် မောင်တောမြို့မ ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

(မြ၀တီ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

ပြည်ကြီးတံခွန်မြို့နယ်တွင် မင်္ဂလာဆောင် ဒံပေါက်စားရာမှ လူ(၅၅) ဦး အစာအဆိပ်သင့်မှု ဖြစ်ပွား

Posted on No comments

ပြည်ကြီးတံခွန် အောက်တိုဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ပြည်ကြီးတံခွန်မြို့နယ်၊ချမ်းမြသာယာရပ်ကွက် ရဲဘော်စိုက်ကွင်း(အရှေ့)၌ အောက်တိုဘာ ၂၇ ရက် က မင်္ဂလာဆောင် ဒံပေါက်စားရာမှ လူ(၅၅)ဦး အစာအဆိပ်သင့်မှုဖြစ် ပွားခဲ့ကြောင်းသိရသည်။

အဆိုပါရပ်ကွက်၌ မင်္ဂလာမောင်နှံအိမ်၌ ယနေ့နံနက် ၇ နာရီ မှ ၁၂ နာရီ ထိ မင်္ဂလာပွဲကျင်းပခဲ့ပြီး ဒံပေါက်၊ ငရုတ်သီးကြော်၊ ပါလချောင်ကြော်၊ သရက်သီး ကုလားတည်နှင့် ကြာစံဟင်းခါး၊ ပူစီနံ၊ ငရုတ်သီးစိမ်း၊ လက်ဖက်သုပ်နှင့် ပုလင်းဖျော်ရည်တို့ဖြင့် ဧည့်ခံခဲ့ရာ စားသုံးမိသူများ အနေဖြင့်အောအန်ခြင်း၊ ၀မ်းလျှောခြင်းများ ဖြင့် အစာအဆိပ်သင့် မှု ဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်ကြောင့် လူ(၅၅) ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပြီး၊ ကျား (၁၂)ဦး၊မ(၃၀) ဦး အား အဆိုပါရပ်ကွက် မိုးကောင်းဓမ္မာရုံတွင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကွင်းဆင်း ကုသလျက်ရှိပြီး ကျား(၅) ဦး ၊မ(၈) ဦး တို့အား ကုတင်(၃၀၀) အထူးကုဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူ လျက်ရှိကြောင်းသိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

ဘင်္ဂလား ဒေ့ရှ်နိုင်ငံသား တစ်ဦး ရန်ကုန်လေဆိပ်အတွင်းသို့ ခိုးဝင်စဉ် ဖမ်းမိ

Posted on Thursday, October 27, 2016 No comments
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်းသို့ ခိုးဝင်ရန်ကြိုးပမ်းသူကို အရေးယူ

ရန်ကုန် အောက်တိုဘာ ၂၆

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် အတွင်းသို့ အောက်တိုဘာ ၂၅ ရက်က ခိုးဝင်ရန် ကြိုးစားသူကို ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။
ယင်းနေ့ညနေ ၆ နာရီ ၁၅ မိနစ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ဆိုက်ရောက်/ ထွက်ခွာဆောင် အသစ်(Terminal-3) ဆောက်လုပ်ဆဲ အဆောက်အအုံသစ်အနီး၌ မသင်္ကာ ဖွယ်လူတစ်ယောက်ကို အစောင့်ဝန်ထမ်း ကတွေ့ရှိ၍ မေးမြန်းခဲ့ပြီးနောက် လေဆိပ်လုံခြုံရေးတာဝန်ယူထားသော လေကြောင်းရဲတပ်ဖွဲ့ကို အပ်နှံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းကို စစ်ဆေးမေးမြန်းကြည့်သော အခါ Mr.Mohammad Hanifuz Zaman (၃၃ နှစ်) ဖြစ်ပြီး နိုင်ငံကူး လက်မှတ် (AD- 1308810)ကိုင်ဆောင်ထားသူဖြစ်ကာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသားဖြစ်ကြောင်း သိရသည်။

''အောက်တိုဘာ ၂၅ ရက် နေ့လယ် ပိုင်း ဘင်္ဂလားဒေ့ရှ် ဒါကာက ရန်ကုန်ကို လာတဲ့ နိုဗိုအဲဆိုတဲ့ လေယာဉ်နဲ့ ပါလာ တယ်။ ရန်ကင်းမြို့နယ်မှာရှိတဲ့Real Link မိုတယ်မှာ အခန်းတွေ ဘာတွေ ငှားတယ်။ သူက အဲဒီကနေ ရန်ကုန် လေဆိပ်ကို ပြန်လာတယ်။ ပြီးတဲ့အခါ ဆောက်လုပ်ဆဲ Terminal 3 နားက နိုင်ငံခြားကပို့တဲ့ ပစ္စည်းတွေရွေးတဲ့နေရာ မှာ ဝင်လိုက်တယ်။ ပြီးတော့မှာ Custom Ware- house ထဲကို မဝင်ဘဲနဲ့ ဘေးကနေထွက်ပြီး လေဆိပ်ထဲမှာ ပစ္စည်းတွေပို့တဲ့ အဝင်အထွက်လမ်းထဲ သူကဝင်လာပြီး အပေါက်ဝလေးကို ကျော်လိုက်တဲ့အချိန်မှာ လေယာဉ်ပေါ်က ချတဲ့ပစ္စည်းတွေကလည်း ပုံနေတယ်။ အဲဒီလို ရှုပ်ထွေးနေတဲ့အနေအထားမှာ မယောင်မလည်နဲ့ ဝင်လာတာပါ။ အစောင့်ကမေးတော့ သူက မြန်မာစကား မပြောတတ်ဘူး။ သူ့ကိုကျွန်တော်တို့က အဲဒီမှာပဲ ခေါ်ယူစစ်ဆေးတာတွေ လုပ်ပါတယ်'' ဟု ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအုန်းလွင်က ပြောကြားသည်။

ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက် ရန်ကုန်လေဆိပ်လုံခြုံရေးကို တိုးမြှင့် လိုက်ပြီး ၄င်းဝင်ရောက်ခဲ့သော နေရာ တစ်ဝိုက် မိုင်းရှာဖွေရေးအဖွဲ့များဖြင့် ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ထူးခြားမှုတစ်စုံတစ်ရာ မတွေ့ရှိရကြောင်း သိရသည်။ လမ်းမီးများကိုလည်း မာကျူရီ မီးများ တိုးချဲ့တပ်ဆင်ခဲ့ပြီး ဝန်ထမ်းများ ကို စိစစ်ရေးကတ်ချိတ်ဆွဲရန်နှင့် သတ်မှတ်ဝတ်စုံများ ဝတ်ဆင်သွားလာရန် ညွှန်ကြားထားကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အတွင်းသို့ ခိုးဝင်ခဲ့သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် မင်္ဂလာဒုံ မြို့မရဲစခန်းနှင့် လေကြောင်းရဲတပ်ဖွဲ့တို့က စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

သတင်း- ထင်ပေါ်ဝင်း
သန်းထိုက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်း စစ်ဆေးရေးဂိတ်၌ ကျောက်စိမ်းအိတ် ၁၇ဝ သိမ်းဆည်းရမိ

Posted on Wednesday, October 26, 2016 No comments

မြစ်ကြီးနား အောက်တိုဘာ ၂၅ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကန်ပိုက်တည် နယ်စပ်ကုန်သွယ်ရေး စခန်း စစ်ဆေးရေးဂိတ်၌ ဆာလာအိတ် ဖြင့် ထည့်ထားသော ကျောက်စိမ်းအိတ် ၁၇ဝ ကို အောက်တိုဘာ ၂၄ ရက် ညနေ ၄ နာရီက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကန်ပိုက်တည် နယ်စပ်ကုန်သွယ် ရေးစခန်း စစ်ဆေးရေးဂိတ်သို့ မြစ်ကြီးနား မြို့ဘက်မှ ဝင်ရောက်လာသော ယာဉ် အမှတ် ၉ခ/---- ၁ဝ ဘီးယာဉ်ကို မြစ်ကြီးနားမြို့နယ် အကောက်ခွန်ဦးစီး မှူးရုံးမှ အကောက်ခွန်မှူး ဦးသိန်းထိုက်ဦး ဦးစီးသော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ သည် ရပ်တန့်စစ်ဆေးရာ ယာဉ်၏ ကိုယ်ထည်အတွင်း အံဝှက်ပြုလုပ်၍ သယ်ဆောင်လာသည့် ကျောက်စိမ်း အိတ် ၁၇ဝ (အလေးချိန် စိစစ်ဆဲ) ကို တွေ့ရှိခဲ့သဖြင့် အကောက်ခွန်ဥပဒေ အရ အရေးယူဆောင်ရွက်ရန် မော်တော် ယာဉ်နှင့် ကျောက်စိမ်းအိတ်တို့ကို မှတ်တမ်းပြုစု၍ သိမ်းဆည်းခဲ့သည်။

ပြစ်မှုကျူးလွန်သူ နှစ်ဦးအား အရေးယူပေးပါရန် အကောက်ခွန်မှူး ဦးသိန်းထိုက်ဦးက နယ်မြေရဲစခန်း (ကန်ပိုက်တည်)သို့ တရားလိုပြုလုပ်၍ တိုင်တန်းလာသဖြင့် ယာဉ်မောင်း တင်ထွန်းလင်း(၂၈ နှစ်)နှင့် ယာဉ်နောက် လိုက် ဇင်မျိုးအောင် (၃၅ နှစ်)မြစ်ကြီးနား မြို့နေသူတို့ကို နယ်မြေရဲစခန်း (ကန်ပိုက်တည်)က အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

မင်းရာဇာ
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

အမြန်ရေယာဉ်နစ်မြုပ်မှု သေဆုံးသူ ၃၄ ဦးအထိ ရှိလာ

Posted on Tuesday, October 18, 2016 No comments
အမြန်ရေယာဉ်နစ်မြုပ်မှုမှ ပျောက်ဆုံးရုပ်အလောင်းများအား ဆက်လက်ရှာဖွေဆောင်ရွက်လျက်ရှိ


ကနီ အောက်တိုဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ကင်းကျေးရွာအုပ်စု၊ မိချောင်းတွင်း ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း၌ အောက်တိုဘာ ၁၅ရက်နေ့ နံနက်(၀၅း၀၀)နာရီတွင် ဟုမ္မလင်းမြို့မှ မုံရွာမြို့သို့ ရေယာဉ်မောင်း ဇော်မျိုးဝင်း မစ်ဆူဘီရှီ(၄၀)၊ (၆)လုံးထိုး အင်ဂျင်စက်တပ် အောင်စိုးမိုးကျော် ခရီးသည်တင်အမြန်ရေယာဉ် ရေယာဉ်နှစ်မြုပ်၍ ပျောက်ဆုံးအလောင်းများကို ကင်းကျေးရွာအုပ်စု၌ ဒုရဲမှူးကြီး မောင်မောင်ဝင်းနှင့် ရဲမှူးတင်မောင်မြင့်တို့ဦးဆောင်သော မြို့နယ်မီး သတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်အဖွဲ့များနှင့် ကူညီရှာဖွေကယ်ဆယ်ရေးအဖွဲ့များသည် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများများ အောက်တိုဘာ ၁၇ ရက်နေ့အထိ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


အဆိုပါရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ၁၇ရက်နေ့အထိ နေရာအသီးသီးမှ အမျိုးသား ရုပ်အလောင်း(၉)လောင်းနှင့် အမျိုးသမီးအလောင်း(၂၅)လောင်းရှာဖွေတွေ့ရှိခဲ့ပြီး စုစုပေါင်း (၃၄)လောင်း ရှာဖွေတွေ့ရှိထား အချို့ကို သေးဆုံးသူမိဘဆွေမျိုးများဆက်သွယ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး တစ်ချို့ ရုပ်အလောင်းဆွေးမျိုးများမပေါ်သေးသော အလောင်းများကိုလည်း စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယင်းအောင်စိုးမိုးကျော် အမြန်ရေယာဉ်နစ်မြုပ်နေမှုကိုလည်း မော်တော်ဆယ်ယူရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

မကွေးတံတားပေါ်၌ မိုးခိုနေစဉ် အခင်းကွန်ကရစ်ပြားကျွံကျပြီး ဧရာဝတီမြစ်ထဲပြုတ်ကျ

Posted on No comments
မကွေး အောက်တိုဘာ ၁၇

မကွေးတံတားပေါ်တွင် မိုးခိုနေစဉ် အခင်း ကွန်ကရစ်ပြားကျွံကျပြီး ဧရာဝတီမြစ်ထဲရှိ ရေလယ်တံတား တိုင်ပေါ်သို့ ပြုတ်ကျမှု အောက်တိုဘာ ၁၆ ရက်က ဖြစ်ပွားခဲ့သည်။

ပွင့်ဖြူမြို့ စေတဂူကျေးရွာနေ ရာဇာနှင့် မအိအိသွယ်တို့သည် ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာမှ မကွေးသို့ ပြန်လာစဉ် မင်းဘူးဘက် ကမ်းအရောက်တွင် မိုးများရွာသွန်း သဖြင့် မကွေးတံတားပေါ်တွင် မိုးခို နေစဉ် အခင်းကွန်ကရစ် ပြားကျွံကျပြီး ရာဇာမှာ ဧရာဝတီမြစ်ထဲပြုတ်ကျခဲ့ သည်။


အဆိုပါနှစ်ဦးအား မကွေးတိုင်း ဒေသကြီးမီးသတ်တပ်ဖွဲ့က ရှာဖွေကယ် ဆယ်ရေးယာဉ် တစ်စီး၊ Ambulance တစ်စီးတို့ဖြင့် ကယ်ဆယ်ခဲ့ပြီး မကွေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူ လျက်ရှိကြောင်း သိရသည်။

ဓါတ်ပုံ -  ဟင်္သာသတင်းအေဂျင်စီ

ခင်မာလာ(မကွေး)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများက နယ်ခြားစောင့်ရဲကွပ်ကဲမှု ဌာနချုပ်အား ချောင်းမြောင်းပစ်ခတ်၊ ၀ါးပိတ်ကျေးရွာအား မီးရှို့ဖျက်ဆီး

Posted on Thursday, October 13, 2016 No comments

နေပြည်တော်၊ အောက်တိုဘာ ၁၂

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျီးကန်းပြင်ကျေးရွာအနီးရှိ အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်မှ အိမ်ထောင်သည်လိုင်းခန်းအား ယနေ့နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ အင်အား ၅ ဦးခန့်က ဌာနချုပ်၏ အရှေ့တောင်ဘက်တောင်ကုန်းမှ လက်နက်ငယ်များဖြင့် လာရောက်ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။


လာရောက်ပစ်ခတ်တိုက်ခိုက်သည့်နေရာအား တပ်မတော်စစ်ကြောင်းမှ လိုက်လံရှင်းလင်းရာ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများသည် ၀ါးပိတ်ကျေးရွာမှတစ်ဆင့် အရှေ့တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားသည်။

ဝါးပိတ်ကျေးရွာအတွင်း တပ်မတော်စစ်ကြောင်းများက လိုက်လံရှင်းလင်းစဉ် ရွာအနီး ပုန်းခိုနေသည့် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများက ကျေးရွာအား မီးရှို့ထွက်ပြေးသွားသဖြင့် တပ်မတော်စစ်ကြောင်းက ၀ိုင်းဝန်းကူညီ ငြိမ်းသတ်ပေးခဲ့သည်။


ကျေးရွာအတွင်း မီးလောင်မှုကြောင့် အိမ်ခြေ ၂၅ လုံးခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး အဆိုပါနယ်မြေအတွင်း တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
*
 Terrorists attack Kyikanpyin border outpost, set fire to 25 houses in Warpaik Village
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

Terrorists attacked the staff quarters of No.1 border post near Kyikanpyin Village, Maungtaw Township, and set fire to dozens of houses in Warpaik Village in the township yesterday.

About five terrorists shot at the staff quarters from a distant hideout, but retreated when Tatmadaw troops fought back.
The attackers then set fire to Warpaik Village, destroying around 25 houses before withdrawing in a southeast direction.

The terrorists who were hiding in the village set fire to the homes when the troops of the Tatmadaw were conducting a clearance mission in the village.

The troops will continue to conduct clearance operations in nearby villages, it is learnt.

Myanmar President Office

မြဝတီ
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/posts/991382957656237

အမြန်လမ်းတွင် ရွှေမန်းရတနာ Express ယာဉ်နှင့် Fuso ခြောက်ဘီးယာဉ် ယာဉ်မတော်တဆမှုဖြစ်

Posted on Sunday, October 2, 2016 No comments

နေပြည်တော် အောင်တိုဘာ ၂

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ ဘောနီအမြန်လမ်းရဲစခန်းအပိုင် မိုင်တိုင်အမှတ် (၅၇/၅ နှင့် ၅၇/၆) ကြားတွင် ယနေ့နံနက် ၃ နာရီ ၄၅ မိနစ်တွင် နေပြည်တော်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း အောင်ဇင် လတ် မောင်းနှင်လာသော ရွှေမန်းရတနာ Express ယာဉ်မှာ ရှေ့မှ လမ်းခင်းကျောက်များ တင်ဆောင်လာသည့် ယာဉ်မောင်း မောင်မောင် နန်းထွေး မောင်းနှင်လာသော Fuso ခြောက်ဘီးယာဉ်အား ကျော်တက်စဉ် အရှိန် မထိန်းနိုင်ဘဲ နောက်ပိုင်းအား ၀င်တိုက်မိပြီး ရွှေမန်းရတနာ Express ယာဉ်မှာ လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိရပ်တန့်ကာ ခြောက်ဘီးယာဉ်မှာ လမ်းဘေးမြေသားပေါ်သို့ ရောက်ရှိရပ်တန့်ခဲ့သည်။


အဆိုပါဖြစ်စဉ်ကြောင့် ခရီးသည်တင်ယာဉ် ရွှေမန်းရတနာ Express ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် ၂၉ ဦးနှင့် သံဃာ ၃ ပါးမှာ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။

ယာဉ်မတော်တဆမှုကြောင့် ရွှေမန်း ရတနာ Express ယာဉ်သည် ခန့်မှန်း သိန်း ၃၀ တန်ဖိုးခန့် ပျက်စီးသွားပြီး Fuso ခြောက်ဘီးယာဉ်မှာ ၁၀ သိန်းဖိုးခန့် ပျက်စီးသွားသည်။


သို့ပါ၍ ရွှေမန်းရတနာ Express ယာဉ်မောင်းနှင့် Fuso ခြောက်ဘီး ယာဉ်မောင်း များအား ယာဉ်မဆင်မခြင် မောင်းနှင် မှုကြောင့် ဘောနီ အမြန်လမ်းရဲစခန်းမှ (ပ) ၂၉/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၂၀၂ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။


ထိုကဲ့သို့ ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းရေးအတွက် သတ်မှတ် အမြန်နှုန်းထက် ပိုမိုမောင်းနှင် သော မော်တော်ယာဉ်များအား အမြန်နှုန်းတိုင်း စက်ကိရိယာအသုံးပြု၍ တိုင်းတာစစ်ဆေး အရေးယူလျက်ရှိရာ စက်တင်ဘာ ၁ ရက်မှ ယနေ့အထိ ယာဉ်အစီးပေါင်း ၁၂၃၈ စီးအား ဖမ်းဆီးအရေးယူခဲ့ပြီး ယာဉ် ၉၃၀ စီးအား တရားစွဲတင်ပြီးဖြစ်ကာ ယာဉ် ၃၀၈ စီးအား တရားစွဲတင်ရန် ကျန်ရှိပါကြောင်း သိရှိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Don't Miss