Responsive Ad Slot

Latest

Sports

Showing posts with label DVB. Show all posts
Showing posts with label DVB. Show all posts

ရန်ကုန်လေဆိပ်တွင် အမျိုးသမီး ၃ ဦးထံမှ ကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ

Posted on Thursday, August 3, 2017 No comments

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အမျိုးသမီး ၃ ဦးဆီက ငွေကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သြဂုတ် ၁ ရက်နေ့က ရန်ကုန်လေဆိပ်မှ မူးယစ်တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal(2) ပြည်ပထွက်ခွာ X- Ray စက်မှာ China Air လေကြောင်းလိုင်းနဲ့ ရန်ကုန်ကနေ တိုင်ပေကို လိုက်ပါမယ့် မရန်စိုက်ချင်၊ မလီးဟွေလီ နဲ့ မလှရီ တို့အား ရှာဖွေရာကနေ ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။

မရန်စိုက်ချင်ထံမှ ဘိန်းဖြူ ၃၅၅ ဂရမ် နဲ့ လက်ကိုင်ဖုန်းတလုံး၊ မလီးဟွေလီထံမှ ဘိန်းဖြူ ၂၈၀ ဂရမ်နဲ့ လက်ကိုင်ဖုန်းတလုံး၊ မလှရီထံမှ လက်ကိုင်ဖုန်းနှစ်လုံးနဲ့ အမျိုးသမီးအိမ်သာထဲ အမှိုက်ခြင်းအတွင်း လွှင့်ပစ်ခဲ့တဲ့ ဘိန်းဖြူ ၃၆၅ ဂရမ်တို့ကို ဖမ်းဆီးမိခဲ့တာပါ။

သူတို့သုံးဦးအား မူးယစ်ဆေးဝါး နဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရပါတယ်။

ဒီဗွီဘီ

http://burmese.dvb.no/

Read in : All Update Reader

ရထားပေါ် ဆေးခြောက်မရှူရန်ပြောသည့် ခရီးသည်ကို ဆယ်ကျော်သက်အုပ်စု ဝိုင်းရိုက် (ရုပ်သံ)

Posted on No comments

ဆယ်ကျော်သက် လူငယ်တွေအား ရထားပေါ်မှာ ဆေးခြောက်မရှူဖို့ ပြောတဲ့ အမျိုးသားတဦးကို အဲဒီလူငယ်အုပ်စုက ဝိုင်းဝန်းရိုက်နှက်ခဲ့ကြပါတယ်။

အများသုံးရထားပေါ်မှာ ဆယ်ကျော်သက် လူငယ်အုပ်စုတစု မူးယစ်ဆေးဝါးသုံးစွဲနေလို့ ကန်နန်ဂျုံးစ်ဆိုတဲ့ အမျိုးသားက ဆေးမသုံးစွဲဖို့ ပြောခဲ့တဲ့အတွက် ဝိုင်းဝန်းထိုးကြိတ် ရိုက်နှက်ခဲ့ကြတာပါ။

ဒီအဖြစ်အပျက်ဟာ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဒဲလက်စ်ဧရိယာအတွင်း ခုတ်မောင်းနေတဲ့ အမြန်ရထား (ဒီအာအေတီ) ပေါ်မှာ ဇူလိုင် ၃၀ ရက်နေ့က ဖြစ်ခဲ့တာပါ။

ဆယ်ကျော်သက်တွေကို ဆေးမသုံးဖို့ ပြောပြီးတဲ့နောက် အဲဒီအုပ်စုထဲက မိန်းကလေးတဦးနဲ့ ထိပ်တိုက်တွေ့ဆုံ အငြင်းပွားခဲ့တာကို မှတ်မိတယ်လို့ မစ္စတာဂျုံးစ်က အန်ဘီစီသတင်းဌာနကို ပြောပါတယ်။

“အဲ့ဒီမိန်းကလေး ကျနော့်မျက်နှာကို တံတွေးနဲ့ထွေးတယ်။ ကျနော်က ကလေးမလေးတွေ အမျိုးသမီးတွေကို ငါ မရိုက်နှက်တတ်တာ မင်းကံကောင်းသွားတယ်။ မဟုတ်ရင် မင်းတင်ပါးကို ငါ ရိုက်ပစ်တယ်လို့ ပြောလိုက်တာမှာ အခြေအနေတွေက လုံးဝ မထိန်းနိုင်အောင် ဆိုးရွားကုန်တယ်” လို့ ဂျုံးစ်က ပြောပါတယ်။

ရုပ်သံထဲမှာ ဂျုံးစ်ကို ဆယ်ကျော်သက်တွေက ဝိုင်းဝန်းထိုးကြိတ် ကန်ကြောက်နေကြပြီး ဂျုံးစ်က သူ့ကိုယ်သူ ကာကွယ်နေတာ တွေ့ရပါတယ်။

ဒဲလက်စ်မြို့ ဒိပ်အလမ်ဘူတာရုံမှာ ရထားရပ်ပြီးနောက်မှာလည်း ဘူတာပလက်ဖောင်းပေါ်မှာ ဆက်ပြီး ဝိုင်းရိုက်နေတာကို တွေ့ရပါတယ်။

ဒီအေအာတီရဲ့ ပြောရေးဆိုခွင့်ရှိသူ မာ့က်ဘောလ်ကတော့ “ဘူတာပလက်ဖောင်းပေါ် ပြုတ်ကျလာတာကို ကျနော်တို့မြင်တော့ ဒီအေအာတီရဲတွေကို ချက်ချင်းအကြောင်းကြားတယ်၊ အရာရှိတွေက ၁၀ မိနစ်အတွင်း အဲ့ဒီနေရာကို ရောက်လာပါတယ်” လို့ ပြောပါတယ်။

ရထားထဲမှာ စီစီတီဗွီကင်မရာတွေ မရှိလို့ ဒီအဖြစ်အပျက်ကိုလိုက်ဖို့ ရဲတွေအတွက် အခက်အခဲ ရှိခဲ့ပေမယ့် ဒီအပတ်အစောပိုင်းမှာ ဝိုင်းဝန်းရိုက်နှက်နေတဲ့ရုပ်သံ ဖေ့စ်ဘွတ်ခ်ပေါ်မှာ တက်လာတဲ့အတွက် ဒီအေအာတီအာဏာပိုင်တွေက အမှုကို ပြန်လည်စစ်ဆေးနေကြပါတယ်။

အခင်းဖြစ်ပြီးနောက် ရထားထွက်သွားပြီး ဂျုံးစ်က ပလက်ဖောင်းပေါ် မလှုပ်ရှားနိုင်တော့ဘဲ လဲကျကျန်ရစ်ခဲ့တဲ့အတွက် သူ့ကို ဆေးရုံပို့လိုက်ရပါတယ်။

ရုပ်သံထဲမှာပါတဲ့ ရိုက်နှက်သူ တဦးချင်းကို ရဲတွေက စုံစမ်းနေပြီး အခင်းဖြစ်မှုကို စုံစမ်းမှုတွေ လုပ်နေတယ်လို့ သြဂုတ် ၂ ရက် မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ဒီဗွီဘီ

http://burmese.dvb.no/

Read in : All Update Reader

ပဲခူးဆေးရုံကြီးတွင် ရာသီတုပ်ကွေး A(H1N1) လူနာ ၂ ဦး တွေ့ရှိ

Posted on No comments
သတင်း၊ဓာတ်ပုံ-နေလင်းထိုက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊  ပြွန်တန်ဆာမြို့ကနေ လာရောက်ပြီး ပဲခူးဆေးရုံကြီးမှာ ကုသနေတဲ့ လူနာ ၂ ဦးမှာ ရာသီတုပ်ကွေး A(H1N1) ဗိုင်းရပ်စ်ပိုး တွေ့ရှိတယ်လို့ မြို့နယ်ဆရာဝန်ကြီးက ပြောပါတယ်။

A(H1N1) ဖြစ်ပွားနေသူတွေကတော့ ပြွန်တန်ဆာမြို့ မီးရထားဝန်ထမ်းအိမ်ရာဟောင်းမှာ နေထိုင်တဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသားတဦးနဲ့ နဘဲပင်ကျေးရွာနေ ၁၆ နှစ်အရွယ် တို့ဖြစ်တယ်လို့ မြို့နယ်ဆရာဝန်ကြီး  ဒေါက်တာသောင်းဒန်ဦးက ပြောပါတယ်။

“ပထမလူနာက မီးရထားလိုင်းခန်းမှာနေတာပါ။ ပြွန်တန်ဆာဆေးရုံကို သွားတာက ၂၅ ရက်နေ့မှာ ရောက်လာတယ်၊ သွေးဝမ်းသွားနေလို့ပါ။ နောက်ပိုင်း ချောင်းဆိုးတာတွေ ဖြစ်လာတော့ ၂၉ ရက်နေ့ ညနေပိုင်းမှာ သူ့ကို ပဲခူးဆေးရုံ ပို့လိုက်တယ်။ အဲဒီလိုပဲ နဘဲပင်ကျေးရွာက ၁၆ နှစ်အရွယ် ကလေးမလေးကျတော့ ၂၉ ရက်နေ့မှာ ညောင်လေးပင်ဆေးရုံကို ရောက်လာတယ်။ ၃၀ ရက်နေ့ မနက်ပိုင်းမှာ ပဲခူးဆေးရုံကို ထပ်ပို့လိုက်တယ်။ သူတို့ဆီက နှာခေါင်းအာခေါင်တွေက အရည်အချွဲတွေကိုယူပြီး ရန်ကုန်အမျိုးသားဓာတ်ခွဲခန်းကိုပို့ပြီးစစ်ဆေးတဲ့နေရာမှာ နှစ်ယောက်လုံး A(H1N1) Postive ဖြစ်နေတာကို တွေ့ရတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။

မြို့နယ်ဆရာဝန်ကြီးနဲ့ ကျန်းဦးစီးဌာနမှ အဖွဲ့ဝင်တွေ ပူးပေါင်းပြီး အဆိုပါလူနာတွေ နေထိုင်ခဲ့တဲ့နေရာကို သွားရောက်ပြီး မိသားစုတွေနဲ့တွေ့ဆုံကာ ပတ်ဝန်းကျင် အနေထား စစ်ဆေးတာ၊ အိမ်နဲ့ အနီးဝန်းကျင်မှာ ရောဂါစောင့်ကြပ်ကြည့်ရှုတာ၊ ရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောတာ၊ လက်ကမ်းစာစောင်တွေဖြန့်ဝေတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြို့နယ်အတွင်းရှိ စာသင်ကျောင်း၊ ဘူတာ၊ ဈေး၊ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာတွေမှာလည်း အသိပညာပေးဟောပြောတာ၊ လက်ကမ်းစာစောတွေ ဖြန့်ဝေတနဲ့ Mask တွေ ဖြန့်ဝေတာတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။



သတင်း၊ဓာတ်ပုံ-နေလင်းထိုက်


ဒီဗွီဘီ

http://burmese.dvb.no/

Read in : All Update Reader

မင်းပြားတွင် ၁၀ တန်းစာမေးပွဲကျ၍ ကျောင်းသူတဦး အဆိပ်သောက်သေဆုံး

Posted on Saturday, June 17, 2017 No comments

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဝင်းစားအုပ်စု၊ ငပုကွကျေးရွာမှာ အသက် ၁၇ နှစ်အရွယ် ကျောင်းသူတဦး တက္ကသိုလ်ဝင်တန်းစာမေးပွဲကျတာကြောင့် အဆိပ်သောက်သေဆုံးသွားတယ်လို့ မင်းပြားမြို့မရဲစခန်းက ဒီဗွီဘီကိုပြောပါတယ်။

ဇွန် ၁၇ ရက်နေ့ မနက်ပိုင်းက ငပုကွကျေးရွာမှာနေထိုင်တဲ့ အသက် ၁၇ နှစ်အရွယ် ၁၀ တန်းကျောင်းသူတဦးဟာ ၁၀ တန်းကျမေးပွဲကျလို့ အဆိပ်သောက်သေဆုံးခဲ့တာပါ။

မင်းပြားမြို့မ ရဲစခန်းက ရဲအရာရှိ ကျော်ဇံဝေက “ကျနော်တို့ မင်းပြားရဲစခန်းက သတင်းရရှိတာက နေ့လယ် ၁၂ နာရီအချိန်လောက်မှာရရှိပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ သေဆုံးသူရဲ့ အဖေပြောကြားချက်အရကတော့ ဒီကနေ့ မနက်ပိုင်းက စာမေးပွဲအောင်စာရင်းကို ဖေစ့်ဘွတ်ခ်မှာကြည့်တယ်။ အဲ့ဒီမှာ သူ့အမည်ကို မပါဘူး။ မနက်အစောကြီး ၆ နာရီနီးပါးလောက်ရှိမယ်လို့ ပြောတယ်။ စိတ်ညစ်ပြီးတော့ အိမ်အောက်ကို ဆင်းသွားတာကို အဖေဖြစ်သူက မြင်တယ်။ အဖေက နောက်ကလိုက်တယ်။ လှေကားထပ်အောက်ဆုံး ရောက်တာနဲ့ သမီးဖြစ်သူက အဆိပ်ကိုသောက်လိုက်ပြီ၊ ပိုးသတ်ဆေးက မာလာမြိုင် ပိုးသတ်ဆေးအရည်ကို သောက်လိုက်တာလို့ပြောတယ်” လို့ ဆိုပါတယ်။

ပိုးသတ်ဆေးရည်းသောက်ပြီးနောက် မင်းပြားပြည်သူ့ဆေးရုံကို သွားရောက်ကုသခဲ့ပေမယ့် မနက် ၁၁ နာရီဝန်း ကျင်လောက်မှာ သေဆုံးသွားပြီး ၁၂ နာရီအချိန်ဝန်းကျင်လောက်မှာ မင်းပြားမြို့မရဲစခန်းကို လာရောက် အကြောင်းခဲ့တာလို့ဆိုပါတယ်။

သေဆုံးသူ ခိုင်ခိုင်မိုးဟာ မင်းပြားမြို့ အလက ၂ စာစစ်ဌာန ခုံအမှတ်ဒပ-၁၄၇၂ နဲ့ ဘောဂဗေဒဘာသာတွဲကို ဝင်ရောက်ဖြေဆိုထားသူဖြစ်ပါတယ်။

သေဆုံးသူရဲ့ မိဘတွေဟာ ဥယျာဉ်ခြံတွေ လုပ်ကိုင်သူတွေဖြစ်ပြီး အဲ့ဒီပိုးသတ်ဆေးတွေဟာလည်း ဥယျာဉ်ခြံမြေတွေအတွက် အသုံးပြုဖို့ ၀ယ်ယူထားတာလို့ ရဲအရာရှိသူက ဆက်လက်ပြောပါတယ်။

သေဆုံးသူ မခိုင်ခိုင်မိုးကို သေမှုသေခင်း အမှတ်စဉ်၁၃/ ၂၀၁၇အရ သေမှုသေခင်းအရ ဓမ္မတာသေခြင်း ဟုတ် မဟုတ်ဆိုတာကို မင်းပြားမြို့မရဲစခန်းက စခန်းမှူးက ဆက်လက်ဆောင်ရွက်နေတယ်လို့ ရဲက ပြောပါတယ်။

သတင်း-ဝဏ္ဏခွာညို

http://burmese.dvb.no/

Read in : All Update Reader

မြန်မာနိုင်ငံသားများ၏ ဘဏ်အကောင့်များ တရုတ်ဘက်က ပိတ်သိမ်း

Posted on No comments


တရုတ်နိုင်ငံကဘဏ်တွေမှာ မြန်မာနိုင်ငံသားတွေ အပ်နှံထားတဲ့ ဘဏ်ငွေစာရင်းတွေကို တရုတ်အစိုးရက ဇွန် ၁၅ ရက်နေ့မှာ ပိတ်သိမ်းလိုက်တာကြောင့် ဘဏ်မှာ ငွေအပ်နှံထားတဲ့ သူတွ အခက်တွေ့နေပါတယ်။

ငွေစာရင်းပိတ်သိမ်းခံရသူ တစ်ထောင်ကျော်ရှိပါတယ်။ အဲဒီထဲမှာ စီးပွားရေး လုပ်ငန်းရှင်တွေ ကုန်သည်တွေ ငွေလဲလှယ်သူတွေအပြင် သာမာန်ပြည်သူလူထုတွေလည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံသားတွေရဲ့ ဘဏ်အကောင့်တွေကို အကြောင်းကြားခြင်း တစုံတရာမရှိဘဲနဲ့ ပိတ်လိုက်တာကြောင့် ငွေကြေးစီးဆင်းမှုနဲ့ မြန်မာ-တရုတ် ၂ နိုင်ငံရဲ့ သွင်းကုန်ထုတ်ကုန် လုပ်ငန်းတွေ ထိခိုက်နေတယ်လို့ မူဆယ်မြို့က လုပ်ငန်းရှင်တွေက ဆိုပါတယ်။

“အရင်ကလည်း မကြာခဏဆိုသလို ဘဏ်အကောင့်ပိတ်ခံရပေမယ့် ဒီတစ်ခါ ဘဏ်အကောင့် ပိတ်ခံရတာဟာ လူဦးရေအများဆုံး ပိတ်သိမ်းခံရတာဖြစ်ပြီး ငွေကြေးအနေနဲ့လည်း ပမာဏများပြားလွန်းနေတယ်” လို့ လယ်ယာထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်နေတဲ့ ဒေါ်ဖြူက ပြောပါတယ်။

ပဲပြောင်းနှမ်း လယ်ယာထွက်ပစ္စည်းကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးလှမောင်ကလည်း “တချို့ကုန်သည်တွေဆို တရုတ်ဘဏ် ယွမ်ငွေသိန်းချီအပ်ထားတယ်။ မြန်မာငွေ သိန်းနှစ်ထောင်လောက်ရှိတာပေါ့။ ဒီတော့ ဘဏ်အကောင့်တထောင်ကျော်ဆိုတော့ မြန်မာကျပ်ငွေနဲ့ဆို ဘယ်လောက်ဆုံးရှုံးသွားလဲဆိုတာ မပြောပြတတ်တော့ဘူး” လို့ ကုန်သည်တဦးက ပြောပါတယ်။

ဘဏ်အကောင့်ပိတ်ခံရသူတွေဟာ မိမိငွေအပ်ထားတဲ့ ဘဏ်ကိုသွားပြီး အကောင့်တွေ ဘာကြောင့်ပိတ်ရတာလဲမေးတော့ ရဲကပိတ်ခိုင်းလို့ ပိတ်တာဖြစ်ပြီး အနည်းဆုံး ၁ နှစ်ကနေ ၃ နှစ်ထိပိတ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီကနေ့ ဇွန်လ ၁၇ ရက်နေ့မှာ ပဲ၊ ပြောင်း၊ နှမ်းနဲ့ လယ်ယာထွက် ကုန်ပစ္စည်း ကုန်သည်တွေနဲ့ ငွေလဲသူတွေ စုစည်းပြီး မူဆယ်မြို့ ၁၀၅ ကုန်သွယ်ရေးဇုန်မှာရှိတဲ့ ပဲ၊ ပြောင်း၊ နှမ်းနဲ့ လယ်ယာထွက်ကုန်ပစ္စည်းကုည်စည်ဒိုင်မှာ စုစည်းပြီး တရုတ်အစိုးရက ပိတ်ထားတဲ့ အကောင့်တွေကို ပြန်ဖွင့်ပေးဖို့နဲ့ ငွေလဲသူတွေကို တရားဝင် ငွေလဲသူတွေအဖြစ် လိုင်စင်ထုတ်ပေးဖို့ မြန်မာအစိုးရအနေနဲ့ ကူညီဆောင်ရွက်ပေးဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်း၊ အန်အယ်လ်ဒီ ပါတီဝင်တွေ၊ လွှတ်တော်ပြင်ပ အစိုးရအထောက်အကူပြု လူမှုနိုင်ငံရေး အင်အားစု အဖွဲ့ဝင်တွေလည်း ပါဝင်ခဲ့ပါတယ်။

ဒီဆွေးနွေးချက်တွေကို အစိုးရနဲ့ သက်ဆိုင်ရာဌာနတွေကို တင်ပြသွားမှာဖြစ်ပါတယ်။

ဒီဗွီဘီ

http://burmese.dvb.no/

Read In : All Update Reader

အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့သည့် ရဲဒုတပ်ကြပ်ဈာပန ကျင်းပ

Posted on Saturday, November 5, 2016 No comments


မောင်တောမြို့နယ် တောင်ပိုင်း နူရူလာ ရဲကင်းစခန်းကို နိုဝင်ဘာ ၃ ရက် ညနေပိုင်းက အကြမ်းဖက်သမား ၅ ဦး ဝင်ရောက်ပစ်ခတ်လို့ ကျဆုံးခဲ့ရတဲ့ ရှေ့တန်းရဲတပ်ရင်း ၂၂ က ရဲဒုတပ်ကြပ် မင်းမင်းစိုးရဲ့ ဈာပနအခမ်းအနားကို ဒီနေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ အမျှပေးဝေတာ၊ ကျဆုံးရဲဘော်အလေးပြုတာ၊ အမိန့်ပြန်တမ်း ဖတ်ကြားတာတွေပြုလုပ်ပြီး မောင်တောသုဿာန်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ တိုက်ခိုက်သူကို ဖမ်းဆီးရမိတာ မရှိခဲ့ဘဲ ပစ္စတိုသေနတ် ၁ လက်၊ ပစ္စတိုအိတ် ၄ ခု၊ ဆိုင်ကယ် ၂ စီး၊ ဓာတ်ဆီဗုံးတစ်ခု အပစ်ခံရတဲ့ စခန်းရှေ့မှာ ရရှိခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။






သတင်းဓာတ်ပုံ – ကိုအောင်

ဒီဗွီဘီ
http://burmese.dvb.no/

မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်း မိုးသက်လေပြင်းကျနိုင်

Posted on No comments

မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းတလျှောက် မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်တယ်လို့ မိုးလေဝသဌာနက သတင်းထုတ်ပါတယ်။

ဒီနေ့ မွန်းလွဲ ၂ နာရီအချိန် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေမှာ အဝါရောင်အဆင့်ရှိပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေ မရှိဘူးလို့လည်း သတင်းမှာ ဖော်ပြပါတယ်။

ဒီဗွီဘီ
http://burmese.dvb.no/

ဦးမျိုးရန်နောင်သိန်းကို ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် ဖမ်းဆီး

Posted on Thursday, November 3, 2016 No comments
ဓာတ်ပုံ - မျိုးရန်နောင်သိန်းဖေ့စ်ဘွတ်ခ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းကို စစ်တပ်က ဒီကနေ့ညနေ ၃နာရီခန့်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဦးမျိုးရန်နောင်သိန်းရဲ့ မိတ်ဆွေ ဦးနေမိုးအောင်က ဒီဗွီဘီကို ပြောပါတယ်။

“လွန်ခဲ့တဲ့ ၁ နာရီလောက်က ဖမ်းသွားပါတယ်။ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကနေ လာခေါ်တာလို့ ပြောပါတယ်။  ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) လို့တော့ ပြောပါတယ်ဗျာ။ ကျနော်နဲ့ အတူတူစကားပြောနေတုန်းပဲ ဖမ်းသွားတာပါ။ လာဖမ်းတာက လူလေးငါးယောက်ပါတယ်။ ဦးမျိုးရန်နောင်သိန်းကို ဘယ်ကို ခေါ်သွားလဲဆိုတာတော့ မသိရသေးဘဲ လိုက်လံစုံစမ်းနေဆဲပဲ” လို့လည်း ဦးနေမိုးအောင်က ပြောပါတယ်။

သူ့ကိုဘယ်ကိစ္စနဲ့ဖမ်းတယ်ဆိုတာကို မသိရသေးပေမယ့် လောလောဆယ်တော့ အေးအေးဆေးဆေး ဆွေးနွေးနေကြောင်း ဦးမျိုးရန်နောင်သိန်းက ဖုန်းဆက် အကြောင်းကြား ထားတယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းက ဦးမျိုးရန်နောင်သိန်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရခိုင်အရေးနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဦးစီးချုပ်ကို ဝေဖန်ထားတဲ့စာရေးတင်ထားတာ တွေ့ရပါတယ်။

DVB
http://burmese.dvb.no

ကျပ် ၁ သောင်းတန် ငွေစက္ကူ အတုများ တာချီလိတ်တွင်ဖမ်းမိ

Posted on No comments

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ငွေလဲလုပ်ငန်းလုပ်ကိုင်သူထံမှ ငွေကျပ် ၁သာင်းတန် ငွေစက္ကူ အတု သိန်း (၁၀၀)ကျပ် ဖမ်းဆီးရမိခဲ့တယ်လို့  ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာ တွေမှာ ဖော်ပြပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့က တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်နေ ငွေလဲလုပ်ငန်း လုပ်ကိုင်သူ ဒေါ်ရွှေမြင့်ထံမှာ  မြို့ခံအမျိုးသမီးတဦးက ထိုင်းဘတ်ငွေကနေ မြန်မာငွေသွားရောက်လဲ လှယ်ခဲ့ရာမှာ ပါလာတဲ့မသင်္ကာဖွယ်ရာ မြန်မာငွေကျပ် တစ်သောင်းတန် ၁၀၀ ရွက်ပါ (၅)အုပ်ကို ကမ္ဘောဇဘဏ်မှာ အတုအစစ်စစ်ဆေးကြည့်ရာ ငွေစက္ကူအတုတွေ ဖြစ်နေကြောင်းသိရှိလို့ ရဲစခန်းကို တိုင်ကြားခဲ့တာလို့ဆိုပါတယ်။

ငွေစက္ကူအတုတွေ လဲလှယ်ပေးခဲ့တဲ့  ငွေလွှဲလုပ်ငန်း လုပ်ကိုင် သူ ဒေါ်ရွှေမြင့်ကို တာချီလိတ်မြို့ မြို့မရဲစခန်းက ခေါ်ယူစစ်ဆေးပြီး ဥပဒေအရ အရေးယူဖို့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

DVB
http://burmese.dvb.no/archives/174516

တရုတ်အလှကုန် ၇ မျိုး သုံးစွဲရန်မသင့်ဟု ကျန်းမာရေးဌာနကြေညာ

Posted on Wednesday, November 2, 2016 No comments

တရုတ်နိုင်ငံထုတ် အလှကုန်ပစ္စည်း ၇ မျိုးဟာ ကျန်းမာရေးအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်တဲ့ တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရတဲ့အတွက် သုံးစွဲဖို့ မသင့်ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပါတယ်။

ဒါ့အပြင် အဲဒီအလှကုန်တွေဟာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှာ မှတ်တမ်းတင်ထားခြင်း မရှိဘူးလို့လည်းဆိုပါတယ်။

တရုတ်စာတွေနဲ့ တရုတ်ကုမ္ပဏီက ထုတ်လုပ်တဲ့ အဲ့ဒီဆေး ၇ မျိုးမှာ အဆိပ်သင့် ဓာတုပစ္စည်း မာကျူရီ(ပြဒါး) ပါဝင်နေပြီး ပြဒါးကြောင့် အရေပြား ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူ အနီကွက်များ ဖြစ်ခြင်း၊ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူပြီး ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခု ကျန်းမာရေးဌာနက သုံးစွဲရန်မသင့်ဘူးလို့ ကြေညာခဲ့တဲ့ အလှကုန်ပစ္စည်းတွေဟာ အသားအရေလိမ်းဆေးတွေ ဖြစ်ပြီးအမှတ်တံဆပ်နဲ့ အမျိုးအစားတွေကတော့  JIAO LI Whitening Spots Removing Acne Kit (A,B,C) ၊ QIAN LI Spots Removing Cream ၊zhanghua yao bao ၊ S’Zitang Purely Natural Plant 7 Days Strong Whitening Anti-Speckle A & B Kit ၊ HUA YUE NONG Egg White & Cherry 7 Days Specific Eliminating Freckle Whitening Cream ၊ HUA YUE NONG 7 Days Plastic Whitening Regeneration Cream နဲ့ Specific Eliminating Freckle Cream  တို့ ဖြစ်ပါတယ်။

အလှကုန်ပစ္စည်း တင်သွင်းတဲ့ ကုမ္ပဏီတွေနဲ့ လက်လီလက်ကား အရောင်းဆိုင်တွေ အနေနဲ့ အဲ့ဒီအလှကုန်ပစ္စည်းတွေကို တင်သွင်းရောင်းချတာ မလုပ်ကြဖို့နဲ့ မလိုက်နာရင် ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ)အရ အရေးယူမယ်လို့လည်း ကျန်းမာရေး ဌာနက အသိပေးထားပါတယ်။

ဒီဗွီဘီ
http://burmese.dvb.no/

မြောက်ဦး အဝေးပြေးကားလမ်းအနီးတွင် လူသေအလောင်း တွေ့ရှိ

Posted on Monday, October 31, 2016 No comments
(ဓာတ်ပုံ-၀ီရထွန်း)

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ အဝေးပြေးကာလမ်းအနီး ရေမြောင်းထဲမှာ လူသေအလောင်းတလောင်း တွေ့ရှိခဲ့တယ်လို့ မြောက်ဦးမြို့နယ် တိမ်ညိုရဲစခန်းက ပြောပါတယ်။

ဒီနေ့မနက် ၉ နာရီအချိန်က အလောင်းကို ရေမြောင်းထဲမှာ တွေ့ခဲ့တာလို့ ကျေးရွာ အုပ်ချုပ် ရေးမှူးတဦးက အကြောင်းကြားခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့တယ်လို့ တိမ်းညို ရဲစခန်းမှ စခန်းမှူး ဦးထွန်းသာက ဒီဗွီဘီကိုပြောပါတယ်။

“အခုအချိန်အထိ နာမည်နဲ့နေရပ်လိပ်စာကိုလည်း စုံစမ်းလို့မရသေးဘူး။ စုံစမ်းနေတုန်းဖြစ်ပါတယ်။ ကျနော်တို့ကို ကျေးရွာအုပ်ချုပ်ရေးမှူး အကြောင်းကြားလို့ သွားတဲ့အခါ ဒီနေ့ မနက် ၉ နာရီအချိန်ဖြစ်ပါတယ်။ ကားတိုက်တာဖြစ်နိုင်ပါတယ်။ ကျနော်ကတော့ အဲ့ဒီအမှုနဲ့ ပတ်သက်လို့ ရဲလုပ်ထုံလုပ်နည်းနဲ့ အမှုဖွင့်ဆောင်ရွက်နေပါတယ်ခင်ဗျ။”

အဲ့ဒီသေဆုံးမှုနဲ့ပတ်သက်လို့ မြောက်ဦးမြို့နယ် တိမ်ညိုရဲစခန်းမှ ယာဉ်တိုက်မှုနဲ့ အမှုဖွင့်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

သတင်း – ဝဏ္ဏခွာညို

ဒီဗွီဘီ
http://burmese.dvb.no/

အောက်တိုဘာလ ၃၁ ရက်နေ့ ငွေလဲနှုန်းနှင့် ရွှေဈေး

Posted on No comments

အောက်တိုဘာလ ၃၁ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၂၈၅ ကျပ်၊ ၁ ယူရိုငွေကို ၁၄၁၀ ဒသမ ၅ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၉၂၂ ဒသမ ၆၄ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၀၅ ဒသမ ၉၉ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၃၆ ဒသမ ၆၅ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။

(ကိုးကား – မြန်မာနိုင်ငံတော်ဗဟိုဘဏ်)

ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး တကျပ်သားကို ဝယ်ဈေး ၈၇၈၀၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေးကတော့ ၈၇၈၂၀၀ ကျပ် ဖြစ်ပါတယ်။

ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၂၇၆ ဒသမ ၉၅ ဒေါ်လာ ဈေးပေါက်ပါတယ်။

ဒီဗွီဘီ
http://burmese.dvb.no/
Don't Miss