Responsive Ad Slot

Latest

Sports

Showing posts with label Celebrity. Show all posts
Showing posts with label Celebrity. Show all posts

ဟောလိဝုဒ် ဝါရင့်သရုပ်ဆောင်ကြီး မိုက်ကယ် မက်ဆီး ကွယ်လွန်

Posted on Friday, October 28, 2016 No comments
 

အသက် ခြောက်ဆယ်တစ်နှစ် အရွယ်ရှိဖြစ်တဲ့ မိုက်ကယ် မက်ဆီးဟာ အောက်တိုဘာ ၂၆ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၆၁ နှစ်ရှိပြီဖြစ်တဲ့ မိုက်ကယ်မက်ဆီး ကွယ်လွန်သွားတဲ့ အကြောင်းကို သူ့ရဲ့ တွဲဖက်သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ အန်တိုနီ ဒီလွန်က အတည်ပြု ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

The Crow ရုပ်ရှင်ထဲက Funboy ဇာတ်ရုပ်နဲ့အတူ လူသိများလာခဲ့တဲ့ မက်ဆီးဟာ ကွန်ဖူးဘုရင်လို့ တင်စားရတဲ့ ဘရုစလီရဲ့ သားဖြစ်သူ ဘရန်ဒွန်လီနဲ့အတူ ရိုက်ကူးခဲ့တဲ့ The Crow ရုပ်ရှင်ကားမှာ ဘရန်ဒွန်လီကို သေနတ်နဲ့ပစ်ရတဲ့ ရိုက်ကွင်းမှာ မတော်တဆ မှားယွင်းမှုဖြစ်ကာ ဘရန်ဒွန်လီ ကွယ်လွန်ခဲ့ရတဲ့ ဖြစ်ရပ်ဆိုးနဲ့ လူသိများခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

အဲဒီဖြစ်ရပ်ကြောင့် ယင်းရုပ်ရှင် ထွက်လာတဲ့အချိန်မှာ ကြည့်ရှုဖို့ရာ ငြင်းပယ်ခဲ့တဲ့အထိ စိတ်ထိခိုက်ခဲ့ရတဲ့ မက်ဆီးက ခေတ္တ အနားယူခဲ့ပြီးမှသာ ရုပ်ရှင်ကားတွေကို ဆက်လက် ရိုက်ကူးခဲ့ပါတယ်။

နောက်ပိုင်း နာမည်ရခဲ့တဲ့ ရုပ်ရှင်ကားအချို့ကတော့ The Amazing Spider-man အပိုင်း တစ်နဲ့ နှစ်တို့ ဖြစ်ကြပါတယ်။

The Voice
http://thevoicemyanmar.com/

Miss Universe Myanmar 2017 ဆု သံတွဲသူ ဇွန်သံဇဉ် ရရှိ

Posted on Friday, October 7, 2016 No comments

DMG၊အောက်တိုဘာ ၆

ယနေ့ကျင်းပသည့် miss universe myanmar 2017 ဆုကို ရခိုင်ပြည်နယ် သံတွဲမှ ခါးနံပါတ် ၂၄ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဇွန်သံစဉ်မှ ရရှိခဲ့ကြောင်းသိရသည်။

အောက်တိုဘာလ ၆ ရက်နေ့တွင် Novotel Hotel၊ Yangon Ballroom တွင် Miss Universe Myanmar 2017 ကိုကျင်းပခဲ့ပြီး သံတွဲမြို့မှ ရန်ကုန်ကိုယ်စားပြုပြီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် No 24 ဇွန်သံဇဉ်က Miss Universe Myanmar 2017 ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။


ယခုနှစ် ၂၀၁၇ခုနှစ်တွင် မြန်မာတနိုင်ငံလုံးမှ ကိုယ်စားပြု Miss ၂၆ ယောက်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုသတ်မှတ် ရွေးချယ်ရာတွင် ရုပ်ရည်တခုတည်းမဟုတ်ဘဲ လူမှုရေး၊ပေါင်းသင်းဆက်ဆံရေးအပါအဝင် တခြား ဗဟုသုတ ကြွယ်ဝမှုစသည့်အချက်များကိုလည်း ထည့်သွင်းရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Miss Universe Myanmar 2017 ဆု ရရှိခဲ့သည့် ဇွန်သံစဉ်သည် လက်ရှိတွင် အနုပညာလုပ်ငန်းများကိုလုပ်ကိုင်လျက်ရှိပြီး မကြာမှီကျင်းပမည့် Miss Universe world ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည်။

ပထမအဆင့် ဆန်ခါတင် ၁၂ ဦးရွေးချယ်ရာတွင် စစ်တွေ ကိုယ်စားပြု အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြောက်ဦးသူ ခိုင်သန္တာလင်းလည်း ရွေးချယ်ခံခဲ့ရကြောင်းသိရသည်။

မြင့်မြတ်ဖြူ
Development Media Group
https://www.facebook.com/DevelopmentNJ/

၂၀၁၆ ခုနှစ် Miss All Nations ချန်ပီယံဆုကို မစ္စ လတ်ဗီးယား ရရှိ

Posted on Wednesday, September 28, 2016 No comments
Miss All Nations ချန်ပီယံဆုရှင် မစ္စ လတ်ဗီးယား (လယ်)၊ ဒုတိယဆုရှင် သြစတြေးလျ အလှမယ် (ယာ) နှင့် တတိယဆုရှင် ဘရာဇီး အလှမယ် (ဝဲ) တို့အား တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

  ၅၁ ကြိမ်မြောက် Miss All Nations ပြိုင်ပွဲ ၂၀၁၆ ကို တရုတ်နိုင်ငံ ကျန်းစုပြည်နယ် မြို့တော် နန်နင်းတွင် စက်တင်ဘာလ ၂၆ ရက်က ကျင်းပခဲ့ရာ လတ်ဗီးယား အလှမယ် Laura Skutane က ဆုရရှိခဲ့ကြောင်း သိရသည်။

Miss All Nations ပြိုင်ပွဲ ၂၀၁၆ ဒုတိယဆုကို သြစတြေးလျမယ်က လည်းကောင်း၊ တတိယဆုကို ဘရာဇီးမယ်ကလည်းကောင်း အသီးသီး ရရှိခဲ့သည်။

Miss All Nations ပြိုင်ပွဲဝင် အလှမယ်များအား တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ Miss All Nations ပြိုင်ပွဲကို နိုင်ငံပေါင်း ၅၀ ကျော်မှ အလှမယ်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံမှ အလှမယ် နန်းမေရှင်းသန့်က နိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
Miss All Nations ပြိုင်ပွဲကို အဲလက်စ်လျူက ၁၉၈၉ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး နှစ်စဉ် ကျင်းပခဲ့သည်။

 (Xinhua)
http://www.xinhuamyanmar.com/
Don't Miss