Responsive Ad Slot

Latest

Sports

Showing posts with label CNMyanmar. Show all posts
Showing posts with label CNMyanmar. Show all posts

မုံရွာတက္ကသိုလ်ဖေ့ဘုတ်စာမျက်နှာ အတုဖြင့် H1N1 သတင်းဖွသူအား တက္ကသိုလ်မှ တရားစွဲမည်

Posted on Saturday, July 29, 2017 No comments

မုံရွာ၊ ဇူလိုင် ၂၈။

မုံရွာတက္ကသိုလ်ဖေ့ဘုတ် စာမျက်နှာအတုဖြင့် သမိုင်းမေဂျာတတိယနှစ်ကျောင်းသားတစ်ဦး ရာသီတုပ်ကွေး H1N1 ကူးစက်ခံနေရပြီး ဆေးရုံတက်နေရသည်ဟု သတင်းရေးသားတင်သူအား တက္ကသိုလ်မှ တရားစွဲ သွားမည်ဖြစ်ကြောင်း ဇူလိုင် ၂၈ ရက်က မုံရွာဆေးရုံအုပ်ကြီးရုးံခန်းတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။


ယနေ့ နံနက်ပိုင်းက Monyws University Facebook Page တွင် အနီရောင်အဆင်ဟူ၍ မုံရွာမြို့တွင် ကြက်များထောင်ချီသေဆုါံ်ဗသော ကြက်ခြံအနီးနေအိမ်တွင် H1N1 ဗိုင်းရပ်ပိုးကူးစက်ခံရသော လူနာတစ်ဦးတွေ့ကြောင်း ထိုသူသည် အသက်၂၃ နှစ်ရှိ မုံရွာတက္ကသိုလ် သမိုင်းမေဂျာတတိယနှစ်ဖြစ်ကြောင်း၊ ဆေးရုံအုပ်ကြီးမှ မုံရွာတက္ကသိုလ်တွင် အသိပညာပေးဟောပြောပွဲများ လုပ်သွားမည်ဖြစ်ကြောင်း၊ မြန်မာပြည်တွင် လက်ရှိဖြစ်နေသော ဓာတ်ပုံများဖြင့် မမှန်သတင်းအား သတင်းတင်ခဲ့ခြင်း ဖြစ်သည်။

"အိုင်တီပညာရှင်တွေအကူအညီနဲ့ page ပိုင်ရှင်ကိုဖော်ထုတ်သွားမယ်၊ တက္ကသိုလ် Image ကို ထိခိုက်စေတယ်၊ ဒီသတင်းကို like နဲ့ share မလုပ်ဖို့ပြောချင်ပါတယ်၊ တက္ကသိုလ်ဆေးရုံကြီးမှာရော မုံရွာဆေးရုံကြီးမှာရော H1N1 နဲ့ တက်နေရတဲ့ လူနာ မရှိပါဘူး" ဟု မုံရွာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (သင်တန်း)ဒေါက်တာ သက်နိုင်ဦးက ပြောသည်။

မုံရွာတက္ကသိုလ်တွင် Major ပေါင်းစုံမှ Day တက်နေသော ကျောင်းသား၊ကျောင်းသူ တစ်သောင်းကျော် ရှိပြီး စာမေးပွဲဖြေရန် တစ်လ ခန့်သာလိုတော့ကြောင်း၊၄င်းအပြင် နည်းပြ စာမေးပွဲများဖြေဆိုနေချိန်ဖြင့် တိုက်ဆိုင်စွာ ယင်းကဲ့သို့ မမှန်းသတင်းများ ထွက်ပေါ်ခြင်း ဖြစ်ည်။

နှင်းမောင်
Central News Myanmar
https://www.facebook.com/CNMyanmar/

Read in : All Update Reader

မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုဦးစီးမှူးနှင့် အကြီးတန်းစားရေးတို့ကို အဂတိလိုက်စားမှုဖြင့် အရေးယူ

Posted on Friday, October 28, 2016 No comments

ပြင်ဦးလွင်၊ အောက်တိုဘာ ၂၇။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဒုတိယဦးစီးမှူးနှင့် အကြီးတန်းစာရေးတစ်ဦးတို့ကို အဂတိလိုက်စားမှုနှင့် ပတ်သတ်၍ အရေးယူရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မတီမှ အောက်တိုဘာ ၂၇ရက်နေ့က သိရသည် ။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးတင်နိုင်စိုး၊ ဒုတိယဦးစီးမှူး ဦးကျော်ကျော်နိုင်နှင့် အကြီးတန်းစာရေး ဦးအောင်စိုးမိုးတို့သည် ကျေးရွာဒေသခံများနှင့် စီးပွားရေးလုပ်ငန်းရှင်များထံမှ ငွေကြေးအပါအဝင် တံစိုးလက်ဆောင်များ ရယူထားသည်ဟုဆိုကာ အဂတိတိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူး ဦးကောင်းဇော်သန့် က အမှုဖွင့်ပေးရန် ပြင်ဦးလွင်မြို့နယ် မြို့မရဲစခန်းသို့ စာဖြင့် အကြောင်းကြား တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

"ဒီနေ့မှာ မြို့နယ်အုပ်ချုပ်ရေးမှူး နဲ့ ဒုတိယဦးစီးမှူး နှစ်ယောက်ကို ယမန်ယူလိုက်တယ် ။ အကြီးတန်းစာရေး ကိုတော့ ပြင်ဦးလွင်မြို့နယ်တရားရုံးမှာ တရားစွဲတင်လိုက်ပြီ မြို့နယ်အုပ်ချုပ်ရေးမှူး နဲ့ ဒုတိယဦးစီးမှူး နှစ်ယောက်က စစ်ဆေးမှုလေးတွေရှိသေးလို့ပါ"ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မတီမှ ကော်မတီဝင် ဦးသန်းအောင်က ပြောသည် ။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်စိုးနိုင်သည် မန်ကျည်းအင်းကျေးရွာသစ် ပြည်ထဲရေးအမည်ပေါက် ရွာမြေတိုးချဲ့သတ်မှတ်ပေးရန် ကိစ္စနှင့်ပက်သက်ပြီး ယင်းကျေးရွာနေ ဒေသခံများထံမှ လက်ဆောင်ယူခြင်း နှင့် ငွေကျပ် ၅ သိန်းကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့၌လည်းကောင်း ပုဆိုး နှင့် အင်္ကျီအပါအဝင် ငွေကျပ် သိန်း ၃၀ ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့၌ လည်းကောင်း ၊၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းက ငွေကျပ် သိန်း ၁၀၀ ကိုလည်းကောင်း အလီလီ လက်ခံရယူခဲ့ကြောင်း သိရသည်။

ဒုတိယဦးစီးမှူး ဦးကျော်ကျော်နိုင်သည်လည်း ယင်းကျေးရွာကိစ္စနှင့်ပက်သက်၍ ၂၀၁၅ ခုနှစ် မေလအတွင်း က ကမ္ဘာအောင်မြေကုမ္ပဏီပိုင်ရှင်ထံ မှ ငွေကျပ်သိန်း ၅၀ တစ်ကြိမ် ၊ သိန်း ၄၀ တစ်ကြိမ်နှင့် ၃၅ သိန်း တစ်ကြိမ် လက်ခံရယူထားကြောင်း သိရသည်။

ထို့အပြင် ပြင်ဦးလွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မှ အကြီးတန်းစာရေး ဦးအောင်စိုးမိုးသည်လည်း မန်ကျည်းအင်းကျေးရွာ ဒေသခံအချို့ထံမှ ၎င်း၏သမီးကို အပ်ချုပ်ဆိုင်ဖွင့်ပေးနိုင်ရန်အတွက် ၂၀၁၆ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ငွေကျပ် ၁၀ သိန်းတောင်းယူခြင်း၊ ၂၀၁၆ ခုနှစ် မတ်လ ၆ ရက်နေ့က မြို့နယ်စီမံခန့်ခွဲရေးနှင့် မြေစာရင်းအဖွဲ့များကို ပေးရန်ဟုဆိုကာ ၃၅ သိန်း တောင်းယူခြင်း ၊ ၂၀၁၆ ဧပြီလအတွင်းက မြေပုံရေးဆွဲသည့်အဖွဲ့ကို ဧည့်ခံရန်အတွက်ဟုဆိုကာ (၃) သိန်းတောင်းယူခြင်း စသည်တို့ကို ကျူးလွန်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယင်းသို့ လုပ်ပိုင်ခွင့်အာဏာ တလွဲအသုံးပြု၍ အဂတိလိုက်စားခြင်းနှင့် ပတ်သတ်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးအား (ပ)၂၂၀/၂၀၁၆၊ ၂၀၁၃ ခုနှစ် အဂတိတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆၊ (ပ)၂၁၉/၂၀၁၆၊ ပုဒ်မ ၅၆ ဖြင့်လည်းကောင်း၊ ဦးကျော်ကျော်နိုင်အား (ပ)၂၂၂/၂၀၁၆၊ အဂတိတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ ဖြင့်လည်းကောင်း၊ ဦးအောင်စိုးမိုးအား (ပ)၂၂၄/၂၀၁၆၊ အဂတိတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၇၊ (ပ)၂၂၃/၂၀၁၆၊ ပုဒ်မ ၅၇ ဖြင့်လည်းကောင်းအမှုဖွင့် အရေးယူထားကြောင်း သိရသည်။

နိုင်လင်းဦး
Central News Myanmar
https://www.facebook.com/CNMyanmar

အကြမ်းဖက်၂ဦး ထပ်မံဖမ်းဆီးရရှိ

Posted on Tuesday, October 11, 2016 No comments

ရခိုင်ပြည်နယ်တွင် ပြီးခဲ့တဲ့ ၁၀ ရက်နေ့ က ဖြစ်ခဲ့သော အကြမ်းဖက် ဖြစ်စဉ်အပြီးဘင်္ဂလားဒေ့ရှ်သို့ တိမ်းရှောင်ထွက်ပြေးသော အကြမ်းဖက် ဘင်္ဂလီကုလား၂ ဦးအား အောက်တိုဘာလ (၁၁)ရက်နေ့ ယနေ့နေ့လည်ပိုင်းက ဘင်္ဂလားဒေစ် နယ်ခြားစောင့်တပ်BGB မှ ဖမ်းဆီးရမိခဲ့သည်။

၎င်းနောက် တက္ကနပ်ပြည်နယ် ဒုံဒုံမျာဆိပ်ကမ်း POE ဂိတ်တွင် မြန်မာနိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ ပြန်လည် လွှဲအပ်ပေးသွားခဲ့ပါသည်။

တရာခံများအား ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရပါသည်။

Central News Myanmar
https://www.facebook.com/CNMyanmar/

၂၀၁၃ခုနှစ်က တရားရုံးထုတ်ရင်း အက်ရှင်ကားဆန်ဆန် ထွက်ပြေးလွတ်မြောက်သွားသည့် တရားခံကို ပြန်ဖမ်းမိ

Posted on Sunday, October 2, 2016 No comments

ကလေး၊ အောက်တိုဘာ၂။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ၂၀၁၃ခုနှစ်က တရားရုံးထုတ်နေစဉ် အက်ရှင်ကားဆန်ဆန် ထွက်ပြေးလွှတ်မြောက်သွားသော တရားခံကို အောက်တိုဘာ ၁ရက်နေ့၌ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မောင်လာန်ကျေးရွာမှ ဖမ်းဆီးမိကြောင်း သိသည်။

၎င်းတရားခံသည် ၂၀၁၃ခုနှစ်၅လပိုင်းက မယ(ပ) ၄၄/၁၃ မူးစိတ် ၁၆(ဂ) အမှုမှ တရားခံပြေး ဒေါ်ဇန်ခန်းဒိမ် ဖြစ်ကြောင်းသိရသည်။

အဆိုပါအမျိုးသမီးအား တရားရုံးထုတ်စဉ်တွင် သားဖြစ်သူမှ ဆိုင်ကယ်ဖြင့် တင်ဆောင်၍ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး သုံးနှစ်ခန့်အကြာတွင် ပြန်ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

"အဲ့တုန်းက တရားရုံးထုတ်တုန်းက တရားခံပြေးအမျိုးသမီးက အနောက်ဘေး အပေါ့စွန့်သွားစဉ်မှာပေါ့ တရားရုံးဘေးလမ်းကြားကနေ သူ့သားနဲ့ အချိန်းအချက် လုပ်ထားပြီးသားပါ။ သားက ဆိုင်ကယ်နဲ့ အသင့်စောင့်နေပြီး ကောက်တင်ပြီး မောင်းပြေးသွားတာ။ ရုတ်တရက်ဆိုတော့ ကြောင်သွားကြတာ။ လိုက်လိုက် ဆိုတော့မမှီတော့ဘူး။ နောက်မှ သားဖြစ်သူကို ဖမ်းမိတယ်။ အဲ့တုန်းက အရာရှိရာထူးလျော ၁ယောက်၊ ရဲတပ်ကြပ်ကြီး၂ယောက်၊ရဲတပ်ကြပ်၁ယောက်၊ရဲတပ်သား၁ယောက် အလုပ်ပြုတ်နဲ့ ထောင်ဒဏ် ပြစ်ဒဏ်တွေကျခဲ့ကြတယ်"ဟု ကလေးမြို့မရဲစခန်းမှ တပ်ကြပ်ကြီးထန်းလွန်လ်က ပြောကြားသည်။

တရားခံထွက်ပြေးမှုတွင် ပါဝင်ကူညီခဲ့သည့် သားဖြစ်သူသည် ထောင်ဒဏ်(၇)နှစ်ကျခံခဲ့ရကြောင်း သိရသည်။

သတင်း - ဓါတ်ပုံ ။  ။ စည်သူထွန်း
Central News Myanmar
https://www.facebook.com/CNMyanmar

ကလေး-တမူးကားလမ်းတွင် ၁၂ဘီးကားတစ်စီးတိမ်းမှောက်

Posted on Tuesday, September 27, 2016 No comments

ကလေး၊စက်တင်ဘာ ၂၇။

ကလေးမြို့နယ်၊ရန်မျိုးအောင်ကျေးရွာအနီး၊နေကျော် ကြီးကွေ့ ကလေး-တမူးလမ်းမဘေးတွင် စက်တင်ဘာ၂၆ရက် ၊ ညနေ ၅နာရီအချိန်က ၁၂ဘီးကားတစ်စီး တိမ်းမှောက်မှုဖြစ်ခဲ့ကြောင်း သိရသည်။


၎င်း၁၂ဘီးယာဉ်သည် မန္တလေးမှ တမူးသို့ ကုန်ပစ္စည်းများပို့ဆောင်ရန် မောင်းနှင်လာစဉ် ရန်မျိုးအောင်ကျေးရွာအနီး နေကျော်ကြီးကွင်း ကလေး-တမူးကားလမ်းကွေ့အရောက်တွင် ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ကားလမ်း၏ ဘယ်ဘက်အခြမ်းသို့ ရောက်ရှိ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာ ဖူးရောင်၊ ပွန်းပဲ့ဒဏ်ရာများသာ ရရှိပြီး အသက်သေဆုံးမှုမရှိဟု သိရသည်။

ယာဉ်အား မဆင်မခြင်အရမ်းမောင်းနှင်သူ ယာဉ်မောင်း အား ဥပဒေအရ အရေးယူရန်ဆောင်ရွက်
နေကြောင်း ကလေးမြို့မရဲစခန်းမှ သတင်းရရှိသည်။

စည်သူထွန်း
Central News Myanmar
Source : https://www.facebook.com/CNMyanmar
Don't Miss