Responsive Ad Slot

Latest

Sports

Showing posts with label AyeyarwaddyTimes. Show all posts
Showing posts with label AyeyarwaddyTimes. Show all posts

အင်္ဂပူမြို့နယ်အတွင်း တစ်သောင်းတန် ငွေစက္ကူအတုများ ဆက်တိုက် ဖမ်းဆီးရမိနေ

Posted on Friday, October 28, 2016 No comments

အင်္ဂပူ ၊ အောက်တိုဘာလ-၂၈ ။
ဧရာဝတီတိုင်းဒေသကြီး၊  အင်္ဂပူမြို့နယ် အတွင်းတစ်သောင်း ကျပ်တန် ငွေစက္ကူ
အတုများကို အောက်တိုဘာလ ၂၅ ရက် နေ့မှစတင်၍ ဆက်တိုက်သိမ်းဆည်း ရမိနေကြောင်း သက်ဆိုင်ရာ ရဲစခန်းများ မှသိရသည်။
အောက်တိုဘာလ ၂၅ ရက်နေ့က အင်္ဂပူမြို့နယ် ကွင်းကောက်နယ်မြေ ရဲစခန်းသို့ ဒေသခံ ဦးအောင်မင်းထိုက်ဆိုသူမှ ငွေစက္ကူအတု ၅၀ ရွက် လာရောက်အပ်နှံ ခဲ့ရာမှစတင်ပြီး ရဲတပ်ဖွဲ့မှ မြို့နယ်တွင်း ငွေစက္ကူအတုများ ပျံ့နှံမှုရှိမရှိ လိုက်လံစုံစမ်းခဲ့ရာ ဘုန်းကြီးကျောင်းနှင့် ဈေးဆိုင်များမှ ငွေစက္ကူတစ်သောင်းတန် ၁၀ ရွက် ကျော်ထပ်မံကို သိမ်းဆည်းရမိခဲ့ကြောင်း အင်္ဂပူမြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။
တစ်သောင်းကျပ်တန်ငွေစက္ကူအတုများကို အင်္ဂပူမြို့နယ်အတွင် စတင်ပြန့်နှံအောင် ပြုလုပ်ခဲ့သူအား ရဲတပ်ဖွဲ့မှ အပူတပြင်းစုံစမ်းဖော်ထုတ်နေပြီး ၂၀၁၃ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ တို့ ဖြင့်ကွင်းကောက်နယ်မြေရဲစခန်း(ပ)၁၁၄/၂၀၁၆ ဖြင့်အမှုဖွင့်ထားကြောင်း ရဲအုပ် ဦးကျော်မျိုးသိန်းထံမှ သိရပါသည်။

The Ayeyarwaddy Times
https://www.facebook.com/ayetimes

ဆေးကုသင်္ဘော စတင်ရေချသည့် အခမ်းအနားအပြီး နာရီပိုင်းအတွင်း ဆန်တင်စက်လှေဖြင့် တိုက်မိ

Posted on No comments
photo - The Ayeyarwaddy Times

ပုသိမ်။ အောက်တိုဘာ ၂၈။

ဧရာဝတီတိုင်းဒေသကြီး အတွင်းသွားလာရေးခက်ခဲသည့် ဒေသများတွင် သွားရောက်ဆေး ကုသပေးရန် ရည်ရွယ်သည့် SWIMMING DOCTORS 3 သည် အောက်တိုဘာလ ၂၈ ရက်နေ့ မနက်ပိုင်းက ပုသိမ်မြို့တွင် စတင်ရေချခဲ့ပြီး နာရီပိုင်းအကြာတွင် ဆန်တင်စက်လှေ တစ်စီးအားဝင်ရောက် တိုက်မိမှုဖြစ်ပွါး ခဲ့ကြောင်း သတင်းရရှိသည်။

SWIMMING DOCTORS 3 သည် မနက် ၈း၃၀ နာရီအချိန်က ပုသိမ်မြို့ မေတ္တာဦးဘောတံတားတွင် ရေချသည့် အခမ်းအနားအပြီး ခုတ်မောင်းထွက်ခွါလာခဲ့ရာမှ ပုသိမ်မြို့အထွက်တွင် အောင်တံခွန်ဆန်စက်မှ ဆန်အိတ်များ တင်ဆောင်လာသည့် စက်လှေဖြင့် ဝင်ရောက် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများ ထံမှသိရသည်။

`မျိုးချစ်ဆန်စက်နားက ကွေ့မှာ စက်လှေက ဘွားကနဲတွေ့လို့ ဟွန်းပေးတယ်။ဘက်ဆွဲပေမယ့် မရတော့ပဲ တိုက်မိတာ´ဟု SWIMMING DOCTORS 3 ရေယာဉ်မှုး ဦးစိုးမြင့်က ပြောသည်။

တိုက်မိပြီးသည့် နောက်စက်လှေနစ်မြုပ် ခဲ့သော်လည်း စက်လှေပေါ်ပါလာသည့် လူ ၁၁ မှာ ထိခိုက်ဒါဏ်ရာ မရရှိအောင်ကယ်တင်နိုင်ခဲ့သော်လည်း တင်ဆောင်လာသည့် ဆန်အိတ် ၁၆၉ အိတ် မှာဆုံးရှုံးခဲ့ပြီး နေ့လည် ၂ နာရီ အထိ ဆန်အိတ် ၃၀ သာရေစို လျှက်ပြန်လည် ရရှိကာဖြစ်စဉ်အား ပုသိမ်နယ်မြေရဲစခန်း မှ ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

Ayeyarwaddy Times
https://www.facebook.com/ayetimes
Don't Miss