သင်္ဃန်းကျွန်းစံပြဆေးရုံတွင် H1N1 လူနာနှစ်ဦး ထပ်မံသေဆုံးကြောင်း
ယနေ့(ဇူလိုင် ၂၇ ရက်)က သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး
ဒေါက်တာသန်းလှက အတည်ပြုပြောကြားခဲ့သည်။ အဆိုပါ သေဆုံးလူနာများနှင့် ပတ်သတ်၍
အချက်အလက်များကို နေပြည်တော်ရှိ ကုသရေးဦးစီးဌာနသို့
သတင်းပေးပို့ထားပြီးဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာသန်းလှက
ပြောကြားခဲ့သည်။
ကနဦးရရှိသည့် အချက်အလက်များအရ
သေဆုံးလူနာနှစ်ဦးမှာ ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၃၄ နှစ်အရွယ်
အမျိုးသားတစ်ဦးဖြစ်ပြီး ရန်ကုန်မြို့တွင် နေထိုင်သူများဖြစ်ကြောင်း
သိရသည်။ လက်ရှိအဆိုပါဆေးရုံတွင် အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာလည်း
H1N1 သံသယလူနာအဖြစ် ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
Eleven Media Group
http://news-eleven.com/
Read in : All Update Reader