Responsive Ad Slot

Latest

Sports

အသက်(၁၅)နှစ်အောက် ကမ္ဘာ့ရွက်လှေပြိုင်ပွဲ၌ မြန်မာအသင်း အသက်အငယ်ဆုံးအသင်းဆုရရှိ

Wednesday, July 26, 2017


 ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် အသက်(၁၅)နှစ်အောက် ကမ္ဘာ့ရွက်လှေပြိုင်ပွဲ 2017 Optimist World Championship တွင် မြန်မာအသင်းက အသက်အငယ်ဆုံးအသင်းဆုရရှိခဲ့ကြောင်း သတင်းရရှိသည်။

ယင်းပြိုင်ပွဲကို ဇူလိုင် ၁၁ ရက်မှ ၂၁ ရက်အထိ ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေ၌ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် ၆၂ နိုင်ငံမှ ကစားသမား ၂၈၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

‘‘ဒီပြိုင်ပွဲက ကမ္ဘာ့အဆင့် သတ်မှတ်တဲ့ ပြိုင်ပွဲဖြစ်တာ ကြောင့် ဆီးဂိမ်းအတွက် အကြို ပြင်ဆင်မှုအနေနဲ့ ဝင်ရောက်ယှဉ် ပြိုင်ခြင်းဖြစ်ပါတယ်။ ပြိုင်ပွဲက အသက်(၁၅)နှစ်အောက် ပြိုင်ပွဲ ဖြစ်ပါတယ်။ နိုင်ငံတကာပြိုင်ပွဲ ဖြစ်တာကြောင့် ကလေးတွေအနေ နဲ့ အတွေ့အကြုံကောင်းတွေအ များကြီးရရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲကို မြန်မာနိုင်ငံအနေနဲ့ ဝင်မပြိုင်ဖြစ် တာကြာပြီ။ ဆီးဂိမ်းပြိုင်ပွဲရှိနေ တာကြောင့် ကလေးတွေအတွက် လေ့ကျင့်နေတာထက်စာရင် ပြိုင် ပွဲဝင်ပြိုင်တာက ပိုကောင်းမယ် ထင်လို့ ဝင်ပြိုင်ဖြစ်တာပါ’’ဟု မြန် မာနိုင်ငံရွက်လှေအဖွဲ့ချုပ်မှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းပြိုင်ပွဲကို မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်မှ ပျမ်းမျှအ သက်(၁၁)နှစ်အရွယ် ကစားသမား ငါးဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများအနက် အ သက်အငယ်ဆုံးအသင်း ဆုရရှိခဲ့ ကာ ပြိုင်ပွဲတွင် အတွေ့အကြုံ ကောင်းများ ရရှိခဲ့ကြောင်း မြန်မာရွက်လှေအသင်း ကစားသမား မောင်မင်းပြည့်သွေးက ပြောသည်။

 မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ ချုပ်သည် လာမည့် ဆီးဂိမ်းပြိုင်ပွဲ တွင် ဆုတံဆိပ်မျှော်မှန်းထားပြီး ရန်ကုန်မြို့၌ စခန်းသွင်းလေ့ကျင့် နေကြောင်း သတင်းရရှိသည်။

7Day Daily

http://7daydaily.com/

Read in : All Update Reader
Don't Miss