Responsive Ad Slot

Latest

မောင်တောမြို့နှင့် လေးမိုင်ခန့်အကွာရှိ နယ်ခြားစောင့် ရဲကင်းစခန်းအား အကြမ်းဖက်သမားအချို့ ဝင်ရောက်တိုက်ခိုက်၍ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး

Thursday, November 3, 2016


ဘကုန်းနားကျေးရွာနှင့် နရူလာကျေးရွာကြားရှိ နယ်ခြားစောင့် ရဲကင်းစခန်းကို ယနေ့ (နိုဝင်ဘာ ၃ ရက်) ညနေ ၆ နာရီ ၂၀ မိနစ် အချိန်ခန့်က အကြမ်းဖက်သမားများ ၀င်ရောက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကင်းစခန်းမှာ မောင်တောမြို့နယ်တောင်ပိုင်း မောင်တောမြို့နှင့် လေးမိုင်ခန့် အကွာတွင် တည်ရှိပြီး ရဲတပ်ရင်း ၂၂ မှ တာဝန်ယူထားသည့်စခန်း ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် လုံခြုံရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားရာသို့ သွားရောက်၍ ရှင်းလင်းရေးများ ဆောင်ရွက်လျက်ရှိရာ ည ၈ နာရီချိန်ထိ အပြန်အလှန် ပစ်ခတ်မမှုများ ဆက်လက်ဖြစ်ပွား လျက်ရှိကြောင်း သိရသည်။

နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦီးကျော်တင်၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပု၊ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး
ရီနာတာဒက်စ်ဆယ်လီရန် အပါအ၀င် ရန်ကုန်မြို့ရှိ အမေရိကန်၊ ဗြိတိန်၊ အီဂျစ်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်း၊ တူရကီစသည့် သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများသည် မောင်တောမြို့နယ် တောင်ပိုင်းသို့ နိုဝင်ဘာ ၃ ရက်နေ့က လာရောက် လေ့လာခဲ့သည်။

Eleven Media Group
http://www.news-eleven.com/
Don't Miss