Responsive Ad Slot

Latest

Sports

ရခိုင်အရေး အစိုးရကိုင်တွယ်မှု ဒေသတွင်း အစ္စလာမ်နိုင်ငံများ ထောက်ခံ

Thursday, October 20, 2016

မြန်မာ−ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံစည်းရိုးအနီး လှည့်လည်စောင့်ကြပ်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များ(ဓာတ်ပုံ−စိုင်းဇော်)

ရခိုင်ပြည်နယ် မောင် တောဒေသ အကြမ်းဖက်တိုက် ခိုက်ခံရမှုအပေါ် မြန်မာအစိုးရ၏ ဖြေရှင်းမှုကို အာဆီယံဒေသတွင်း ရှိ အစ္စလာမ်ဘာသာကိုးကွယ် သည့် နိုင်ငံသုံးနိုင်ငံက ထောက်ခံ ကြောင်း ခေတ္တနိုင်ငံခြားရေးဝန် ကြီး ဦးကျော်တင့်ဆွေက ပြော သည်။

အောက်တိုဘာ ၁၇ ရက် က ပြုလုပ်ခဲ့သည့် အစိုးရကိုယ် စားလှယ်အဖွဲ့၏ ရခိုင်ခရီးစဉ် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုကို ၎င်းက ယင်းသို့ထည့်သွင်း   ဖြေ ကြားခဲ့ခြင်းဖြစ်သည်။

အာဆီယံနိုင်ငံများ၌ အစ္စ လာမ်ဘာသာကိုးကွယ်သည့် အင် ဒိုနီးရှား၊ မလေးရှားနှင့် ဘရူနိုင်း နိုင်ငံတို့မှ သံအမတ်ကြီးများအား ခေါ်တွေ့ပြီး အခြေအနေမှန်ကို ပိုမိုသိရှိအောင် ရှင်းပြခဲ့ကြောင်း ဦးကျော်တင့်ဆွေက ပြောသည်။

 ‘‘တရားဥပဒေစိုးမိုးရေးကို လုပ်ဆောင်တဲ့ နေရာမှာလည်း အင်အားသုံးတဲ့အခါမှာ လိုတဲ့အင်အားထက် ပိုမသုံးဘူးဆိုတာ ရှင်း ပြနေပါတယ်’’ဟု ဦးကျော်တင့် ဆွေက ပြောသည်။

 ထိုသို့ ရှင်းပြသည့်အခါတွင် ၎င်းတို့၏ ရပ်တည်ချက်ကိုလည်း ပြောပြကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီးက အင်ဒိုနီးရှား အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးလွတ်လပ်ခွင့်နှင့် အချုပ် အခြာအာဏာပိုင်ဆိုင်မှုကို လေး စားပါကြောင်း၊ ထို့အတူ မြန်မာ နိုင်ငံ၏ ပြည်တွင်းရေးကို ဝင် ရောက်စွက်ဖက်ရန် မလိုလားပါ ကြောင်းဖြင့် ပြောကြားခဲ့သည်ဟု ၎င်းက ပြောသည်။

 ‘‘ မြန်မာနိုင်ငံ အစိုးရ၏ ဆောင်ရွက်ချက်သည် အချုပ်အ ခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ တွင်ရှိသည့် လုပ်ပိုင်ခွင့်သာဖြစ်ပြီး တရားဥပဒေနှင့်အညီ ဆောင် ရွက်လျက်ရှိကြောင်းကိုလည်း အင်ဒိုနီးရှား အစိုးရအနေဖြင့် လက်ခံပါကြောင်း၊ နောက်တစ် ချက်အနေဖြင့် မြန်မာနိုင်ငံအစိုးရ သည် လူ့အခွင့်အရေးကာကွယ် ရေးကို လက်ကိုင်ထား ဆောင်ရွက်နေသည်ကို အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် ယုံကြည်ပါကြောင်းပြောကြားခဲ့သည်’’ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးလည်းဖြစ်သူ  ဦးကျော်တင့်ဆွေကပြောသည်။

အင်ဒိုနီးရှားနိုင်ငံသည် အစ္စ လာမ်သာသာဝင် သန်းပေါင်းများ စွာ နေထိုင်သည့် နိုင်ငံဖြစ်ပြီး အဆိုပါသံအမတ်ကြီး၏ ရပ်တည် ချက်ကို ဘရူနိုင်းသံအမတ်ကြီးနှင့် မလေးရှားနိုင်ငံ သံအမတ်ကြီးက လည်း ထောက်ခံပြီး ထိုအတိုင်း ရပ်တည်ကြကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနအ နေဖြင့် အဆိုပါနိုင်ငံများသာမက နိုင်ငံအားလုံးကိုလည်း ရှင်းပြထား ကြောင်း၊ မိမိအနေဖြင့်လည်း ဥရောပသမဂ္ဂသံအမတ်ကြီးကို ဆက်သွယ်ပြီး ဤကိစ္စနှင့်ပတ် သက်၍ ပြောပြပါကြောင်း၊ ဥရော ပသမဂ္ဂ သံအမတ်ကြီးကလည်း ၎င်းအနေဖြင့် အဖွဲ့ဝင်နိုင်ငံများ အား မိမိတို့၏ လုပ်ဆောင်ချက် များကို ရှင်းပြပေးမည်ဟု ပြော ကြောင်း၊ ဤနည်းဖြင့် သံတမန် နည်းလမ်းမှနေ၍ အခြားသက် ဆိုင်ရာ သံအမတ်ကြီးများကို လည်း ရှင်းပြရန်ရှိပါကြောင်း ဦးကျော်တင့်ဆွေက  ဖြေကြား သည်။

ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ် ချင်း ထိစပ်နေသော ရခိုင်ဒေသ တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များ ကြောင့် စိတ်အနှောင့်အယှက်ဖြစ် ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ အ ကြမ်းဖက်တိုက်ခိုက်ခံရမှုကို လုံးဝ ရှုတ်ချလိုက်သည်ဟု အစ္စလာမ် ဘာသာကိုးကွယ်သည့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံက ကြေညာထားသည်။

ဘင်္ဂလားဒေ့ရှ်သည် အ ကြမ်းဖက်ရာတွင် ပါဝင်ခဲ့သူနှစ်ဦး ကို ဖမ်းဆီးခဲ့ပြီး မြန်မာအစိုးရထံ သို့ လွှဲပြောင်းပေးခဲ့သေးသည်။

ထို့အပြင် မြန်မာနိုင်ငံအ တွင်းရှိ နိုင်ငံသား အစ္စလာမ်အ ရပ်ဘက် လူမှုအဖွဲ့အစည်းများက လည်း ရခိုင်ပြည်နယ်ရှိ နယ်ခြား စောင့်ရဲတပ်ဖွဲ့စခန်းများ စီးနင်း တိုက်ခိုက်ခံရသည့် ဖြစ်စဉ်တွင် အ ကြမ်းဖက်မှုကျူးလွန်သည့် ပြည်တွင်း၊ ပြည်ပအဖွဲ့များကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချကြောင်း အောက်တိုဘာ ၁၂ ရက်၌ သဘောထားထုတ်ပြန်ခဲ့သည်။

ထို့အပြင် အကြမ်းဖက်ဖြစ် စဉ်များကို အကြောင်းပြု၍ မလို လားအပ်သော ဆိုးကျိုးအကျိုး ဆက်များ မပေါ်ပေါက်စေရန်နှင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ လုံခြုံမှုရှိစေရန် နိုင်ငံ တော်အစိုးရနှင့်အတူ ပြည်သူများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ လူ မှုမီဒီယာများက ဥပဒေဘောင်အ တွင်းမှ ပူးပေါင်းထိန်းသိမ်းဆောင် ရွက်ကြရန် အထူးလိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ဖမ်းဆီးရမိသော အကြမ်း ဖက်သမားနှစ်ဦးနှင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှ ပြန်လည်လွှဲပြောင်း ပေးခဲ့သည့် အကြမ်းဖက်သမား နှစ်ဦးတို့ကို ပဏာမစစ်ဆေးဖော် ထုတ်ချက်အရ မောင်တောမြို့ နယ်အတွင်း ဖြစ်ပွားလျက်ရှိသော အကြမ်းဖက် တိုက်ခိုက်မှုများ သည် ပြည်ပမှ ငွေကြေးထောက်ပံ့ မှု၊ ပြည်ပအကြမ်းဖက်အဖွဲ့အ စည်းများ၏ ပံ့ပိုးကူညီမှုတို့ဖြင့် အချိန်ယူကာ စနစ်တကျကြိုတင် ဆောင်ရွက်ခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများဖြစ်ကြောင်း အစိုး ရက ထုတ်ပြန်သည်။

အကြမ်းဖက်မှုလုပ်ဆောင်ခဲ့ သော အကာလ်မူလ်မူဂျာဟီဒင်န် အဖွဲ့ကို ဦးဆောင်သူဘာသာရေး၊ လူမျိုးရေးအစွန်းရောက်တစ်ဦး ဖြစ်သည့် ဟာဗစ်တူဟာရ်သည် ပါကစ္စတန်နိုင်ငံရှိ တာလီဘန်များ ထံ ခြောက်လသင်တန်းတက် ရောက်ခဲ့သူဖြစ်သည်။ တူဟာရ် သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္က နော့ဖ်အနီးရှိ ကျေးရွာတစ်ရွာ တွင်လည်း သွားရောက်နေထိုင် လေ့ရှိပြီး ဒုက္ခသည်အမည်ခံ၍ အ ရှေ့အလယ်ပိုင်းနိုင်ငံများရှိ အဖွဲ့ အစည်းများထံမှ ငွေကြေးထောက် ပံ့မှုများ ရယူနေကြောင်း အစိုးရ က ထုတ်ပြန်ထားသည်။

၎င်းနှင့်အတူ ပူးပေါင်း ဆောင်ရွက်နေသည့် ပါကစ္စတန် နိုင်ငံသား ခါလစ်သည် ပါကစ္စ တန်နိုင်ငံတွင် အကြမ်းဖက်သင် တန်းတက်ရောက်ထားသူဖြစ်ပြီး မြန်မာ၊ ဘင်္ဂါလီ၊ ရခိုင်၊ မလေး၊ ပါကစ္စတန်နှင့် အင်္ဂလိပ်ဘာသာ စကားများကို ကျွမ်းကျင်စွာ ပြော ဆိုနိုင်ကာ ၎င်း၏ အစ်မလေးဦး နှင့် အစ်ကိုတစ်ဦးတို့မှာ ဆော်ဒီ အာရေးဗီးယားနိုင်ငံတွင် နေထိုင် လျက်ရှိကြောင်း အစိုးရက ထုတ် ပြန်ခဲ့သည်။

7Day Daily
http://www.7daydaily.com/
Don't Miss