ရန်ကုန်၊ အောက်တိုဘာ ၃၀
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် (၅) ရပ်ကွက် ကမ္ဘာအေး ဘုရားလမ်း မြိုင်ဟေဝန် ပန်းခြံအတွင်းရှိ ရေကန်အတွင်းမှ သေနတ် နှစ်လက်နှင့် ကျည်ဆန်များ အောက်တိုဘာ ၂၉ ရက် ညနေ ၄ နာရီခွဲခန့်က တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
မရမ်းကုန်းမြို့နယ်နေ ကိုကျော်မင်းဟိန်းက အဆိုပါ ကန်အတွင်း ငါးမျှားစဉ် ငါးမျှာချိတ်နှင့် ချိတ်မိပြီး ပါရှိလာသည့် ကြွပ်ကြွပ်အိတ် အတွင်းမှ သေနတ်အိတ်အတွင်း ထည့်ထားသော Webley Patents စာတမ်းပါ သံချေး တက်နေသည့် .၃၈ ဗို့ ခြောက်လုံးပြူး သေနတ် တစ်လက်၊ သားရေချိုင်းလွယ် သေနတ်အိတ်အတွင်း ထည့်ထားသော 7.65 MM.90 စာတမ်းပါ အီတလီ နိုင်ငံထုတ် သံချေး တက်နေသည့် ပစ္စတိုသေနတ် တစ်လက်နှင့် ၎င်းကျည်အိမ်တပ်လျက် တစ်ခု၊ ၎င်းကျည် ၅၆ တောင့်၊ .၃၈ ဗို့ ခြောက်လုံးပြူးကျည် တစ်တောင့်၊ 5.56 M ကျည်အိမ်အတို တစ်ခုနှင့် ၎င်းကျည်အိမ်အတွင်းမှ 72 MM ကျည် ၁၁ တောင့်၊ ၉ မမ ကျည် တစ်တောင့်၊ S & B 7.65 B စာတမ်းပါ ကျည် နှစ်တောင့်တို့ကို စစ်ဆေး တွေ့ရှိရသဖြင့် သိမ်းဆည်းထားရှိပြီး စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ - Yangon Police
The Voice
http://thevoicemyanmar.com/