Responsive Ad Slot

Latest

Sports

ကလေးစစ်သားမှားယွင်းစုဆောင်းခဲ့သူ တပ်မတော်သားငါးရာခန့်ကို အရေးယူခဲ့ဟုဆို

Tuesday, October 4, 2016

ကလေးစစ်သားပပျောက်ရေး ပညာပေးဆိုင်းဘုတ်တစ်ခု (ဓာတ်ပုံ-ကျော်ဇင်သန်း)

၂၀၁၂ မှ ၂၀၁၆ အထိ ငါးနှစ်အတွင်း ကလေးစစ်သား ၈၀၀ ကျော်ကို တပ်မတော်မှ နုတ် ထွက်ခွင့်ပြုပြီး မိဘအုပ်ထိန်းသူ များထံသို့ လွှဲပြောင်းပေးအပ်ထား ကာ ကလေးစစ်သားမှားယွင်းစု ဆောင်းခဲ့သူ တပ်မတော်သား ၅၀၀ ခန့်ကို အရေးယူထားကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန် ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်း က ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်အစည်းအဝေးတွင် ပြောကြားသည်။

အရွယ်မရောက်သေးသည့် ကလေးသူငယ်များအား မှားယွင်း စုဆောင်းခဲ့ကြသည့် တာဝန်ရှိသူ များကို စစ်စည်းကမ်းအရ အရေး ယူဆောင်ရွက်ခဲ့ရာ ယခုနှစ်သြ ဂုတ်အထိ တာဝန်ရှိသူ အရာရှိ ၈၁ ဦးနှင့် အခြားအဆင့်ရှိသူ ၄၀၂ဦး စုစုပေါင်း ၄၈၃ ဦးကို အရေး ယူဆောင်ရွက်ခဲ့ကြောင်း သ တင်းရရှိသည်။

အောက်တိုဘာ ၃ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်ဒုတိယနေ့တွင် ဒလမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးရွှေ ရင်က ၂၀၁၂ ဇွန်လအတွင်း မြန် မာနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂတို့ သည် ကလေးစစ်သားအသုံးပြုမှု ရပ်တန့်နိုင်ရန် ပူးပေါင်းဆောင် ရွက်ရေး Joint Action Plan ကို လက်မှတ်ရေးထိုးခဲ့၍ ကလေးစစ်သားလျော့နည်းမှုအခြေအနေကို မေးမြန်းခဲ့ရာ နယ်လုံဝန်ကြီးက အထက်ပါအတိုင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

ကလေးစစ်သားများအား ဖမ်းဆီးချုပ်နှောင်ထားသော တာဝန်ရှိသူများကို အရေးယူထားခြင်းရှိ၊ မရှိ တပ်မတော်မှ နုတ်ထွက်ခွင့်ရရှိသည့် ကလေးစစ်သားအရေအ တွက်နှင့် နုတ်ထွက်ခွင့်မရရှိသေး သည့် ကလေးစစ်သားအရေအ တွက် ဖြေရှင်းမှု မပြီးပြတ်သေး သော အမှုပေါင်း မည်မျှရှိနေ ကြောင်း စသည့် မေးခွန်းများကို ဒလမြို့နယ် လွှတ်တော်ကိုယ်စား လှယ် ဦးရွှေရင်က မေးမြန်းခဲ့ခြင်း ဖြစ်သည်။

အကြောင်းအမျိုးမျိုးကြောင့် တပ်မတော်အတွင်းသို့ ဝင်ရောက် ခဲ့ကြသည့် ကလေးသူငယ်များကို မိဘအုပ်ထိန်းသူများထံသို့ ၁၃ ကြိမ်ခန့် ပြန်လည်အပ်နှံပြီးဖြစ်ရာ ၂၀၁၂ မှ ၂၀၁၆ အထိ ကလေးစစ်သားစုစုပေါင်း ၈၁၀ ဦးကို တပ်မ တော်မှ နုတ်ထွက်ခွင့်ပြုပြီး မိဘ အုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြောသည်။

‘‘တပ်မတော်က နုတ်ထွက် ခွင့်မရသေးတဲ့ ကလေးစစ်သားဆို ပြီး သီးခြားစုစည်းထားတာ မရှိပါ ဘူး။ ကလေးစစ်သားမှန်ကန်မှုရှိ ရင် အမြန်ဆုံးနုတ်ထွက်ခွင့်ပြုပြီး  သူတို့ရဲ့မိဘထံ အပ်နှံပေးပါ တယ်။ ကလေးစစ်သားဆိုတာ ပြောရရင် အကြောင်းအမျိုးမျိုး ကြောင့် မှားယွင်းပြီး စုဆောင်းခဲ့ မိခြင်း ဖြစ်ပါတယ်။ ဘယ်သူမှ အသက်(၁၈)နှစ်မပြည့်သေးရင် စုဆောင်းလို့ မရပါဘူး။ အရာရှိ ရော၊ တခြားအဆင့်ရှိသူရော ပြင်းပြင်းထန်ထန် အရေးယူခံရလို့ပါ ပဲ’’ဟု ၎င်းက ဆက်လက်ပြော သည်။

‘‘သုံးလေးနှစ် ကြန့်ကြာနေ တဲ့ ကလေးစစ်သားတွေကို ILO က အကာအကွယ်ပေးထားတဲ့ စာ နဲ့ တရားဝင် နုတ်ထွက်ခွင့်မရဘဲ ကျန်ရှိနေတဲ့ ကလေးစစ်သားတွေ ကို တရားဝင် နုတ်ထွက်ခွင့်ပြုဖို့ လိုအပ်မယ်လို့ ကျွန်တော်သုံးသပ် မိပါတယ်’’ဟု ဦးရွှေရင်က ပြော သည်။

တပ်မတော်က အရွယ်မ ရောက်သေးသည့် ကလေးသူငယ် များအား စုဆောင်းခြင်းလုံးဝမပြု ရန်နှင့် မှားယွင်းစုဆောင်းခဲ့သူ များကိုလည်း စစ်ဆေးပြီး အမြန် ဆုံးထွက်ခွင့်ပြုရန် စစ်ရေးချုပ်ရုံး က ညွှန်ကြားထားကြောင်း နယ်လုံဝန်ကြီး၏ပြောကြားချက်အရ သိ ရသည်။

စစ်သည်၏ ရုပ်သွင်အမူ အရာနှင့် အသက်အရွယ်အား စုံ စမ်းမေးမြန်းခြင်း၊ စစ်သည်ကိုယ် တိုင် တပ်မတော်သို့ ဝင်ရောက်ခဲ့ စဉ် အသက်(၁၈)နှစ်မပြည့်သေး ကြောင်း သတင်းပို့တင်ပြမှုမှတစ် ဆင့် စိစစ်ဖော်ထုတ်ခြင်း၊ တပ်ရင်းဗိုလ်ကြီးများက စစ်သည်၏ကိုယ် ရေးရာဇဝင်မှတ်တမ်းများအရ အသက်(၁၈)နှစ် မပြည့်သေးဟု သံသယရှိသူများအား ခေါ်ယူမေး မြန်းစိစစ်ဖော်ထုတ်ခြင်း စသည့် အချက်များဖြင့် စိစစ်ကာ ကလေး စစ်သားများကို ဖော်ထုတ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် စစ်သည်၏မိဘ၊ အုပ်ထိန်းသူများနှင့်   ဆွေမျိုးများ (သို့ မဟုတ်)သက်ဆိုင်ရာအဖွဲ့အ စည်းများက အသက်(၁၈)နှစ်မ ပြည့်ဘဲ တပ်မတော်အတွင်းသို့ ရောက်ရှိနေကြောင်း သတင်းပို့ အကြောင်းကြားလာပါက စိစစ် ဖော်ထုတ်ခြင်းဖြင့်လည်း အရေး ယူလျက်ရှိကြောင်း သတင်းရရှိ သည်။

7Day Daily
http://www.7daydaily.com/
Don't Miss